မဘသ.. တာလီဘန် နှင့် သာကီဝံ Reality

မဘသ ရေဒီယိုလိုင်းထောင်မည်.. ရွေးဂေါက်ပွဲမှာ ဘယ်သူ့ကို မရွေးနဲ့ တအိမ်တက်ဆင်း လိုက်ပြောမည်ဆိုတော ့ ၁၉၉၄ခုနှစ် ရဝမ်ဒါ လူမ ျိုးတုံး လူသတ်ပွဲ သတိရတယ်။ အဲလိုပဲ လေလှိုင်းကနေ မြှောက်ပေး နှပ်ကြောင်းပေးလို အစွန်းရောက် ဟူတူတွေသတ်တာ အနည်းစု အလယ်အလတ်ဟူတူနဲ့ တွတ်ဆီ သန်းဝက်ကနေ တသန်းနီးပါးသေတယ်၊ ထောင်သောင်းချီပြီး ခြေလက်အဖြတ်ခံရတယ်၊ မိန်းမတွေ အုပ်စုလိုက် မုဒိမ်းအက ျင့်ခံရတယ်။

အခုလည်း လာပါပီ.. မဘသ…။ စစ်တပ်အားကိုးနဲ့ မိုက်ပြီ။ ဘာနဲ့ တူလာသလဲဆို အစွန်းရောက် အစ္စလာမ်ဘာသာရေးဆရာတွေလိုပဲ။ ဖရားဖယား တစာစာအော ်ပီး မဟုတ်တာ သူတို့ပဲ အကုန်လုပ်ရဲတာ။ ဟေ့ ဘယ်ကောင်မှ မကြောက်ဘူးကွ… အသားမရှိလည်း ဆားနဲ့စားနိုင်တယ်၊ စီးပွားရေး ပိတ်တာ သောက်ဂရုမစိုက်…။ ဗဟုသုတ အားနည်းသူ တောသူတောင်သားကို ဝါဒဖြန့် မှိုင်းတွေသွင်း..။ အန်အယ်လ်ဒီနိုင်လ ျင် ကလားပြည်ဖြစ်မည်၊ မွတ်တိုင်းပြည်ဖြစ်မည်.. အထောက်အထား အစုံရှိသည်… စသဖြင့် သင်္ကန်းဝတ် ဘုန်းကြီးတွေကိုယ်တိုင်က လုပ်ကြံပြောနေတာ။ ကေ ျာင်းထိုင်အဆင့်၊ စာတတ်ပုဂ္ဂိုလ်တွေတောင် ပါသနော ်။ တကယ် ထင်စရာရှိလို့ အထောက်အထား ပြနိုင်လ ျင်ထားတော ့ အခုဟာက အစ္စလာမ်အစွန်းရောက် ဘာသာရေးကေ ျာင်းတွေမှာ ပြောသလို သူတို့ကို ရှိခိုးအူးခြနေသူတွေကို ဥနှောက်ဆေးနေတာ။ ဒီတော ့ တာလီဘန်နဲ့ မဘသ အတူတူပဲ။ မကြာခင် ISIS နဲ့တူမည်ထင်ရဲ့…။ သင်္ကန်းကြီးခြုံလ ျက် ငှက်ကြီးတောင် ဆွဲခုတ်မှာ…။ နောက်တာပါ.. အဲလောက် သူရို့ မမိုက်ရဲပါဘူး.. အလဂါး အူးသမ်းရွှေနဲ့ ဒံပေါက်အောင်တောင်း မြှောက်ပေးလို့ ကြွနေတာ..။ ကိုယ်တိုင် ဘာအစွမ်းအစမှ မရှိ…။ သူတို့လိုပဲ အီရတ်မှာ ဆက်ဒမ်ဟူစိန် ပြုတ်ခါစက အစ္စလာမ် ရှီးယိုက်ဘုန်းကြီး မိုဟာမက် အဆားဒါဆိုတဲ့သူ ဘာသာရေး မိုးမွှန်အောင်ပြောပီး ယူအက်စ် မရိန်းတပ်ကို ဒွတ်ခကောင်းကောင်းပေးခဲ့တာ။ သူလည်း ဘာသာတူ အီရန်က ထောက်ပံ့ပေးလို့ လူမိုက်လုပ်တာလေ..။ လူတွေက ကြာတော ့ ငြီးငွေ့သွားလား၊ အီရန်နဲ့ပဲ ခွာပြဲလေသလား မသိ. သတင်းမှာ သိပ်မတွေ့တော ့.. အမြင်မှံရ ငြိမ်သွားတာတော ့ ဟုတ်ဟန်မတူ။ မဘသလည်း အဲဒီဇာတ်မ ျိုးပဲ သိမ်းမှာ..။ လောလောဆယ်တော ့သာကီဝံမျိုး မြန်တ ျန့်တွေ ခါးဆီးခံဂ ျပေဒေါ့..။

တားမြဒဲ့တူ မတူဒဲ့ ရှုဒေါင့်က မြင်လ ျင် လာမှည့်ရွေးဂေါက်ပွဲ အရှိအတိုင်း ဖြစ်စေခြင်တယ်။ စစ်တပ်ကလည်း ဖက်ဆစ်၊ ဖွတ်ကလည်း ဖွတ်၊ သပ်ခေ ျာင်ပါတီကလည်း သပ်လ ျှို အခေ ျာင်သမား၊ ဒီမိုကလည်း ဒီမို… မဘသကလည်း ကလားမုန်းရေးဘန်းပြပီး အာဏှာရှင်စနစ်ကာင်းပါသည်အော ်..၊ လက်ဝဲကလည်း လာဘ်ဝဲ.. လက်ယာကလည်း လာဘ်ယာ ပြော….. ။ ဒီတော ့ ရွေးဂေါက်ပွဲ အားသန်သူမ ျား ပါးစပ်ကနေ အမေစု အမေစုနဲ့ မပြီးကြနဲ့.. မဲစာရင်းမှန်ဖို့၊ လူတိုင်း မဲပေးခွင့်ရှိဖို့၊ မဲတန်ဖိုး နားလည်ကြဖို့ တတပ်တအား ကူညီဆောင်ရွက် ဝန်းရံပေးကြ။ အသံစုံထွက်တာ ပြသနာမဟုတ်… အော ်နိုင်သူက အသံက ျယ်တာပဲ၊ နားထောင် မထောင်က တကဏ္ဍ..။ နောက်ဆုံး အဆုံးအဖြတ်ကို မဲဆန္ဒရှင်ပြည်သူ စုန်းဖ ျက်မည်…။ ဒါမှ တိုင်းဗ ျီ လားရာ အရှိအတိုင်း တွေ့ရမှာ..။ (ဒါပေမှည့်.. ၁၊ ရွေးဂေါက်ပွဲ ဖြစ်ပါ့လား၊ ၂၊ ဖြစ်လ ျင် တကယ်စစ်မှန်ပါ့မလား၊ ၃၊ အာဏှာ လွှဲပေးမည် ထင်သလား… မထင် မထင် မထင်ပါခြေ…သို့သော ်…တားမြ လှုပ်ကြဗေဒါ့.. အဲဒါက ဘေးကင်းရန်ကွာ ရှိသလေ၊ .. ဒေါ်မဲသွပ်ကို မပြောဘူး.. သူဃ အမေစုကို တကယ်ခြစ်တာ.. အဟွတ် )

ခုတော ့ အနှစ်၃ဝ နီးပါး.. မဆလခေတ်ပါနဲ့စို ရာစုနှစ်ဝက် ကေ ျာ်ပီ..။ ပြည်စုံ ကုံလုံတဲ့ စစ်တမ်း၊ အကဲဖြတ်ခ ျက် မရှိဂဲ့. အပေါ်တက်မှာလား.. အောက်စိုက်ဆင်းနေလား.. တန်းလန်းဂ ျီးလား…။ တနည်း ဒီမိုကရေစီ၊ လွပ်လာဘ်ခွင့်၊ တရားမ ျှတမှု စံချိန်စံညွှန်းနဲ့ ဘယ်လောက် တန်သလဲ ပကတိ အခြေအနေအတိုင်း မြင်ရမည်။ ဒီမိုသမားတွေ ဒီလောက် ကိုယ်၊ဆိတ် အပင်ပန်း အဆင်းရဲ နှစ်ရှည်လမ ျား ပေးဆပ်နေတာ ထိုက်တန်ရဲ့လား..။ နိုမို့လ ျင် ဆေးတိုက်ပါရဲ့ လူနာက အိမ်ပြန်ရောက် ကမြင်းကြောထ မပ ျက်ဆို အချိန်ကုန် လူပမ်း ဆလာဝံသာ နာမည်ပ ျက်.. ရောဂါ ဒုံရင်း…။ မရတော ့လည်း သူ့ထိုက်နဲ့ သူ့ကံ ပစ်ထားလိုက်စို့..။ မတန်တဲ့အရာကို အတင်းလှုပ်ယူလို့ မရစဂေါင်း..။ အဲ တန်တယ်ဆိုလည်း ဆက်သာတွန်းပေတော ့… တနေ့တလံ ပုဂံ ဟိုတယ်ဆောက်…. လမ်းဆုံး ရွာတွေ့မည်။

 

ငါကွ ဦးကြောင်ကြီး။။။။

 

 

 

 

11 comments

  • ဇီဇီခင်ဇော်

    June 25, 2015 at 11:40 am

    Credit to မဟာမိုင်း (ကိုကြီးမိုင်း)

    (ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိအစိုုးရအဖွဲ့ကိုုသာ ဆက်လက်အုုပ်ချုပ်စေလုိုကြောင်း မ.ဘ.သ ဦးဆောင် ဆရာတော်နှစ်ပါးဖြစ်သည့် အတွင်းရေးမှူးဆရာတော် ဘဒ္ဒန ္တဝိမလဗုုဒ္ဓိ နှင့် အစွန်းရောက်ဘုုန်းကြီးအဖြစ်ကျော်ကြားသည့် ဝီရသူတိုု့က မိမိတိုု့၏ သဘောထားဆန္ဒအဖြစ် ထုုတ်ဖေါ်ပြောကြားလုိုက်သည်။)

    ( ထိုု့အပြင် မြန်မာနိင်ငံအား ဒီမုိုကရေစီလမ်းကြောင်းပေါ်သုို့ တင်ပေးခဲ့သူမှာ ဦးသန်းရွှေဖြစ်ကြောင်းနှင့်၎င်းအားကျေးဇူးတင်ကြောင်းလည်း မ.ဘ.သ အတွင်းရေးမှူးဆရာတော်က အခမ်းအနားတွင်မိန့်သည်။)

    ———————————————————————————————————-

    ထိုဘုန်းကြီးများပြောသည်ကို ဟုတ်နို်းနိုးဖြင့် တွေဝေခဲ့ပါက ယခုစာကို ဆုံးအောင်ဖတ်ပါ။
    လက်ရှိအစိုးရကို ….

    ၁) ထောက်ခံသူနဲ့
    ၂) မထောက်ခံသူဆိုပြီး အုပ်စုနှစ်ခုရှိပါတယ်။

    ထောက်ခံသူတွေဟာ စစ်အစိုးရသက်ဆိုးရှည်နေမှ သူတို့ဘဝလုံခြုံမှုရှိမှာ ဖြစ်ပါတယ်။
    သူတို့ဟာ ရာထူး၊ အာဏာ၊ စည်းစိမ်၊ ထင်ရှားမှုတို့ကို ဒီအစိုးရလက်ထက်မှာရထားပြီးဖြစ်လို့ အဲဒီစည်းစိမ်တွေကို မက်မောတွယ်တာနေခဲ့ပြီဖြစ်ပါတယ်။

    ဒီအစိုးရနဲ့ပေါင်းစားနေတဲ့သူတွေ၊ လုပ်ပိုင်ခွင့်တွေရထားတဲ့ အစိုးရဝန်ထမ်းတွေ၊ အာဏာရှင်အလိုကျအသုံတော်ခံခဲ့တဲ့ လက်မရွံ့လူသတ်သမားတွေ၊ တရားဥပဒေကို မျက်ကွယ်ပြုပြီး ဘက်လိုက်ခဲ့တဲ့ တရားသူကြီးတွေ၊ အစိုးရကျောထောက်နောက်ခံပြုထားတဲ့ အစွန်းရောက်အဖွဲ့တွေ..

    ဒီလိုအဖွဲ့တွေဟာ ဒီမိုကရေစီသာရခဲ့ရင် လူထုရဲ့ ဒါဏ်ခတ်မှုကို မုချခံရမယ့်သူတွေဖြစ်ပါတယ်။

    လူတိုင်းရဲ့ မွေးရာပါလူအခွင့်အရေးကိုကာကွယ်ပေးနိုင်တဲ့ ဒီမိုကရေစီခေတ်မှာဆိုလျှင်

    “မဘသ” နဲ့ “မထသ” ဟာအတူတူပါပဲ။

    ဗိုလ်ချုပ်ကြီးနဲ့ကျောင်းဆရာတစ်ယောက်ဟာ တန်းတူပါပဲ။

    သူဋ္ဌေးနဲ့ဆိုက်ကားသမားဟာ အခွင့်အရေးအညီအမျှပါပဲ။

    ဒါကြောင့် ဒီမိုကရေစီစစ်စစ်ကို သူတို့အလွန်ကြောက်တာပါ။

    အဘလည်းဆောရီး၊ မဘသ လည်းဆောရီး ဆိုတဲ့စနစ်ကို သူတို့ဘယ်လိုလားပါ့မလဲ။

    ဟောချင်သလိုဟော၊ ပြောချင်သလိုပြောနေတာတွေအတွက် အစိုးရကလည်းကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

    ဘာသာရေးအထိကရုဏ်းဖြစ်အောင် အားပေးလှုံဆော်နေသည်ဟု တရားဥပဒေက ယူဆပါက စခန်းရောက်မှရှင်း ပါပဲ။

    ဒီမိုကရေစီခေတ်မှာ မဟန လည်းနေရာမှန်ပြန်ရောက်မှာဖြစ်သလို ဦးဝီရသူနဲ့ ဦးပါမောက္ခတို့လို ကိုယ်တော်တွေလည်း သပိတ်ပွေ့ပြီး ကိုရင်ကလေးတွေနဲ့ ဆွမ်းခံရတော့မှာ ဖြစ်ပါတယ်။

    အဆမတန်ချမ်းသာတဲ့ ဦးအောင်သောင်းလို ဝန်ကြီးတစ်ပါးနဲ့ဆရာ၊ဒကာဖြစ်ခွင့်ရနေတဲ့ ဦးဝီရသူ ဟာ အရင့်အမာ (ပါရမီဖြည့်နေသူ) ထဲကမဟုတ်ရင် ရုန်းထွက်န်ုိင်ဖို့မလွယ်တော့ပါဘူး။

    အထူးသဖြင့် ဘုန်းကြီးတွေဟာ ideology ပိုင်းမှာအင်မတန်အားနည်းကြပါတယ်။
    အကျင့် သုံးပါးနှင့် ပိပိရိရိကွက်ညှပ်မထားတဲ့ ဘုန်းကြီးတစ်ပါးဟာ သာမာန်လူဝတ်ကြောင်ထက် အတ္တ၊ ဒေါသ၊ မာနကြီးတတ်ပါတယ်။

    ဘုန်းကြီးနာမည်ရှေ့မှာ ပါဠိလိုရေးထားတဲ့ဘွဲ့တွေကို မြင်တိုင်း သူတို့ပြောသမျှမှန်ပါလိမ့်မယ်လို့မထင်ကြပါနဲ့။

    သူတို့ဟာ ဘုရားရှင်လက်ထက်တော်က ဝဂ္ဂလိမထေရ် လောက်တော့စာတတ်မယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီ မထေရ်ဟာ တတ်ထားတဲ့စာကို တမျိုးတမည်လှည့်ဖျားအသုံးချလို့ ဘုရားရှင်က က မြွေဖမ်းသမားဟာ မြွေနဲ့အသက်သေရသလို ကောက်ကျစ်တဲ့ရဟန်းစာတတ်သွားရင် ထိုစာကြောင့်ဒုက္ခရောက်ရတယ်လို့ ဟောတော်မူခဲ့ပါတယ်။

    ဒါကြောင့် အမှန်တရားကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ခေတ်သစ်ဒီမိုကရေစီသုတ္တံအဖြစ်…

    ၁) ရဟန်း၊ သံဃာစာတတ်၊ ပေတတ်တွေပြောတိုင်းလည်းအမှန်လို့မယူဆပါနဲ့။
    ၂) မိမိထက်ရာထူး၊ အာဏာရှိသူတွေပြောရုံနဲ့ မှန်တယ်လို့မယူဆပါနဲ့။
    ၃) မိမိကိုစာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေပြောတိုင်းလည်းအမှန်လို့မယူဆပါနဲ့။
    ၄) မိဘ၊ ဘိုးဘွားတွေပြောတိုင်းလည်းအမှန်လို့မယူဆပါနဲ့။

    ကိုယ့်အတိတ်၊ အနာဂါတ်နဲ့ပစ္စူပ္ပန်ခံစားနေရတဲ့ စား၊ ဝတ်၊ နေရေးဆင်းရဲ များရဲ့ အကြောင်းအရင်းကို စေ့စေ့စပ်စပ်လေ့လာပြီးမှ ဘယ်ပါတီကိုမဲပေးသင့်သလဲဆိုတာ ဆုံးဖြတ်ကြပါကုန်။

  • ဇီဇီခင်ဇော်

    June 25, 2015 at 11:49 am

    အဲဒီ ဘုန်းကြီးတွေကို အစိုးရက လွှတ်ပေး ထားတာ၊
    မထိန်းထားတာ ထားပါတော့။
    မြန်မာပြည်မှာ အဲဒီ ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတဲ့ ကိုယ်တော်တွေ ကို တားဖို့ တခြား တရားမျှတမှု လိုလားတဲ့ ကိုယ်တော်တွေ မရှိကြတော့ဘူးလားးး 🙄
    ဘာ သံ မှ မထွက်လို့။ 🙄

    ဒီ ကိုယ်တော်တွေသာ နောက် ၅ နှစ် ဒီလို လုပ်ချင်ရာဆက်လုပ်လို့ ရရင်တော့ ကျနော်တို့ ဘာသာ ကျနော်တို့ နိုင်ငံမှာ တကယ် ကွယ် ပြီ။

    • kai

      June 25, 2015 at 1:50 pm

      ဟင်း..ဟင်း..
      အဝါဂိုဏ်းက..အစိမ်းထက်အများကြီးညီညွတ်တယ်မှတ်…. :k:

      • မြစပဲရိုး

        June 25, 2015 at 3:16 pm

        . ပြန်စဉ်းစားပါဦး လား သူကြီးမင်း ရယ်။
        အဝါ ကနေ တစ်ခြား အရောင် တွေ တကယ်ဘဲ မကွဲ ခဲ့ ဘူးတဲ့လား။ 🙄

  • မြစပဲရိုး

    June 25, 2015 at 12:27 pm

    ဝုတ်မဟုတ်တော့ သများလဲ မသိ နော် ကိုကိုခြစ်။
    အဖေ့စာအုပ်ပေါ်က ဆွဲလာတာ။
    မဟုတ်တောင် ဟုတ်တာ မှ ၉၉.၉၉% မှန်နေပါရော။
    အာ့ အဝါယောင် အူနီဖောင်းဝတ်များ လဲ အဘရွှေ ရဲ့ လက် ဂတုံး တောင်ဝှေး ပါဘဲ ကွယ်။

    +++++++++++++++++++
    Credit to BrainWave ဉာဏ်လှိုင်း + “မူရင်း တင်သူ”

    ယနေ့မြန်မာပြည်
    °°°°°°°°°°°°°°°°°°°
    ယနေ့ မြန်မာပြည်မှာ
    အခြေခံဥပဒေ ဆိုတာကြီးကို ပြင်ဖို့ ကြိုးစားနေကြတယ်။
    *သမ္မတကြီးကလည်း သူလုပ်မှ ရမယ့်ဟန် ဖမ်းနေတယ်၊
    *ကာချုပ်ကလည်း သူ မလိုက်လျောရင် ဘာမှလုပ်မရမယ့်ပုံ၊
    *လွှတ်တော်ဥက္ကဋ္ဌကလည်း သူပဲ စွမ်းသလိုလို၊
    *ရွေးကော်ဥက္ကဋ္ဌကလည်း သူပဲ အရေးပါဆုံးလိုလို၊
    *အန်တီစုလည်း သူမ စွမ်းသလောက် ကြိုးစားနေတာပဲ။
    .
    ပြည်သူတွေဘက်ကလည်း
    *မဲစာရင်းမှာ မိမိနာမည် ပါမပါ ကြည့်ကြ၊
    *မပါတဲ့သူတွေလည်း ဒေါသတွေထွက်ကြ၊
    *NGO တွေ ပါတီတွေလည်း မဲစာရင်းအမှားတွေ ထောက်ပြကြနဲ့
    ခြေဥပြင်ဖို့ လုံးပမ်းနေကြပါတယ်။
    .
    ဒါပေမဲ့ ဒီနေ့ လွှတ်တော်မှာ
    ချင်းလူမျိုးအမတ် ဆွေးနွေးသွားတော့မှ ရှင်းသွားတယ်။
    ဥက္ကဋ္ဌလည်း မတားတော့ဘူး၊
    စစ်သားအမတ်တွေလည်း မကန့်ကွက်ရဲတော့ဘူး၊
    ကြံဖွံအမတ်တွေဆို လက်ခုတ်ပဲ တီးရမလိုလို ဖြစ်ကုန်တယ်။
    .
    ချင်းလူမျိုးအမတ် ပြောတာက
    “ဖွဲ့စည်းပုံ ပြင်ဖို့ကိစ္စက ဦးသန်းရွှေအပေါ် မူတည်တယ်။
    ဒါကြောင့် လွှတ်တော်ထဲက လူတွေစုပြီး
    ဉ်ီးသန်းရွှေအိမ် ခွင့်သွားတောင်းကြရအောင်” တဲ့ဗျား။

    မကြိုက်လည်း မတတ်နိုင်၊
    လက်ရှိမြန်မာပြည်အခြေအနေက ဒီအတိုင်းဖြစ်နေတာကိုး။ ။
    ++++++++++++++++++++++++++

    Lol:-)))))))))))

    • ဦးကြောင်ကြီး

      June 25, 2015 at 12:33 pm

      ဒါလည်း တုပ်ဟုတ်ဟုတ်

      ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ထံက သဘောထားယူဖို့ ချင်းအမတ် တိုက်တွန်း
      25 June 2015
      ဇွန်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် Photo: RFA
      ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်ဖို့ အကြတ်အတည်းဖြစ်နေတာကို ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေထံက နှုတ်ထွက် စကား တောင်းခံပြီး သဘောထားကို ယူသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

      ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉၊ ပုဒ်မ ၆ဝ နဲ့ ပုဒ်မ ၄၁၈ တို့ကို ပြင်ဆင်ထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် ၁ရ ယောက် က ဒီနေ့ ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးရာ ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျွန်ခဲန်းက အခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

      “ပုဒ်မ ၄၃၆ ( က )ကို ပြင်ဆင်လို့တဲ့ အခါမှာ ကျနော်တို့ အခြေခံဥပဒေမူပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေထံကိုသွားပြီးမှ ကျနော်တို့အဲ့လို အခြေအနေ ဖြစ်နေတယ်၊ ကျနော်တို့ဆွဲထားတဲ့ ဥပဒေဟာ လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ နည်းနည်းမကိုက်ညီဘူးဆိုပြီးတော့မှ ကျနော်တို့ ဘဘဆီ က မေတ္တာစေတနာနှုတ်ထွက်စကားကို ကျနော်တို့ခံယူပြီးမှ ပြုပြင်ရင် ကျနော်တို့အားလုံး ပြင်ဆင်လို့ရမယ်လို့ ယုံကြည်ပါတယ်”

      အန်အယ်လ်ဒီကိုယ်စားလှယ်တွေက ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးကြပြီး တပ်မတော်သားကိုယ်စား လှယ်တစ်ဦးနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက မပယ်ဖျက်ဖို့ ဆွေးနွေးကြပါတယ်။

      အဲဒီပုဒ်မ ၄ ခုကို တပ်မတော်သားကိုယ်စားလှယ် ၁ ဦး၊ အန်အယ်လ်ဒီကိုယ်စားလှယ် ၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၅ ဦး အပါအဝင် ၁၆ ဦးက ဆွေးနွေးခဲ့တာပါ။

      ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို မနေ့ကစပြီး ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးရာ ဒီနေ့အထိ ၃၂ ဦး ဆွေးနွေးပြီးဖြစ်ပါတယ်။ မနက်ဖြန် မှာ ကိုယ်စားလှယ် ၅ ဦး ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

      RFA Burmese
      http://www.rfa.org/burmese

  • Mike

    June 25, 2015 at 4:18 pm

    .တစုတဝေးတည်းဖတ်ရအောင်မလာပါတယ်..ကေဇီက ဖွဘုတ်မှာတောင်ရှယ်ပီးနေပီ.. :))
    .Credit to Theka Moe Nyo
    ~~~~~~~~~~~~~~~~

    မဲစာရင်းတွေ စစ်ကြ မဲစာရင်းတွေ စစ်ကြနဲ့ လှုံ့ဆော်နေတာ ကောင်းပါတယ်။ ဒါပေမယ့် မဲစာရင်း စစ်တယ်ဆိုတာ ရွေးကောက်ပွဲကြီးရဲ့ အင်မတန် သေးငယ်သော အစိတ်အပိုင်းဆိုတာ သိဖို့လည်း လိုပါသေးတယ်။

    ရွေးကောက်ပွဲကြီး တစ်ခုလုံး တရားမျှတဖို့ အပိုင်းကြီး သုံးပိုင်း ရှိပါတယ်။ ဒါတွေကတော့……

    ၁- မဲဆန္ဒရှင်တွေ အခွင့်အရေး အပြည့်အဝရရှိမှု Voters’ rights
    ၂- ကိုယ်စာလှယ်တော်တွေနဲ့ ပါတီတွေ အခွင့်အရေး အပြည့်အဝ ညီတူမျှတူ ရရှိမှု Candidates’ and Party rights
    ၃- ရွေးကောက်ပွဲဖြစ်စဉ်စ်ခုလုံး တရားမျှတမှု Election process

    တို့ပဲ ဖြစ်ပါတယ်။

    ၁- မဲဆန္ဒရှင်တို့ အခွင့်အရေးတွေမှာ ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း မဲစာရင်းမှာ ပါဖို့၊ မဲဆန္ဒရှင်တွေက ပါတီတွေအကြောင်း လွတ်လပ်စွာ စုံစမ်းမေးမြန်း ဆွေးနွေးခွင့် ရှိဖို့၊ မဲဆန္ဒရှင်တွေကို ပါတီတခုခုကဖြစ်ဖြစ်၊ ကော်မရှင်ကဖြစ်ဖြစ် ခြိမ်းခြောက်ခြင်း မရှိဖို့၊ လူနည်းစု လူမျိုးစုတွေ၊ အမျိုးသမီးတွေ လွတ်လပ်စွာ မဲပေးခွင့် ရှိဖို့၊ မဲဆန္ဒရှင်တိုင်း မိမိတို့ မဲအရေးကြီးပုံကို သိရှိကြဖို့ စတာတွေ ပါဝင်ပါတယ်။

    ၂- ပါတီ နဲ့ ကိုယ်စားလှယ်တွေ အခွင့်အရေးမှာ ပါတီတိုင်း ညီတူမျှတူ စည်းရုံးလှုပ်ရှားခွင့် ရှိဖို့၊ လူထုတွေ့ဆုံပွဲတွေမှာ အနှောက်အယှက်ကင်းကင်း လုပ်ခွင့်ရဖို့၊ ပါတီတခုခုဟာ အစိုးရငွေကြေး၊ လူအင်အားတွေကို ပါတီစည်းရုံးရေးအတွက် မဆောင်ရွက်စေဖို့ စတာတွေ ပါဝင်ပါတယ်။

    ၃- ရွေးကောက်ပွဲ ဖြစ်စဉ်ကတော့ ကျယ်ဝန်းလှပါတယ်။ အင်မတန် အရေးကြီးတာတွေ ရွေးပြောရရင် မဲစာရင်း ပြည့်စုံရပါမယ်။
    စာမတတ်သူတွေအတွက်လည်း သိသာလွယ်ကူသော မဲပြားဖြစ်ရပါမယ်။ မဲပေးပုံ ရိုးရှင်း နားလည်လွယ်ရပါမယ်။

    မဲပေးဖို့ သွားသူတွေကို လုံခြုံရေး စီမံပေးရပါမယ်။ မဲပုံးတွေကို လုံခြုံစေဖို့၊ ခိုးမဲတွေ မရောက်ဖို့ စီစဉ်ရပါမယ်။
    ကော်မရှင်ဟာ လွတ်လပ်တဲ့ ဘယ်ပါတီနဲ့မှ မပတ်သက်တဲ့ သီးခြားဘော်ဒီဖြစ်ရပါမယ်။

    နိုင်ငံတကာ စောင့်ကြည့်သူတွေ၊ သီးခြားအဖွဲ့အစည်းတွေ စောင့်ကြည့်ခွင့် ရှိရပါမယ်။ မီဒီယာကဖြစ်ဖြစ်၊ လူထုကဖြစ်ဖြစ် ကွန်ပလိန်းတက်လာရင် ကော်မရှင်က လျှင်လျှင်မြန်မြန် ဖြေရှင်းနိုင်ရပါမယ်။

    ဒါတွေက အကြမ်းပြောလိုကိတာပါ။

    ရွေးကောက်ပွဲမှာ ပါတီတခုနဲ့တခု စွပ်စွဲကြတာ ထုံးစံပါ။
    ဒါပေမယ့် အဓိကကျတာ မီဒီယာပါ။
    မီဒီယာဟာ ရွေးကောက်ပွဲတွေရဲ့ watchdog ပါ။
    အခုအထိ ပြည်သူကို အသိပညာမပေးပဲ ပြည်သူဆီက ပြန်မေးနေတာတော့ မဟုတ်လှသေးဘူးထင်ပါတယ်။

  • ဘောလုံးပွဲ တစ်ပွဲ လို သဘော ထားကြရင်ဖြင့် ပြီးပွဲ ခရာ မမူတ်ခင် ဂိုးများများသွင်းထားသူက အနိုင်ပါဘဲ

  • Ma Ma

    June 26, 2015 at 2:17 pm

    ရွာထဲရောက်ကာစက ကြောင်ကြီးရေးတဲ့စာတွေကို အတော်ဖတ်ယူရတယ်။
    ခုတော့လည်း ဘာသာစကားတစ်ခုတတ်ကျွမ်းသွားသလိုဖြစ်သွားလို့ ကျေးဇူးတောင် တင်မိတယ်။ 🙂

    ဘာပြောရမှန်းမသိအောင် ဘက်စုံထောင့်စုံက ရေးထားတာကို ဖတ်ပြီး…..
    ဒီစာကို ဂူဂယ်လိုက်ရင် ဘယ်လိုများ ထွက်လာမလဲ သိချင်မိတယ်။ :kwi:

Leave a Reply