“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်) ဖုန်းနဲ့ရိုက်တာ
“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)
ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။
၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။
ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။
ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။
အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။
မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။
ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။
အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။
ကြာတော့ လဲ မနေနိုင်တောပါဘူး။
လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။
နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့
့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။
ကဲ ကြည့် လိုက်ကြပါအုံး။
ဆက်လက်ဖော်ပြပါအုံးမယ်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
25-6-2015
နံပါတ် ၈လေးကြိုက်ပါ၏
Was this answer helpful?
LikeDislikeရေတံခွန်လေးက မော်လိ ရေတံခွန်လို့ခေါ်ပါတယ် သူ့အကြောင်းရေးပါအုံးမယ်
Was this answer helpful?
LikeDislikeလမ်းလျောက်သွားရင်း သစ်ရွက်ခြောက်တွေကြားထဲမှာတွေ့လို့ ယူလာခဲ့တာပါ
Was this answer helpful?
LikeDislike.“ကိုယ့်မြေနဲ့ သူ့ပြည် ” ကြည့်၍ စိတ်မကောင်း
Was this answer helpful?
LikeDislikeကိုမိုက်ရေ သူတို့ မြေမှာက တိုက်ခန်းတွေအများကြီး နေမယ့်သူမရှိ
သစ်ပင်တွေနဲ့စိမ်းစိမ်းစိမ်းစိုစို
ကျနော်တို့ မြေမှာ သစ်ပင်တွေအကုန်ခုတ် ရှိသမျှ မြေကျဉ်းကျုပ်ကျုပ်မှာအိမ်အပြည့်ဆောက်
ပူလောင်လောင်ထဲ မှာနေကြရပါတယ်
စိတ်မကောင်းစရာကတော့ အမှန်ပါ
Was this answer helpful?
LikeDislike5 မှာ သူတို့က ငုံ့ကြည့်ခြင်း ဆိုတော့
ကျမတို့က မော့ကြည့် နေရတာဖြစ်သွားမှာပေါ့နော်
ရေတံခွန်လေးကြည့်ရတာ စိတ်အေးချမ်းပါတယ်…
Was this answer helpful?
LikeDislikeဟုတ်ပါတယ် မအိရေ
မော်စီတုန်းလက်ထက်မှာ သူတို့က ကျနော်တို့ကိုမော့ကြည့်ရာကနေ
အခု ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်မှာ သူတို့ က ကျနော်တို့ကို ငုံ့ကြည့် နေပါတယ်
Was this answer helpful?
LikeDislikeနံပါတ် ၇
ကွာခြားမှုတွေကြားမှာပေါ့လေ
Was this answer helpful?
LikeDislikeဟုတ်ပ ကမျိုးရေ မထင်မှတ်ဘဲ ကွားခြားမူ့တွေကြားမှာရောက်နေပါတယ်။
Was this answer helpful?
LikeDislike. မြန်မာပြည် ထဲ ပြည်နယ်တွေ ရဲ့ နေရာ တော်တော်များများ မှာရေတံခွန် တွေ ရှိတယ်။
ကျွန်မ တော့ မွန် က ဂျုံးဂျုံးကျ ကို ရောက်ဖူးတယ်။
မေမြို့ က ရေတံခွန် ကို ရောက်ဖူးတယ်။
ရွှေစက်တော် သွားတဲ့ နေရာမှာလဲ အသေးတစ်ခု ရှိတယ်မှတ်တယ်။
အဲဒီ ရေတံခွန် တွေ စာရင်း လုပ်ကြည့်ဖို့ ကောင်းသား။
ကျွန်တော့ ကိုယ်ပွါး ရဲ့ အိုင်ဒီယာကြိုက်သဗျာ။
ဘေးက ကိုယ်ပွါး ရဲ့ နံရိုး ကိုယ်ပွါး ပေါ့ လေ။
Was this answer helpful?
LikeDislikeကိုလတ်ကြီးရေ
မြန်မာပြည်မှာရေတံခွန်တွေအများကြီးရှိပါရဲ့
သွားလို့လာလို့ခက်
အခုဒီထဲမှာပါတဲ့မော်လိရေတံခွန်ထက် မန်းလေးနားက ဒီးဒုတ်ကအများကြီး ပိုလှ ပိုသာယာပါတယ်
ဒါပေမယ့် သွားရေးလာရေးခက်တော့ ဘယ်သူမှ မလာ
အခုမော်လိရေတံခွန်ဝင်မယ်ဆိုရင်လူတစ်ယောက်ယွမ်50 မြန်မာငွေ တစ်သောင်းနီးပါးပေးဝင်ရပါတယ်
ဒါပေမယ့် တန်ပါတယ်
ဒီရေတံခွန်နှစ်ခု နိုင်းယှဉ်ပြီးစာရေးပါအုံးမယ်
Was this answer helpful?
LikeDislikeနေ၀င်ချိန်ပုံလေးကို ကြိုက်တယ်။
သစ်ရွက်ခြောက်တွေကြားထဲမှာ စိမ်းလန်းနေတာလေးကို ရိုက်တဲ့အိုင်ဒီယာကိုလည်း သဘောကျတယ်။
ကိုယ်ပွားဆိုတာ အရိပ်ကို ပြောတာလား ဘေးက မဟေသီကို ပြောတာလား။
Was this answer helpful?
LikeDislikeမမရေ
ကိုယ်ပွားကတော့ ကိုယ်တိုင်ပါဘဲ
ဘေးနားကတော့ ကိုလတ်ကြီးပြောသလို နံရိုးလေးရဲ့ ကိုယ်ပွား ကျနော်သွားလေရာ ပါ တယ်လေ
Was this answer helpful?
LikeDislikeကိုပေါက်ရေ
ဝူခုန်းပုံလေး
အရမ်းသဘောကျမိပါတယ်၊ပုံတွေအားလုံးလည်းလှတယ်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ဖူးလိုက်ရတာကျေးဇူးပါပဲ။။
Was this answer helpful?
LikeDislikeမမအေး ရေ
ဝူခုန်းလေးတွေက သူတို့ နဲ့ တွဲပြီးဓါတ်ပုံရိုက်ရင် ပိုက်ပိုက်ပေးရပါတယ်
အုန်းငှက်ပျောဗန်းရွက်ထားတဲ့ မိန်းကလေးတွေရှိတယ်
ဆာရီဝတ်ထားတဲ့ ယောက်ျားမိန်းရှိတယ်
ဘုရားကတော့ မူဆယ်မြို့ က တောင်ပေါ်ဘုရားလို့ ခေါ်ကြတဲ့ရပ်တော်မူကိုယ်တော်ကြီးပါဘဲ
အလွန်သပ္ပါယ်ပါတယ်ခင်ဗျာ
Was this answer helpful?
LikeDislike7ကိုယ့်မြေနဲ့ သူ့ပြည် ပုံက… ကိုယ့်ဘက်အခြမ်းကို မြင်ရတာ……
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeဟုတ်ပါတယ် မူဆယ်မြို့ အရှေ့မြောက်ဘက် ၄၅ ကုန်း လို့ခေါ်ကြတဲ့ တောင်ပေါ်က နေ တက်ကြည့်ရင်းရိုက်ထားတာပါ။
ကျနော်ရွာထဲ မ၀င်ဖြစ်လို့ အကြောင်းမကြားတာ အဲဒီနေရာလေးမှာ
ချင်းမိသားစု တစ်ခု က ထူထောင်ထားတဲ့ ဂရုဏာစံအိမ်လို့ခေါ်တဲ့ မိဘမဲ့ရိပ်သာလေးရှိတယ်။
ကျနော်တို့ တတ်နိုင်တာလေးသွားလှူကြတုံးကရိုက်လာခဲ့တာပါ။
Was this answer helpful?
LikeDislike