“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်) ဖုန်းနဲ့ရိုက်တာ

“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)

 

ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။

၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။

ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။

ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။

အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။

မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။

ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။

အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။

ကြာတော့ လဲ မနေနိုင်တောပါဘူး။

လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။

နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့

့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။

ကဲ ကြည့် လိုက်ကြပါအုံး။

 

ဝူ ခုန်း ညီနောင်
ဝူ ခုန်း ညီနောင်
2 အန်းကုန်း မားမား ရှောင် တီးတီး
2 အန်းကုန်း မားမား ရှောင် တီးတီး
3နေဝင်ချိန်းလေးမို့ လွမ်းမိမယ်
3နေဝင်ချိန်းလေးမို့ လွမ်းမိမယ်
4 ရေတံခွန်စမ်း
4 ရေတံခွန်စမ်း
5 ငုံ့ကြည့်ခြင်း
5 ငုံ့ကြည့်ခြင်း
7 ကျနော့်ရဲ့ကိုယ်ပွား
6 ကျနော့်ရဲ့ကိုယ်ပွား
8 သူ့မြေနဲ့ကိုယ့်မြေ
7ကိုယ့်မြေနဲ့ သူ့ပြည်
8 ရှင်သန်ရဲရဲ
8 ရှင်သန်ရဲရဲ
9 ဆော့ပါရစေ
9 ဆော့ပါရစေ
10 ပေးသူ ယူသူ တည်ငြိမ်သူ
10 ပေးသူ ယူသူ တည်ငြိမ်သူ

ဆက်လက်ဖော်ပြပါအုံးမယ်

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

25-6-2015

 

17 comments

  • Mike

    June 26, 2015 at 9:04 am

    .“ကိုယ့်မြေနဲ့ သူ့ပြည် ” ကြည့်၍ စိတ်မကောင်း

    • ကိုမိုက်ရေ သူတို့ မြေမှာက တိုက်ခန်းတွေအများကြီး နေမယ့်သူမရှိ
      သစ်ပင်တွေနဲ့စိမ်းစိမ်းစိမ်းစိုစို
      ကျနော်တို့ မြေမှာ သစ်ပင်တွေအကုန်ခုတ် ရှိသမျှ မြေကျဉ်းကျုပ်ကျုပ်မှာအိမ်အပြည့်ဆောက်
      ပူလောင်လောင်ထဲ မှာနေကြရပါတယ်

      စိတ်မကောင်းစရာကတော့ အမှန်ပါ

  • Ma Ei

    June 26, 2015 at 10:13 am

    5 မှာ သူတို့က ငုံ့ကြည့်ခြင်း ဆိုတော့
    က ျမတို့က မော့ကြည့် နေရတာဖြစ်သွားမှာပေါ့နော်
    ရေတံခွန်လေးကြည့်ရတာ စိတ်အေးချမ်းပါတယ်…

    • ဟုတ်ပါတယ် မအိရေ

      မော်စီတုန်းလက်ထက်မှာ သူတို့က ကျနော်တို့ကိုမော့ကြည့်ရာကနေ
      အခု ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်မှာ သူတို့ က ကျနော်တို့ကို ငုံ့ကြည့် နေပါတယ်

  • တောင်ပေါ်သား

    June 26, 2015 at 12:57 pm

    နံပါတ် ၇
    ကွာခြားမှုတွေကြားမှာပေါ့လေ

  • မြစပဲရိုး

    June 26, 2015 at 1:00 pm

    . မြန်မာပြည် ထဲ ပြည်နယ်တွေ ရဲ့ နေရာ တော်တော်များများ မှာရေတံခွန် တွေ ရှိတယ်။
    ကျွန်မ တော့ မွန် က ဂျုံးဂျုံးကျ ကို ရောက်ဖူးတယ်။
    မေမြို့ က ရေတံခွန် ကို ရောက်ဖူးတယ်။
    ရွှေစက်တော် သွားတဲ့ နေရာမှာလဲ အသေးတစ်ခု ရှိတယ်မှတ်တယ်။
    အဲဒီ ရေတံခွန် တွေ စာရင်း လုပ်ကြည့်ဖို့ ကောင်းသား။

    ကျွန်တော့ ကိုယ်ပွါး ရဲ့ အိုင်ဒီယာကြိုက်သဗျာ။
    ဘေးက ကိုယ်ပွါး ရဲ့ နံရိုး ကိုယ်ပွါး ပေါ့ လေ။

    • ကိုလတ်ကြီးရေ

      မြန်မာပြည်မှာရေတံခွန်တွေအများကြီးရှိပါရဲ့
      သွားလို့လာလို့ခက်

      အခုဒီထဲမှာပါတဲ့မော်လိရေတံခွန်ထက် မန်းလေးနားက ဒီးဒုတ်ကအများကြီး ပိုလှ ပိုသာယာပါတယ်

      ဒါပေမယ့် သွားရေးလာရေးခက်တော့ ဘယ်သူမှ မလာ

      အခုမော်လိရေတံခွန်ဝင်မယ်ဆိုရင်လူတစ်ယောက်ယွမ်50 မြန်မာငွေ တစ်သောင်းနီးပါးပေးဝင်ရပါတယ်

      ဒါပေမယ့် တန်ပါတယ်

      ဒီရေတံခွန်နှစ်ခု နိူင်းယှဉ်ပြီးစာရေးပါအုံးမယ်

  • Ma Ma

    June 26, 2015 at 2:22 pm

    နေဝင်ချိန်ပုံလေးကို ကြိုက်တယ်။
    သစ်ရွက်ခြောက်တွေကြားထဲမှာ စိမ်းလန်းနေတာလေးကို ရိုက်တဲ့အိုင်ဒီယာကိုလည်း သဘောကျတယ်။
    ကိုယ်ပွားဆိုတာ အရိပ်ကို ပြောတာလား ဘေးက မဟေသီကို ပြောတာလား။ :k:

    • မမရေ
      ကိုယ်ပွားကတော့ ကိုယ်တိုင်ပါဘဲ
      ဘေးနားကတော့ ကိုလတ်ကြီးပြောသလို နံရိုးလေးရဲ့ ကိုယ်ပွား ကျနော်သွားလေရာ ပါ တယ်လေ

  • aye.kk

    June 26, 2015 at 3:50 pm

    ကိုပေါက်ရေ
    ဝူခုန်းပုံလေး
    အရမ်းသဘောကျမိပါတယ်၊ပုံတွေအားလုံးလည်းလှတယ်။
    ဗုဒ္ဓရုပ်ပွားတော်မြတ်ဖူးလိုက်ရတာကျေးဇူးပါပဲ။။

  • မမအေး ရေ

    ဝူခုန်းလေးတွေက သူတို့ နဲ့ တွဲပြီးဓါတ်ပုံရိုက်ရင် ပိုက်ပိုက်ပေးရပါတယ်

    အုန်းငှက်ပျောဗန်းရွက်ထားတဲ့ မိန်းကလေးတွေရှိတယ်

    ဆာရီဝတ်ထားတဲ့ ယောက်ျားမိန်းရှိတယ်

    ဘုရားကတော့ မူဆယ်မြို့ က တောင်ပေါ်ဘုရားလို့ ခေါ်ကြတဲ့ရပ်တော်မူကိုယ်တော်ကြီးပါဘဲ
    အလွန်သပ္ပါယ်ပါတယ်ခင်ဗျာ

  • Alinsett @ Maung Thura

    June 27, 2015 at 9:52 am

    7ကိုယ့်မြေနဲ့ သူ့ပြည် ပုံက… ကိုယ့်ဘက်အခြမ်းကို မြင်ရတာ……
    ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဟုတ်ပါတယ် မူဆယ်မြို့ အရှေ့မြောက်ဘက် ၄၅ ကုန်း လို့ခေါ်ကြတဲ့ တောင်ပေါ်က နေ တက်ကြည့်ရင်းရိုက်ထားတာပါ။

    ကျနော်ရွာထဲ မဝင်ဖြစ်လို့ အကြောင်းမကြားတာ အဲဒီနေရာလေးမှာ
    ချင်းမိသားစု တစ်ခု က ထူထောင်ထားတဲ့ ဂရုဏာစံအိမ်လို့ခေါ်တဲ့ မိဘမဲ့ရိပ်သာလေးရှိတယ်။
    ကျနော်တို့ တတ်နိုင်တာလေးသွားလှူကြတုံးကရိုက်လာခဲ့တာပါ။

Leave a Reply