သမ်းဂေါင်ထပ် ည့ဉ်မနက် NLD အတွက်

မဲခိုးလွှတ်တော ်မှာတင်တဲ့ ခြေဥပြင်ရေး အန်အယ်လ်ဒီ ကြိုးဗန်းခ ျက် လုံလောက်တဲ့မဲ မရလို့ ရှုံးနိမ့်သွားဂေ ျာင်း သတင်းဖတ်ရတယ်။ ဘွားဒေါ်ဂ ျီးအဖို့ အရှုံးပေါင်းမ ျားစွာထဲက နောက်ထပ်အရှုံးတခု… ရှုံးပါမ ျားတော ့လည်း အရေထူနေလောက်ပါပီ။ ပုံစံတက ျသွားနေတဲ့ စနစ်၊ နိုင်မှာဆိုလ ျင်တော ့ ရှုံးနိမ့်မှုအတွက် ခေါင်းဆောင်လှုပ်သူ နှုတ်ထွက်ပေးရတယ်။ ဘွားဒေါ်ဂ ျီးနေရာ အစားလဲသင့်ပြီ….

သို့သော ် အန်အယ်လ်ဒီမှာ လူစားထိုး မရှိ၊ ထောက်ခံသူမ ျားကလည်း အဆင်သင့် မဖြစ်သေး…။ သူမှဒဗါး အခြားမရှိပြီ… ဒီတော ့ ဒီဇက်လန်းကို ဒီပုံနဲ့ ဒီလူဒွေပဲ ဒီရေတော ဒိုက်ပုံမေ ျာသလို ဆက်ဒိုးကြတာပေါ ့စ်။

နောက်စပ်တွဲ အနေနဲ့… ရွေးဂေါက်ပွဲဝံဖို့ သူ ဆုံးဖြတ်မလား.. ဒါလည်း အပေါ်မှာ ပြောခဲ့သလို မှဒဗါး အခြား မရှိပြီ…။ တကယ်လည်း အခြားနည်းလည်း ဖြစ်ဖြစ်မြောက်မြောက် လှုပ်တတ်ဟန်မတူ… ဒီတော ့မခ ျိသွားဖြဲပီး ဝံပါလိုက်အူးမည်။

ရွေးဂေါက်ပွဲ နိုင်မလား… ။ အန်အယ်လ်ဒီ အပြတ်အနိုင်မရ.. နေရာခွဲယူရလိမ့်မည်ဆိုဒဲ့ နိုင်ငံရေးပေါဟိတ်အမျိုးစုံအိ ဟောကိန်းများဂ ျားဒဲ.. အနော ် ရဲရဲတောက် ဦးကြောင်ကြီး ပြတ်ပြတ်သားသား ပေါပါမည်… ၁၉၉ဝ ရလာဘ်လိုပဲ အန်အယ်လ်ဒီ အပြတ်အသတ် နိုင်ပါလိမ့်မည်။ ညွှန်ပေါင်းအော်နေ မေ ျှာ်နေတာ အန်ဒီအက်ဖ်လို ဇက်ပြတ် ပါတီတွေနဲ့ ဖွတ်နဲ့ တစညလို အနာဂါတ်မဲ့ ပါတွေတွေပါ။ (တခု ထောက်ထားမှာ လွတ်လပ်တဲ့ ရွေးဂေါက်ပွဲ ဖြစ်ရမည်၊ ညစ်လ ျင်လဲ ညစ်တဲ့နေရာတွေမှာ အန်အယ်လ်ဒီ နိုင်ကြောင်း အထောက်အထားများ ထွက်ပေါ်လာလ ျင် နို်င်တာနဲ့ အတူတူပါပဲ။)

ဘယ်အချိန် ဘယ်သူနိုင်မည် ထင်ထင်ရှားရှား သိရမည်လဲ…။ ရွေးကောက်ပွဲနေ့မှ ပြတ်ပြတ်သားသား သိပါမည်..။ (ပြောပီးသားနော ်လိင်လည်း ပြည်သူကတော ့ကိုယ့်နယ်မြေမှာ နိုင်သူအစစ်ကို သိမည်။)

ရွေးကောက်ပွဲကို ထောက်ခံတာလား.. မဟုတ်ပါ။ နာဂစ် ခြေဥနဲ့ အဓမ္မပြဌာန်းတဲ့ အရာမှန်သမ ျှ ပူးပေါင်းဆောင်ရွက်ခြင်း လက်မခံပါ။ သို့သော ် အန်အယ်လ်ဒီလို ခေါင်းဝံပီးနေဒဲ့ ပါတီအဖို့ ကိုယ်ဝံတိုးဖို့သာ ကြံအိ။ ကိုယ့်ဖို့ကိုယ်သာ ကြည့်လွန်းတဲ့ အမေစုခြစ်သူတွေနဲ့ ကြောက်တတ်လွန်းတဲ့ လူထုကိုလည်း ဒါထက်ပို ခိုင်းဖို့ မဖြစ်နိုင်..။ (ဝေးဝေးမကြည့်နဲ့ ရွာထဲက ခိုနီဒုံ၊ ခိုပြာမား၊ လှော ်ဗီမြ၊ တဖက်ပိတ်မဲသွပ်၊ ခြိမ်းပဒီး၊ foxပ ျံဂ ျီးနဲ့ ဗိုဂဒေါ်သာဂူးတို့ကိုပဲ နှာမူနာကြည့်..)

အာဏှာလွှဲမလား… အန်အယ်လ်ဒီ တကယ်နိုင်မှ အူးသမ်းရွှေဂ ျီး အကွက်စရွှေ့ပါလိပ်မည်။ လောလောဆယ် ရွှေ့နေတဲ့အကွက်တွေက အလဂါး အနှစ်သာရ ရှိတဲ့ကစားဂွက် မဟုတ်.. ခလေးတောင် လှုပ်တပ်သည်။ အန်အယ်လ်ဒီ အနေနဲ့ လာဘ်ဆုပ်လာဘ်ကိုင်ရှိတဲ့ အသာဇီးရမှု မပြနိုင်သ၍ စစ်တပ်နှင့် ညှိဖို့ မဖြစ်နိုင်ပါ။ အဲဒီအချိန်ကြ ပြသနာ ပြေလည်မလား.. ဝေးပါသေးအိ။ အဲဒီအခါ ဒီလိုပဲ ဘွားဒေါ် ငါတဂေါ ဆက်ဂေါပါအူးမည်။။

ဒါကြောင့် ရန်သူကို မယဉ်စိုင်ဂင် သူ့ကို ထိန်းခ ျုပ်ဖို့ နည်းလမ်းလ ျှာကြ…။ တေ ျာက်ထဲ လွှတ်ထားလ ျင် မြန်တ ျန့် ဒီမိုကရေစီအရေး စက်ရေစုန် မေ ျှာပါလိပ်အူးမြည်…

 

ငါကွ ဦးကြောင်ကြီး

14 comments

  • ဦးကျောက်ခဲ

    June 26, 2015 at 11:09 am

    ကြောင်ဇုတ် ကြောင်ဏှာကို ကြောင်ရာသွင်းပြီးမန့်ရရင်…
    အခု ခြေ/ဥပါ ပြဌာန်းချက် တချို့ ပြင်ဆင်နိုင်ရေး အဆိုတင်တာ ဖွတ်ပါတီကပါ…
    အဲသည့်တော့ ထောက်ခံမဲရတာမဆန်း… ဒါပါသည့် ကိုယ့်ခြေမန်းကွင်းနဲ့ကိုယ် မိသွားတာက…
    တပ်ချုပ်ရဲ့အသံ တစ်မတ်သား Bone Head တွေ ကွက်ကွက်ကွင်းကွင်း ဖြစ်သွားတယ်…
    ဘွားတော်အတွက် ရန်/ငါပြတ်ပြီး တိုးသာဆုတ်သာ ရှိသွားတယ်…
    “ခြောက်ပွင့်ဆိုင်” ကို မျှော်လင့်ချက် မထားတော့တာမျိုးပေါ့ …
    ရွေးဂေါက်ပွဲလား… ထပ်ပြောမယ် ၁၉၉ဝ ကလို တောင်ပြိုကမ်းပြို ဒီချုပ်မနိုင်ပါ…
    ကံမကောင်းရင် တပ်ချုပ် မအလ တောင် သမ္မတဖြစ်နိုင်ခြေရှိတယ်… ဒါဗြဲ :k:

    • မြစပဲရိုး

      June 26, 2015 at 11:59 am

      . ကိုရွှေကြောင်ကြောင်

      . ဘောပွဲ လို ရှုံးတာ ကို အနိုင်လို့ မပြောပါဘူး။
      ဒါပေမဲ့ နိုင်တဲ့သူ ဘက် က အရှုံး ကြီး ကို အားမရလွန်းလို့ပါ။

      . ဒီလို အချိန် ဗိုလ်အောင်ဒင် ရဲ့ လူကြမ်း ဘဝ နေပြီး ပိတ်သတ် သနားအောင် အခွင့်ယူနိုင်လိုက်ရင်
      ကိုကိုချစ် ခမျာ မင်းသား ကနေ လူကြမ်း အဖြစ်ရောက်တော့မှာ။
      မဘသ များ ကလဲ ဘေးတီးထားပြီး။
      ဒါကို တောင် အကွက် မမြင်နိုင်ရှာတဲ့ ဒီ လူ တွေ ရဲ့ ခေါင်းထဲ ကိုယ့်ဘို့ ကလွဲ လို့ ဘာမှ မရှိတာ ပိုပြီး မြင်သာသွားတာ။
      ဝင်း-ဝင်း လမ်း ကို ဘာလို့ များမရွေး နိုင်လဲ ဆိုတာ အခုတော့ မအံ့ဩတော့ဘူး။
      မနေ့ကထိ တော့ မျှော်လင့်ခဲ့ သေးတယ်။

      ရွေးကောက်ပွဲ ကတော့ အမှန်ပြောရရင် ကပေါက်ကြီး ပြောသလို မြန်မာပြည်ထဲက လူ တွေ သိပ်ပြီး စိတ်ဝင်စားနေတယ်မထင်။
      ကျွန်မ တို့ သာ အပြင်ကနေပြီး အတော် စိတ်ဝင်စားနေတာ။
      အခြေအနေကြည့်ရတာလဲ ပါတီ ထက် လူ ကို ပိုစိတ်ဝင်စား ဖို့ များတာမို့ NLD က လူ ကောင်းကောင်း တွေ ဘယ်လောက် သွင်းနိုင်လဲ ပေါ်မူတည်မယ်။
      အဲဒါကို မှ မလုပ်နိုင်ရင် ကျောက်စ် ဟောသလို NLD အတွက် မဲ အော ရဖို့ မရှိ။
      သမ္မတ ကတော့ “ဦးခင်အောင်မြင့်”ကို ထိုးပေးနိုင်တယ် ပြောနေကြတာဘဲ။

      . NLD အပြတ် နိုင်ဖို့ လူကောင်း ဘယ်လောက် စု နိုင်မလဲ ဆိုတာ ကတော့
      . ဒေါ်အောင်ဆန်းစုကြည် မှာလဲ တာဝန်ရှိသလို
      သူ က လက်ကမ်းပေးရင် အလယ်က စကားဝဲ နေသော သူများ ကရော ပြန်လှမ်းမလား ဆိုတာ ပေါ်တည်ပါမယ်။
      အခုချိန်ဟာ အရေးကြီးဆုံးက ပြည်သူချစ်နိုင်တဲ့ လူကောင်းများများ ရွေးဖို့ပါဘဲ။
      ရွေးကောက်ပွဲ အတွက် စိတ်အဝင်စားဆုံး အပိုင်းက ဒီ နေရာမှာပါ၊ သမ္မတ ထက် ကို ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

      NLD မှာ လူကောင်း တွေ မပါနိုင်ရင် မဲ တွေ ပြန့်ဖို့ များတယ်။
      တစ်သီးပုဂ္ဂလ အရွေးခံ မဲ့ သူတွေ များမလားဘဲ။
      အဲဒီ လူ တွေ က တကယ်ဘဲ ပြည်သူအတွက် ဆိုရင်အကြောင်းမဟုတ်။ ဒီလို လူကောင်း များများ လွှတ်တော်ထဲ ဝင်ဖို့ လိုတာပါ။
      သို့ပေမဲ့ ငါစွဲ များပြီး မစည်းလုံးနိုင်ရင်တော့ အကွဲ အပြဲ အငြင်းအခုန် တွေကြား အစမ်းသပ်ခံ နိုင်ငံ ဖြစ်ပြီး ဒုံရင်း ဖြစ်မှာလဲ စိုးရ။

      ဒီလို ဖြစ်လာရင်တော့ ပူးပေါင်းပြီး ဝင်း-ဝင်း ဆိုတာ ကို မရွေးတတ် တဲ့ မြန်မာများ ရဲ့ ဗီဇ Gene ကို သာ အပြစ်ဖို့ ရင်း ဝေးဝေးကသာ လွမ်းပါတော့မယ်။

    • ဦးကျောက်ခဲ

      June 26, 2015 at 12:15 pm

      ဖွဘုတ်မှာ ကယွဲစီနဲ့ ဆွေးနွေးထားတာလေး စာလုံးအထားအသိုပြင်ထားတာပါ…
      .
      မြန်တျန့်တွေက ၂ ယောက်ရှိရင် ၃ ပါတီကွဲကြတာမို့ မဆန်းပါဘူး ။ တပ်ထဲမှာလည်း အခုမှမဟုတ် အရင်ထဲက တယောက်နဲ့တယောက်မတည့် ၊ တဇောင်းစေးနဲ့မျက်ချေးဖြစ်တဲ့ ဇာတ်လမ်းတွေလည်းအများကြီးပါ ။ ဒါပေမည့် ဘယ်တော့မှ လူသိရှင်ကြားထမပေါက်ဘူး ၊ ၂-ကောင်လုံး အဆော်ခံရမှာလေ ။ အဲသည့်လိုပဲ အစိုးရထဲမှာ ထင်သာ မြင်သာ ၃-ဖွဲ့ ၊ ဖွတ်ပါတီမှာ ၄-ဖွဲ့ ၊ အစိုးရနဲ့ ဖွတ်ပါတီနဲ့လည်း မတည့် ၊ တပ်နဲ့အစိုးရတော့ တည့်သလိုလိုရှိ ဆိုပေမည့် ၊ သူတို့အားလုံးက “အရပ်သား” အတိုက်အခံပေါ်မှာ တစ်သဘောထဲပဲရှိတယ် …
      “ဘယ်တော့မှ အရပ်သားငဖြော် ဒို့ကို လူပါးဝတာလက်မခံ” တဲ့…
      .
      အတွင်းစည်းက မြင်နေရတာတော့ ဦးခင်အောင်မြင့်မဟုတ်ဘူး အရီး ၊ တပ်ချုပ် မအလပဲ ။ အောက်ခြေကိုစည်းရုံးတယ် ၊ ဆရာဟောင်းသမားဟောင်းတွေကို တကူးတက ဂါတယ် ၊ လူလုံး မကြာမကြာပြတယ် ။ အာဏာနီတည်ဆောက်နေတယ်လို့ပဲ မြင်တယ် ။ သူက ပင်စင်လည်းသွားတော့မှာ (သူ့ဆန္နရှိရင်) ဆိုတော့ သူ့အတွက်သူ အကွက်ဖော်နေတယ်လို့ပဲ ကောက်ချက်ချရမယ် ။ လက်ရှိ အစိုးရအဖွဲ့ဝင်အတော်များများက သူ့ကို အမြင်ကြည်တယ် (သူတို့အပေါ်သိပ်ပြီး မောက်မောက်မာမာ မနေလို့) ။ ဖွတ်တွေကလည်း ပြစ်ချက်ရှိတဲ့ ရွှေမန်းကိုတင်မည့်အစား မအလကို တင်ပေးဖို့ ပိုပြီးစိတ်သန်ကြတယ် လို့သိရတယ် ။
      .
      ဆိုတော့… စစ်စွဲကြီးနေသရွေ့ ဒီမိုကရေစီအစစ်နဲ့ အလှမ်းဝေးဦးမှာပါ…

  • Mike

    June 26, 2015 at 11:31 am

    .The Voice Weekly
    2 hrs ·

    အခြေခံဥပဒေ ပြင်ဆင်ရေး မအောင်မြင်သော်လည်း NLD ကို မဲပေးပါက အစိုးရ ဖွဲ့နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

    နေပြည်တော်၊ ဇွန် ၂၅

    လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်လိုသောအချက်များ အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိရေး ပြည်သူက မဲပေးပါက အစိုးရသစ် အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားလိုက်သည်။
    “NLD ကို နိုင်အောင်လုပ်ပေး၊ အစိုးရဖွဲ့နိုင်ရမယ်” ဟု ၎င်းကဆိုသည်။

    NLD အနေနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်လုပ်ကိုင်နိုင်မည့်သူကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ချပြရန် မဖြစ်နိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

    ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးပုဒ်မ ခြောက်ခု မဲခွဲဆုံးဖြတ်မှုအပြီးတွင် ၎င်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် သန့်ရှင်း၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် မှားနေသော မဲစာရင်းများကို စိစစ်ပေးရမည်ဖြစ်ပြီး ပြည်သူများ၊ မီဒီယာများအနေနှင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အောင်မြင်နိုင်မှု ရှိမရှိကို ၎င်းတို့ပါတီ အဖွဲ့အစည်းသာမက ပြည်သူကပင် ကြိုတွက်နိုင်သောကြောင့် ပြင်ဆင်နိုင်မှု မရရှိခြင်းကို ရှုံးနိမ့်သည်ဟု မမြင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

    ယင်းပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ရေးဆွဲတင်ပြသော မူကြမ်းတွင် ပြင်ဆင်လိုသည့် အချက်များ မပါဝင်သောကြောင့် သဘောမတူကြောင်း ၎င်းကဆိုသည်။

    ပြင်ဆင်ရေး မအောင်မြင်သော်လည်း ပြည်သူများအနေနှင့် မျှော်လင့်ချက် ပျောက်ကွယ်သွားရန် မလိုဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောကြားခဲ့သည်။

    အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ပြည်သူ့အရွေးချယ်ခံ မဟုတ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း အနေနှင့် ချုပ်ကိုင်ထားခြင်းကြောင့် ဒီမိုကရေစီ အစစ်အမှန် ရရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

    “တပ်မတော်ရဲ့ အနေအထားကို နားလည်တယ်။ တပ်မတော်ဆိုတာ အထက်က အမိန့်နာခံတာ ဖြစ်လေ့ဖြစ်ထ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအတိုင်း လုပ်ရမှာပဲ၊ ရွေးချယ်ခံ မဟုတ်တဲ့ ပုဂိ္ဂုလ်ကနေ ရာထူးကို ကိုင်ထားတဲ့သူဟာ နိုင်ငံတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဟန့်တားလိုက်လို့ရတယ် ဆိုရင် ဒါ ဒီမိုကရေစီ မဟုတ်ဘူး၊ ဖြစ်သင့်ဖြစ်ထိုက်လို့လား၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ သူ့အစဉ်အလာအရ တပ်ရဲ့ဖြစ်စဉ်အရ ဒီရာထူးကို ရထားတာ။ သူတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ဟန့်တားပိုင်ခွင့် အပြည့်အဝရှိတယ် ဆိုတာ ဖြစ်သင့်သလား။ ဒါ ဒီမိုကရေစီလားဆိုတာ အန်တီတို့ ပြောတဲ့ကိစ္စ” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် ကြံ့ခိုင်ရေးပါတီမှ တင်ပြသော ပြင်ဆင်ရေး မူကြမ်းသည်လည်း လူကြားကောင်းရုံသာ ပြင်ဆင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီးလုံလောက်သည့် အပြောင်းအလဲ မဟုတ်သောကြောင့် အပြောင်းအလဲကို မလိုလားသူများဟု ပြောဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

  • ဇီဇီခင်ဇော်

    June 26, 2015 at 12:22 pm

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖေါ်ဆောင်ရေးနဲ့ လူထုကြိုက်နှစ် သက်ရာခေါင်းဆောင် ရွေးချယ်ခွင့်ရရှိစေမဲ့ အဓိက အပြောင်းအလဲတွေကို စစ်တပ်က ဟန့်တားလိုက်တဲ့အတွက် အမေရိကန်အောက်လွှတ်တော်က ဒီမိုကရက်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန်အမတ် Steve Chabot တို့က ရှုတ်ချလိုက်ကြပါတယ်။

    လွှတ်တော်မှာမြန်မာစစ်တပ်ရဲ ့လုပ်ရပ်ကြောင့် လာမဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိနိုင်ဘူး၊ ဒါမှမဟုတ် ခိုင်လုံစိတ်ချရမှုမရှိနိုင်ဘူးဆိုတဲ့စိုးရိမ်မှုကို ပိုမိုခိုင်မာသွားစေပါတယ်။

    စစ်အုပ်ချုပ်ရေးလက်အောက်မှာရေးဆွဲပြီး မဲအတုအယောင်နဲ့ အတည်ပြုခဲ့ တဲဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေမလုပ်ရင် အဓိကအာဏာရပ်တွေ ပြည်သူ လူထုလက်ထဲမရောက်ဘဲ စစ်တပ်လက်ထဲ ကိုပဲ ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရအောင် လုပ်ထားတဲ့ နိုင့်ထက်စီးနင်း ဖွဲ့စည်းပုံပြဌာန်းချက်ကို အစိုးရက ဆက်လက် ဆုပ်ကိုင်ထားပါလိမ့်မယ်။

    တိုင်းပြည်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားဆိုတာ ပြောစရာမလိုတဲ့ အတိုက်အခံတယောက်ကို ဘေးဖယ်ထားခြင်းဟာ လာမယ့်ရွေးကောက်ပွဲကို အခြခံကစပြီး အားနည်းယုတ်ညံ့သွားစေပါတယ်။

    ရပ်တန့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုခြိမ်းခြောက်နေတယ်ဆိုတာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    • မြစပဲရိုး

      June 26, 2015 at 12:56 pm

      ဒီလို သာ စစ်တပ် ရဲ့ ဗိုလ်ကျတာ တွေ ဆက်ရှိနေတာ ပေါ်လွင်လာရင်မြန်မာပြည် ထဲ ဝင်လာမဲ့ ခြေလှမ်း တွေ ရပ်သွားမယ်။
      အကူအညီ တွေ ဆုတ် သွားမယ်။
      အဘ တို့ ဂရုစိုက် မယ် ထင်သလား ကွယ်ရို့။
      . ဘားမီးစ်နည်း၊ ဘားမီးစ်ဟန် ဒီမိုကရေစီ ကြီး နဲ့ “ဘယ် ပြည်ပ မှ ဆောက်ဂရုမစိုက်ဘူး ကွ” လို့ ပြောရင်း တံခါး တွေ ပြန်ပိတ်သွားဦးလေမလားဘဲ။

      ဒီတစ်ခါ ပြတ်ပြတ်သားသား ဆုံးဖြတ် ရမှာ က ခြံစည်းရုံး ခွ ထိုင် နေကြသော စကားဝဲ နေသူ အလယ်က လူကြီးမင်းများ။
      ဘယ်လမ်း ကို လိုက်ကြမှာလဲ။
      သူတို့ အများ ရဲ့ ရပ်တည် ဆုံးဖြတ်ချက် က မြန်မာပြည် ရဲ့ ကံကြမ္မာ ဘဲ။
      . ကြားနေ ဆိုတာ မတရားမှု အတွက် ရပ်တည်ပေးလိုက်ခြင်းပါဘဲ။
      အချိန်ရှိပါသေးတယ်။
      ဆေး မှီ ပါစေ အသံဝဲ သူ များ ရှင့်။

  • တောင်ပေါ်သား

    June 26, 2015 at 12:44 pm

    ကျနော်ပြောပြီးပြီ

    အားကိုးရမယ့် ဒုတိယတန်း ခေါင်းဆောင်တွေ ဘယ်မတုန်း လို့ ၊

    ထမီထုတ် ကူဆွဲပေးရုံနဲ့တော့ အမတ် တက်မလုပ်ပါနဲ့ ၊

    အခုထိ ရေရာသေချာတဲ့

    နောင် လက်လွှဲရလောက်တဲ့သူတွေ ထင်ထင်ရှားရှား မမြင်ရသေး ၊

    လက်ဟောင်းလူကြီးတွေက ခြေစွမ်းကျချိန်မှ လက်ပူတိုက်လူရွေးရမယ့်ဘဝ ၊

    ဟိုဘက်ကလည်း ညစ်နည်းပေါင်းစုံ လာဦးမယ် ၊

    မဲနိူင်လောက်တဲ့ တိုင်းရင်းသား ပါတီတွေ ရှိသေးတယ် ၊

    သူတို့နဲ့ မဟာမိတ်ဖွဲ့ ၊ သူနိူင်လောက်တဲ့နယ် ကိုယ်မဝင်နဲ့ ၊

    လွှတ်တော်ထဲမှာ သူတို့မဲ ဟာ ကိုယ့်အတွက် ဖြစ်လာမှာ ၊

    ၉ဝ တုန်းက ဦးခွန်ထွန်းဦးတို့နဲ့ တွဲခဲ့သလိုပေါ့ ၊

    ပြီးတော့ နယ်တွေမှာ ဒေသခံကြိုက်သူကိုပယ်ပြီး

    ဗဟိုဦးစီးစနစ်နဲ့ အပေါ်ကချပေးတာမျိုးကိုလည်း ရှောင်ရပါမယ် ၊

    ဘာပဲဖြစ်ဖြစ် ၂၀၁၅ ဟာ ၂၀၁၂ ထက် နည်းနည်းသာလာမယ်ဆိုရင်

    ၂၀၂ဝဟာ ပို အမြင်တင့်လာပါလိမ့်မယ် ၊

    • kai

      July 1, 2015 at 11:25 am

      ဒေါ်စုဆက်ရှိနေရင်.. အားကိုးရတဲ့အမတ်တွေအဖြစ်.. နိုင်ငံခြားကနေသင်ယူလို့ရပါတယ်..။
      တလောကတင်.. ယူအက်စ်ကို အမတ်တွေတအုပ်ကြီးလာပြီး.. လေ့လာသင်ယူသွားကြသေးတယ်..။
      နောက်ပြီး.. အာဏာရှိရင်…
      ပြည်ပအကြံပေးခေါ်ခန့်လို့ရတယ်လေ…။ ယူအက်စ်ကယူမလား.. ဥရောပကယူမလား.. စိန့်ပြည်ကယူမလား.. အိနိ္ဒယ..ဂျပန်ကယူမလားပဲ..။
      ဒေါ်စုသာဆို.. တလ ဒေါ်လှ၁သိန်းစားပါမောက္ခတွေ… နိုင်ငံရေးသမားတွေအလကားတောင်လာလုပ်ပေးလိမ့်..။
      ရင်းနှီးမြုတ်နှံမှုတွေနဲ့အတူ.. ငွေတွေပါဝင်လာလိ့်မ်..

      ဝန်ကြီးဌာနတွေကျ.. တပ်ကလူတွေပဲ.. အများစုဆက်ရှိနေရမှာပါ..။
      သူတို့မဟုတ်လည်း.. လုပ်နိုင်တဲ့အရပ်သားတွေမှမရှိတာနော…။
      အဲဒီမှာလည်း.. မသိမတတ်တာတွေအတွက်.. နိုင်ငံခြားပညာတော်သင် လွှတ်(ရ)ပါလိမ့်မယ်..။

      နောင်၁ဝနှစ်မြန်မာပြည်ကြးိ မျှော်ကြည့်လိုက်စမ်းပါ…။
      စိတ်မပူစေလို…။

  • Ma Ma

    June 26, 2015 at 2:28 pm

    လူပုံအလယ်မှာတင့်တယ်ပြီး တော်တည့်မှန်ကန်တာကို ရနိုင်ပါလျှက်နဲ့ မယူပြီးဆိုရင်…..
    ရှေးကုသိုလ်နည်းခဲ့လို့ ဝတ်နိုင်စားနိုင်ပါလျှက်နဲ့ မဝတ်မစားပဲ ခပ်နွမ်းနွမ်းနေတာ ကပ်စေးနဲ့ခြစ်ကုတ်ပြီး မစားမသောက်ပဲ နေသလို ဖြစ်သွားတယ်လို့ ထင်မိတယ်။ 🙁

  • Mike

    June 26, 2015 at 2:30 pm

    .Thetka Moe Nyo

    စိတ်ဓာတ်ကျစရာမလို
    ============

    မျက်လှည့်တစ်ခုအကြောင်း
    ——————————
    ရိုးစင်းလွယ်ကူသော မျက်လှည့်လေးတစ်ခုအကြောင်း ပြောပြချင်ပါသည်။ မျက်လှည့်ပြမည့်သူက စားပွဲနောက်မှာ ထိုင်နေသည်။ စားပွဲပေါ်ဝယ် အကြွေတစ်စေ့၊ ဖန်ခွက်တစ်ခွက်၊ စက္ကူတစ်ရွက်သာရှိသည်။ မျက်လှည့်ဆရာက အကြွေစေ့ဖျောက်ပြမည်ပြောကာ အကြွေစေ့ပေါ်ကို ဖန်ခွက်တင်သည်။ ဖန်ခွက်ပေါ်တွင် စက္ကူအုပ်ကာ ဖန်ခွက်အရာအတိုင်းပေါ်အောင် ဖိချသည်။
    ဂါထာမန်းပြီး ဖန်ခွက်ကို ဖယ်ကြည့်သည်။ အကြွေစေ့ကမပျောက်။ နောက်တစ်ခါ ထပ်လုပ်ကြည့်သည်။ အကြွေစေ့ကမပျောက်။ မပျောက်သဖြင့် အကြွေစေ့ရော၊ အုပ်ထားသော ဖန်ခွက်ကိုပါ လက်နဲ့ ရိုက်ချလိုက်ရာ အကြွေစေ့မပျောက်ပဲ ဖန်ခွက်ပျောက်သွားတော့သည်။

    အမှန်တော့ ပထမတစ်ခါ ဖန်ခွက်ကို ဖယ်ကြည့်ကတည်းက ဖန်ခွက်ကို ပေါင်ပေါ်တင်ထားခဲ့ပြီး ဖန်ခွက်ပုံဖေါ်ထားသော စက္ကူကိုသာ ပြန်သယ်လာခဲ့ခြင်း ဖြစ်သည်။ လက်နဲ့ရိုက်ချလိုက်တော့ ဖန်ခွက်မရှိတော့သောအခါ ပရိတ်သတ်က သဘောကျပြီး လက်ခုပ်တီးသည်။ ပထမပြောခဲ့သော အကြွေစေ့ဖျောက်ပြမည်ဆိုသည့် မျက်လှည့်ဆရာ၏စကားကို မေ့သွားသည်။ ဖန်ခွက်ပျောက်သွားသည့်အပေါ် အာရုံရောက်သွားခြင်း ဖြစ်သည်။

    မျက်လှည့်ဆန်သော နိုင်ငံရေး
    ——————————-
    နိုင်ငံရေးသည်လည်း မျက်လှည့်တစ်မျိုးပင် ဖြစ်ပါလိမ့်မည်။ စားပွဲပေါ်တင်လာသည်က တမျိုး။ တစ်ကယ်တမ်း ရည်ရွယ်ထားသည်က တစ်မျိုး။ ယခု ဆူဝေပွက်ထနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်အတွင်း မဲပေးပွဲကို ပြန်ကြည့်မိသည်။ မျက်လှည့်တစ်မျိုးများ ဖြစ်နေမည်လား။

    ရလာဒ်များကတော့ အားရကျေနပ်ဖွယ်မရှိ။ စစ်ရေးအမြင်အား ကာကွယ်ရေးအမြင်ဟု စကားလုံးအစားထိုးသော ပုဒ်မ ၅၉ (ဃ) မှလွဲ၍ ပြင်ဆင်ခွင့်မရ။ သို့သော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်မျိုးပြောနေသည်။ မဲခွဲဆုံးဖြတ်မှုရလာဒ်သည် သိပ်ထူးဆန်းအံ့ဩစရာ မဟုတ်ဟု ဆိုသည်။ ပြည်သူတွေ စိတ်ဓာတ်ကျစရာမလိုဟု ပြောသည်။

    ပို၍ ထူးဆန်းဟန်ရှိသော အချက်မှာ ရှေ့ဆက် ဘယ်လိုသွားရမည်ကို ရှင်းရှင်းလင်းလင်း သိသွားသည်ဟူသော အပြောဖြစ်သည်။ ပို၍ပို၍ ထူးဆန်းသည်မှာ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍လည်း သိပ်စဉ်းစားတော့မည်မဟုတ်ဟု ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ မပြင်ဆင်နိုင်လျှင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် အသက်ရှူပေါက် ဖြစ်ရမည်မဟုတ်လော။ ယခုတော့ လူထုခေါင်းဆောင်က ပြောင်းပြန်ပြောနေသည်။ မျက်လှည့်ပွဲ တစ်ခုခုများ ဖြစ်နေမည်လား။ အတွေးပွားရသည်။

    ပျောက်သွားသော ဖန်ခွက်
    —————————–
    ယခု မျက်လှည့်ကြည့်သူတို့ အာရုံထဲမှ ပျောက်သွားသော ဖန်ခွက် တစ်ခုအကြောင်း ပြောပြလိုပါသည်။ ယခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တင်လာသူတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်နေသည်။ ထူးဆန်းသည်ဟု ထင်ရဟန်ရှိသည်။ တင်လာသော အကြောင်းအရာများသည်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှ လွဲ၍ အပရိကဟု ဆို၍ ရသော အကြောင်းအရာများဖြစ်သည်။

    လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းမှ ၇ဝရာခိုင်နှုန်း ဖြစ်သွားသောအခါတွင်လည်း အခြေခံဥပဒေကြီးက ဒီမိုကရေစီ ပုံစံကျသွားမည်လား။ မကျနိုင်ပါ။ သို့ပါလျက် ဘာအတွက် တင်လာကြသနည်း။ ဘာအတွက် မဲခွဲကြသနည်း။ကြံ့ခိုင်ရေးပါတီမှ တင်လာသည့်အတိုင်း ပြင်ဆင်လိုက်သည့်တိုင် ဒီမိုကရေစီပုံစံမကျသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို တင်လိုက်သည့်အတိုင်း ပြင်ဆင်ရန် အားတက်သရော မဲပေးစရာလိုသည်လား။ ဒေါ်စုသမ္မတဖြစ်ရေးသည် အရေးကြီးသည့်အရာလား။

    ကျွန်တော်ကမူ ထိုသို့ မထင်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာအတွက် လှုပ်ရှားနေသူလည်း မဟုတ်ပါ။ သူဦးတည်ထားသော ပန်းတိုင်သည် ပြည်သူလက်ထဲသို့ ဒီမိုကရေစီရောက်ရှိရေးသာဖြစ်သည်။ ထိုအခါ သူသမ္မတဖြစ်မဖြစ်သည် စားပွဲပေါ်တင်လာသော ဖျောက်ပစ်မည်ပြောသည့် အကြွေစေ့ပမာ ထင်လာသည်။ ထင်ချင်လာသည်။

    ကွဲသွားသော စည်းများ
    ————————
    ကျွန်တော်ကတော့ ယခုမဲခွဲပွဲသည် လူ့စည်း ဘီလူးစည်း ခွဲသော ပွဲဟုသာ မြင်သည်။ ‘အ’ သူ ခံစတမ်းပွဲဟု မြင်သည်။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်ဟု ထည့်ထားသော ၂၅%သော တပ်မတော်သားတို့သည် သူတို့ ကာကွယ်စောင့်ရှောက်သည်ဟု ထင်ထားသော ပုံစံအတိုင်း ကာကွယ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ မသိသည်မှာ ယခုပွဲသည် ယူဆချက်တစ်ခုကို သက်သေပြရန် အားထုတ်သော hypothesis test တစ်ခုသာ ဖြစ်ကြောင်းပင်။

    လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၃၃ယောက်တွင် တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၁၆၆ယောက် ပါဝင်ပါသည်။ ပျက်ကွက်သူ ၅ဝကိုလည်း ကန့်ကွက်မဲထဲတွင် ထည့်ခဲ့သည်ဟု သိရသည်။ ရလာဒ်များကို သမ္မတရုံးညွှန်မှူး မှူးဇော်၏ ဖေ့စ်ဘုတ်အကောင့်မှ ဖေါ်ပြချက်အရ ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရမည်။

    ၅၉ (ဃ) – ၅၅၆ မဲ (၈၆.၈%) (၇၅% ကျော်) (ဆက်လက်၍ ပြည်သူ့ဆန္ဒခံယူရမည်)
    ၅၉ (စ) – ၃၂၁ (၅၈.၆%) (၇၅% မကျော်)
    ၆ဝ (ဂ) – ၃၈၆ (၆ဝ.၉၇% (၇၅%မကျော်)
    ၄၁၈ (ခ) – ၃၈၆ (၆ဝ.၉၇%) (၇၅% မကျော်)
    ၄၃၆ (က) – ၃၈၈ မဲ (၆၁.၂၉%) (၇၅% မကျော်)
    ၄၃၆ (ခ) – ၃၈၈ မဲ (၆၁.၂၉%) (၇၅% မကျော်)

    ဆိုခဲ့သော တွက်ချက်ခြင်းမှာ တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၆၃၃ ယောက်အနေနှင့် တွက်ချက်ခြင်း ဖြစ်ပါသည်။ အကယ်၍သာ တပ်မတော်သားကိုယ်စားလှယ်များ မပါဝင်ပဲ ပြည်သူတို့ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသက်သက်ဖြင့်သာ တွက်ချက်ကြည့်မည်ဆိုလျှင် ၆၃၃ယောက်မှ ၁၆၆ယောက်ကို နှုတ်ကာ ၄၆ရယောက်ဖြင့် တွက်ကြည့်ပါမည်။ ထိုအခါ ပျက်ကွက်သူ ၅ဝယောက်ကိုပါ ကန့်ကွက်မဲထဲထည့်သည့်တိုင် ရလာဒ်များမှာ-

    ၅၉ (စ) ၆၉%
    ၅၉ (ဃ) ၈၄% (ထောက်ခံသူ ၃၉ဝနှင့် တွက်ထားသည်)
    ၆ဝ (ဂ) ၈၃%
    ၄၁၈ (ခ) ၈၃%
    ၄၃၆ (က) ၈၃%
    ၄၃၆ (ခ) ၈၃%

    ကြည့်လိုက်လျှင် ဒေါ်စု သမ္မတဖြစ်ရေးဖြစ်သည့် ၅၉(စ)မှ လွဲ၍ ကျန်ပုဒ်မများသည် ရာနှုန်း ရှစ်ဆယ်ကျော်ခန့်က ပြင်ဆင်ချင်ကြကြောင်း တွေ့ရသည်။ ဤသည်ပင် လူထုခေါင်းဆောင် လိုချင်သော အဖြေ ဖြစ်ပါလိမ့်မည်။

    စည်းများက သိသိသာသာကွဲသွားသည်။ လျှို့ဝှက်၍ မဲပေးသည့်တိုင် ကြံ့ခိုင်ရေးပါတီမှ အခြေခံဥပဒေပြင်ဆင်ရေးကို မဲပေးခဲ့ကြသည်။ (ပြင်ပြင်မပြင်ပြင် သိပ်မထူးပါဟူသည့် ဘက်လိုက်မှု information bias တစ်ခုတော့ ရှိနိုင်ပါသည်)

    ရလာဒ်များ
    ————-
    နိုင်ငံရေးသည် ‘အ’ သူခံစတမ်းသာဖြစ်သည်။ ယခုပွဲတွင် ရှုံးသူသည် တပ်မတော်သာဖြစ်သွားသည်။ တင်လာသည့်အတိုင်း ပြင်သည့်တိုင် အသာစီးရမှု လျော့သွားမည်မဟုတ်သော အခြေခံဥပဒေပြင်ဆင်ရေးတွင် သဘောထားတင်းမာသူများအဖြစ် ပြည်သူက မြင်သွားသည်။ အားလုံး၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံရသည်။ ကြံ့ခိုင်ရေးအသင်းက အမြတ်ထွက်သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရွေးရမည့်လမ်း ရှင်းသွားသည်။

    အထူးသဖြင့် ဘောင်းဘီချွတ်များက ဘောင်းဘီဝတ်များအပေါ် လူလည်ကျသွားခြင်း ဖြစ်သည်။
    အကယ်၍ လျှို့ဝှက် မဲပေးစနစ်မဟုတ်ပဲ မတ်တတ်ရပ်မဲပေးစနစ်ဆိုပါက ကြံ့ခိုင်ရေးပါတီမှ ပို၍ အမြတ်ထွက်ပါလိမ့်မည်။ တစ်ယောက်ယောက်ကတော့ တပ်မတော်သားကိုယ်စားလှယ်များကို ကြိုးစားကယ်တင်ခဲ့ပါသေးသည်။ သို့သော် မအောင်မြင်ခဲ့ပါ။ အများသူငါ၏ အမြင်ဝယ် တပ်မတော်သည် ဒီမိုကရေစီရေး အဟန့်အတားဟု မြင်ကုန်ကြလေပြီ။ ထိုအမြင်သည် မြန်မာပြည်တွင်သာမက ကမာ္ဘသို့ ရောက်မည့် အမြင်လည်း ဖြစ်သည်။

    ပြည်သူများအတွက် လက်ဆောင်
    ———————————–
    ယခုကစားပွဲသည် ဉာဏ်ကြီးသူတို့ပွဲဖြစ်သည်။ တဖက်က ကမ်းကုန်အောင် ဉာဏ်ကြီးကြီးညစ်ထားသည်။ သည်ဘက်က ရိုးသားမှုနှင့် ကစားနေရသည်။ အသိပညာနှင့် ကစားနေရသည်။

    ဒေါ်အောင်ဆန်းစုကြည် ဘာမှ မလုပ်တတ်ပါဘူးဆိုသည့် ဝေဖန်မှုများကြားရသည်။ ဟုတ်မလားတွေးလိုက်တိုင်း လက်ပတောင်းအစီရင်ခံစာကို သတိရသည်။ သာမန်ဖြေရှင်းပုံ လက်ရာမျိုးမဟုတ်။ ယခုလည်း ဉာဏ်နှင့် ချင့်ကြည့်မှ အရိပ်သာသာမြင်ရသည့် ပညာလက်ရာကို တွေ့နေရသည်။ ကမာ္ဘသည် အလကားနေရင်း လေးစားသည်မဟုတ်။ ကမာ္ဘ့ခေါင်းဆောင်များသည် ပညာကို ချင့်တွက်တတ်သည်။ ကမာ္ဘအရပ်ရပ် အလည်လည်တွင် ပွဲလယ်တင့်ခဲ့ခြင်းသည် သံမဏိလို မာကျောမှုတစ်ခုထဲအတွက် မဟုတ်ခဲ့ပါ။

    တွေးနိုင်မှ မြင်ရမည့် ကစားပွဲဖြစ်နေပါသည်။ ထို့ကြောင့် တွေးကြည့်ပါဟု ပြောရုံမှတပါး အခြားပြောစရာမတွေ့ပါချေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ပြန်၍ ဟိုက်လိုက် လုပ်လိုပါသည်။

    ပြည်သူတွေ စိတ်ဓာတ်ကျစရာ မလိုပါ…တဲ့။ ဤသည်ပင်လျှင် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါးလိုက်သော အမှာစကားဖြစ်ပါသည်။

    ထိုအမှာစကားနောက်တွင် လက်ဆောင် တစ်ခုခု ပါလာပါလိမ့်မည်။

    ——-သက္ကမိုးညို————-(၂၆.၆.၂၀၁၅)———————

  • surmi

    June 27, 2015 at 11:22 pm

    ကြောင်နာကြီးကို အသေသတ် !!!

  • Alinsett @ Maung Thura

    July 1, 2015 at 9:47 am

    မဲပေးခွင့်ရှိသူ စာရင်းတွေ မှားနေတာကတော့ အင်မတိအင်မတန်ကို အရုပ်ဆိုး(အယုတ်ဆိုး)လွန်းပါတယ်
    စာစီစာရိုက် မတော်တဆအမှားမဟ ုတ်တော့ဘဲ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ မှားထားတာလို့ကို ပြောရမလိုဖြစ်နေပါပြီ။
    အိုက်ကိစ္စ အိုက် ပြဿနာက ရွေးကောက်ပွဲနဲ့ NLD ရဲ့ ရလဒ်ကို
    တခုခု သက်ရောက်စေနိုင်သလား

    • kai

      July 1, 2015 at 11:18 am

      မဲကအင်မတန်အရေးကြီးပါတယ်…။
      စစ်တပ်ရဲ့အရေးပါ.. အသာစီးရနေမှုကိုတဆင့်စီလျှော့ချနိုင်တာ.. မဲနဲ့ရွေးရတဲ့ရွေးကောက်ပွဲကသာ တတ်နိုင်စွမ်းလို့ပါပဲ…။
      (လက်နက်နဲ့တိုက်လည်း…သမိုင်းခြေရာတွေအရ.. နိုင်နိုင်တာမဟုတ်.. )
      မဲအရေအတွက်များရင်.. ဒီချုပ်အမတ်တွေ.. လွှတ်တော်၂ရပ်မှာများမယ်…။
      မာျးရင်.. များတဲ့အမတ်တွေကနေ.. ဒုသမ္မတကို.. တင်ပေးခွင့်ရှိပါတယ်..။
      အဲဒီလိုနဲ့တက်လာတဲ့ဒုသမ္မတ ၃ယောက်ကို… အမတ်တွေကပဲ(လူထုမဟုတ်) …ရွေးချယ်ရေးအဖွဲ့အနေနဲ့..သမ္မတအဖြစ်ရွေးကောက်ရမှာမို့.. ဒီချုပ်တင်တဲ့ဒုသမ္မတက… သမ္မတဖြစ်နိုင်ပါလိမ့်မယ်..။
      သမ္မတဟာ.. အစိုးရကက်ဘိနက်ဖွဲ့ရမှာမို့… ဝန်ကြီးတွေဟာ.. သမ္မတကရွေးသူဖြစ်ပါလိ့်မ်မယ်…။
      ဒါဆို.. တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာအပေါ်တော်တော်လေး.. သက်ရောက်နိုင်ပါပြီ…။

      ဆိုတော့…
      ဒီချုပ်ဟာ.. ၂၀၁ဝ ရွေးကောက်ပွဲမဝင်ပဲ.. သပိတ်မှောက်လို့.. မှားခဲ့ပြီးပြီ…။
      ၂၀၁၂ကျ.. အမှားပြင်ခဲ့ပေမယ့်…ရတဲ့ခုံ၃ဝကျော်လေးနဲ့.. အခုထိ.. နလံမထူနိုင်သေး…။

      ဒီမိုကရေစီစနစ်မှာ.. ရွေးကောက်ပွဲကို ရှောင်တဲ့နည်းသုံးခဲ့သမို့.. သုံးခဲ့ကြလို့.. အခု ၂၀၁၅ဟာ.. အမှားပြင်ဆင်ချက်လုပ်နေရတဲ့အဆင့်သာလျှင်… ရှိပါသေးကြောင်း…။

Leave a Reply