မိခင်ဆန္ဒ

manawphyulayJune 26, 20151min927

1de9c14667ee410234942df42a428f91

ပန်းပုဆရာဘဝ လက်ကြမ်းပါလည်း
ရုပ်မှာ ချောစေချင်မိသည်…

ပန်းပဲဆရာဘဝ အိုမင်းနေပါလည်း
ဓားမှာ ထက်စေချင်မိသည်…

အုတ်ဖုတ်သမားဘဝ မီးပျော့နေငြားလည်း
ကိုယ်ဖုတ်သော အုတ် ခံ့ညားခိုင်ခံ့စေချင်သည်…

ကျောက်သွေးသမားဘဝ အနေစုတ်သော်လည်း
စိန်ကောင်း ကျောက်ကောင်း တစ်ပွင့် ထွက်စေချင်မိသည်…

လက်ဦးဆရာမည်ထိုက်စွာဖြင့် မိဘမှာလည်း
ရင်မှာ ဖွားမည့် သမီးလေးအား
ကြီးမားမေတ္တာ ဂရုဏာဖြင့်
လိုရာပုံသွင်း ပျော့ဖယောင်းသို့
ထွန်းလင်းတောက်ပြောင် မြင်ချင်မိသည့်
ရင်တွင်း မိခင်စကားပါတည်း….

6f403e63b550b19330f36f940b9987d8

7 comments

  • တောင်ပေါ်သား

    June 26, 2015 at 3:02 pm

    Bravo ….. manawphyulay 🙂

  • aye.kk

    June 26, 2015 at 3:58 pm

    မမြင်ရသေးတဲ့ရင်သွေးပေါ်မှာထားရှိတဲ့မနောရဲ ့အနှိုင်းမဲ့မေတ္တာနဲ့အတူ
    ဒီကမ္ဘာပေါ်မှာရှိတဲ့မိခင်တွေရဲ ့ကြီးမားတဲ့အနှိုင်းမဲ့မေတ္တာကိုထပ်တူထပ်မျှခံစားမိလိုက်ရပါတယ်။။။

  • ဝင့်ပြုံးမြင့်

    June 26, 2015 at 11:27 pm

    .သမီးဦးလေးမို့ ဝမ်းသာပါတယ် ညီမရေ။ ငါ့ညီမ အသက်ရနေလို့ ကိုယ်ဝန်ကို အစွမ်းကုန်ဂရုစိုက်ပါလို့ မှာလိုက်ပါရစေ။

  • မြစပဲရိုး

    June 27, 2015 at 4:14 am

    ရွာ ရဲ့ မျိုးဆက်သစ် ချစ်စရာ သမီးလေး တစ်ယောက်တိုးတော့မှာပေါ့။
    . ပြုံးပြောသလိုပါဘဲ။ ကျန်းမာရေးဂရုစိုက်၊ အလေးအပင်မမနဲ့။ အသွားအလာ သတိ အမြဲထား။ အစားအသောက် ဂရုထား။ :-))))

  • Alinsett @ Maung Thura

    July 1, 2015 at 9:32 am

    မိခင်မေတ္တာကို မိခင်ဖြစ်လာချိန်မှာ ပို သိ လာတယ်ဆိုတာအမှန်ပါပဲလား

Leave a Reply