ဒါကြောင့်ကိုး

ခင္ခJune 26, 20151min1234

“ကျွန်မကိုထပ်ထဲ့လိုက်တဲ့ နှစ်ဆယ့်ငါးကျပ်သား ပြန်နုတ်ပေးပါ”

“ပြန်မနုတ်ပေးနိုင်ဘူးကလေးမရေ အဘတို့က အဲထပ်ထဲ့ထားတဲ့ နှစ်ဆယ့်ငါးကျပ်သားပါယူမှရောင်းပေးမှာပါ”

“အဘနှစ်ဆယ့်ငါးကျပ်သားထပ် ထဲ့တဲ့ဟာတွေလည်းကြည့်အုံး လတ်မှမလတ်တာ ယူသွားလဲ ဘာမှအသုံးမဝင်တဲ့ဉ္စာကို”

“ဒါကတော့ ကလေးမသဘော အဘတို့ကတော အဲနှစ်ဆယ့်ငါးကျပ်သားပါယူမှ ရောင်းပေးမှာပါ ကဲဘယ်လိုလဲကလေးမ ယူမှာလား”

**** အဲမှာကလေးမလေး အခက်တွေ့နေပြီ မယူဘူးအပြတ်ငြင်းရင်လဲ အကောင်းခုနှစ်ဆယ့်ငါးကျပ်သားဆုံးမယ် ယူပြန်တော့လဲ သုံးမရအပုပ်နှစ်ဆယ့်ငါးကျပ်သားက ကန့်လန်ကန့်လန်ပါပေအုံးမယ်ကွယ်။

ကဲ ဝိုင်းပြီးအကြံပေးလိုက်ပါအုံး ကလေးမလေးကို*****

 

 

သူငယ်ချင်းနှစ်ယောက် အရက်ဆိုင်မှာတွေ့ဆုံ စားသောက်ကြပြီး အမူး အရှိန်လေးရလာတော့

“သူငယ်ချင်းရည်စားစာက ပြန်ပြင်လို့ရလား”

“ဟ ရတာပေါ့ကွ ချစ်တုန်းကချစ်တဲ့အကြောင်း ရည်စားစာပေးပြီ မချစ်တော့တဲ့အခါ မကြိုက်တဲ့အကြောင်း မုန်းတဲ့အကြောင်း ပြန်ပြင်ရေးပေါ”့

“ဒါဆို လက်ထပ်စာချုပ်ကရော ပြင်ရသလား”

“ဒါလည်းရတာဘဲ ကွာရှင်းစာနဲ့ပြင်ပေါ”့

“ဒါဆို မွေးစာရင်းကရော”

“ဒါလည်းပြင်ရလို့ မွေးရက်ပြင်ပြီး ကျောင်းအပ်တာတွေရှိနေတာ ပေါ”့

“ဒါဆို ဥပဒေတွေကတော့

ရောကွာ”

“ပြင်ရလို့ ပြင်ဆင်တဲ့ဥပဒေတွေ

ခဏခဏထွက်နေတာပေါ”့

“မင်းပြောသလိုဆို ဘယ်စာဘဲ ဖြစ်ဖြစ်ပြင်ရတာပေါ”့

“အေးလေ ဘယ်စာဖြစ်ဖြစ် ပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်ရတာဘဲ ပြင်မရတဲ့စာမရှိသလောက်ပါဘဲ သူငယ်ချင်းရေ”

“ဒါဆို အခုခြေဥကြတော့ ဘာလို့ပြင်မရတာလဲ ကဲဖြေပါ အုံးသူငယ်ချင်းရေ”

“ဟ အဲဒါကတော့ အဲဒါပေါ့ကွာ”

“ဟေ ဘာလို့လဲဟ မင်းပြောတော့ ဘယ်စာမဆိုပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်မရတာမရှိဘူးဆို”

“အေး ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် လောကမှာပြင်မရတဲ့ စာတစ်မျိုးတော့ရှိပါတယ် မင်းပြောတဲ့ခြေဥက အဲစာမျိုးမို့ပါ”

“ဒါဆို ဘာစာမို့လဲ”

“ဖေကြီးရေးခဲ့တဲ့ သေတမ်းစာ”

“ဪ ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ်နိုးကြပေ”

( သူတို့တွေမူးလို့ပြောတယ်မှတ်နော်)

 

 

4 comments

  • မြစပဲရိုး

    June 27, 2015 at 4:21 am

    ၇၅ ကျပ်သားထဲ လဲ အပုတ်တွေ အများကြီး ပါနေတာပါဘဲ ကိုခရာ။ 🙄

  • Alinsett @ Maung Thura

    June 30, 2015 at 11:25 am

    အဲ့ဒါ…သေတမ်းစာ မဟုတ်ဘူး..
    ရှင်တမ်းစာကြီး…
    သူတို့ အစဉ်အဆက် ရှင်သန်ခွင့်ရအောင်.. စီမံခဲ့တဲ့ ရှင်တမ်းစာ..

  • ဦးကျောက်ခဲ

    June 30, 2015 at 11:40 am

    ကျောက်စ်တို့ငယ်ငယ် သမဝါယမဆိုင်က ပစ္စည်းရောင်းသလိုပေါ့…
    သုံးစားမရတဲ့ အစိတ်သားကို ခုနှစ်ဆယ့်ငါးကျပ်သားနဲ့ တွဲရောင်းတယ်လို့မှတ်ပါတယ်…

Leave a Reply