“ညစ်တတ်သူများနှင့် ကစားခြင်း”

“ညစ်တတ်သူများနှင့် ကစားခြင်း”
တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၅)

အခုရက်ကတော့ ပျင်းပျင်းရှိတာနဲ့လက်ဝှေ့ပွဲခွေတွေကိုထိုင်ကြည့်နေဖြစ်ပါတယ်။
အင်္ဂလိပ်လက်ဝှေ့ပွဲတစ်ပွဲမှာတော့ တစ်ယောက်ကအတော်လေးညစ်တာကိုမြင်ရ
ပါတယ်။
အင်္ဂလိပ်လက်ဝှေ့စည်းကမ်းအရ ခါးပတ်အောက်ကို မထိုးရပါဘူး။
ဒါပေမယ့် အဲလူက သူ့ပြိုင်ဘက်ကို ခါးအောက်ပိုင်းကိုဘဲ မတော်တဆလိုလိုနဲ့
ထိုးထိုးနေပါတယ်။
ဒိုင်လူကြီးက မြင်တော့ သတိပေးတဲ့အခါတောင်းပန်ပေမယ့်လစ်ရင်လစ်သလို
အောက်ပိုင်းထိုးပြန်တာပါဘဲ။
ကြာတော့သူ့ပြိုင်ဘက်ခဗျာမှာ ဘယ်လိုပြန်ထိုးရမယ်ဆိုတာထက်အောက်ပိုင်းမထိအောင်
ရှောင်နေရတော့ပွဲက ကြည့်မကောင်းတော့ဘူးဖြစ်နေပါတယ်။

မြန်မာ့လက်ဝှေ့ပွဲမှာလဲ အဲလိုပါဘဲ။
ပြိုင်ဘက်ဖြစ်သူကိုလဲအကျမှာ လုပ်ဘို့ဘဲချောင်းနေပြန်တော့ကြည့်လို့မကောင်းပြန်ပါဘူး။
နိုင်ငံတကာနဲ့ ကစားတဲ့ မြန်မာပွဲတွေမှာတော့ ဒိုင်လုပ်သူတွေဘက်လိုက်တာကိုမြင်နေရပြန်ပါတယ်။
ကိုယ့်လူက အချုပ်ခံနေရရင် လိုက်ဖမ်းပေးတယ်။
ကိုယ့်လူက အသာစီးရနေရင် မသိမသာလွှတ်ပေးထားတယ်။
တစ်ဖက်ကလူအမှတ်စဉ်ရေခံရပြီဆိုရင် အမှတ်စဉ် (၈)ရောက်တာနဲ့
ဆက်ထိုးနိုင်လားမထိုးနိုင်ဘူးလား မမေးတော့ဘဲ တစ်ဆယ်အထိဆက်ရေပြီးပွဲကိုအဆုံးသတ်တယ်။
ကိုယ့်လူက အမှတ်စဉ်ရေခံရတဲ့အခါမတော့ အမှတ်စဉ် (ဂ)ရောက်နေတာကိုဆက်မရေဘဲ
စောင့်တယ်။
အဲတော့ သူများအမြင်မှာပြောစရာတွေဖြစ်လာတာပေါ့။
အဲလိုလုပ်တော့ တရားမျှတစွာယှဉ်ပြိုင်ခြင်းဆိုတဲ့ရသကပျောက်သွားပါတယ်။
အဲလိုညစ်တတ်သူများနဲ့တွေ့ရင်ပွဲပြီးပါစေလို့ ဆုတောင်းရုံကလွဲပြီးဘာမှမတတ်နိုင်။
ဘောလုံးပွဲဆိုရင် ပိုတောင်ဆိုးပါသေးတယ်။
ဒိုင်ပင်းတဲ့ဘက်ကလူ လေတိုက်လို့လဲရင်လဲ ပြစ်ဒဏ်ဘောပေး။
ပင်နယ်တီ ဧရိယာထဲဆို ဇွတ်ပင်နယ်တီပေး။
မဝင်ရင် အကြောင်းပြပြီး ပြန်ကန်ခိုင်း။
သူမကြိုက်တဲ့ဘက်ကလူ ကျိုးအောင်အချခံရရင်တော့ မမြင်ချင်ယောင်ဆောင်ရုံမကဘူး
ဟန်ဆောင်တယ်ဆိုပြီး အဝါကဒ်တောင်ပြလိုက်သေး။
အဲလို ညစ်တတ်သူများနဲ့တွေ့ရင် ပွဲမြန်မြန်ပြီးပါစေလို့ ဆုတောင်းနေရတာအမှန်ပါဘဲ။
ကံများမကောင်းလို့ကတော့ ပွဲလဲရှုံးလူလဲနာအဲလိုဖြစ်မှာအသေအချာပါဘဲ။
ဖြစ်လဲဖြစ်ခဲ့တဲ့သာဓကတွေအများကြီးရှိနေတာကိုး။ဲ

ဒီလိုညစ်တတ်သူများနဲ့ ကစားတဲ့ ပွဲတွေကိုကြည့်ရင်းကြည့်ရင်း
ကျနော့်စိတ်ထဲမှာစိုးရိမ်ပူပန်မူ့တွေများများလို့ လာပါတယ်။
ဒီလိုအားကစားပွဲဆိုတာအချိန်ကာလတစ်ခုကိုအကန့်အသတ်ထားပြီးယှဉ်ပြိုင်
ရတယ်ဆိုတော့ တော်သေးတယ်ဆိုရပါမယ်။
အခုကျနော်တို့လက်တွေ့ဘဝမှာ ညစ်တတ်သူများနဲ့ကစားနေရတဲ့ကစားပွဲကတော့
ပွဲသိမ်းခရာ မူတ်မယ့်သူမရှိ
ညစ်တတ်တဲ့ကစားသမားကိုစောင့်ကြည့် သတိပေးမယ့်သူမရှိ
ညစ်တတ်တဲ့ဒိုင်ကို ပြန်လည်ထိမ်းသိမ်းမယ့်သူမရှိ
တွေးရင်းတွေးရင်း ရင်မောလှပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
၂၆-၆-၂၀၁၅

8 comments

  • မြစပဲရိုး

    June 27, 2015 at 4:24 am

    တကယ်တော့ ပြည်သူတွေ၊ မီဒီယာ တွေ က ဒိုင်ပါဘဲ။
    ဒါပေမဲ့ ပါဝါရှိဖို့ ကြိုးစားရဦးမယ်။

    • ကိုလတ်ရေ

      အဲဒီပြည်သူထဲမှာကို ယ် က သူ့ ဘက် ကိုယ့် ဘက် ကွဲနေပါသေးတယ်

      သူ့ဘက်က လူ ကိုယ့် ဘက်ရောက်အောင် ကြိုးစားရအုံးမယ်

  • Alinsett @ Maung Thura

    June 27, 2015 at 10:16 am

    သူ ညစ် ကိုယ် ပြန် ညစ်တဲ့ နည်းနဲ့…
    သူ ညစ်မှန်းသိသိနဲ့ ကိုယ်က မှန်မှန်ကန်ကန်.. အရိုးခံနည်း…
    အပြင်…
    ဘာနည်း ရှိသေးပါလိမ့်…

  • Ma Ma

    June 27, 2015 at 1:45 pm

    Su Da added 5 new photos.
    21 hrs ·

    အကြွေးတောင်းသော ဒကာမကြီး
    ******************
    ကုသိုလ်ပြုတယ်ဆိုတာ အချိန်ရာသီနဲ့ လိုက်ပြီးလည်း ပြုတတ်ရတယ်။ ဒါမှ ကာလဒါန ဖြစ်တော့မပေါ့။ ကုသိုလ်ပြုသည့်နေ့တိုင်း မိမိ လိုက်ပါသွားခဲ့ဖူးသည်။ ဒကာမကြီးကား သံဃာတော်များကို ခုတုန်းလုပ်၍ နိုင်ငံရေးအကြောင်း မပြော။
    သူမ လျှောက်ထားသည်က ဆရာတော်ဘုရားကြီးထံမှ တပည့်တော် အကြွေးရစရာ ရှိပါသည်ဘုရားတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ဘာတုန်း သမီးရဲ့ဟု မေးတော်မူသည်။ တို့တော့ ဘာမှ ပေးရန်မရှိပါဘူးဟု ခက်ပြုံးပြုံးလေး မိန့်လေသည်။
    အရင်တစ်ခေါက်က အခွင့်ကြုံရင် အင်္ဂုလိမာလအကြောင်း ဟောပြောပေးမယ်လို့ မိန့်ထားတာ။ ခုထိ မဟောရသေးဘူးလေဘုရား။ အဲဒါ အကြွေးပေါ့။ တပည့်တော် နာယူချင်ပါသည်ဘုရားတဲ့။

    အော် မြတ်ဗုဒ္ဓ၏တရားတော်ကို တကယ်မြတ်နိုးတာပါလား။

    အော် ဒီက သမီးကို စိတ်ပူလို့ပါ။ ဒေါသအမျက်တွေ ထားပြီး သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်တွေ မလုပ်ရအောင် မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော် ကြီးမားပုံလေးတွေ ပြောပြဖို့ ရည်မှန်းထားတာပါ။
    အကျယ်ချုပ်က လွတ်ပြီးနောက်ရက်မှာ ဦးဇင်းတို့ ရိပ်သာသို့ ဒကာမကြီး တိုက်ရိုက်ရောက်လာပါသည်။ အစိုးရခေါင်းဆောင်ပိုင်းအပေါ်မှာ အမျက်ဒေါသ မထားဘဲ မိမိလုပ်စရာ ရှိသည်များကိုသာ သတိထား ပြုလုပ်သွားဖို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူခဲ့သည်။
    အကျယ်ချုပ်အတွင်းကာလတုန်းကလည်း သတိပဋ္ဌာန်ဘာဝနာတရားရှုမှတ်ပွားများနေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ဒါဆို အားလပ်ရင် တရားလာဝင်ပါဟု မိန့်တော့ မှန်ပါဘုရား ဝန်ခံကတိပြုသွားသည်။
    မကြာလိုက်ပါ။ တရားလာဝင်ပါသည်။ အချိန်မှန် တရားမှတ်ပါသည်။ ညနေတိုင်း ဆရာတော်ကြီးကိုယ်တိုင် တရားဆွေးနွေးသည်။
    ဆရာတော်ကြီးက ရိုးရိုးသားသားနဲ့ မေတ္တာရှေ့ထားပြီး အများအကျိုးပြုဖို့၊ အမျက်ဒေါသမထားဖို့ တိုက်တွန်းခဲ့သည်။ ဒကာမကြီးကလည်း လိုက်နာခဲ့သည်။ အတူလက်တွဲ လုပ်ဆောင်ခဲ့သည်။ ခွင့်လွှတ်သည်းခံခဲ့သည်။
    တစ်ခါက ဒကာမကြီးလျှောက်ထားသည်မှာ သူမနဲ့ အနီးကပ်ထိုင်ရသည့် လွှတ်တော်အမတ်ဆိုသူသည် သူမကို အကျယ်ချုပ်ချခဲ့သည့် သူဖြစ်နေသည်။ သူမက ပျော်ပျော်ပဲ နှုတ်ဆက် ပြောဆိုပါသည်။ ထိုသူကလည်း အစ်မဟု ခေါ်ပြီး စကားပြောဖြစ်ကြသည်ဟု ဆိုသည်။ ဒါကိုပဲ တပည့်တော်မက ဝမ်သာရပါသည်ဘုရားတဲ့။ ကဲဗျာ အတုယူစမ်း။ ခွင့်လွှတ်တတ်လိုက်တာ။
    ဤကဲ့သို့သော ဆရာတော်ကြီးများ၏ အဆုံးမများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသော၊ သူ့အသက်အရွယ်နဲ့သူ ရင့်ကျက်ပြည့်စုံနေသော ဒကာမကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓသာသနာဝင်များကို ရက်ရက်စက်စက် လုပ်မည်ဆိုတာကို တွေးကြည့်တိုင်း မိမိနားမလည် ဖြစ်ရပေသည်။
    ဒါပေမဲ့လည်း ပြောတဲ့သူက ပြောသလို ယုံတဲ့သူကလည်း ယုံနေကြတော့ ဦးဇင်းတို့တစ်တွေ ကမ႓ာ့အလည်မှာ မျက်နှာငယ် အထင်သေးခံကြရအုန်းမယ်ပေါ့လေ။ သိပ်တော့ မထူးပါဘူး။ နှစ် (၆ဝ)ကျော်ကျော် အတွေ့အကြုံ ရှိထားတော့ နည်းနည်းခံသာသေးတာပေါ့။
    ဒကာမကြီးရေ့ ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက်မှာ အဲဒီလို ဝဋ်ကြွေးတွေ မပါလာရအောင်၊ အခုဘဝမှာပဲ ဆင်းရဲတွေ အဆုံးသတ်ဖို့၊ မဟုတ်တရား ပြောဆိုစွပ်စွဲခြင်းဘေးက လွတ်ဖို့၊ ညစ်ပတ်မှုအရှုပ်အထွေးကြားကနေ ဦးဇင်းတို့ ရိပ်သာဆီသို့ ဒုတိယတစ်ခေါက် အပြီးသာ လာရောက်လှည့်ပါ။

    အကျိုးခုနှစ်ပါးနဲ့ပြည့်စုံနေသည့် သတိပဋ္ဌာန်ဘာဝနာတရားကိုသာ အားထုတ်လှည့်ပါတော့။

    ဒါမှလည်း ဘဝအမောတွေ ပြေမည်လေ—–။
    Su Da (မြစ်သား)

  • မမရေ

    ညစ်နိုင်သလောက် ညစ်မယ်လို့ စဉ်းစားထားတဲ့သူ
    ညစ်ပါစေ

    အချိန်ကာလတစ်ခုထိတော့ စိတ်ရှည်လက်ရှည့် စောင့်ကြရပါလိမ့်မယ်

Leave a Reply