ဒီတစ်လှည့် ပါဝါ ရွေးပွဲမှာ ကံစပ်သူလေး ကတော့ ဂျူဂျူးမ ပါရှင့်။
. မေဂျူလိုင် ဆိုပြီးလဲ ခေါ်လို့ရပါတယ်။ ရွာသူ လို့လဲ တင်စားထားပါတယ်။

ပို့စ်တင်တာ ရှစ်ပုဒ် ထဲပေမဲ့ မှတ်ချက်ပေါင်း ထောင်ကျော်တာမို့ ရွာထဲ အတော်လေး  ဖြစ်ခဲ့တဲ့ ကလေးမ လို့ ပြောနိုင်မှာပါ။

အင်မတန်ချစ်ဖို့ကောင်းတဲ့ လျှာတစ်လစ် ပုံ avatarနဲ့ ကလေးမလေး ရဲ့ ပထမဆုံး ရွာအဝင် ခြေလှမ်းလေး က Apr 27, 2012 နေ့က ဖြစ်ပြီး “မည်သူ့မှာတာဝန်ရှိသလဲ?” ဆိုတဲ့ အမေးလေးနဲ့ပါ။
မှတ်ချက်ပေါင်း ၂၄ခု နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဝင်ဆွေးနွေးပေးခဲ့ကြတာ အားရစရာပါဘဲ။
အဲဒီ ပို့စ်လေးရဲ့ category က “Parenting & Pregnancy” မို့
ကလေးတွေ ဗျောတ်သောက်မွေး ပြီး ကိုယ့်ကလေး ကို ကိုယ် မထိန်းနိုင်မကျောင်းနိုင် ဖြစ်နေတဲ့ မိဘ များကို ရည်စူးရေးတယ် မှတ်ရပါတယ်။
သို့ပေမဲ့ ဖတ်လိုက်တဲ့ အခါမတော့  ………

အကြောင်းလွဲ လို့ ရီ စရာ ဖြစ်လိုက်တာမို့ လူတွေကို စိတ်ရွှင်လန်းအောင် လုပ်ပေးတယ် သဘောထားလိုက်တာပေါ့။နော …. :-)))
အဲဒါလေးကို မိုးဇက်လေးက ထောက်ပြခဲ့သေးတယ်။
ရွာအဝင်မှာ အဲဒီ category ကိစ္စ က အသစ် တစ်ယောက် အတွက် နဲနဲ ကြောင်တတ်ကြပါတယ်။
အဲဒါ ကိုယ်ကိုယ်တိုင် အပါအဝင် အသစ်တိုင်း တွေ့ရတဲ့ အကြောင်းလေးပါ။
category မရွေးမိလို့  ဖြစ်နေတဲ့ ပို့စ်လေး တွေလဲ အများကြီး တွေ့နိုင်တယ်။
တုံတုံ ရဲ့ စိတ်ရှည်လက်ရှည် ဆွေးနွေးပေးတတ်တာလေး တွေကိုလဲ တွေ့ရတယ်။
ကိုရင်လူထွက် လေးတစ်ယောက်ကလဲ တစ်ကူးတစ်က ဝင်ပြီး မှတ်ချက်ပေး အပြီး အဲဒီ မှတ်ချက်လေး နဲ့ ဘဲ ရပ်နေရော။
အဲဒါကလဲ ရွာထဲ စံချိန် ဖြစ်နိုင်တယ်။
အဘဖော ကို တ ခဲ့တဲ့ မောင်မောင်ဗိုက် သူလဲ ပျောက်သွားရော။

. ဒေါ်ဂျူဂျူး လေးနောက်ဆုံးတင်ထားတဲ့ ပို့စ်က May 11, 2013 “ကူညီပေးစေချင်” ဆိုပြီး သူ့တူလေး မိုဘိုင်းဖုန်းပျောက်သွားတာ ကို အကူအညီတောင်း ထားခဲ့တာ။
ဘယ်သူတွေ ဘယ်လိုပြောပြီး ကူညီခဲ့တယ် သိချင် ဖတ်ကြည့်ကြပါ။
ဒီမှာလဲ မှတ်ချက်ပေါင်း ၁၃ခု နဲ့ စည်ကားလို့ပါဘဲ။
မှတ်ချက်ပေး ကူညီ သူများ လဲ သူတို့ ဘာပြောခဲ့တယ် ဆိုတာ သိမယ်တော့ မထင်။
အခုချိန် ကူဖို့ အကြောင်းကို ပြောရင် နောက်တစ်မျိုး ဖြစ်နေမလားဘဲ။

အဲဒီ ပို့စ်လေးမတိုင်ခင် အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့ချစ်သော မောင် အကြောင်းကို ဖွဲ့ထားတဲ့ “ပေးစာ” ဆိုတဲ့ ပို့စ်လေး ရှိပါသေးတယ်။
ဒါဖတ်ပြီး ရင်ခုန်သူကလဲ ခုန် ဆိုဘဲ။
ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါဦး။
အဲဒီမှာလဲ မှတ်ချက်တွေ ၁၅ခု နဲ့  တပျော်တပါးပါဘဲ။

ရွာသူလေး ရေ။ အပြီးပျောက်မသွားပါနဲ့။
ကိုးနတ်ရှင် အကြောင်းတော့သိပေမဲ့ အခွင့်ရခဲ့ရင် ပြန်လာပါဦးလား။

လာမဲ့ ၂၇၃ ရေး ထဲ က ကျလာမဲ့ ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

About မြစပဲရိုး

Khin Latt has written 240 post in this Website..