တစ်နေ့ပြီး တစ်နေ့ (၁၄) Day by Day (14)

Ma MaJune 27, 20158min24517

မိုးအေးအေးနဲ့ ကွေးလို့ကောင်းတဲ့ရာသီမို့ တက်တက်ကြွကြွမရှိပဲ ပျင်းရိလေးတွဲ့နေမိတယ်။

ဂျူလိုင်လအတွက် ကာတွန်းတွေကို ဇွန်လဆန်းကတည်းက ရေးမယ်လို့ တွေးထားခဲ့ပေမယ့်….
မူလအပျင်းဓာတ်ခံကို သဘာဝကြီးကပါ ပံ့ပိုးပေးလိုက်တော့ လကုန်ခါနီးမှပဲ မဖြစ်မနေ ရေးရပါတော့တယ်။ :kwi:

အခုရေးမယ့် တစ်နေ့ပြီးတစ်နေ့ (၁၄)ကတော့ ဂျူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။

 

CAM03951

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03979

အရာရာတိုင်းမှာ မျက်စိနဲ့ သေသေချာချာကြည့် နားစိုက်ထောင်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုကြောင်း အသိပေးခြင်းဖြစ်ပါလိမ့်မယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03980

စိတ်ပျိုတော့ ကိုယ်နု လို့ သဘောပေါက်မိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03955

အနာဂတ်ဆိုတာ ကိုယ်မပိုင်သေးတဲ့ မရေရာမှုသာဖြစ်တယ်။

ပြီးခဲ့တဲ့ မရနိုင်တော့တဲ့ အတိတ်ကို လွမ်းနေလို့ကလည်း အပိုပဲပေ့ါ။

လက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်။ 🙂

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03956

ဒေသကောလိပ်မြန်မာစာက တိုင်းရင်းသားစကားပုံတွေမှာ သင်ခဲ့ရတဲ့…

သူ့ကျေးဇူးကို မှတ်ထားပါ။ ကိုယ့်ကျေးဇူးကို မေ့ပစ်ပါ ဆိုတာကို သတိရမိသွားတယ်။ :chit:

+++++++++++++++++++++++++++++++++++++

 

CAM03957

တန်ဖိုးသိမှ တန်ဖိုးရှိတယ်။

တန်ဖိုးရှိမှ တန်ဖိုးထားတတ်တယ်။

 

ခုလတ်တလောအခြေအနေအရ ကိုယ့်ရဲ့ရပိုင်ခွင့် မဲတစ်ပြားရဲ့ တန်ဖိုးကိုလည်း သိကြ အလေးထားကြဖို့….. ရာသီစာလေး ထည့်ကျွေးချင်ပါတယ်။ :mrgreen:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03958

နေရာမရွေး အင်မတန်အသုံးဝင်တဲ့ အကျိုးများတဲ့ အမှာစကားပါပဲ။

လွယ်လွယ်ကတိပေးပြီး အလုပ်မဖြစ်ရင် နောက်လာမည့်ကိစ္စတွေအတွက် ယုံကြည်မှုအားနည်းသွားတတ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03959

ဒါကတော့ ကာတွန်းဆရာရဲ့ အာဘော်ဖြစ်မယ်။ :k:

ထောက်ခံပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03960

အခြေအနေနဲ့ အချိန်အခါကို သိရမယ်လို့ ဆိုလိုချင်ဟန်တူပါတယ်။

ရွာထဲက အမျိုးတွေကို ကြုံတုန်းပြောရမယ်ဆိုရင်……

ကျမလည်း ကာတွန်းထဲကပုံလိုပဲ ဧည့်သည်ကောင်း ပီသပါတယ်လို့။ :mrgreen:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03961

သီတဂူဆရာတော်ကြီးကတော့ ပါးစပ်မှာ ခဲဖျက်မပါဘူး တဲ့။

များများပြောရမယ့်နေရာမှာ နည်းနည်းပြော။

နည်းနည်းပြောရမယ့်နေရာမှာ မပြောပဲနေ တဲ့။ :p:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03962

Slow & Steady ပေ့ါ။

ပုံမှာတော့ ပြောင်းပြန်ပြထားတော့ ဆရာအော်ပီကျယ်က ထပ်ချဲ့တွေးနိုင်ကြောင်း ပြောချင်တာ ထင်ပါရဲ့။ :s:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03963

မြန်မာစကားပုံမှာ အလှမ်းကျယ် အလယ်လပ် လို့ ဆိုထားပါတယ်။

ခုခေတ်အတွေးနဲ့ ကာတွန်းပုံကိုကြည့်ပြီး အောက်ကတစ်ယောက်က ဒေါက်ဖြုတ်လိုက်မှာကိုလည်း စိုးရိမ်ကြောက်လန့်ရမယ့်ပုံပဲ။  :n:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03981[1]

ရီစရာတွေးမိတာ ဒေါသနဲ့ အိပ်ရာမဝင်နဲ့ဆိုတော့

လောဘနဲ့ မောဟနဲ့ အိပ်ရာဝင်ရမလို…. :kwi:

 

အိပ်စက်အနားယူတော့မယ်ဆိုရင် တွေးစရာတွေအားလုံး လွှတ်ချထားပြီး

ဘာဝနာတစ်ခုခု ရှု့မှတ်တဲ့အကျင့်လုပ်ပေးရင် ကောင်းသောအိပ်စက်ခြင်းနဲ့ အိပ်စက်ရလို့ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ လူ့ဘဝအမောတွေကို ပြေပျောက်စေနိုင်မယ်။ 🙂

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03982[1]

အင်မတန်ခက်ခဲတဲ့ကိစ္စလို့ ထင်ပါတယ်။

ပြောရမယ်ဆိုရင် တစ်သက်လုံး တွေးမြင်ယူဆလာတာတွေကို စွန့်လွှတ်ပြီး ဆန်းသစ်ပြောင်းလဲလာဖို့ဆိုတာ…………….

ခွေးမြီးကောက် ကျည်တောက်စွပ်

ဆိုသလို မလွယ်ကူလှပါဘူး။ :s:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM03983[1]

သီချင်းပဟေဠိအဖြေညှိကြရအောင်။

(မသိတာကို မသိဘူး မပြောပဲ) :k:

တချိန်ချိန်မှာ ကိုယ်ဘာမှ ရှင်းမပြရပါပဲ နားလည်လို့လာမယ်၊…….. ဆိုတဲ့ စိုင်းထီးဆိုင်ဆိုထားတဲ့ သီချင်းခေါင်းစဉ်ကို သိချင်ပါတယ်။ :re:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03984[1]အရင်ကာတွန်းတစ်ခုမှာတော့….

တစ်ခါတလေနိုင်မယ်၊ တစ်ခါတလေ သင်ခန်းစာရမယ် တဲ့။ 🙂

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

 

CAM03985[1]

အောင်မြင်မှုဟာ လုံ့လဝီရိယ ရှိသူအတွက်သာ လို့ သဘောပေါက်မိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03986[1]

အမှန်တရားကို ယထာဘူတကျကျ သိနိုင်ဖို့ ပုဂ္ဂိုလ်စွဲတွေ လွတ်ချလိုက်ပါ။

မြန်မာစကားမှာတော့ ပုဂိ္ဂုလ် ခင်ရင် လူကို မင်တယ် လို့ ဆိုထားသကိုးးးး 😆

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03987[1]

ပြောရမယ်ဆို ဒေါသဆိုတာမျိုးကလည်း အရှိန်အဟုန်နဲ့လာတာဆိုတော့ကာ…….

ဒေါသ တစ်မိနစ်အတွက် ပျော်ရွှင်မှုက စက္ကန့် ၆ဝ မဟုတ်ပဲ မိနစ်၆ဝ လောက်လည်း ဆုံးရှုံးသွားနိုင်တယ်။  :evill:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03964

ဇန်နဝါရီလ ၂ရ ရက်နေ့ ကာတွန်းမှာ နားထောင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့သူတွေကို မပြောပါနဲ့ တဲ့။ 🙁

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03965

ယောက္ခမဆိုတာ တစ်ချိန်တုန်းက သားမက်ပါပဲ ဆိုတဲ့ မြန်မာရုပ်ရှင်ကားကို သတိရမိတယ်။ :k:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03966မမှားသောရှေ့နေ မသေသော ဆေးသမား လို့ ဆိုရိုးရှိတယ် မဟုတ်လား။

မှားပြီးရင်း မှားမနေဖို့တော့ လိုတာပေ့ါ။ 😕

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03967

လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြတယ်။

ဒါပေမယ့် ကိုယ့်သမိုင်း ကိုယ်မဖတ်မိကြဘူးလို့တော့ ထင်မိတယ်။ :boss:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03968ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း ဆိုတဲ့ မြန်မာစကားပုံရဲ့ ခေတ်သစ်ဗားရှင်းလို့ ပြောချင်မိတယ်။ :loll:

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03969အော်ပီကျယ်ရေးဖူးတဲ့ ….

ရေသောက်နည်း ကျူရှင်

ထမင်းစားနည်း ကျူရှင်

ငှက်ပျောသီးခွာစားနည်းကျူရှင် …. ဆိုတဲ့ကာတွန်းကို သတိရမိတယ်။ :mrgreen:

 

တကယ့်လက်တွေ့လောကမှာတော့ ကျွမ်းကျင်ရာ လိမ္မာ ပါပဲ။

အတွေ့အကြုံ လုပ်သက်နဲ့ကျွမ်းကျင်ဝန်ထမ်းတစ်ယောက်ဟာ ကျောင်းပညာဘွဲ့ရတစ်ယောက်နဲ့ နှိုင်းယှဉ်မရအောင် ကွာခြားတာတွေ ရှိနိုင်ပါတယ်။

 

လုပ်ငန်းမှာ ငါဘွဲ့ရပဲဆိုတဲ့ ထင်တစ်လုံးနဲ့ ကိုယ့်ထက်လုပ်သက်ရင့်ပြီး ကျွမ်းကျင်တဲ့သူကို ပမာမခန့် မလုပ်မိဖို့လိုပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03970ကျောင်းပြီးလို့ နောက်ဆုံးနှစ်မှာ အမှတ်တရစာအုပ်လေးလုပ်ဖြစ်တဲ့အခါ ဆရာ/မတွေက ဆုံးမစကားလေးတွေ ရေးပေးကြတယ်။

ဆရာမကြီးတစ်ယောက်က (နောက်ပိုင်းမှာ ပါချုပ်ဖြစ်သွားတယ်) လိုအပ်သောဆု မြတ်သောဆုများနဲ့ ပြည့်စုံနိုင်ပါစေ လို့ ရေးပေးဖူးတယ်။ 🙂

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03971ကိုယ်တိုင်မစစ်ဆေး မကြည့်ရှု့ပဲ ပြောတိုင်းယုံရင်တော့ အချဉ်မိဖို့ချည်းသာပဲ ဖြစ်ပေတော့မပေ့ါ။ :cryy:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03972အချို့သောသူတွေက သူတပါးဖြစ်ပျက်ခဲ့တဲ့အပေါ် သင်ခန်းစာယူတတ်လို့ လက်တွေ့ဘဝမှာ ထိခိုက်နစ်နာမှုနည်းရတယ်။

(ဒေါ်ကေဇီကတော့ သင်ခန်းစာယူတတ်တယ်လို့ ပြောဖူးတာပဲ။) :mrgreen:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03973ကိုယ့်သမိုင်းကိုယ်ပြန်မဖတ်ဖြစ်ကြဘူးဆိုတာ အခုကာတွန်းက သက်သေခံနေတယ်။ :a:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03975 အခြေအနေနဲ့ အချိန်အခါကို နားမလည်ရင် ကိုယ့်ကိုပြန်ဒုက္ခပေးတတ်တယ်ပေ့ါ။ :bb:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03976နှေးစေချင်လို့ကို ထိန်းချုပ်တာလည်း ဖြစ်နိုင်တယ်။

မဖြစ်သင့်တာ တစ်ခုက ကိုယ့်ကိုကိုယ်ပြန်ချုပ်မိမှာတစ်ခုပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03978

ကိုယ့်အမြင်ကို ပြောရရင် အကောင်ကြီးကြီး အမြီးရှည်ရှည် ဆိုတာ ပိုလျှံတာမဟုတ်ပဲ

ပြည့်စုံကုံလုံတာ၊ စွမ်းအင်ဩဇာပြည့်ဝတာ လို့။

 

အကောင်ကြီးဖို့လိုသလို အမြီးရှည်ဖို့လည်း လိုတာပဲကိုးးးးးး :boss:

 

ဤတွင် ဂျူလိုင်လအတွက် ကာတွန်းဒဿနများ ပြီးဆုံးပါပြီ။

ဖတ်ရှု့အားပေးသူအပေါင်းကို ကျေးဇူးအထူးတင်ပါကြောင်းးးးးးးးးးးးးးးး :chit:

17 comments

  • ဦးကြောင်ကြီး

    June 28, 2015 at 12:32 am

    .. ခိုနီမားမား
    .. ပိုသီအားပါး
    .. မ ျို ဖီဝါးလား
    .. ဆိုမြည်ဓါးသွား

  • မြစပဲရိုး

    June 28, 2015 at 1:38 pm

    ချစ်မမ ရာ နောက်လ ဆို ကြိုးစားပြီး တစ်ပါတ် စီ ခွဲ တင်ပေးပါ။
    ဖတ်ရတာ နဲနဲခြင်း ပိုပြီး ကောင်းလို့ပါ။
    များလွန်းတော့ တစ်ပုံခြင်း ကြာကြာ မစဉ်းစားနိုင်ဘူး။
    ဘာဘဲဖြစ်ဖြစ် ပုံ ၃၁ ကို ကြိုးစားပြီး ရ အောင် တင်ပေးတာ ကိုလဲ အထူးကျေးဇူးတင်ပါတယ်။ :-))

    (၁) ကလိုဘဲ ရွာထဲ မှာတော့ ကျွန်မတို့ မျက်လုံးနဲ့လဲ နားထောင် တယ်။
    မျက်လုံး နဲ့လဲ စားတယ်။ မျက်လုံး နဲ့ လဲ ရီ ကြ တယ်။

    (၃) က ယနေ့ တွေ ကို ထင်ဖြုန်း နေခဲ့တာ များနေတာ သိနေလဲ

    (၄) ပုံထဲကြည့်ပြီး ဆရာအေပီကေ ကလဲ ရွာထဲ က ကြောင်ကြောင် ကို တယ် ထင်ရဲ့လို့ တွေးပြီး ရီ လိုက်ရတာ။

    (၉) က တစ်ခါတစ်ခါတော့ မရဘူး မမ ရဲ့။ ကိုယ့်ဘေးကလူ ဘောင်းဘီဇစ် မဆွဲထားမိတာမျိုး။

    (၂၅) က လိုချင်တာ မရခဲ့တာ ကံကောင်းတယ် က လက်ရှိ ဝဖြိုး တုတ်ခိုင် အဆီယစ် နေသော သူများ ကို တစ်ချိန်က တမ်းတမ်းစွဲ ခဲ့ သလို။

    (၂၆) က (၁) နဲ့ ကွန်းဖလစ် ဖြစ်နေလား မသိ။ ဆရာကြီး ကို ကွန်ပလိမ့် လုပ်ကြပါ။

    (၃၁) က အစိတ်သား ပိုနေတာလူတိုင်း အသိပါ။ ဖယ်ကြပါ။

    • Ma Ma

      June 30, 2015 at 5:49 pm

      ပျင်းပျင်းနဲ့ ပုံတွေချည်းပဲ တင်လိုက်မလို့။ :k:

      နောက်လအတွက်တော့ ခွဲတင်လိုက်ပါ့မယ်။

      မလတ်ရဲ့ မတူတဲ့အမြင်နဲ့ ခံစားချက်တွေကို သဘောကျတယ်။

      ဒီပိုစ့်မှာ အဓိကကိုယ့်အာဘော်က ကိုယ့်သမိုင်းကိုယ်မဖတ်ဖြစ်ကြတာကို ပေးချင်တာ။
      (ကိုယ်တိုင်လည်း ဒီကာတွန်းတွေ ဖတ်ရင်းနဲ့မှ အတွေးပေါက်သွားလို့)

      ပြောရမယ်ဆိုရင် ကာတွန်းတစ်ခုနဲ့တစ်ခုကြားမှာ အပေါင်းလက္ခဏာလေးတွေထည့်ထားတာလည်း……
      ကောင်းတဲ့ရလဒ်တွေအတွက် ရှေ့ပြေးနမိတ်လိုမျိုး… :kwi:

  • ဇီဇီခင်ဇော်

    June 28, 2015 at 6:19 pm

    ယူစရာရှိတာ ယူပြီး မှတ်စရာရှိတာ မှတ်သွားပါပြီ။

    • Ma Ma

      June 30, 2015 at 5:58 pm

      (ဒေါ်ကေဇီကတော့ သင်ခန်းစာယူတတ်တယ်လို့ ပြောဖူးတာပဲ။)
      ဇီဇီကို ရန်စထားတာ စိတ်မဆိုးရဘူးနော်။ :mrgreen:

      အခုကာတွန်းတွေထဲမှာ ၈ရက်နေ့ကာတွန်းဖြစ်တဲ့…
      `ဧည့်သည်ကောင်းဟာ ဘယ်အချိန်ပြန်ရမယ်ဆိုတာကို သိတယ်` ဆိုတဲ့ကာတွန်းကိုဖတ်ပြီး ကျောက်စ်မောင်နှံပြန်လာမယ်ဆိုတာကို သတိရမိသွားတယ်။ :k:

      • ဇီဇီခင်ဇော်

        June 30, 2015 at 6:41 pm

        ကျနော် ဟမ်ဘာဂါ ဘာ ချစ်မ

        :k:

  • aye.kk

    June 29, 2015 at 10:22 pm

    မမရေ
    ကျေးဇူးပါ။
    မှတ်စရာတွေများသလောက်မှတ်ရလွယ်စေတဲ့၊
    ဗဟုသုတရသလေးတွေရသလောက်ဖတ်သွားပါတယ်။။

    • Ma Ma

      June 30, 2015 at 6:02 pm

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မအေးရေ။ 🙂

    • Ma Ma

      June 30, 2015 at 6:03 pm

      ကျမလည်း အဲဒီကာတွန်းကို သဘောကျတယ်။

      ကဗျာရေးတဲ့သူငယ်ချင်းက သူ့ကဗျာကို သဘောမပေါက်ဘူး၊ နားမလည်ဘူးပြောရင် ရှင်းပြခိုင်းရင် အားကြီးစိတ်ဆိုးတာ။ :a:

    • Ma Ma

      June 30, 2015 at 6:06 pm

      လွယ်ကူရှင်းလင်းပြီး ပြောင်မြောက်တဲ့ကာတွန်းတွေက ပေးချင်တဲ့ မက်ဆေ့ချ်ကို ထိရောက်စွာ ပေးနိုင်လို့ အဲဒီကာတွန်းပြက္ခဒိန်ကို တစ်အုပ်လုံး တင်ဖြစ်သွားတာ။ 🙂

  • Mike

    June 30, 2015 at 3:01 pm

    .တခါတရံ လိုချင်တာမရခဲ့တာ ကံကောင်းတယ်….ဆိုတာကိုသရုပ်ဖေါ်ထားတာကြည့်တော့
    .က ျုပ်တို့ကေ ျာင်းနေဖက်တွေကြီးမှပြန်ဆုံတော့ ဝတုတ်ဘကီးတွေဖြစ်နေတာကြည့်ပြီးးအခ ျင်းခ ျင်း
    .နောက်ကြတာသတိရမိတယ်…ခိခိ
    .အချို့မေးခွန်းတွေမှာအဖြေမရှိဘူးတဲ့….ဆိုတော့ ကြက်ဥနဲ့ကြက်မ ဘယ်ကစ ဆိုတာသတိရသွားတယ်
    .ပိုနေတာတွေအားလုံးကိုဖယ်ရှားပါဆိုတော့….ဟို အစိတ်သားကိုပြေးမြင်ပြန်ရော
    .

    • Ma Ma

      June 30, 2015 at 6:08 pm

      ကျောင်းတုန်းက ကာတွန်းဘောက်စ်မှာ `ဒါတို့ကျောင်းက ရွက်ဝါ လေ` လို့ ပြောတဲ့ ကာတွန်း မှတ်မိလား။ :k:

      ကိုယ်ကလည်း အဲဒီတုန်းကတည်းက ရွက်ဝါဖြစ်ခဲ့တာ ဆိုတော့ အဲဒီကာတွန်းကို မှတ်မိနေတော့တာ။

    • Ma Ma

      June 30, 2015 at 6:10 pm

      သဘောကျတယ်ဆိုလို့ သဘောကျတယ်။ 🙂

Leave a Reply