“နွံနစ်တော့မည့် ပတ္တမြား”

Minn ZinAugust 24, 20101min551

မန္တလေးဂဇက်တွင် ကျောက်ဆည်မြို့မှ စိုးရိမ်စရာအခြေအနေဆိုသော Post ကိုဖတ်လိုက်ရတော့… ကျွန်တော့်အမြင်လေးတွေကိုလဲ တင်ပြချင်လာမိသည်။ Comment ဝင်ရေးလျှင် ရှည်မည်စိုးသောကြောင့် အခုလို post အသစ်တင်လိုက်ရခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရည်၏ ၈ဝ % နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည် ဆိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်လောက်ကတော့ မှန်ပါလိမ့်မည်။ ယခုအခါတွင်မူ ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်းလျော့နည်းလာနိုင်သည်။ အဆွယ်ကောင်းသဖြင့် ဘာသာကူးပြောင်းသူ များလာခြင်း၊ ဘာသာခြားနှင့်လက်ထပ်၍ ဘာသာပြောင်းသွားခြင်း (အဖြစ်အများဆုံး တစ်ခုပါ)၊ တခြား ဘာသာဝင် လူဦးရည် တိုးတက်လာခြင်း၊ အရေးအကြီးဆုံးအချက်မှာ စီးပွားရေးလုပ်ငန်းအကြီးစားများကို ဘာသာခြားများ ပိုင်ဆိုင်နေ ခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းအကြီးစားများမရှိဘူးလားဟု မေးစရာပင်။ ရှိပါသည်။ သို့သော်.. ထိုသူများသည်.. မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာ၊ သာသနာတိုးတက်ရေးအတွက် မေ့လျော့နေကြသည်။ မိမိတို့စီးပွားတိုးတက်ရေးအတွက်မူ ဘုရားသွားယတြာချေခြင်း.. ဘိုးတော်နှင့် ဗေဒင်မေးခြင်း…. ကနားစီး၍ပွဲပေးခြင်းများပြုလုပ်နေကြလေသည်။ ဘာသာခြားများသည် (အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များ) သည်.. မိမိတို့ဘာသာ ပျံနှံ့ရေးအတွက် မည်သို့ပေးရပေးရ မည်သို့ပင်ရင်းနှီးရ ရင်းနှီးရ လက်မတွန့်ကြပေ။ မရှိ ရှိတာကိုထုတ်ပေး ကြသည်။ ဗုဒ္ဓဘာသာဝင်တော်တော်များများကမူ တနင်္ဂနွေ ဆွမ်းလောင်းအသင်းကဲ့သို့ အသင်းအဖွဲ့များ အလှူလာခံလျှင် ၂၀ဝ ထက်ပိုမထည့်တက်ပဲ… ချဲထီ၊ ဘောလုးံပွဲများကိုတော့ ထောင်ဂဏန်းမှစ၍ သိန်းရာချီသည်အထိ အကုန်အကျခံကာ ရင်းနှီးနေကြသည်။ မြတ်စွာဘုရား ရှင်လက်ထက်တွင် ဗုဒ္ဓဘာသာ လျှင်မြန်စွာပြန့်ပွားလာရခြင်းမှာလည်း ဝိသာ ခါကျောင်းအမကြီး ကဲ့သို့သော သူဌေးမကြီးသည်လည်းကောင်း၊ အနာထပိဏ် သူဌေးကြီးသည်လည်းကောင်း စသည်ဖြင့် တိုင်းပြည်၏ ချမ်းသာကြွယ် ဝသောသူများ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာခြင်း၊ တိုင်းပြည်အုပ်ချုပ်သော မင်းကိုယ် တိုင်ကလည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူဖြစ်ခြင်း၊ စစ်မှန်သော ဗုဒ္ဓတရားတော်များကိုသာ နာကြားရခြင်း စသည့်အ ချက်များကြောင့်ဖြစ်သည်ဟုထင်မြင်မိပါသည်။ (ကျွန်တော့်အယူအဆသာဖြစ်သည် လွတ်လပ်စွာကွဲလွဲနိုင်ပါသည်။)

နောက်တစ်ချက်ကတော့ မိမိတို့၏ဘာသာတရားကိုလေးစားခြင်းပင်ဖြစ်သည်။ အကြောက်တရားနှင့် ကိုးကွယ်သည်ဟုပဲဆိုဆို အစွန်းတဖက်ရောက်သည်ဟုပဲပြောပြော ဘာသာခြားများသည် မိမိတို့၏ဘာသာတရားကို မလေးမစားမလုပ်ဝံ့ကြပေ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တချို့သည် ဘာသာတရားကို ဟာသ လုပ်တက်ကြသည်။ ကျွန်တော့်ပတ်ဝန်းကျင်တွင် ဘာသာရေးနှင့်ပတ်သတ်၍ မိမိ သိသမျှပြောလျှင် “ဒီကောင်က တောထွက် တော့မှာ..” “ဒီကောင်ကတရားပေါက်နေပြီ… တစ်ယောက်ပါးသွားတော့လဲနည်းလား” စသည်ဖြင့် လှောင်ပြောင်တက်ကြ သည်။ သူတို့ကို ကျွန်တော်ဒေါသမထွက်မိပေ။ ထေရဝါရ ဗုဒ္ဓဘာသာအတွက်ပဲ ရင်လေးမိပါသည်။ နောက်ပြီးရှိသေးသည် “ဘုန်းကြီးတွေရွာထဲရောက်လာတယ်… သပိတ်ချလို့ ဘရိတ်ဒန့်ကနေတယ်…” စသည်ဖြင့် သီချင်းများကိုမည်သူများ အများဆုံး လူကြားထဲတွင် အော်ဟစ်ဆိုနေကြသနည်း။ ဗုဒ္ဓဘာသာဝင် ကလေးငယ်များ၊ လူငယ်များပင်ဖြစ်သည်။ မိဘ များကလဲ ဟဲ့.. မဆိုနဲ့ငရဲကြီးလိမ့်မယ်.. ဆိုသောစကားထက် ပိုမို၍ မဆုံးမတတ်ကြပေ။  နောက်ပြီးမိဘများ အနေနှင့်လည်း မိမိတို့ သား၊ သမီးများကိုဘာသာတရားနှင့်ရင်းနှီးမှုရှိနေစေရန်၊ ဘာသာတရားကို အကြောက်တရားနှင့်မဟုတ်ပဲ အမှန်တကယ်ယုံကြည် ကိုးကွယ်တက်စေရန် ငယ်စဉ်ကလေးဘဝကတည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်ပေသည်။ ထိုသို့ပြုလုပ်ပေးရန် မိမိတို့ကိုယ်တိုင်လည်း ဘုရားဟောတရားတော်များကို သေချာစွာလေ့လာရန်လိုအပ်ပါသည်။ ယခုအချိန် တွင်ကလေးငယ်များကိုမေးကြည့်ပါ။ ဝါဆိုလပြည့်နေ့ ဆိုသည်မှာ ကျောင်းပိတ်သောနေ့ ဆိုတာထက် ပိုသိသူရှားပါးလှပါသည်။ ဗုဒ္ဓဝင် အကျဉ်းကို သိရန်နေနေသာသာ မြတ်စွာဘုရားဖွားတော်မူသောနေ့ကိုပင် သိသော လူငယ်တွေ အလွန်ပင်နည်းပါးလှပါသည်။ ဘာသာ၊ သာသနာ၏အကျိုးကို ဆက်လက်သယ်ပိုးရန်နှင့် ဘာသာ၊ သာသနာရောင်ဝါ ထွန်းလင်းဝေဖြာအောင် ဆောင်ရွက်ရန်မှာ လူငယ်များအပေါ်အတွင် များစွာမူတည်နေပေသည်။

ဘာသာကူးပြောင်းခြင်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နေကြသည်။  စားဝတ် နေရေးမပြေ လည်၍ ပေးကမ်းသောဘာသာတရားသို့ ကူးပြောင်းခြင်းထက် လက်ထပ်ပြီး မိမိအိမ်ထောင်ဘက် ကိုးကွယ်သော ဘာသာသို့ ကူးပြောင်းခြင်းက ပို၍များပြားပါသည်။ ဤအချက်တွင် အဓိက ကျသည်မှာ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများပင်ဖြစ်သည်။ သားသမီးဝတ်တရားငါးပါးထဲမှ စောင့်လေမျိုးနွယ် ဟူသောအချက်သည် အလွန်အရေး ကြီးပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများတွင် ပို၍တာဝန်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားများထက် အမျိုးသမီးများ ဘာသာပြောင်းသည့်နှုန်းထားက ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် မွတ်ဆလင် (အစ္စလာမ်) ဘာသာဝင်များအတွက် ဘာသာခြားအမျိုးသမီးများကိုလက်ထပ်ကာ လူမျိုးပွားရေးသည် သူတို့၏အဓိက ရည်မှန်းချက်ပင်ဖြစ်သည်။ မြန်မာမိန်းကလေးကိုလက်ထပ်နိုင်လျှင် အဆင့်အတန်းအလိုက် ထောက်ပံ့မည် ဆိုသည်မှာလည်း ယုံတမ်းစကားမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် နည်းအမျိုးမျိုးဖြင့်ရရန်ကြိုးစားပေလိမ့်မည်။ ထို့ကြောင့် အဓိကကျသည်မှာ မြန်မာမိန်းကလေးများပင်ဖြစ်သည်။ ဘာသာပြောင်းလျှင်လည်း သည်အတိုင်းပြောင်းရသည် မဟုတ်ပေ။ ဘုရားပုံတော်၊ စေတီပုံတော်၊ ဘုန်းကြီးပုံတော်များကို ခြေထောက်နှင့် တက်နင်းပြီး သက်သေပြရကာ ၎င်းတို့၏ဘာသာ သို့ကူး ပြောင်းရခြင်းပင်ဖြစ်သည်။ အဝီစိငရဲတွင် နာမည်ရေးထိုးပြီးသားပင်။ နတ်တလင်း မြို့နယ်တွင် ဤကဲ့သို့သော ကိစ္စမျိုး အမှန်တကယ်ဖြစ်ပွားခဲ့ဖူးပါသည်။

အမျိုးသမီးများတင်မဟုတ်ပါ ကျွန်တော်တို့အမျိုးသားများလည်း ဘာသာရေးကို လေးလေးနက်နက် ပြုလုပ်သင့်ပေသည်။ ခရစ်ယာန်ဘာသာဝင်များသည် တနင်္ဂနွေနေ့တွင် Church ၌ဝတ်ပြုဆုတောင်း နေကြသည်။ လူကြီး၊ကလေး ယောက်ျား၊မိန်းမ စုံညီစွာ ဝတ်ပြုဆုတောင်းနေကြသည်။ အစ္စလာမ် ဘာသာဝင် အမျိုးသားများ သောကြာနေ့တွင် ဗလီတက်နေကြသည်။ လူကြီး လူလတ် လူငယ် ကလေး စုံညီလှသည်။ မိမိတို့ကိုးကွယ်ရာ ဘာသာကို အလေးထားကာ ဝတ်ပြုဆုတောင်းနေကြသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသားများ ဥပုသ် နေ့တွင် ဘုန်းကြီးကျောင်းသို့ ဘယ်နှစ်ယောက်သွားကာ ၈ ပါးသီလခံယူကြသနည်း။ မျက်စောင်းပင်မထိုးကြချေ။ ညနေ နေညို၍ လေပြိုချိန်ရောက်လျှင် တော့ ဘီယာဆိုင်တွင် အခန့်သားထိုင်ကာ ပန်းကုန်းတက်စွတ်နေသူများမှာ ရေတွက်၍ပင်မရချေ။ လူငယ်များ၊ ကလေးများ သည်လည်း ဘုန်းကြီးကျောင်းသွားရန်ထက် TV  Game ဆိုင်၊ အင်တာနက်ဆိုင် များကိုသာ ပိုမို၍အားသန်လေသည်။

ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် နိုးကြားကြရန်လိုအပ်နေပါပြီ။ ကျွန်တော်ဆိုလိုသည် မှာ တိုက်ခိုက်ရန်၊ ၎င်းတို့၏ပစ္စည်းများကိုဖျက်စီးရန် ဆူပူရန် စသည်တို့ကို လုံးဝ မရည်ရွယ်ပါ။ လူတိုင်းလုပ်နိုင်သော လွယ်ကူသည့် ကိစ္စကိုသာ အကြံပြုလိုခြင်းဖြစ်သည်။

  • ဘာသာခြားများ၏ စီးပွားရေးကို အားမပေးရန်ဖြစ်သည်။

ဘာသာခြားများသည် ၎င်းတို့ ဘာသာဝင်များဖွင့်ထားသော စားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ Shopping Center များတွင်သာ ဝယ်ယူအားပေးလေ့ရှိပါသည်။ ကုန်ကုန်ပြောရလျှင် ကွမ်းယာကအစ ၎င်းတို့ဘာသာဝင် ရောင်းသောကွမ်းယာကိုမှ ဝယ်ယူအားပေးကြလေသည်။ ဤအချက်သည် ကျွန်ုပ်တို့ ဗုဒ္ဓဘာ သာဝင်များ အတုယူသင့်သော အချက်ပင်ဖြစ်သည်။ ၎င်းတို့သည် ဆိုင်တစ်ဆိုင်သို့ဝင်လျှင် မဝင်မှီ ဆိုင်းဘုတ်ကိုအရင်ကြည့်သည် ဆိုင်ထဲကိုလေ့လာပြီးမှ ဝယ်ယူကြလေသည်။ ဆိုင်ရှင်များကလည်း ၎င်းတို့ဘာသာဝင်မှန်းသိလျှင် ဈေးလျှော့ပေးခြင်း ဝန်ဆောင်မှုကောင်းကောင်း ပေးခြင်းများဖြင့် စွဲဆောင်ထားကြသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများကတော့ ဈေးသက်သာလျှင်ပြီးရော မည်သည့်ဆိုင်ကိုမဆို ဝယ်ယူအားပေးကြလေသည်။ ဘာသာခြားများ၏ဆိုင်ကို ဝယ်ယူအားပေးခြင်းသည် အဆိပ်ပင်ရေလောင်း သကဲ့သို့ဖြစ်နေပါသည်။ ဘာသာခြားဆိုင်က ၅၀၊ ဗုဒ္ဓဘာသာဆိုင်က ၁၀ဝ ဖြစ်လျှင်တောင် ဗုဒ္ဓဘာသာဆိုင်ကိုပဲအားပေးမယ် ဆိုတာမျိုးဖြစ်နေသင့်ပါသည်။ ဗုဒ္ဓဘာသာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း စီးပွားရေးလောကတွင် ကိုယ့်လူမျိုး အချင်းချင်းပြိုင်ဆိုင်အနိုင်ယူကာ နှိပ်ကွပ်တာမျိုးမပြုလုပ်သင့်ပဲ စည်းလုံးစွာဖြင့် ဘာသာခြားများစီးပွားရေးကို ပြိုင်ဆိုင်သင့်ပေသည်။

အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာထွန်းကားရေးကို အလေးပေးဆောင်ရွက်သင့်ပေသည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့အာဏာတည်မြဲရေးကိုသာ အလေးထားနေကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား များအနေနှင့် အစိုးရကောင်းလာမည့်အချိန်ကို စောင့်နေမည့်အစား ယခုအချိန်တွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ အမျိုး၊ ဘာသာ၊ သာသနာကိုထိန်းသိမ်း သင့်ပေသည်။ ကျွန်ုပ်တို့၏ထေရဝါရဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် မည်သည့်ဘာသာနှင့်မျှမတူအောင် စင်ကြယ်၍ သိမ်မွေ့နက်ရှိုင်းကာ မည်သည့်အချိန်တွင်မဆို စစ်ကြောခြင်း ခံနိုင်သော တစ်ခုတည်းသောဘာသာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်ခန့်က ဂေါတမမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များသည် ယနေ့ခေတ်အချိန်ထိ လွဲမှားသွေဖယ်ခြင်းမရှိပဲ မှန်ကန်မှု ငြိမ်းချမ်းမှု လွတ်မြောက်မှု မှုများကိုပေးစွမ်းနေပါသည်။ ဤကဲ့သို့သော စစ်မှန်သော သာသနာတော်ကြီးသည် ယခုအချိန်တွင် အဆိုးရွားဆုံးသော အခြေအနေသို့ရောက်ရှိနေပေသည်။ သာသနာတော်ကွယ်မသွားရန်လည်း ဦးသုမင်္ဂလ၊ အရှင်ဆန္ဒာဓိက စသောဆရာ တော်ကြီးများမှလည်း အစွမ်းကုန် ကြိုးစားနေကြလေသည်။ ဆရာတော်ဘုရားများဘက်မှ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်း ရွက်နေကြလေပြီ။ ကျွန်တော်တို့ဘက်မှလည်း မိမိတို့တတ်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် သာသနာတော်ကြီးကို မကွယ်ပျောက်ရန်ထိန်းသိမ်းသင့်ပေသည်။ ထိုသို့မဆောင်ရွက်ပဲ မေ့မေ့လျော့လျော့နေပါက ဤသာသနာ တော်ကြီးသည် နှစ်ပေါင်း ၅၀၀ဝ တည်ရန်ဝေးစွ နောင် နှစ်၁၀ဝ အတွင်းတွင်ပင်ကွယ်ပျောက်သွားနိုင်ပါသည်။ ပတ္တမြားမှန်လျှင် နွံမနစ်ဟု ဆိုသော်ငြားလည်း… နွံတွေများလာလျှင်တော့ ပတ္တမြားအရောင်တောက်နိုင်မည်မဟုတ်ပေ။ ကျွန်တော်တို့ ထိုနွံများကို သန့်ရှင်းပစ်ရန်လိုအပ်နေပါပြီ။

နိဂုံးချုပ်ပြောလိုသည်မှာ ဗုဒ္ဓဘာသာဝင်များ… နိုးကြားကြပါတော့… မိမိတို့၏ သာသနာတော်တွင် အန္တရာယ်ပေါင်းများစွာဝိုင်းနေခြေပြီ။ ကာကွယ်ကြပါတော့။ မိမိတို့ဗုဒ္ဓဘာသာအချင်းချင်း စည်းလုံးနိုးကြားကာ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်သာသနာ အကျိုးဖြစ်ထွန်း မည့်ကိစ္စများကို အလေးပေးဆောင်ရွက်ကြပါရန်တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက် ။       ။ ဤ Post တွင်တင်ထားသော အကြောင်းအရာများအား ကျွန်တော် အပြည့်အဝ တာဝန်ယူပါသည်။

မောင်ဒဲ့

One comment

  • researcher

    August 24, 2010 at 5:06 am

    အပြည့်အဝထောက်ခံပါတယ်။ ဒီဆောင်းပါးဟာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားခြင်း၊ တိုက်ခိုက်ဝေဖန်ခြင်း လုပ်ထားတဲ့စာမဟုတ်တဲ့အတွက် Admin များအနေနဲ့လည်း မပယ်ဖျက်ဘူးလို့ ယူဆပါတယ်။ ဆောင်းပါးရဲ့ လိုရင်းကတော့ သာသနာတော်အကျိုးအတွက် ကိုယ့်လူမျိုး၊ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကိုသာ ဝေဖန်အကြံပြုထားခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ့်အမျိုးကိုချစ်တတ်ဖို့ ကိုယ့်ဘာသာကို ချစ်တတ်ဖို့ လေးစားတန်ဖိုးထားတတ်ဖို့ စောင့်ထိန်းဖို့ အရမ်းကို အရေးကြီးနေပါတယ်။ အခြားဘာသာခြားများကို ဝေဖန်ထားတာ မပါတဲ့အပြင် စာရေးသူကိုယ်တိုင်ကလည်း တာဝန်ယူကြောင်း ပြောထားပြီးဖြစ်တဲ့အတွက် ဒီဆောင်းပါးလေးကို ဆက်လက်ထားရှိပေးရန် တောင်းဆိုပါတယ်။ ကျွန်တော်ကတော့ ဆောင်းပါးထဲကစာတွေအတိုင်း တစ်သဘောတည်းမို့ လုံးဝ အလေးအနက် ထောက်ခံပါတယ်ခင်ဗျား။

Leave a Reply