. မြ ရဲ့ သင်ပုန်း ၂ရ – ၆ – ၂၀၁၅

မြစပဲရိုးJune 27, 20151min1218

. မြ တစ်ယောက် ဖီးလင် (အတော်စပ်စု) ဖြစ်နေသည်။

သူများနိုင်ငံ (အနောက်တိုင်း) လွှတ်တော်ထဲ မှာလဲ မဲပေးစနစ် ဖြင့် ဆုံးဖြတ်ချက်များ ချတတ်ကြသည်။
ကိုယ့်လွှတ်တော် အမတ် က ဘာကို ရွေးပြီး မဲပေး ဆုံးဖြတ်သလဲ ဆိုတာ သူ့ကို တင်မြှောက်ထားသူ မဲဆန္ဒရှင်ပြည်သူများ သိလိုက ပြောရသည် ဟု ကြားဖူးသည်။
. မြတို့ ရွှေပြည်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန် တိတ်တိတ်ပုန်း လုပ်တတ်သော ဓလေ့ကြောင့် ထိုသို့ ဖွင့်ပြောမည်မထင်။
သို့သော် …….
လွှတ်တော်ထဲ မဲခွဲ အဖြေသိချိန် လက်ခုတ် လက်ဝါးတီး အားပေးမှု သတင်းကို မြင်ချိန်မှာတော့ ထိုသို့ ထင်ထားသည်မှာ မှားကြောင်း သိလိုက်သည်။
သူတို့ ကို ရွေးချယ်တင်မြှောက်ထားသူ ကြီး (များ) သိနိုင် မြင်နိုင် စေရန် အားပါးတရ ပြကြလေကုန်သည်။
ထိုသို့ ပွင့်လင်းစွာ ပြသပြီးနောက် “Myanmar parliament votes to keep military veto” ဆိုသည့် ခေါင်းစဉ်ကြီး ဖြင့်သတင်း ကမ္ဘာကျော်လေ၏။

ထိုအခါ မြသည် ဘာကိုများ စပ်စု လိုသလဲ မေးစရာ ဖြစ်လာသည်။
ကမ္ဘာကျော် ကြက်ကျော်ဆိုင်ကြီး အထုတ်အပိုးများ ချစရှိသေးသည်။
သူတို့လို worldwide restaurant chain များသည် ထိုထိုသော အကြောင်းများ ကို စန်းစန်းတင့် အလွန် ဖြစ်ပြရသည်။
သို့သော် ……..
. မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ကြီး ထဲ မတော့ သူတို့ စန်းစန်းတင့်ဖို့ လို/မလို။
အဲဒီ chain က အဘ များရဲ့ အမျိုးအနွယ် တွေနဲ့ ဆိုင်/မဆိုင်။
လွှတ်တော်ထဲမှာ မျက်နှာ ရလိုစိတ်နဲ့  လက်ခုတ် လက်ဝါးတီး ပြလိုက်သူများ အဆဲခံ ထိ/မထိ။

. မြ သိချင်စမ်းပါဘိတော့။ 🙄

PS – . ကြည့်လဲ ဖား ကြ ကိုယ်တော်တို့။ အခုချိန်က ယူနီဖောင်း နဲ့ ခရိုနီ ရောသွားပြီး ချိန် ပါ ခင်ဗျား။
သိတ်တော့ စိတ်မပူပါနဲ့။
. မြက ကိုယ့်လူရင်းချင်းမို့ တိုးတိုးလေး သတိပေးတာပါ။ lol:-)))

အဲ့ ကြက်ကြော်က အနောက်တိုင်းဆီမှာတော့ ဆင်းရဲသားစာပေါ့။
. မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ကျတော့ လူချမ်းသာ စာ ဖြစ်သွားရော။

အခု တော့ မြ ရဲ့ မြန်မာ့နည်း မြန်မာ့ဟန် အစား လေးတွေ ကို အားပေးသွားလိုက်ပါ လေ။ :-))

 

DSCF1289
မြ ရဲ့ ဂျုံပြားမုန့် နဲ့ အာလူးကြော်
DSCF1290
မြ ရဲ့ ကောက်ညှင်းပေါင်း နဲ့ ငါးခြောက်

 

DSCF1291
မြ ရဲ့ မွင်းခါးသုတ် နဲ့ ကြက်သွန်ကြော်

8 comments

  • ဇီဇီခင်ဇော်

    June 27, 2015 at 11:56 am

    ဟမ်မငေးးး
    မြ ရယ်
    ဇီ့ ကို ဆာ စေ ညွှန်းးး ရော သလားးးး
    :sar:

    • မြစပဲရိုး

      June 27, 2015 at 12:07 pm

      ဟိ ဟိ မြလဲ အစောကြီး ထပြီး သောင်းကျန်းနေတာ၊
      လာခဲ့ဇီ။ အတူတူ မုန့်လုပ်စားရအောင်။
      :-)))))

  • တောင်ပေါ်သား

    June 27, 2015 at 12:27 pm

    အရီးရယ်

    သိပ်နှိပ်စက်တာပဲ ၊ ဗိုက်ဆာတဲ့အချိန်ကြီး

  • Courage

    June 28, 2015 at 9:02 pm

    စားချင်တယ် ် ် ် ် အဟင့် :'( နေ့တိုင်း ကြက်ဥကြော် ဂေါ်ဖီကြော်နဲ့ နှစ်ပါးသွားနေရလို့ စိတ်ညစ်နေတာကို စိတ်စနုတ်လာဖမ်းနေပါတယ် ဗျို့ ့ ့ ့ ့ ့ ့ ့
    အဲ… ကြက်ကြော်ဆိုမှ သွားသတိရတယ်။ သူများဆီနေတုန်းကတော့ စားစရာမရှိ ကြက်ကြော်ပဲသွားသွားစားနေတဲ့ကောင် အိမ်ပြန်သွားတော့မှ ကိုယ်တွေဆီမှာ တစ်တုံး(set မဟုတ်ဘူးနော် single)ကို ၂၉၀ဝတဲ့။ ဟိုလူကြီးပြောစကားအရဆို ထမင်းတစ်ရက်ခွဲစားတောင် ရှိပါရောလား။ မြတ်ချွဖျားးးးးးး

  • ကိုလတ်ကြီးရေ

    သူ့လုူက သူ့ ဘက်သား ဆိုတာ က အစောကြီးကတည်းက သိထားပြီးလေ။

    အခု တကယ်တမ်းဂရုစိုက်ရမှာက သူ့ လူ က ကိုယ့်ဘက်သားယောင်ဆောင်ပြီး
    အထဲမှာဝင်မွှေသွားမှ
    ပျူုဘုရင်မရဲ့ စည် ကြီး ပျက်သလို ဖြစ်ကျန်ခဲ့မှာ ကို ပိုစိုးပါတယ်

  • Ma Ma

    June 29, 2015 at 2:09 pm

    (အဲ့ ကြက်ကြော်က အနောက်တိုင်းဆီမှာတော့ ဆင်းရဲသားစာပေါ့။
    . မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ကျတော့ လူချမ်းသာ စာ ဖြစ်သွားရော။)
    ဆင်းရဲသားစာကို စားပြီး ကိုယ့်ကိုကိုယ် လူချမ်းသာလို့ ထင်ပြီး သွေးနားထင်ရောက်နေရတာ…စိတ်နာစရာ။
    တော့(စ)က်
    (ခွက်ဒစ်တူ ဂဂ)

  • မြစပဲရိုး

    July 1, 2015 at 3:09 am

    အားပေးသူများ အားလုံး ကျေးဇူးအထူးတင်ပါတယ်။
    အရင်လို တစ်ယောက်ချင်း စာမပြန်နိုင်တာ စောဒီးပါနော်။
    တစ်ခြား အိမ်တွေ လဲ အလည် မဝင်နိုင်တာ လဲ စိတ်မကောင်းပါဘူး။
    ကွကိုယ်ပြောချင်တာ တွေများနေလို့ပါ။ :-)))

Leave a Reply