ပြဿနာတွေ
အရှုပ်အရှင်းတွေ
အာဃာတ တရားတွေ
မာန်မာနတွေ
အတ္တကြီးမှုတွေ
အလျှော့မပေးမှုတွေ
အမြင်မရှင်းမှုတွေ
လူငယ်တွေအတွက် လမ်းစမဖွင့်ပေးခဲ့တာတွေ
အချင်းချင်းတိုက်ခိုက်မှုတွေကြောင့်
ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတဲ့
အို မြန်မာပြည်ရယ်
ခံရခက်လှပါဘိကွယ်
ပြေလည်စ နလံထစ မြန်မာပြည်ရယ်
အရာရာမှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရတယ်
ကျန်းမာကြံ့ခိုင်ပြည့်စုံဖို့အတွက်
ရှေ့သို့ချီတက် ဖြေးဖြေးချင်းလျှောက်လှမ်းပါကွယ်။

မင်းသုတ
10:10 A.M
27.6.2015

About zaw win

zaw win has written 74 post in this Website..