“ရှိစေကောင်း ၏ …….မကောင်း၏”

“ရှိစေကောင်း ၏ …….မကောင်း၏”
တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၆)

မြန်မာပြည်ဘက်က မူဆယ်နဲ့ သူတို့ဘက်က ကျယ်ခေါင် ဆိုတာ ကျောက်လမ်းမလေးတစ်ခုဘဲခြားပါတယ်။
ဒါပေမယ့်သူတို့ဘက်ကစိမ်းစိမ်းစိုစို။
ကျနော်တို့ဘက်မှာခြောက်ခြောက်သွေ့သွေ့။
သူတို့ဘက်မှာ တိုက်တာအဆောက်အဦတွေကအထပ်အမြင့်။
အဆောက်အဦတွေကြားမှာသစ်ပင်တွေစိုက်ထားတာ စိမ်းစိ်မ်းစိုစို။
ကျနော်တို့ဘက်ခြမ်းမှာတော့ တောင်ကုန်းတွေပေါ်မှာခရုခွေ
သလို အိမ်တွေပါတ်ဆောက်ထားတာကျပ်ကျပ်ညပ်ညပ်။
နေရာတိုင်းမှာအိမ်တွေအပြည့် သစ်ကြီးဝါးကြီးဆိုတာမရှိသလောက်။

1 ကျနော်တို့ဘက်မှာသစ်ပင်ဝါးပင်မရှိ ိအိမ်အပြည့်
1 ကျနော်တို့ဘက်မှာသစ်ပင်ဝါးပင်မရှိ ိအိမ်အပြည့်

သူတို့ဘက်မှာတော့လမ်းတွေလမ်းတွေရဲ့ဘေးဘယ်ညာမှာ သစ်ပင်တွေအပြည့်။
သူတို့အိ်မ်တွေခြံဝင်းတွေထဲမှာ သီးပင်စားပင်လေးတွေရသလောက်စိုက်ကြပါတယ်။
အဲတော့ သူတို့ဘက်က ရာသီဥတုမှန် မိုးလေဝသမှန်လို့အေးအေးချမ်းချမ်းပါဘဲ။

2အိမ်ဝင်းခြံထဲမှာ စားပင်စိုက်
2အိမ်ဝင်းခြံထဲမှာ စားပင်စိုက်

ကျနော်တရုတ်စာ မတတ်လို့လားတော့ မသိဘူး။
သူတို့ဘက်မှာ
“ သစ်တစ်ပင်ခုတ် အချုပ်သုံးလ”တို့
“သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး”တို့ဘာတို့ရေးထားတဲ့ဆိုင်းဘုတ်မတွေ့မိပါဘူး။
ဒါပေမယ့် သူတို့ ဘက်က သစ်ပင်ကို ဂရုစိုက်ကြပါတယ်။
ကျနော်၂၀၁ဝခုနှစ် ပထမဆုံးအကြိမ်ရောက်တော့
သစ်ပင်တွေကို သူတို့ အပင်လိုက်နူတ်ပြီး လမ်းဘေးတွေမှာစိုက်ကြပါတယ်။
အများအားဖြင့်ပိန္နဲပင်တွေပါ။

4အသီးသီးနေတဲ့ပိန္နဲပင်
3 အသီးသီးနေတဲ့ပိန္နဲပင်

လူတစ်ရပ်ကျော်တဲ့အပင်ကြီးတွေပါ။
အခုချိန်မှာတော့ လမ်းဘေးမှာစိုက်ထားတဲ့အပင်တွေက အသီးသီးနေပါပြီ။
စ တင်စိုက်ကာစက အရိုးပြိုင်းပြိုင်းအပင်တွေက အခုချိန်မှာစိမ်းစိုလန်းဆန်းလို့
နေပါပြီ.။

4  2010 အရိုင်းပြိုင်းပြိုင်း
4 2010 အရိုင်းပြိုင်းပြိုင်း
52015မှာစိန်းလန်းနေတဲ့ ဒီနေရာ
5  2015မှာစိန်းလန်းနေတဲ့ ဒီနေရာ

လွန်ခဲ့သော ငါးနှစ်ဒီလိုဇွန်လမှာကျနော်ရောက်ခဲ့စဉ်ကအပင်နဲ့
အခုအပင်အများကြီးကွာခြားလို့သွားပါပြီ။

6 ကျနော်တို့ရဲ့တောင်ကတုံး
6 ကျနော်တို့ရဲ့တောင်ကတုံး

သစ်ပင်မရှိမှတော့ရာသီဥတုလဲမမှန်နိုင်တာအသေအချာပါဘဲ။
အဲတော့
…………………………………………………………….
…………………………………………………………….

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
27-6-2015

4 comments

  • မြစပဲရိုး

    June 28, 2015 at 1:19 pm

    တရုတ်အစိုးရ က ဘယ်လောက် အာဏာရှင်လို့ ပြောပြော ဦးဏှောက်ရှိတယ်။
    တိုင်းပြည် ကို ကမ္ဘာ့ ရှေ့တန်းရောက်အောင် တွန်းပို့နိုင်တယ်။
    . ရွှေပြည်က ရွှေအာဏာရှင်တွေ ကတော့ သူတို့ စားဖို့ ကလွဲ လို့ ကျန်တာ ခေါင်းထဲ ဘာဆိုဘာမှ မရှိ။

    အသီးစားအပင် တွေထဲ ့ပိန္နဲပင် ကို အကြိုက်ဆုံးပါ။
    အရွက်နု၊ အသီးနု လေးတွေ ကို တို့စားရတာ ကြိုက်တယ်။
    အသီး ကို စားတယ်။ အစေ့ ကို ပြုတ်စားတယ်၊ ဖုတ်စားတယ်။
    အပင် က အရိပ်ရတယ်။

  • တစ်ယောက်ကတော့ ပြောသွားတယ် တရုပ်ပြည်မှာအပင်က အသီးကိုခူးရင်ဒဏ်ငွေ 500လို့ရေးထားတယ်တဲ့

  • Alinsett @ Maung Thura

    June 30, 2015 at 10:23 am

    .ရိုးမတောကြီးတွေ .. သစ်တောကြီးတွေကို မရောက်ဖြစ်တာကြာလို့…အခု တောင်ကတုံးတွေ ဘယ်လောက် ပြောင်နေပြီလဲ..မသိတော့ဘူး..
    .အတော်လေးတော့ ပြောင်သလင်းခါနေလောက်ပြီ ထင့်….
    လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငွေဆောင်တို့ ချောင်းသာတို့ အသွားမှာတောင်…လမ်းတလျှောက် မြင်ရတဲ့
    .တောတောင်တွေဟာ…ပြောင်သခင်းခါနေတာ တွေ့ခဲ့ရ….
    .ကြာလေ…. ပြောင်လေ…
    .ပြောင်တဲ့သူ အုပ်ချုပ်လေတော့…. အသွင်တူ ..ပြောင်ကုန်တာ ထင့်…

Leave a Reply