နားဦးတည့်ရာ နှစ်ဆယ့်ကိုး – Air Supply (Making Love Out Of Nothing At All)

မြစပဲရိုးJune 28, 20153min16510

ဒီသီချင်း သိကြလား။
Air Supply ရဲ့ သီချင်းတွေ ကို လဲ ၁၉၉ဝ ဝန်းကျင် မြန်မာပြည်မှာ အတော်လေး ကော်ပီ လုပ်ခဲ့ပါတယ်။

. ကော်ပီ ကို အေးချမ်းမေ ဆိုခဲ့တာ။
. အေးချမ်းမေ တင်မက သေး လီယို ဆိုတဲ့ မောင်နှမလေးတွေ ဖွဲ့ထားတဲ့ အဖွဲ့လေးလဲ ဒီ ကော်ပီ ကို ဆိုဘူးတယ်လို့ ထင်မိတယ်။
ကိုယ်တွေ ဖလမ်း ဖလမ်း ထ နိုင်နေတဲ့ ကာလပိုင်း အချိန်မှာ မို့ အမှတ်တရ လေး တွေလဲ အများကြီး နဲ့။

ဒီသီချင်း နာမည် ကို စကြားလိုက်တုန်းက making love  ဆိုတာ အာဝါဟဝိဝါဟ ကိစ္စ လို့ဘဲ မှတ်ပြီး “အပြာရောင် လွှမ်းတဲ့ သီချင်း ကြီး လားမသိ” လို့ တွေးမိခဲ့တာ။
သီချင်းစာသား တွေ ကို အသေအချာ နားထောင်လဲ ပြီးရော ကြိုက်သလားမမေးနဲ့။ အကြိမ်ကြိမ် အဖန်ဖန် နားထောင်လို့ မငြီး နားထောင်ခဲ့တဲ့ သီချင်းပေါ့။
ညစ်ညမ်း တဲ့ အကြောင်းမဟုတ်တဲ့ အချစ်အကြောင်း ကို လှလှလေး ဖွဲ့ထားခဲ့တာ။

တကယ်တော့ “make something out of nothing” ဆိုတာ
“to create something of value from nearly worthless parts”
တန်ဖိုးမဲ့ တာလေး ကနေ တန်ဖိုးရှိအောင် ဖန်တီး လိုက်နိုင်ခဲ့ တာ လို့ ပြောနိုင်မလားဘဲ။

ကိုယ့်ဟာကို အထင်တကြီး ရှိလွန်းပြီး အချစ်ကို တန်ဖိုးမထား ပေါ့ပေါ့ဆဆ အလေးအနက်မရှိတဲ့ တစ်ယောက် အကြောင်း။
လှည့်ဖျားမှုတွေ အကြောင်း အရာရာကို သိလွန်းနေသူဟာ သူ မသိလိုက်ဘဲ သူ့ကို ဖမ်းစားသွား ခဲ့ အချစ် အကြောင်း။
အချစ်ကို ပစ်ထားခဲ့ဖို့ ကြိုးစားရင်း ဘယ်လို ပစ်ခဲ့ လိုက်ရမယ် ဆိုတာ မသိလိုက် တဲ့ အကြောင်း။

ခံစားဖူးရင်သိကြမှာပါ လို့စ်။
.  နောက်ဆုံးမှာ အချစ်အတွက် အညံ့ခံလိုက်ရတာကို မကြိုက်ပေမဲ့ တစ်ခါတစ်လေ လဲ အညံ့ခံပျော်ပါတယ်လေ။
ကိုယ့်ကို တကယ် အစစ်အမှန် ချစ်တဲ့ သူ ဆီမှာပေါ့။ 😉

Air Supply – “Making Love Out Of Nothing At All”

I know just how to whisper,
and I know just how to cry;
I know just where to find the answers;
and I know just how to lie.
I know just how to fake it,
and I know just how to scheme;
I know just when to face the truth,
and then I know just when to dream.
And I know just where to touch you,
and I know just what to prove;
I know when to pull you closer,
and I know when to let you loose.
And I know the night is fading,
and I know that time’s gonna fly;
and I’m never gonna tell you everything
I’ve got to tell you,
but I know I’ve got to give it a try.
And I know the roads to riches,
and I know the ways to fame;
I know all the rules
and then I know how to break ’em
and I always know the name of the game.

But I don’t know how to leave you,
and I’ll never let you fall;
and I don’t know how you do it,
making love out of nothing at all

(Making love)
out of nothing at all,

Every time I see you all the rays of the sun
are streaming through the waves in your hair;
and every star in the sky is taking aim
at your eyes like a spotlight,
The beating of my heart is a drum, and it’s lost
and it’s looking for a rhythm like you.
You can take the darkness from the pit of the night
and turn into a beacon burning endlessly bright.
I’ve got to follow it, ’cause everything I know, well it’s nothing till I give it to you.

I can make the run or stumble,
I can make the final block;
And I can make every tackle, at the sound of the whistle,
I can make all the stadiums rock.
I can make tonight forever,
Or I can make it disappear by the dawn;
And I can make you every promise that has ever been made,
And I can make all your demons be gone.

But I’m never gonna make it without you,
Do you really want to see me crawl?
And I’m never gonna make it like you do,
Making love out of nothing at all.

(Making love)
out of nothing at all

10 comments

  • မြစပဲရိုး

    June 28, 2015 at 1:50 pm

    I know when to pull you closer, and I know when to let you loose.
    I know all the rules and then I know how to break ’em
    and I always know the name of the game.

    But I don’t know how to leave you,
    and I’ll never let you fall;
    and I don’t know how you do it,
    making love out of nothing at all

    Air Supply – “Making Love Out Of Nothing At All”

    https://www.youtube.com/watch?v=qEd6QUbK2Mw

  • ဇီဇီခင်ဇော်

    June 28, 2015 at 6:13 pm

    အင်မတန် လိုက်ဆိုရခက်တဲ့ သီချင်းးး
    မြန်မာလို အေးချမ်းမေ ဆိုပြီး သူ့အသံက သာသာယာယာမို့ ကြိုက်တယ်။
    ဇမ်နူးဆိုတာ ပိုကြိုက်တယ်။
    ဖြူဖြူ ဆို တာ ပိုလွန်းသော်လည်း အပြည့်အဝ ရှိတယ်။ ကြိုက်တယ်။

  • Courage

    June 28, 2015 at 6:58 pm

    “ခေါက်ဆွဲပြုတ်လို့မရတော့ဘူး မီးပျက်သွား” ဆိုပြီး ကျောင်းတုန်းက ဆိုခဲ့ဖူးရဲ့။ 🙂 အဲ့တုန်းကတော့ ဖြူဖြူကျော်သိန်းအလှည့်ဖြစ်သွားပြီပေါ့။
    ငယ်ငယ်က အေးချမ်းမေဆိုတာကိုလဲ ကောင်းကောင်းကြားဖူးတယ်။ အဒေါ်က အေးချမ်းမေ ပရိသတ်လေ။ အခုထိ သူ့အသံ မှတ်မိနေတုန်းပဲ။

  • ဂျက်စပဲရိုး

    June 29, 2015 at 9:49 am

    အရမ်း ကြိုက်တဲ့ သီချင်း
    စာသားရော သံစဉ်ရော အကုန် ကြိုက်
    ငယ်ငယ်တုန်းက အဲ့ဒီ သီချင်း စာသား ကို အစ အဆုံး မှတ်မိနေပြီး
    အသံကွဲ ကြီး နဲ့ အော် အော် ဆိုဖူးသေး (အမေ တို့ သနား ပါတယ် အဲ့ဒီ ဒဏ်တွေ ခံခဲ့ရရှာတာ)
    Air Supply ထဲက ဒီ သီချင်း ရယ် goodbye ရယ် အကြိုက်ဆုံး။
    အေးချမ်းမေ ဆိုတာကိုတော့ မသိဘူး သူ့သီချင်းဆို တစ်စစီ ကျိုးပဲ့နေပြီ ပဲ မှီလိုက်တာ ဆိုတော့ း)
    ဖယူဖယူ ဆိုတာလဲ ကြိုက်တယ်
    သို့ငြားလဲ ပုဂ်ဂိုလ် စွဲ ကြီးနေလို့လား မသိ
    Air Supply သီချင်းကြီးပါကွာ ဆိုပြီး စိတ်ထဲမှာ
    Celine Dion သီချင်းတွေ ပြန်ဆိုတော့လဲ အဲ့လိုပဲ

  • ဦးကျောက်ခဲ

    June 29, 2015 at 10:24 am

    နောက်ပေါက်တွေတော့မသိဘူး အေးချမ်းမေဆိုတာပဲသိတယ်…
    ဒါပေမည့်အဲသည့်အချိန် ဗဒင် ၊ လေးဖြူ နဲ့ ဆေးဆိုးပန်းရိုက်မျက်နှာက အရမ်းပေါက်နေတော့…
    အေးချမ်းမေသီချင်းလည်း နောက်ပိုင်း နားမတိုးတော့ဘူး အရီးရဲ့….
    :k:

  • တောင်ပေါ်သား

    June 29, 2015 at 3:34 pm

    ( နောက်ဆုံးမှာ အချစ်အတွက် အညံ့ခံလိုက်ရတာကို မကြိုက်ပေမဲ့ တစ်ခါတစ်လေ လဲ အညံ့ခံပျော်ပါတယ်လေ။
    ကိုယ့်ကို တကယ် အစစ်အမှန် ချစ်တဲ့ သူ ဆီမှာပေါ့။ )

    အရီးစာသားက မိုက်သဗျာ 🙂

  • Alinsett @ Maung Thura

    June 30, 2015 at 9:53 am

    .ဖြူဖြူဆိုတာကို ပိုကြိုက်မိတာာာ
    .ဖြူဖြူက သီချင်းဆိုရင် ခံစားချက်အပြည့်နဲ့ ထည့်ဆိုတာာာာ
    ပါးစပ်ဖျားက ထွက်လာတဲ့အသံမဟုတ်
    ရင်ထဲက ထွက်လာတဲ့အသံနဲ့. . .

  • Mike

    June 30, 2015 at 2:27 pm

    .ဗ ျိတိသှ ျသီချင်းတော့ခုမှကြားဖူးဒယ်…ဘိရုမာသီခ ျင်းကတော့လူတိုင်းပါးစပ်ဖ ျားဆိုတော့သိပါ့

Leave a Reply