. မြ ရဲ့ သင်ပုန်း ၂၈ – ၆ – ၂၀၁၅

မြစပဲရိုးJune 28, 20151min19712

. မြ တစ်ယောက် စဉ်းစား နေမိသည်။
မနေ့က ချစ်သော ပါပါး နဲ့ ဖုန်းပြောအပြီး ဖြစ်သည်။
တစ်အိမ်လုံး မဲပေးရန် စာရင်း တွင်မပါဟုပြောသည်။
. မောင် ဖြစ်သူ Ex- လူ့ဘောင်သစ် ကြီး သွားကြည့် သောကြောင့် ဖြစ်သည်။
. ကွန်ပလိန့် လုပ်သော အခါ မဲ ပေးချိန် ရုံ တွင်သာလာပေးပါ အဆင်ပြေအောင် လုပ်ပေးပါ့မယ် လို့ ပြန်ပြောသည် ဆို၏။
မဲ စာရင်း တရားဝင် မပေါက်ဘဲ ဤသို့ လုပ်၍ ရသည်လော။
စဉ်းစားရင်း တွေးရင်း မေးခွန်းများ မဆုံးတော့။
အဖေ ကတော့ မှတ်ချက်ပေးသည်။
မဲ ပေးရန် သိပ်ပြီး မသေချာသည့် အဖိုးကြီး အဖွားကြီး များဘဲ ရှိနေသည့် သဘောမို့ ဒီလို လုပ်သည် ထင်၏ တဲ့။
. ယောက္ခမကြီး ကို သူ့သား က မေးပြန်သည်။
. ငါတို့ နိုင်ငံရေး ဂရုမစိုက်ဟု ဆိုသည်။
. ငါ့မိသားစု ငါ့ သား၊ သမီး မိသားစု တွေ အေးအေးနေရ တော်ပြီ ဟု ဆိုသည်။
ဘယ်လို မှ မနေနိုင်လို့ “ဒါကြောင့် အမေ့သား သမီး တွေ နဲ့ မြေး တွေ အပြင်မှာ ရောက်ပြီး အမေ နဲ့ ကွဲ နေတာ လေ အမေရဲ့” လို့ ဝင်ပြောသည်။
ဒါကို အနားက နေ ပါးစပ် အတင်းပိတ်၍ ဝူးဝူးဝါးဝါး ဖြစ်သွားသည်။
ဟိုဘက်က ကြားလိုက်ပုံမရ။
အမျိုး ခရို မနီ တနီများ စီးပွါးရေး နဲနဲကောင်း ပြီး နေနိုင် စားနိုင် ရှိရုံ ဖြင့် ဘဝ ကြီး ပြည့်စုံ နေပြီ မှတ်နေသည်။
. မြန်မာပြည် ထဲ ဒီလိုမျိုး စိတ်ဓာတ် ရှိသူ % ဘယ်လောက် ရှိနေသည် မသိ။
လူတန်းစား အရမ်းကွာ သထက် ကွာလာချိန် ကိုယ့်ချမ်းသာမှု ကို ထိပါးလာမည့် ဆင်းရဲသား များ ကို ကြောက်နေရမည့် နေ့ ရောက်လာနိုင်သည် ဟု မတွေး ၊
ကိုယ့်ဘဝ ရပ်တည်မှု အတွက် ဆက်ကြေးအမြဲ ဆက်နေရမည့် အခြေ ပိုပြီး ဆိုးလာမည် ကို မမှန်းကြ။
ဥပဒေ ကောင်းကောင်း မရှိသမျှ ဘာကိုမှ စိတ်အေး လက်အေး နေမရ လို့လဲ သဘောနိုင်ခြင်းမရှိ။
အဘ တို့ ကိုလဲ မကြိုက်တဲ့ သူများဟာလဲ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ခိုင်းဖို့ စိတ်ကူးမရ။
. မြ တစ်ယောက် ခေါင်း တစ်ခါခါ ဘဲ လုပ်နေနိုင်တော့သည်။
“ကိုယ်နှင့်ထိုက်တန်သော အစိုးရ ကိုသာ ရမည်” ဆိုသောစကား ကို မကြားလို ၍ ဖြစ်၏။

DSCF1299
ချယ်ရီပင်
DSCF1292
ချယ်ရီသီး

အသီးကောင်းကောင်း သီး ပေးနိုင်သည့် အပင်ရှိမှ အသီးကောင်းကောင်း စားနိုင်မည်။

 

12 comments

  • ဇီဇီခင်ဇော်

    June 28, 2015 at 5:48 pm

    သူများမပြောနဲ့ ကိုယ့်အမျိုးတွေ ကိုယ် ပြောရတာကို အာပေါက်ပါတယ်ဆို။
    နာ တို့ က နားမလည်ဘူး ဆိုတာ ပါ သေးးး
    ဟောဟဲ။

    ချယ်ရီသီးကို မကြိုက်ဘူး။ အနံ့ကို မကြိုက်တာ။
    မန်းလေးမှာတော့ ရေခဲမုန့်တို့ ကိတ်တို့ပေါ် တင်ပေးတာ ချစ်သူများနေ့စပယ်ရှယ်မှ။
    ချစ်သူသီးလို့ ခေါ်ကြတယ်

    ဟိ

    • မြစပဲရိုး

      June 28, 2015 at 5:58 pm

      . မြ တစ်ယောက် ခေါင်း တစ်ခါခါ ဘဲ လုပ်နေနိုင်တော့သည်။
      “ကိုယ်နှင့်ထိုက်တန်သော အစိုးရ ကိုသာ ရမည်” ဆိုသောစကား ကို မကြားလို ၍ ဖြစ်၏။
      lol:-)))

      . ကျေးဇူးဇီကလေး ရေ့။
      အရီးလဲ အဲဂလို ဇီးသီး အနွယ်ဝင် တွေ ကို ကြိုက်ဘူး။
      အသီး တွေ ကို သိပ်မကြိုက်တတ်တာ။

      “Cherry on top” ဆိုတာက “Something good that follows a series of other fortunate events” ဆိုလို့ တင်တင်ပေးကြတာ ထင်ရဲ့။ :-))

  • ဦးကျောက်ခဲ

    June 29, 2015 at 10:41 am

    ကိုယ့်အကြောင်းနဲ့ကိုယ်မို့ အသဲကြားက မဲတစ်ပြားအကြောင်းကို သိပ်မပြောဖြစ်…
    ဒါပေသည့် စိတ်ချရတာတော့ ကျောက်စ်မေမေနဲ့ နှမတွေက ဒီချုပ်ပဲမဲပေးကြမှာ…
    နာဂစ်ဥပဒေကို အသေအခြာကန့်ကွက်တာတောင် အလိမ်ဇယားက ဖြစ်သေးတာမို့… အင်းးးး
    စကားအတင်းစပ်ရရင်… အရီးတူမက ချယ်ရီသီး အတော်ကြိုက်သဗျား…

    • kai

      September 18, 2015 at 8:19 am

      အသဲကြားက မဲတပြား… ဆိုတာမှာ.. အသဲဆိုတာ.. Liver ကိုယ်စားပြုလား.. Heart ကို ကိုယ်စားပြုလား သိချင်လို့ပါ။

  • padonmar

    June 29, 2015 at 8:25 pm

    ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့ တပည့် ဦးသုနန္ဒ FB မှာ ရေးထားတဲ့ စာပါ။
    Su Da added 2 new photos.
    1 hr · Edited ·

    ခုလောက်ဆို နားလည်ပါပြီ
    ***************
    ဒကာမကြီး အကျယ်ချုပ်က လွတ်ပြီး ဒုတိယနေ့မှာ ကျေးဇူးရှင် ပဏ္ဍိတာရာမဆရာတော်ကြီးကို လာရောက်ကန်တော့ပါတယ်။ ဆရာတော်ကြီး အမိန့်ရှိသည်က ဘာလုပ်လုပ် အဓိက,ကတော့ သတိတရားနဲ့ နေသွားဖို့ပါပဲ။

    ပြီးတော့ လောကမှာ ဘယ်နေရာ ဘယ်လိုပဲနေရ,နေရ၊ နေတတ်,ထိုင်တတ်,သွားတတ်, စားတတ်ပြီးလားလို့ ဆရာတော်ကြီးက မေးပါသည်။

    ဒီတော့ ဒကာမကြီးက ဘုရားတပည့်တော်မက ပုံမှန်တရားရှုမှတ်ပါသည်ဘုရားဟု လျှောက်ထားလေသည်။ အင်း ကောင်းတယ်ဟု ဆရာတော်ကြီးက မှတ်ချက်ပေးသည်။

    စကားပြောရင်းပဲ ခေတ်မှီလာသည့်အကြောင်း ရောက်သွားသည်။ လွတ်လျှင်လွတ်ချင်းပဲ သူမ၏ခြံတံခါးပေါက်ဝသို့ ထွက်ခါ ပြည်သူများနဲ့ စကားပြောကြောင်း၊ အဖွဲ့ချုပ်မှာလည်း တွေ့ဆုံကြောင်း လျှောက်ထားပါသည်။ တွေ့ဆုံနေခိုက် ပရိသတ်ထဲမှ လူတချို့က ဓာတ်ပုံရိုက်ကြကြောင်း အဲဒီ ဓာတ်ပုံရိုက်သည့် ပစ္စည်းမျိုး မတွေ့ဖူးဘူးဟု လျှောက်လေသည်။

    သူ့ အဖွဲ့ကို မေးကြည့်တော့ လက်ကိုင်ဖုန်းဆိုတာ သိရပါသည်ဘုရားတဲ့။ ဒါပေမဲ့ တပည့်တော်မ မကိုင်တတ်ဘူးဘုရားလို့ လျှောက်ထားလေသည်။

    ဒီတော့ မိမိလည်း စဉ်းစားမိသည်။ ဒီလို ခေတ်မှီပစ္စည်းလေးတောင် မကိုင်တတ်သေးဘူးဆိုတော့ ဒီဒကာမကြီး တော်တော်လေး ပြည်သူတွေကို ချစ်ရှာတာပဲ။

    ဘာဖြစ်လို့လဲဆိုတော့ ဒီလို ပစ္စည်းတွေဆိုတာက တခြားနိုင်ငံတွေမှာ ကလေးက အစ လူကြီးအဆုံး ကိုင်တွယ်သုံးစွဲနေကြပြီ။ ရိုးလည်းရိုးအီနေကြပါပြီ။

    သို့သော် ဒကာမကြီးကတော့ ဝမ်းသာနေရှာသည်။ မြန်မာပြည်ကြီး တိုးတတ်လာနေပြီဘုရားတဲ့။ လူတိုင်းကိုယ်စီ အဲဒီပစ္စည်းလေးတွေနဲ့ဆိုတော့ မြင်ရတာ ပျော်ပါတယ်ဟု လျှောက်ထားသွားလေသည်။

    တပည့်တော်မလည်း လေ့လာပြီး ပိုမိုကောင်းအောင် လုပ်ပေးဖို့ စိတ်ဆန္ဒရှိပါသည်ဟုလည်း လျှောက်သွားသည်။

    အခုလောက်ဆိုရင် မြန်မာပြည်အတွက် ဘာတွေလုပ်ပေးရမည်ဆိုတာ ဒကာမကြီး ကောင်းကောင်းကြီး နားလည်နေရော့ပေါ့။

    သူမသာ ခေါင်းဆောင်ဖြစ်ခဲ့မည်ဆိုလျှင် ဘယ်လောက်ထိများ လုပ်ပေးလိမ့်မလဲပေါ့။ စဉ်းစားမိတာလေးပါ။

    သို့သော် ——–

    Su Da ( မြစ်သား)

  • padonmar

    June 29, 2015 at 8:27 pm

    Su Da added 5 new photos.

    အကြွေးတောင်းသော ဒကာမကြီး
    ******************
    ကုသိုလ်ပြုတယ်ဆိုတာ အချိန်ရာသီနဲ့ လိုက်ပြီးလည်း ပြုတတ်ရတယ်။ ဒါမှ ကာလဒါန ဖြစ်တော့မပေါ့။ ကုသိုလ်ပြုသည့်နေ့တိုင်း မိမိ လိုက်ပါသွားခဲ့ဖူးသည်။ ဒကာမကြီးကား သံဃာတော်များကို ခုတုန်းလုပ်၍ နိုင်ငံရေးအကြောင်း မပြော။
    သူမ လျှောက်ထားသည်က ဆရာတော်ဘုရားကြီးထံမှ တပည့်တော် အကြွေးရစရာ ရှိပါသည်ဘုရားတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ဘာတုန်း သမီးရဲ့ဟု မေးတော်မူသည်။ တို့တော့ ဘာမှ ပေးရန်မရှိပါဘူးဟု ခက်ပြုံးပြုံးလေး မိန့်လေသည်။
    အရင်တစ်ခေါက်က အခွင့်ကြုံရင် အင်္ဂုလိမာလအကြောင်း ဟောပြောပေးမယ်လို့ မိန့်ထားတာ။ ခုထိ မဟောရသေးဘူးလေဘုရား။ အဲဒါ အကြွေးပေါ့။ တပည့်တော် နာယူချင်ပါသည်ဘုရားတဲ့။

    အော် မြတ်ဗုဒ္ဓ၏တရားတော်ကို တကယ်မြတ်နိုးတာပါလား။

    အော် ဒီက သမီးကို စိတ်ပူလို့ပါ။ ဒေါသအမျက်တွေ ထားပြီး သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်တွေ မလုပ်ရအောင် မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော် ကြီးမားပုံလေးတွေ ပြောပြဖို့ ရည်မှန်းထားတာပါ။
    အကျယ်ချုပ်က လွတ်ပြီးနောက်ရက်မှာ ဦးဇင်းတို့ ရိပ်သာသို့ ဒကာမကြီး တိုက်ရိုက်ရောက်လာပါသည်။ အစိုးရခေါင်းဆောင်ပိုင်းအပေါ်မှာ အမျက်ဒေါသ မထားဘဲ မိမိလုပ်စရာ ရှိသည်များကိုသာ သတိထား ပြုလုပ်သွားဖို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူခဲ့သည်။
    အကျယ်ချုပ်အတွင်းကာလတုန်းကလည်း သတိပဋ္ဌာန်ဘာဝနာတရားရှုမှတ်ပွားများနေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ဒါဆို အားလပ်ရင် တရားလာဝင်ပါဟု မိန့်တော့ မှန်ပါဘုရား ဝန်ခံကတိပြုသွားသည်။
    မကြာလိုက်ပါ။ တရားလာဝင်ပါသည်။ အချိန်မှန် တရားမှတ်ပါသည်။ ညနေတိုင်း ဆရာတော်ကြီးကိုယ်တိုင် တရားဆွေးနွေးသည်။
    ဆရာတော်ကြီးက ရိုးရိုးသားသားနဲ့ မေတ္တာရှေ့ထားပြီး အများအကျိုးပြုဖို့၊ အမျက်ဒေါသမထားဖို့ တိုက်တွန်းခဲ့သည်။ ဒကာမကြီးကလည်း လိုက်နာခဲ့သည်။ အတူလက်တွဲ လုပ်ဆောင်ခဲ့သည်။ ခွင့်လွှတ်သည်းခံခဲ့သည်။
    တစ်ခါက ဒကာမကြီးလျှောက်ထားသည်မှာ သူမနဲ့ အနီးကပ်ထိုင်ရသည့် လွှတ်တော်အမတ်ဆိုသူသည် သူမကို အကျယ်ချုပ်ချခဲ့သည့် သူဖြစ်နေသည်။ သူမက ပျော်ပျော်ပဲ နှုတ်ဆက် ပြောဆိုပါသည်။ ထိုသူကလည်း အစ်မဟု ခေါ်ပြီး စကားပြောဖြစ်ကြသည်ဟု ဆိုသည်။ ဒါကိုပဲ တပည့်တော်မက ဝမ်သာရပါသည်ဘုရားတဲ့။ ကဲဗျာ အတုယူစမ်း။ ခွင့်လွှတ်တတ်လိုက်တာ။
    ဤကဲ့သို့သော ဆရာတော်ကြီးများ၏ အဆုံးမများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသော၊ သူ့အသက်အရွယ်နဲ့သူ ရင့်ကျက်ပြည့်စုံနေသော ဒကာမကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓသာသနာဝင်များကို ရက်ရက်စက်စက် လုပ်မည်ဆိုတာကို တွေးကြည့်တိုင်း မိမိနားမလည် ဖြစ်ရပေသည်။
    ဒါပေမဲ့လည်း ပြောတဲ့သူက ပြောသလို ယုံတဲ့သူကလည်း ယုံနေကြတော့ ဦးဇင်းတို့တစ်တွေ ကမ႓ာ့အလည်မှာ မျက်နှာငယ် အထင်သေးခံကြရအုန်းမယ်ပေါ့လေ။ သိပ်တော့ မထူးပါဘူး။ နှစ် (၆ဝ)ကျော်ကျော် အတွေ့အကြုံ ရှိထားတော့ နည်းနည်းခံသာသေးတာပေါ့။
    ဒကာမကြီးရေ့ ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက်မှာ အဲဒီလို ဝဋ်ကြွေးတွေ မပါလာရအောင်၊ အခုဘဝမှာပဲ ဆင်းရဲတွေ အဆုံးသတ်ဖို့၊ မဟုတ်တရား ပြောဆိုစွပ်စွဲခြင်းဘေးက လွတ်ဖို့၊ ညစ်ပတ်မှုအရှုပ်အထွေးကြားကနေ ဦးဇင်းတို့ ရိပ်သာဆီသို့ ဒုတိယတစ်ခေါက် အပြီးသာ လာရောက်လှည့်ပါ။

    အကျိုးခုနှစ်ပါးနဲ့ပြည့်စုံနေသည့် သတိပဋ္ဌာန်ဘာဝနာတရားကိုသာ အားထုတ်လှည့်ပါတော့။

    ဒါမှလည်း ဘဝအမောတွေ ပြေမည်လေ—–။
    Su Da (မြစ်သား)

  • ကိုလတ်ကြီးရေ

    လက်တွေ့မှာတော့ ဒီမဲပေးဘို့ စိတ်ဝင်စားခြင်း မစားခြင်းက လူနည်းစုဖြစ်နေတာက အမှန်တရားပါ

    ဖဘ ပေါ်မှာ ဘဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်

    အပြင်လောက ကတော့ ထင်သလောက်မဟုတ်တာလဲ အမှန်ပါဘဲ

    ခံရတာ နှစ်တွေကြာ လာတဲ့ လင်ဆိုးဆိုး ရဲ့ မယားလိုဖြစ်နေတာကြာတော့

    အရိုက်အနှက်ခံရတာ အသားကျ နေသလိုပါဘဲ

  • Alinsett @ Maung Thura

    June 30, 2015 at 9:34 am

    အသီးကောင်းကောင်း သီးပေးနိုင်တဲ့ သစ်ပင်
    ဗမာပြည်မှာ ဘယ်နပင်များ ရှိပါလိမ့်
    အဲ အဲ
    အသီး သီးခြင်း မသီးခြင်းကို ဂရုမစိုက်
    ပင်စည် ခုတ်လှဲရောင်းထုတ်ပစ်မယ့် ခုတ်သူတွေကရော
    ဘယ်လောက်များများ ရှိပါလိမ့်
    ပလို့တွေတော့ ဂျိနေတော့တာပါပဲလေ

  • Mike

    June 30, 2015 at 1:23 pm

    .ဒေါ်မြစာကလေးစာဖတ်နေရင်းပင် အိမ်ကမဒမ်မိုက်ထံက ဖုန်းဝင်လာသည်..
    .မဲစါရင်းများဒုတိယအကြိမ်ပြန်ကပ်သဖြင့်သွားကြည့်ခဲ့သည်…အိမ်ကလူတွေအားလုံးစာရင်းပါသည်တဲ့
    .မဒမ်က တော်သည်…မပုတင်နံပါတ်တွေပါစစ်ခဲ့သည်…မှန်သည်တဲ့
    .ပေးအုံးမှာ…ကိုယ်အားကိုးရာကို… :))

  • ဦးကြောင်ကြီး

    September 19, 2015 at 12:42 pm

    အခြေအနေ မကောင်းဗူး…။ မဘသမွှေတာ ဒီခ ျုပ် အီစိမ့်အောင် ခံနေရတယ်။ အားလုံး ဘွားဒေါ်ကို အပ ျစ်တင်ရမည်။ မှားတာနဲ့ မမှန်တာနဲ့ ဟိုဖက်က ဆိုးလွန်းနေလို့သာ ဒီလောက်ခံတာ..။ ဘွားဒေါ်နေလှ ျာ ကိုမိုးတီးသာဖြစ်ကြည့်… ပွဲပြီးနေပီ..။

  • မြစပဲရိုး

    June 30, 2016 at 11:31 pm

    တစ်နှစ် ရှိသွားပြီပေါ့။ အကွေ့တစ်ကွေ့ ကိုလဲ ချိုးခဲ့ပြီ။
    အခုထိ အပြင်လူတွေ မှာ အမုန်းတရား တွေ ဘာလို့ ဒီလောက်ပွါးနေလဲ မစဉ်းစားချင်တော့။
    အထဲ က ခိုး မရ တော့လို့၊ အပြင်က နှိုက်မရတော့လို့ လို့ ပြောရင် ရိုင်းမလားဘဲ။

    • ဦးကြောင်ကြီး

      July 2, 2016 at 8:03 am

      လီဘမေ ျျာ်
      အလိမရှို
      ရယ်ရသနော ်
      ဂလိဖရို
      ပီယခေါ်
      ငါးပိဖို
      ညီမခေါ်
      သတိအပ ျို။။။

Leave a Reply