မန ္တလေးမှာ မကြာသေးမီက Red Cat ဝီစကီ အရောင်းမြှင့်တင်မှု ဖျော်ဖြေပွဲပြုလုပ်ပါတယ်။ ရန်ကုန်က နာမည်ကျော် အမျိုးသား၊အမျိုးသမီး အဆိုတော်တွေ လာရောက်သီဆိုဖျော်ဖြေကြ ရာမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တစ်ဟုန်ထိုး နာမည်ကျော်ကြား လူကြိုက်များလာတဲ့ ဝိုင်းစုခိုင်သိန်းလည်း ပါဝင်ခဲ့ပါတယ်။စင်မြင့်ပေါ်မှာ ဝိုင်းစု ဘယ်လိုဝတ်စားဆင်ယင်ပြီး သီဆို ဖျော်ဖြေခဲ့သလဲဆိုတာ ပရိသတ်ကြီး မြင်တွေ့နိုင်စေဖို့ မျှဝေလိုက်ပါတယ်။အသံအားကောင်း ပြီးသား အဆိုကောင်းပြီးသား ဝိုင်းစုဟာ သူမရဲ့သွယ်လျလျပေါင်တံတွေကို ပြစရာလို လို့လား လို့ တချို့ကဝေဖန်ကြတယ်။တချို့ကတော့ သူမရဲ့ စကပ် ဒီထက်ပိုပြီးတိုမယ် ဆိုရင် ဘာပြောကောင်းမလဲလို့လည်း မချင့်မရဲဖြစ်ခဲ့ကြပါသတဲ့။

About Dave

Dave Avatar has written 73 post in this Website..