မဲတစ်ပြားမဆုံးစေဖို့ … မဲစာရင်း စစ်ကြစို့

ေမာင္ရိုးJune 28, 20151min17310

 

## မဲတစ်ပြားအတွက် မဲစာရင်းစစ်ကြပါ ##

 

မကြာမကြာ အွန်လိုင်းမှာတွေ့နေရတာတော့ မဲစာရင်းထဲနာမည်မပါကြတာကိုပါ ။

ဒါကြောင့်လည်း ဒီကနေ့ ရပ်ကွက်ရုံးမှာ မဲစာရင်းသွားစစ်ခဲ့ပါတယ် ။

 

မူးနောက်နေအောင်ရှာဖွေပြီးချိန်မှာတော့ ကျနော်တို့ မိသားစုတစ်ခုလုံး နာမည်မပါကြပါဘူး ။

မထူးဆန်တဲ့အဖြစ်အပျက်လိုသဘောထားပြီး မဲစာရင်းဝင်အောင်လျှောက်လွှာတင်ဖို့ဘဲပြင်ဆင်ခဲ့ရပါတော့တယ် ။

တကယ်တော့ ကျနော်အခုရွှေ့ပြောင်းနေထိုင်တဲ့ အိမ်နံပါတ်နဲ့လိပ်စာတောင်မှ ထုတ်ပြန်ထားတဲ့စာရင်းမှာမပါဝင်ပါဘုူး ။

 

တမင်တကာ မထည့်ထားတာလား ဒါမှမဟုတ် ရပ်ကွက်ရုံးတွေက သိမ်းဆည်းထားတဲ့ လူဦးရေ အိမ်ထောင်စုစာရင်းတွေအတိုင်းဘဲ လုပ်တာလားဆိုတာကိုတော့ သေသေခြာခြာမသိနိုင်ပါဘူး ။

ကျနော်တို့ရပ်ကွက်အကြောင်းကို အတော်လေးသိထားသူမို့ ကျနော့်စာရင်းမပါတာဟာ သူတို့ဆီက သိမ်းဆည်းထားတဲ့လက်ခံအိမ်ထောင်စုစာရင်းစာရွက်ပျောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ် ။

 

ဘာဘဲဖြစ်ဖြစ် ကျနော်တို့တွေဟာ ကျနော်တို့ရွေးချယ်ပိုင်ခွင့်မဲတစ်ပြားကို အလွယ်တကူမဆုံးရှုံးစေချင်ဘူးဆိုရင် မဲစာရင်းကို စစ်ဆေးသင့်ပါတယ် ။

ကျနော်တို့ဟာ မဲတစ်ပြားအတွက်အနည်းဆုံး ၅ နှစ် ကနေ နှစ်ပေါင်းများစွာအထိ စောင့်မျှော်ခဲ့ရတယ်မဟုတ်လား ။

အခုချိန်မှာ ကိုယ့်ဆန္ဒနဲ့ကိုယ်ရွေးချင်တဲ့ အစိုးရတရပ်အတွက် မဲစာရင်းပါ မပါဟာ တိုင်းပြည်အနာဂါတ်အတွက်သာမက မိမိအတွက်ပါ အရေးပါနေပါပြီ ။

ဒါကြောင် ့ ……… လေးလေးစားစား မေတ္တာရပ်ခံလိုတာကတော့ ………

 

“” ကျေးဇူးပြုပြီး မဲစာရင်းပါမပါ စစ်ဆေးပေးကြပါ “””

 

 

အချိန်မှီပါသေးတယ် ။ တဆက်တည်း NLD က တာဝန်ရှိသူများနဲ့ ပါတီဝင် မောင်မယ်တွေဟာလည်း အသည်းကြားက မဲတစ်ပြားမဆုံးရှုံးစေဖို့မတွက် မဲစာရင်းကူင်္ညီစစ်ဆေးပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ် ။

ကျနော်တို့လို လူတွေတောင်မှအခုမှစစ်ဆေးနိုင်ခဲ့တယ်ဆိုရင် တစ်ချို့လူတွေဟာလည်း စစ်ဆေးဖို့ အခက်အခဲရှိနေပါလိမ့်မယ် ။

သက်ဆိုင်ရာမဲဆန္ဒနယ်မြေက အမတ်လောင်းများကဦးဆောင်ပြီး ပါတီဝင်များအကူအညီနဲ့ ပြည်သူများမဲတစ်ပြားမဆုံးရှုံးစေဖို့ ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်ရင်းးးးး ……………

.

.

.

.

.

ဟုတ်ကဲ့ ……… မဲ ပေးခွင့်လေး မဆုံးရှုံးစေဖို့ အခုဘဲ သွားရောက်စစ်ဆေး ကြပါလို့ ………………

 

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • ဇီဇီခင်ဇော်

    June 29, 2015 at 12:45 am

    ကျေးးကျေးးပါ

  • aye.kk

    June 29, 2015 at 1:35 am

    ကျေးဇူးပါ။။

  • ဝင့်ပြုံးမြင့်

    June 29, 2015 at 9:57 am

    .မျှစ်ကြော်ကတော့ စစ်ပြီးပြီ။ ဒါပေမယ့် နာမည်မှားနေတယ်။ ဒေါ်ဝင့်ဝင့်ပြုံး ဖြစ်နေတယ်။ မွေးသက္ကရာဇ်နဲ့ ဖခင်နာမည် မှန်တယ်။ မှတ်ပုံတင်နံပါတ်လည်း မှန်တယ်။ နာမည်ပဲ မှားနေတာ။ အဲဒါ စိတ်မချလို့ နောက်တစ်ခေါက်သွားဖြေရှင်းကြည့်ရဦးမယ်။

  • ဦးကြောင်ကြီး

    June 29, 2015 at 1:16 pm

    ကြောင် ရေချိုးပေးဖို့ ပါစာမိကို အကြံပုပါဒယ်..

  • Ma Ma

    June 29, 2015 at 1:57 pm

    မဲစာရင်း စစ်ပြီးပါကြောင်းးး
    ပြင်ဆင်ခြင်းဖောင် တင်ပြီးပါကြောင်းးးး 🙂

  • ကျနော်တို့ ဆီက လူတွေက အိမ်ပြောင်းပြီး ရင် အိမ်ထောင်စုဇယားမပြောင်းကြဘူး

    အချိန်ကုန် ပိုက်ဆံ ကုန်မို့ပါ

    အဲလိုမပြောင်းဘဲ ဧည့် စာရင်းတိုင်လိုက် မတိုင်လိုက် လုပ်ပြီး နေကြတာ က သူတို့ အတွက်

    အခွင့် အရေးတစ်ခုပါဘဲ။

    ကျနော်ကတော့ ဘယ်အရပ်ကိုပြောင်းပြောင်း အမြဲနေမယ်ဆို အိမ်ထောင်စုဇယားပါ တစ်ခါထဲပြောင်းတာများတယ်

    ဇာတ်မရှုပ်ချင်လို့

  • Alinsett @ Maung Thura

    June 30, 2015 at 10:09 am

    မဲတစ်ပြား… ဖြူသလား မဲသလားတောင် မသိတဲ့… တပ်မြေမှာ နေပါသီ…

  • Mike

    June 30, 2015 at 1:46 pm

    .စောစောကပင်အိမ်ကမဒမ်မိုက်ထံက ဖုန်းဝင်လာသည်..
    .မဲစါရင်းများဒုတိယအကြိမ်ပြန်ကပ်သဖြင့်သွားကြည့်ခဲ့သည်…အိမ်ကလူတွေအားလုံးစာရင်းပါသည်တဲ့
    .ယောက်ခမကြီးတစ်ယောက်သာပါမလာ..သူကလည်းက ျန်းမာရေးမကောင်းသဖြင့် ပါအောင်မလုပ်တော့တဲ့
    .မဒမ်က တော်သည်…မပုတင်နံပါတ်တွေပါစစ်ခဲ့သည်…မှန်သည်တဲ့
    .ပေးအုံးမှာ…ကိုယ်အားကိုးရာကို… ကေ ျးဇူးပါကိုရင်ဆာ :))

  • မြစပဲရိုး

    July 3, 2015 at 2:23 am

    စစ်ပြီးပြီ။
    တစ်အိမ်လုံး ဘူမှ ပါဝူးတဲ့။

  • kai

    July 3, 2015 at 2:51 am

    အဲလိုအခြေအနေကြီးမှာ.. .. ရှစ်ပြူးတွေကတမှောင့်…။
    ဟိုတခေါက်ကလို.. Vote No.. No Vote တွေနဲ့လုပ်.. မဲတွေပြန့်ကားမှောက်မှားအောင်ကူပေးကြဦးမယ်..။
    တကယ်တော့….
    ပြည်ခိုင်ဖြိုးက.. ရွှေတံဆိပ်ဆုချသင့်တဲ့သူ.. ဒီချုပ်ထဲမှာရှိခဲ့တယ်ဗျ…။
    သူ့ကြောင့်.. ဒီချုပ်က.. ၂၀၁ဝ ရွေးကောက်ပွဲမဝင်.. ပြည်ခိုင်ဖြိုး မဲတွေခုံတွေ.. အကုန်လိုလိုသုတ်သွားနိုင်တာလေ..။
    အဲဒီအမှား.. အခုထိ.. ဖြည်လို့မရသေး…

    ဒီတခေါက်ပွဲဟာ..မဲရွေး/ပေးတာနဲ့အတူ.. ခြေဥပြင်ဆင်ချက်အတွက်. မဲပေးတာပါ.. တွဲပါလာမှာမို့.. အင်မတန်အရေးကြီးပါ်တယ်..

    ဆိုတော့…
    ယူအက်စ်မှာ.. သမ္မတရွေးပွဲ.. လွှတ်တော်အမတ်ရွေးပွဲတွေများ.. မဲပေးသူသန်းဂဏန်းမှာ.. ရာဂဏန်းနဲ့.. ကပ်ရှုံးသူတွေအများင်္ကြီး …အမြဲရှိတယ်..
    အဲဒီအချိန်ရောက်မှ.. ဘာမှလုပ်မရ..။
    ကြိုလုပ်ကြစေလို…။

Leave a Reply