ညမင်းသားနှင့် အတုမမများ

alinsettJune 29, 20154min48332

ညမင်းသား-ကျနော်နှင့် အတုမမများ
———

ဒီကာလထဲ. . .ကျနော်ဟာ
ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။
Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။)

ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။

တချို့ အဖြစ်တွေက ရီချင်စရာ။
တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။
တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။

အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။

ပထမဆုံး အနေနဲ့. . .
(ညဘက် မောင်းတဲ့ ) Taxi သမား အတော်များများ ကြုံဖူးမယ်လို့ ထင်ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။

လက်တလောမှာ ကျနော်ကိုယ်တိုင် ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခု ဆိုပါတော့။

=================

ဒါကတော့ ရီရ ခပ်ခက်ခက် အဖြစ်ပါ။

အဲ့ဒီည- – – –
မြန်မာပြည်တွင်းက လူတိုင်းရဲ့နာရီတွေဟာ ည ၁၁ နာရီကို ညွှန်ပြနေပါပြီ။

ရန်ကုန်မြို့လည်က မဟာဗန္ဓုလလမ်းပေါ်မှာလည်း
ညဦးကာလလောက် လူ သိပ် မစည်တော့ပါဘူး။

ကျနော်က မင်္ဂလာဈေးဘက်
ကား ပတ်မောင်းသွားနေချိန်မှာပဲ. . . ”တချွတ်ချွတ်” တရွှတ်ရွှတ် နဲ့ လှမ်းခေါ်လိုက်သံ ကြားလို့ ကားကို ရပ်ပြီး အနောက်ကို ပြန် ကြည့်မိတော့. . .

မိန်းမတွေလို ဝတ်ဆင် ခြယ်သထားတဲ့  အချော်တကောက် ၂ယောက်။  ကျနော့် ကားဆီ အပြေးတပိုင်း လျှောက်လာနေတာပါ။

ကျနော့်စိတ်ထဲ တွေးမိတာက သူတို့ ကျနော့်ကားကို ငှားစီးမှာ မဟုတ်လောက်ဘူး။ ဘာလို့ ဒီလို ကောင်ချက်ချမိသလဲဆိုတော့
မကြာခဏဆိုသလို အဲ့လို အချော်တကောက်မမတွေက Taxi တွေကို တားပြီး ”လမ်းကြုံလေး အလကား ခေါ်သွားပါလား ကိုကို”ဆိုပြီး ပြောတတ်လို့။

အဲ့လို လမ်းကြုံခေါ်တင်ပါလားလို့ နှစ်ခါသုံးခါလောက် တားပြီး အပြောခံရဖူးတယ်။

အများဆုံး အတားခံရတာက ကမ႓ာအေး ဘုရားလမ်းပေါ်က ကန်ဘောင်တဝိုက်မှာ။
အဲ့ မြကျွန်းသာ (ကန်ဘောင်)တလျှောက်မှာ အခုတလော အချော်တကောက်မမတွေမှ အများကြီးပဲ။
အဲ့နားမှာ အချော်တကောက်ရပ်ကွက်များ တည်ထားပြီလားမသိ။
(အဲ့နေရာက ရွာသူ (အဲလေ) ရွာသား အောင်မိုးသူတို့ရပ်ကွက်နဲ့ နီးတယ်ပြောတယ်။)
:kwi:

ကားမောင်းလာရင်း ခပ်လှမ်းလှမ်းကနေ မိန်းကလေးတွေ
ကားတားနေတယ်ထင်ပြီး (မှတ်ချက်- ကားတားသည်ဟု ဆိုရာတွင် ပေါင်ကြီးနှက်ဖက်ကို ကားပြီး တားသည့်ပုံကို မမြင်ယောင်စေလိုပါ။ လမ်းပေါ်က မောင်းလာသော ယာဉ်ကို လမ်းဘေးက ရပ်နေသူက လက်ပြ လှမ်းတားခြင်းအဖြစ်သာ မြင်စေလို) ရပ်မိတဲ့ ကားတိုင်း အနားရောက်မှ မိန်းမလို ဝတ်ထားတဲ့ အချော်တကောက်မမတွေမှန်းသိ၊ အလကား လမ်းကြုံခေါ်တင်ဖို့ အပြောခံရတာ။

ဆိုတော့ အခု ကျနော့်ကို တားလိုက်တဲ့ ၂ယောက်ဟာလည်း ကမ႓ာအေးလမ်းပေါ်ကဟာတွေလိုပဲ နေမယ်လို့ တွေးမိတုန်းမှာပဲ. . .

”ဟဲ့ ကောင်လေး . . .၃ရ လမ်းကို သွားမလို့. . . ဘယ်လောက် ပေးရမလဲ” တဲ့။

တိန်တိန် နှစ်ခါတိန်. . .
မိန်းမအသံနဲ့ မတူ တူအောင် လုပ်ပြောနေတဲ့ ပျစ်ချွဲချွဲ အက်ကွဲကွဲ အသံကြီး။ (ရွာသူ (ဒါလည်း. . . အဲလေ)မာမီမိုးခေါ် မိုးမင်းသား မူးလာရင် ဖြစ်သွားတဲ့အသံအတိုင်း တထေရာထဲဟု မှတ်ပါလေ)

:mrgreenn:

အိုကေ။ ယာဉ်စီးခ ဈေး မေးတယ်ဆိုတော့ . . .အလကား ခေါ်တင်ဖို့ပြောတာတော့ မဟုတ်တော့ဘူး။

”၃ရ လမ်းကို ၁၅၀၀”  လို့
ကျနော်က ပြောတော့ ၁၀၀ဝ ထားဖို့ ဆစ်တယ်။
အင်းပေါ့ဗျာ အဲပေါ့ဗျာ. . . ၁၀၀ဝ ဆိုလည်း ရသားပဲပေါ့ဗျာ. . .
သိပ်မှ မဝေးပဲပေါ့ဗျာ။
အခုကားရပ် နေတာကကိုပဲ
လမ်း ၂ဝ နားမှာ။
ဆိုတော့ . . .ရှေ့ဆက် ၅မိနစ်လောက် မောင်းရုံဆို ရောက်ပြီဆိုတော့. . .ပေါ့ဗျာ. . . .  အိုကေပေါ့ဗျာ. . . ၁၀၀ဝ နဲ့ လိုက်ပို့ပါ့မယ်လို့ သဘောတူမိတယ်ပေါ့ဗျာာာာာာာာာာ

================

သူတို့ ၂ယောက် ကားပေါ်တက်ထိုင်ကတည်းက မိတ်ကပ်နံ့တွေလားမသိ . . . . ရနေတယ်။

(လက်လန်တယ်ဗျာာာာ ဒွေးဂျိကြီးတွေနဲ့ မိတ်စကပ်တွေ ပယ်ပယ်နယ်နယ် လိမ်းထားတာ။ပြီးတော့ ချော်ချော်ချွဲချွဲအသံကြီးနဲ့ သူတို့ကိုယ်သူတို့ ယောက်ျားအဖြစ်ကို ဇွတ်မေ့ပြီး ဖွတ်မေတွေဖြစ်နေရှာတာာာာာ)
တယောက်ကတော့. . . ကားမောင်းသူ ကျနော့်ဘေးက ခုံမှာ ထိုင်နေတယ်။

စထွက်ပြီး ၁ မိနစ်တောင် မကြာသေးခင်မှာပဲ ဘေးက မချော်တကောက်မမက စကားစတယ်။ ဇာတိပြတယ်ဆိုပါတော့ဗျာ. . . အင်းပေါ့ဗျာ အဲပေါ့ဗျာာာာ။

”ဟှယ် ကားဆရာလေးက စင်လိုက်တာ. . . ”တဲ့။
(”စင်”တယ်ဆိုတာ ချောတယ်လို့ပြောတာထင့်။)

ကျနော့်ကို ကြည့်ပြီး သူ့ဘာသာ မှတ်ချက်ချတဲ့အပြင် အနောက်မှာထိုင်နေတဲ့ သူ့ ဘော်ဘော်မကိုပါ တိုင်တည်တယ်။

”ဟဲ့ကမ. . .ကျန်း ဒီကားဆရာလေးကို . . .။ ဆွဲဆောင်မှုရှိချက် တောင်တော်ရှင်မတော့ ကျမကို မ,ပြီတော်. . .ဟီဟိ. . .”

ကျနော့်စိတ်ထဲ ဒုက္ခပါပဲလို့ တွေးမိနေပြီ။
ကားသာ မောင်းနေရတယ်။ ဘေးက အဲ့ဟာမကြီး ပြောနေတဲ့စကားတွေကို ကြားပြီး စိတ်ရှုပ်ရမလား ရီချလိုက်ရမလား မသိ ဖြစ်နေတာ။ ရောရင် ပေါလိမ့်မယ် တည်စမ်းဆိုပြီး မရီမိအောင်နေ. . .

ဒါမယ့် ဟိုတယောက်က အတွန့် ထပ်တက်ပြီ. . .

”ရှင်က သိပ်ချောတာပဲ။ အဲ့လို ချောတာဆို ကျမက ကျမ ယောကျာ်းအဖြစ် ယူပစ်ချင်တာ”

ဗုဒ္ဓေါ !!!! ¡¡¡¡¡ °_°  © _ ©  £_ €
အဲ့နောက်ပိုင်း သူက ကျနော့်ကို ယောကျာ်း ယောက်ျားလို့ခေါ်ပြီး စကားတွေ ပြောပါလေရော။
သေလိုက်ပါတော့ အဘတို့ရယ်. . .
ပိုက်ဆံ ၁၀၀ဝ မြင်ပြီး
တင် လာမိတာ မှားပါပေါ့။

အဲ့ ၂ယောက် ဆင်းမယ့် ၃ရ လမ်း မရောက်ခင်မှာပဲ
စကားတွေ ကျွံရုံမက လက်ကပါ ကျနော့် ပေါင်ပေါ် ဖက်ခနဲ ကျွံလာတယ်။
ကျနော် လန့်သွားတယ်။
စိတ်လည်း ရှုပ်သွားတယ်။ တိုလည်း တိုသွားတယ်။ စိတ် စိတ်။

”ခင်ဗျားလက် ငြိမ်ငြိမ်နေပါ”လို့ ခပ်တည်တည် ပြောလိုက်တော့. . .

ငြိမ်မသွားတဲ့အပြင် ပိုတောင် ကဲသွားသေး။ ကျနော်ပေါင်ကို သူ့လက်နဲ့ လာ ပွတ်သပ်နေတာ။
ကျနော် သည်းခံနိုင်စွမ်း နည်းသွားပြီ။

”အာာာ !!!!!!
ဘယ်လို ဖြစ်နေတာလဲဗျ။ ခင်ဗျားလက် မငြိမ်ရင် ကျုပ် ဟိုရှေ့က ပလက်ဖောင်းကို ပစ်တိုက်မိတော့မယ်” လို့ ခပ်တင်းတင်း ပြောလိုက်တော့မှ လက်ကို ပြန် ရုတ်သွားလေရဲ့။
အတော်ဆိုးတဲ့ အချော်တကောက်မ။

လက်သာ ငြိမ်သွားတာ။
ပါးစပ်က သရမ်းနေတုန်းပဲ။

၃ရ လမ်း မဆင်းချင်တော့ဘူး တဲ့။ ကားဆရာလေးကသာ တနေရာရာ ခေါ်သွားရင် လိုက်ခဲ့ပါရစေတဲ့။ တော်တော်ဆိုးတာပဲ။
ပြန်ရေးပြလို့ မကောင်းတဲ့ဟာတွေလည်း ပြောသေးတယ်။
ကျနော့်မျက်နှာလည်း ဘယ်နား သွားထားရမှန်းမသိတော့ဘူး။
သူတို့ ဆင်းမယ် ပြောထားတဲ့
၃ရ လမ်း ရောက်တော့လည်း တော်တော်နဲ့ မဆင်းဘူး။

အီစီကလီတွေ ထိုင်ပြောနေတာ။
ကျနော့် ကားနဲ့ ဆက်လိုက်ခဲ့မယ်ဆိုပဲ။
မခေါ်နိုင်ပါဘူး။
ဒါ ကျုပ်အလုပ်ချိန် လို့ ခပ်ပြတ်ပြတ်ပြောပြီး ကားကို အမြန်မောင်းထွက်ဖို့ လုပ်ရတယ်။
ဒါတောင် ကားပေါ်ကအဆင်းမှာ ကျနော့်ဘေးကနေ ရပ်ပြီး ကျနော့်ကို ကလူကျီစယ် လာလုပ်နေသေး။

သူတို့ဆီက ရစရာရှိတဲ့ ငွေ ရတဲ့အထိ စိတ်ကို တစ်နာရီမိုင်နှစ်ဆယ်ထက် မပိုစေရအောင် ထိန်းထားရတယ်။
ဒါမယ့် ကားခ ရပြီးတာနဲ့  60 ကီလိုနှုန်းနဲ့ ဝေါခနဲ မောင်းထွက်ခဲ့ရတယ်။

အော်. . .
ဆိုးပါ့. . . အတုမမတွေရယ်. . . လို့ စိတ်ပျက်လက်ပျက်လည်း ဖြစ်မိ. . .

အင်းး. . .ဖြစ်ရလေ. . . ညမင်းသားလေး မောင်သူရ ရယ်. . လို့လည်း ကိုယ်ကြုံရတာကို ရီချင်မိ. . .

အဟိ

. . . .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ပလို့ ဂျိ

#######

ချစ်ခင်လေးစားလျက်. . .

Alinsett @ Maung Thura

29/6/2015/03:03 AM

32 comments

  • ဂျက်စပဲရိုး

    June 29, 2015 at 9:34 am

    ဟို ရွာလူမိုက် ဂျီးဒေါ်က ကြံစည် လိုက်ရင် ခြောက် ခြောက် သွားကြတယ်။
    ဒီ ရွာမော်ဒန် ဆက်ဆက် ကျတော့ အခြောက်ကြွေ ဖြစ်သွားပါ့လား။ 😛 😛
    (ညဘက်မောင်း သတိတော့ ထားဗျို့) အခြောက်တွေကမှ ကိုယ့် ပြန် အမ်း ဦးမယ်
    လုတာ ယက်တာ ငွေညှစ်တာတွေနဲ့ တိုးနေရင် ဒွတ်ခ ရောက်မယ်။
    ကားပေါ် လူတက်လာရင် ဖုန်းနဲ့ ဖြစ်ဖြစ် အသံဖမ်းထား

    • Alinsett @ Maung Thura

      June 29, 2015 at 5:08 pm

      လက်ရှိ သုံးနေတဲ့ တစ်သိန်းခွဲလောက်တန်တဲ့ ဖုန်းအစစ်ကို ညဆို ပေါ်တင် မထားတော့ပဲ ဖွက်ထားတယ်
      တသောင်းကျော်ပဲတန်တဲ့ ဖုန်းအစုတ်လေးကိုတော့ အယောင်ပြ ထား ထားတယ်။
      လုတယ်ဆိုလည်း အာ့လေးသာ ပေးလိုင်မယ်
      :k:

      ညဘက် မောင်းရတာ အန္တရယ်တော့ များသား
      ဒါမယ့် အမြဲတော့ မလုပ်ပါဘူးလေ. . .

    • ဇီဇီခင်ဇော်

      June 29, 2015 at 7:48 pm

      ကိုယ့်ပလာတာကိုယ် မမန့်ပဲ ဘာပေါဒါရဲ။
      ပါစင်နယ် မပါဂျေး
      ပါစင်နယ် မပါဂျေးးး
      (စီဒီ နုထွားကြီး)

      :k:

  • ဝင့်ပြုံးမြင့်

    June 29, 2015 at 9:51 am

    .နောက်ဇာတ်လမ်းတွေ အများကြီး ရဦးမယ်ထင်တယ်။ ဖတ်လို့ကောင်းတယ် ဆက်ဆက်။

    • Alinsett @ Maung Thura

      June 29, 2015 at 5:03 pm

      ရှိသေးတယ်အစ်မရေ။ အဖြစ်တွေမှ ပြော မကုန်ရေးချ မကုန်
      တစ်ပိုင်းချင်း တကန့်ချင်းစီ ရေးသွားမယ်တွေးမိ
      အားလပ်ချိန် ရရင်ရသလိုပေါ့လေ. . .

      :k:

  • တောင်ပေါ်သား

    June 29, 2015 at 10:10 am

    ( ကျနော်က မင်္ဂလာဈေးဘက်
    ကား ပတ်မောင်းသွားနေချိန်မှာပဲ. . . ‘)

    ၃ရလမ်းကို ၁၅၀ဝ ?
    ၁၀၀ဝ နဲ့ လိုက်တယ်ပေါ့ ၊ ဈေးပေါသကွယ်

    • Alinsett @ Maung Thura

      June 29, 2015 at 5:01 pm

      လမ်း ၂ဝ ကနေ ၃ရ လမ်း
      ဗန္ဓုလ လမ်းပေါ်တန်းတန်း . . .
      အဲ့ဒါကို ၁၅၀ဝ ရမှ လိုက်ပို့မယ်ဆိုပြီး တင်းခံနေရင်
      အနောက်မှာ တောင်လိုပုံနေတဲ့ Taxi တွေထဲက တစီးစီးက ငှားသူပြောတဲ့ ၁၀၀ဝ နဲ့ လိုက်ဖို့ အသင့်

      အခု ဖြစ်နေတာက ညဘက် Taxi ဈေးကွက်မှာာာ
      တားသူက တစ်ယောက်
      .မောင်းသူက အနည်းဆုံး ၂စီးသုံးစီး တန်းစီထားတာာာ
      ညဘက်ဆိုတော့ လမ်းပေါ် လူရှားချိန် . . . Taxiတွေက ပေါများနေချိန်
      ရရာဈေးနဲ့ လိုက်မှ ဆီဖိုး အုံနာကြေး ပြည့်မယ့်အနေအထား ဦးမျိုးရေ. . .

      😥

      • အလင်းဆက်ရေးတာဖတ်ပြီး ရန်ကုန်မှာကားငှားစီးရတဲ့ အကြောင်းလေးတွေ
        ရေးဘို့သတိရသွားပြီ

  • ဦးကျောက်ခဲ

    June 29, 2015 at 10:29 am

    သတိထား ကိုရင်လေးရေ…
    ယောင်လို့တောင် မသာယာနဲ့ အဲသည့် မောင်မစ္စကတွေက မြွေပွေးထက်ဆိုးတယ်…
    ညဘက်မောင်းရင် လိုရမယ်ရ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆောင်ထားဦး…
    ဘီးဂေါက်တို့ ဂျိုက်တံတို့ကို ညာဘက်မှာ အသင့်ထား… အန္တရာယ်များတယ်…

    • Alinsett @ Maung Thura

      June 29, 2015 at 4:55 pm

      ဟုတ် သတ်ိတော့ ထားနေပါတယ် အူးကျောက်

      အဲ့ အတုမမတွေကို မြင်တာနဲ့ မျက်နှာကြောကို တင်းထားရတယ်
      ကာကွယ်ရေးဆိုင်ရာ အသိနဲ့သတိလေး ထားနေေလေသူ ဖြစ်တော့. . .
      သမ္မတတောင် လုက်ချင်သေးးး အဟိ
      ပလို့ဂျိ
      :mrgreenn:

  • မိုး မင်းသား

    June 29, 2015 at 12:23 pm

    ဟားးဟားဟား ရယ်ရတဲ မိသူယွတို ့များ
    ကိုယ်ပြောခဲ ့တဲ ့စကား ကိုယ်မှတ်မိမှာပါ
    အရူးတယောက်က ကွကိုယ် ဘယ်တော ့မှမရူးဘူးလို ့ပြောတယ်ဆိုတာလေ ဘယ်လောက်တောင် ဇွတ်ကျားထားရသလဲ တွေးရင်နဲ ့တောင် ရယ်ချင်ပတ်ကျိ ဖြစ်မိတယ်အေ ခိခ် ခိခ်

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 29, 2015 at 5:30 pm

    မလန်းလို့နေမှာပါ…
    လန်းရင် ဝင်အောင်းမှာများ …

    ငိငိ

  • ဇီဇီခင်ဇော်

    June 29, 2015 at 7:47 pm

    ဟဲ့။
    လက်နက်လေး ဘာလေး ဆောင် သွားအူးးးး
    ညကြီးမင်းကြီး တိုင်းပြည်က လုံခြုံတာမဟုတ်။
    တရားဥပဒေလည်း မရှိဘူးးး

    အဝေးကြီးတို့ ဘာတို့ လျှောက်မလိုက်နဲ့။
    လူပြတ်တဲ့ နေရာဆို မလိုက်နဲ့။

    ရတဲ့ ဇာတ်လမ်းတွေစာရေးရတာ အမြတ်ပေါ့အေ။

    • Alinsett @ Maung Thura

      June 30, 2015 at 9:20 am

      ဟုတ် လူပြတ်တဲ့ဘက်တွေဆို မလိုက်ပဲ ငြင်းပါတယ်။
      တားတဲ့သူရဲ့ ပုံစံ မူမှန်မဟုတ်ဘူးဆိုတာ သံသယရှိရင်လည်း
      .တော်ရုံ မလိုက်ဖြစ်ပါဘူး။

      .ရေးစရာတွေတော့ အများသား ကားပေါ်မှာ ထိုင်နေရင်း ကြုံရတာတွေ. . .

  • aye.kk

    June 29, 2015 at 10:09 pm

    မှတ်စုက
    ဖတ်လို့ကေါင်းတယ်၊ဆက်ရေးပါဦးဆက်ဆက်ရေ။

    • Alinsett @ Maung Thura

      June 30, 2015 at 9:22 am

      ဟုတ် အန်တီအေး
      ဆက်ရေးစရာတွေ ဆက်ဆက်မှာ ကျန်နေသေးလို့
      ဆက်ဆက် ဆက်ရေးမယ်လို့ ဆက်တွေးထားပါတယ်
      :kwi:

  • Mike

    June 30, 2015 at 11:58 am

    .တက္ကစီကိုညဘက်ထက် နေ့ဖက်ပဲမောင်းသင့်သကွာ..
    .ခုလိုမိုးနဲ့လေနဲ့ဆို ပိုဆိုးသကွ…လမ်းတောင်ကောင်းကောင်းမမြင်ရဘူး…
    .ကိုယ်လည်းနေ့ဘက် တစ်နှစ်လောက်မောင်းခဲ့သေးတယ်…သတိထားပါကွာ

    • Alinsett @ Maung Thura

      June 30, 2015 at 3:22 pm

      ကျနော်လည်း နေ့ပဲ မောင်းချင်ပါရဲ့။
      ကားက ဒါပဲ ရတော့. . . .

      အခိုက်အတန့်ပေါ့ဦးကြီးရယ်. . .

      • Ma Ma

        July 2, 2015 at 7:35 am

        အခိုက်အတန့် :kwi:

        • Alinsett @ Maung Thura

          July 2, 2015 at 9:21 am

          .ပြင်လိုက်မယ်… သတ်ပုံ ထောက်ပြတဲ့အတွက် ဇူးဇူးပါ တီတီ

          :k:

  • kai

    June 30, 2015 at 3:59 pm

    အဲလိုအခြောက်တွေကြောင့်… ကမ္ဘာ့ဂေးလောက.. နာမယ်ပျက်တာ…။
    ဂေးဖြစ်တာနဲ့.. ဂေးဂုဏ်လေးတွေရှိကြစေချင်…

    စကားအတင်းစပ်.. ယူအက်စ်ကတော့.. လုပ်ချလိုက်ပါပြီ…။
    ကမ္ဘာမှာလိုက်လုပ်ကြဖို့.. မြင်…။

    Supreme Court Gay Marriage Ruling Creates a New Reality …
    http://www.wsj.com/…/supreme-court-gay-marriage-rulin…The Wall Street Journal
    23 hours ago – The new nationwide right to same-sex marriage resounded across the country Sunday, with the Supreme Court ruling fueling joyous gay-pride …

    • Alinsett @ Maung Thura

      June 30, 2015 at 5:20 pm

      လုပ်ချလိုက်ပြန်ပြီ
      .ဂေးဂုဏ်တဲ့
      :k:
      ဟုတ်တော့လည်း ဟုတ်ပါတယ်လေ
      ဘယ်လိုလူပဲဖြစ်ဖြစ် ဂုဏ်သိက္ခာ ကြီးမြင့်ကြဖို့လို. . .

  • Ma Ma

    June 30, 2015 at 5:52 pm

    ထင်ထားတာက ညဘက်တက္ကစီခက ပိုဈေးကြီးတယ်လို့။
    အောင်မင်္ဂလာအဝေးပြေးကွင်းမှာဆို ညပိုင်းနဲ့ မနက်စောစောကို ခေါ်လိုက်တဲ့ဈေး။
    ခရေပင်လမ်းဆုံမှာ ဂိတ်ထိုးကြည့်ပါလား။
    အဲဒီမှာ ခရီးသည်များသလားလို့။

    • Alinsett @ Maung Thura

      July 1, 2015 at 5:53 am

      .အောင်မင်္ဂလာဝင်းထဲမယ် ရပ်ထားတဲ့ Taxi တွေက အကျင့်တော်တော် မကောင်း
      ခရီးသည် တစ်ယောက် ရ ရုံနဲ့ ချက်ချင်းလိုက်မပို့ပဲ ကားတစ်စီး ပြည့်တဲ့အထိ လူကြုံတွေ စောင့်
      .နောက်ဆုံး လိုက်မပို့တော့ပဲ နောက်ကားတစ်စီးကို ချိန်း တင်ပေး
      .ကြားကနေ သူက တစ်ထောင်လောက် ဖြတ်အုပ်တာမျိုးတွေ
      အဲ့အကွက်တွေ သိပ်လုပ်တာ။

      .ဈေး မတရား တောင်းတာလည်း အဟုတ်။
      အကြောင်း သိသွားတဲ့ ခရီးသည်တွေက ရပ်ထားတဲ့ ဝင်းထဲက Taxi တွေကို မစီးတော့ပဲ
      ဖြတ်မောင်းသွားတာတို့ အပြင်ထွက်ပြီးတို့
      ငှားစီးကြလေပြီ အန်တီမမရေ

      ကျနော်က အောင်မင်္ဂလာဝင်ထဲ မရပ်တော့ပဲ လမ်းကြုံရင် နစ်ပါတ် နှစ်ပါတ် ဝင် ပတ်လိုက်တယ်။
      ပတ်နေရင်း လူရတာနဲ့ ချက်ချင်းပြန်ထွက်တာ
      .ဈေးလည်း သူတို့လောက် မတင်ဘူး။ ပုံမှန်ပဲ လုပ်တယ်

      .ကြီးပွါးအုန်းမယ်

      :kwi:

  • မန်းလေးက လာရင် ကားဝင်းထဲ ထိမ လိုက်တော့ ဘူး
    လမ်းမှာ သူတို့ ကားရပ်ပေးတယ် တက္ကဆီခ ကို တစ်ထောင်လောက်ပိုပေးလိုက်ရင်
    အလုအယက် ဆင်းစရာမလိုဘဲ အေးဆေးလေးနဲ့ ဆင်းလို့ ရတယ်
    အခုတော့ ဒီလိုဘဲ

    • Alinsett @ Maung Thura

      July 1, 2015 at 9:12 am

      ကားဝင်းထဲထိ လိုက်လာမိတဲ့ ခရီးသည်တွေ အဲ့ Taxi သမားတွေ အလုအယက် ဆွဲခေါ်တာကြောင့် စိတ်ပျက်မှာပဲ လေးပေါက်ရေ။
      ခရီးသည်တွေကို တယောက်ကို ငါးယောက်လောက်က ဝိုင်းအုံပြီး အမဲဖျက်သလို ဖြစ်နေတာ
      ကျနော်ဆို အဲ့ထဲ ဝင် မတိုးချင်တော့လို့။ အခုနောက်ပိုင်း မသွားတော့ဘူး။ ကိုယ့်ဘာသာ မြို့ထဲ ပတ်နေရင်
      ကလပ်တို့ ktv တို့ရှေ့ ရပ်နေရင် ပုံမှန်တော့ ဝင်ငွေရတာပဲဆိုတော့လေ

  • အောင် မိုးသူ

    July 1, 2015 at 11:33 am

    ငါ့ဆို အနုပညာလောကက နာမည်ကြီး မိတ်ကပ်ဆရာက ဘုရားစင်ပေါ်တောင် တင်ပြီးရှိခိုးမယ်တောင် ပြောတယ်။ ခိခိ။

    • Alinsett @ Maung Thura

      July 2, 2015 at 8:00 am

      အခုတော့ နီနဲ့သူ…ညီအစ်မတွေလို ဖြစ်နေပြီဆို…
      ဟိုတလောက သစ်ထူးလွင်ထဲမှာလားမသိ… သတင်း ဖတ်လိုက်ရတယ်..

      :kwi:

  • မြစပဲရိုး

    July 3, 2015 at 1:50 am

    ဒီရက်ထဲ မှာ FB ထဲ သက်တန့်ရောင်စုံ နဲ့ ဓာတ်ပုံတွေ တက်လာတယ်။
    ဘုမသိဘမသိ သူများလုပ်တာ လိုက်လုပ် တဲ့ ချစ်သူငယ်ချင်း တွေ အများကြီး။
    အဲဒါ symbol of gay pride တဲ့။
    . နောက်ဆို အသစ်ပေါ်လာတာ တွေ ကလှတယ်၊ဆန်းတယ် ဆိုပြီး စမ်းချင်ရင် အရင် ဂူးဂဲလ် ကြပါလို့စ်။
    တကယ်တော့ မြန်မာပြည်လောက် ဂေးများ လွတ်လပ်ရေးရတာ ကမ္ဘာမှာ မရှိလို့ ထင်မိတယ်။
    ဒီမှာ ပေါ်တင် ဂေး ဆိုတာ အရှားသားပါ။
    အခုနှစ်ပိုင်းလောက် ကမှ နဲနဲ စပွင့်လာတာ။
    . မြန်မာပြည်မှာတော့ အရင်ကထဲ က လွတ်လပ်သမှ တကယ်မခြောက်ဘဲ နဲ့တောင် အယောင်ဆောင် ရှောက်သီးဆေးပြား ရောင်းပြီး အသက်မွေး သူတွေ အများကြီး။
    အခုလဲ ဂေး မှ မရှိရင် မင်းသမီး မင်းသားများ အရင် ဒုက္ခရောက်လမ်း မြင်တယ်။

    ဒီနေ့ မြန်မာပြည် ထဲ ညပိုင်း အလုပ်လုပ်တာ သတိထား ဆက်ဆက်ရေ။
    တစ်ခါလဲ ပိုက်ဆံအိတ် လုခံရဘူးတယ် မဟုတ်လား။

Leave a Reply