အမေ့မေတ္တာ

manawphyulayJune 29, 20151min1113

အမေ….
လောကရဲ့ ဓမ္မတာအရ
သေမင်းကို အံတုပြီး
ရဲရင့်မှု အပြည့်နဲ့
သားသီ္မး တို့ကိုမွေးဖွား
သွေးသားကို နို့ချိုပြောင်း
အားသစ်တွေလောင်းပေးတဲ့အမေ…..
များတကာမတုနိုင်တဲ့
မေတ္တာတွေနဲ့ လွှမ်းခြုံ
ရင်တွင်းမှာ လုံခြုံစေပြီး
လောကရဲ့ အလယ်
မျက်နှာမငယ်စေတဲ့ အမေ…..
အချိန်တန်
ရင်ကိုစုံကန်ထွက်လည်း
မျက်နှာတစ်ချက်မပျက်
ရင်ထဲပွက်ဆူတာ လူမသိစေ
မချိ ပေမဲ့
အပြုံး မပျက်စေတဲ့ အမေ……
ဆန်ရေကို မမျှော်
စုန်ရေကို ပျော်နေတဲ့ အမေ….
အမေ့သွေးသားတွေနဲ့
ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ
ပျော်နေ ၊ ပြုံးနေရင်
အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင်
အနန ္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့
အနန ္တပေါင်းအနန ္တဆိုတာ
အမေ့ မေတ္တာနဲ့ စာခဲ့ရင်
အသေးအမွှားပါလား အမေရယ်…….

မနောဖြူလေး

3 comments

  • ဦးကျောက်ခဲ

    June 30, 2015 at 8:50 am

    မိခင်လောင်းဖြစ်ပြီဆိုတော့ အမေ့မေတ္တာကို နားလည်ပြီပေါ့… ဟုတ်စ…
    မင်္ဂလာသတင်းပါ မနောရေ… 🙂

  • Alinsett @ Maung Thura

    June 30, 2015 at 9:24 am

    အမေဆိုတာ ကျနော့်ဘဝမှာ လက်ဆောင်ရလိုက်တဲ့
    အရှားပါးဆုံးသော ကမ႓ာမြေရဲ့ သယံဇာတ

  • Mike

    June 30, 2015 at 11:24 am

    .ကောင်းလိုက်တဲ့ အမေ့ မေတ္တာဖွဲ့ကဗျာလေး

Leave a Reply