. မြ ရဲ့ သင်ပုန်း ၃၀– ၆ – ၂၀၁၅

မြစပဲရိုးJune 30, 20151min1268

. မြ သည်လဲ အပြောကြီးသူ တစ်ယောက် ဖြစ်သည်။
ဆင်ဖမ်းမည်၊ ကျားဖမ်းမည် ပြောပြီး ကြောင်ကိုတောင် အမြီးကုတ် အောင် မပစ်နိုင်တာ တွေ့သည်။
ထိုအခါ သူများဖမ်းသည် ကို ဘဲ ကြည့်၍ ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလား အော်တော့သည်။
. လေဖြင့်အော်ပြီး ဝေဖန်ရသည်မှာ အင်မတန်လွယ်ကြောင်း ပိုပိုသိလာ၍လည်း ဖြစ်သည်။
ကလေး ငယ်တုန်းက ကစားသည့် ဂိန်း တစ်ခု ကို သွားသတိရသည်။
. ခေါင်းထွက်လာသည့် အရုပ်လေးတွေ ကို တူ နှင့် ထုရတာ ဖြစ်သည်။
ရည်ရွယ်ချက်မှာ
ကလေး လက်သန်အောင် လဲ ပါမည်။
လိုသည့်နေရာကို အမြန် အာရုံဝင်စားတတ်အောင်လဲ ပါမည်။
သို့သော် လက်ယဉ်ပြီး ရန်ဖြစ်ချိန် အမြန်မထု အောင်တော့ အကျိုးအကြောင်းပြ တားထားသင့်သည်။
……
. ပြောလိုသည်က ရွှေပြည်ကြီးထဲမှာလဲ တစ်ယောက် တစ်ပေါက် ဟိုက ထ ဒီက ကြွ ဖြစ်နေကြသည်။
ကလေး ဂိန်း ကမှ စီးချက်ညီညီ တစ်ခုပြီးမှ နောက်တစ်ခု က ခေါင်းပြူလာသည်။
လက်တွေ့ နိုင်ငံရေးလောကကြီး ထဲ မှာတော့ အခြေပေးတာနဲ့ ပြုံတိုး ပြီး နေရာယူဖို့ ခေါင်းပြူလာကြပြီ။
. ကြည့်ရတာ မြန်မာများ ရဲ့ ဗီဇ ထဲမှာ ကို က ဒီလို လုပ်မှ ရှင်သန်နိုင်မည် ဆိုတဲ့ အာရုံများ ကြီးစိုးနေလားမသိ။
အစိမ်းရောင် ကတစ်မျိုး၊ အဝါရောင်က တစ်ဖုံ၊ အနီရောင် က တစ်သွယ် မရိုးနိုင်အောင် အမျိုးမျိုး အတ္တအစွယ် များထုတ်ပြနေသည်။
ဒီလို ကိုယ့်တစ်ဘို့ထဲ အတ္တကြီး တဲ့ စိတ်ဓာတ် တွေ နဲ့ သူတလူ ငါတမင်း ဖြစ်နေတာ တော်ရုံ စိတ်မခိုင် သူသာ ဆို ပြေးတာကြာပြီထင့်။
ကိုယ့် အတွက် မပါဘဲ စေတနာမှန်တာ သေချာ သူမို့ ဘယ် ခွေးကဘဲ ဟောင်ဟောင် ဘယ်ကြောင် ဘဲ ကုတ်ကုတ် ကိုယ့်လမ်း ကို ခေါင်းမာမာ နဲ့ သွားမှ ရည်မှန်းချက်ရောက်မည်။
ဒါကို အာဏာရှင် ဆန်သည်ပြောလဲ ပြောကြ။
ကိုယ့်စိတ်မှာတော့ ငါသာဆို ဒီအချိန် “လီကွမ်ယု” ထက်တောင် ဆိုးမလား တွေးမိသေး။
(ဒီ လို အာဏာရှင် ဆန်ဆန် ” နိုး” များစွာ နဲ့ အလုပ်လုပ်ရတာ ဘေးမှာ ငါသမား တွေ များလို့  ဆိုတာ ကြုံဖူး လို့ သိသည်။ ဒါ ကို ဦးဝင်းတင်လဲ နားလည်သည်။ မရှိသူ ကို တိုင်တည်ပြီး ကြားက သွေးထိုးစကား မပြောနှင့်)
လမ်းတစ်လျှောက် အဖျက်အမှောက် ပုံစံ အမျိုးမျိုး နဲ့ ခြေထိုးသူလဲရှိ၊ နောက်က ဆွဲသူလဲ ရှိ၊ ဘေးက တွန်းသူလဲရှိ၊ အပေါ်က ခဲတွေ လှိမ့်ချသူလဲ ရှိ။
ရှင်းရှင်းလင်းလင်း မြင်သာသည်။

ဒီမိန်းမကြီး ထက် ပိုတော်သည် ဟု ထင်ကြပါက ဒီအစိမ်းရောင် တွေ က ကိုယ့်ကို ကြောက်အောင် အရင် လုပ်ပြကြဦး လို့ ဘဲ ပြောမယ်။
အခု တော့ ဒီ အစိမ်းရောင်များ ကိုတော့ သူတို့ ဖင်တုန်အောင် ကြောက်နေပြီး မသိနားမလည် တဲ့ ကလေး များ ကိုသာ ရှေ့တွန်းပို့ နေသည်။
ရှင်တို့ သာ သူတို့ ထက် တကယ်တော်ခဲ့ ရင် ဒေါ်အောင်ဆန်းစုကြည် အထဲ မှာ ရှိနေတုန်း နိုင်အောင် လုပ်ခဲ့ ကြပါလား။

အခုတော့ ဒီလိုမဟုတ်။
ထွက်ပေါက် ရေးရေး လေး မြင်ရချိန် အရင်က နောက်မှာ စည်းစိမ်ရစ်သူများ အတင်းရှေ့ရောက်ဖို့ နေရာဦးဖို့ စဉ်းစားနေကြပြီ။
သေချာတာက။

အဲဒီ အစိမ်းရောင် တွေ ကို ကျွန်မ လဲ မမုန်းဘူး။
. ဒေါ်အောင်ဆန်းစုကြည်လဲ မမုန်းဘူး။
. ပြည်သူ တော်တော်များများ လဲ မမုန်းဘူး။
ကျွန်မတို့ မုန်း တာ က မတရားသမြင့် ဖိနှိပ်ပြီး ပြည်သူကို လစ်လျုရှူနေမှု များ ကို မုန်းတာ။
အဲဒီ အတွက် လူတန်းစား တစ်စု အနဲ ပိုင်း ကိုဘဲ ဖယ်ဖို့ လုပ်နေတာ။

လွယ်ရင် ဖောက်တတ်တဲ့ လူတွေ ကို ပြန်ထိန်းနိုင်မဲ့ စနစ်ကောင်း တစ်ခု ရနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် လို လူ ကို အားကိုး နေတာ။
သူ့ကို အလကားနေရင်းနဲ့ သူရဲကောင်း တစ်ယောက်လို၊ ဘုရင်မတစ်ပါးလို  “မ” ပြနေတာမဟုတ်ဘူး။
. ဒီ မတရား လုပ် နေသူတွေ ကြောက်တာ သူဘဲ ရှိလို့။
စနစ် သာ တကယ်ကောင်းကောင်း ရသွား၊  ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ယောက်လဲ မလိုဘူး။
အခုချိန်မှာ သာ အရေးတကြီး သူ့ကို အကျိုးရှိရှိ သုံးနိုင်ဖို့ လိုတယ်။
မှတ်ထားကြ။

ရှင်တို့ “ဒီကောင် တွေ ငါတို့ ကို နှိပ်စက်ခဲ့တဲ့ ကောင်တွေ၊ အမြစ်ပြုတ် ရမယ်” လို့ စိတ်ထဲအညိုးအတေးတွေ များ နေတာဘဲ ရှိတယ်။
တကယ်တော့ တိုင်းပြည် က လူထု အတွက် နဲနဲ မှ စဉ်းစားနေတာ မဟုတ်ဘူး။
ဒီတော့ တစ်ခွန်းဘဲ ပြောမယ်။
. ပြည်သူတွေကို စေတနာ တကယ်မပါရင် ပါးစပ်ပိတ်ထားကြ။
ဒါဘဲ။

(ဒီလို ပြောလို့ အာဏာရှင် ပြောမလား။ ပြောဟေ့။ ဦးဏှောက်ထဲ ချီးဘဲ ရှိရင်တော့ ဘယ်လို ညှိ စကားပြောမလဲ)

DSCF1311
.အပြင် မှာ တကယ်မကျွေးနိုင်ဘဲ လေ ကျွေး ကျွေး နေ ရတာ လွယ်သား။ တကယ်လက် တွေ့ လုပ်ပြနေ နိုင်သူ နောက်ကိုသာ လိုက်ကြပါ။ အချိန် သိပ်မကြာ တော့ပါဘူး။ အဖြေတစ်ခု ရလာပါလိမ့်မယ်။

8 comments

  • Ma Ma

    June 30, 2015 at 6:01 pm

    ဘယ်လိုပြောရမလဲမြရေ။
    လက်ရှိအစိုးရကိုလည်း မကြိုက်ဘူး။
    ဒီအမျိုးသမီးကြီးကိုလည်း အာဏာမရစေချင်ဘူးတဲ့။
    အဲဒီလူကို ကိုယ်တိုင်ပဲ ဝင်အရွေးခံဖို့ ပြောလိုက်ချင်တော့တာပဲ။ :b:

    • နိုင်ငံရေး ကျာ်းကွက်
      အပြိုင်နှဲ့ နေကြတဲ့ အချိန်ဖြစ်ပါတယ်
      နည်းနည်းပြော
      အသံတိတ်အကွက်ဆင်ပြီး
      လုပ်မှ နေရာကျမယ်လို့ လဲထင်မိပါတယ်

  • ဇီဇီခင်ဇော်

    June 30, 2015 at 6:48 pm

    မြ သင်ပုန်းး က ဟို အယ်ဒီတာ သင်ပုန်းထက် စားးကောင်းး အဲ ဖတ်ကောင်းး တယ် သိလားးး
    :sar:

    ကျော်တော့ တစ်ခုပဲ ကျိန်တယ်
    စေတနာကို စော်ကားးသူတွေ အဲဒီ စေတနာ အတိုင်းးအဆ အတိုင်းး ခံ ရပါစေလို့ …

  • မြစပဲရိုး

    July 1, 2015 at 3:01 am

    . ကျေးဇူးပါ မမ၊ ကပေါက်ကြီး နဲ့ ဇီကလေးတို့ရေ။
    ဇီဇီ
    အားပေးလို့ ကတော့ လက်ညောင်းစမ်းပါစေ။ lol:-)))
    တကယ်တော့ ရှင်ကလေး အရီး က မမ နဲ့ ကပေါက်ကြီး ကို အတင်းမှီအောင်ပြေးလိုက်နေတာလေ။
    . မြန်မြန်သွားကြနော်။ ဒါ သများ တစ် ဖြစ်မှာ။
    ဟို အံဇာ ကတော့ လိပ်ဖြစ်နေပြီ။ ပြောလို့လဲ မရတော့။

  • ကိုလတ်ကြီး
    ကျနော်ကတော့ မှန်မှန်လေး သွားနေပါတယ်
    အခုရက် ကွန်ပြူတာနဲ့ ပြန်သုံးလို့ရတော့ ပိုအဆင်ပြေတယ်

    အမှန်အတိုင်း ဝန်ခံရ ရင် တတိယ အကြိမ်မြောက် တစ်သိန်းပြည့် တာ ဆိုတဲ့ ဟာကိုတော့
    မက်မက် စက်စက် လိုချင်ပါတယ်
    ရွာထဲမှာ တစ်သိန်း ပြည့် ဘို့ ဆိုတာ
    ကိုယ်တိုင်လုပ်မှ ရ တဲ့ အရာတစ်ခုုဖြစ်လေတော့
    ကိုယ့်ကြိုးစားမူ့ အားထုတ်မူ့ မပါ ဘဲ မရ တဲ့ အရာဖြစ်လေတော့
    မက်မောပါတယ်

  • Alinsett @ Maung Thura

    July 1, 2015 at 9:20 am

    .အမေ့ကို မ,မှ ကြွတက်လာမယ့် အနာဂတ်
    .အမေ့လောက် ဘယ်သူအနစ်နာခံခဲ့သလဲ ဘယ်သူ အမေ့လောက် စေတနာ ထက်သန်ခဲ့လဲ
    .အမေ့ဘဝအချိန်အတော်များများဟာ သူ့တကိုယ်စာ အကျိုးကို စွန့်ပြီး အများအတွက် နှစ် ချထားခဲ့ရတဲ့ဘဝ
    .အမေ့ ပညာ အမေ့သိက္ခာ အမေ့အစွမ်းသတိ္တ အမေ့ဇွဲ အမေ့လုံ့လ အမေ့လုပ်ဆောင်ချက်တွေအသာထားအုန်း
    .ဒီတိုင်းပြည်အတွက် ရင်နှစ်သည်းချာ သားတွေ လင်တွေကို ပစ်ပြီး ဒီထဲမှာ ဒုက္ခဆင်းရဲ့ အထီးကျန် ဆန်ခဲ့ရတဲ့အချိန်တွေနဲ့တင် အမေဟာ အမေဖြစ်နေပြီ။

  • Mike

    July 2, 2015 at 10:18 am

    သိပ်လွယ်တာပေါ့ …
    ဟမ်ဘာဂါလေးစား
    ဝက်ပေါင်ခြောက်လေးဝါးပြီး
    ရေခြားမြေခြားကနေ ကျောင်းသားလေးတွေကို
    ဘယ်သူခြောက်ခြောက် လုံးဝမကြောက်ဖို့ လှမ်းအားပေးရတာ …
    သိပ်လွယ်တာပေါ့ …
    ဆာကေးလေးမော့
    ဆူရှီလေးပျော့ပျော့လေးစားပြီး
    ရေခြားမြေခြားကနေ
    ကျောင်းသားလေးတွေ စိတ်ဓာတ်မာဖို့ လှမ်းအားပေးရတာ …
    သိပ်လွယ်တာပေါ့ …
    ကိုလာလေးတစ်ကြိုက်
    KFC ကြက်ကြော်လေးကိုက်ရင်း
    ရေခြားမြေခြားကနေ
    ကျောင်းသားလေးတွေ မနားတမ်း ဆက်တိုက်ဖို့ လှမ်းအားပေးရတာ …
    သိပ်လွယ်တာပေါ့ …
    သင်္ဘောသီးထောင်းလေးလွေး
    တုံယမ်းဟင်းရည်လေးပူပူနွေးနဲ့
    ရေခြားမြေခြားကနေ
    ကျောင်းသားလေးတွေ သွေးမအေးဖို့ လှမ်းအားပေးရတာ …
    သိပ်လွယ်တာပေါ့ …
    Enter တစ်ချက်ခေါက် …
    မီးဟုန်းဟုန်းတောက်ရမယ်ဆိုပြီး …
    ဟိုးအဝေးကြီး ကမာ္ဘတစ်ခြမ်းကနေ
    ကိုယ့်အိမ်ကိုယ့်မြေကို လောင်တိုက်လမ်းဆီပို့ရတာ …
    သိပ်လွယ်တာပေါ့ …
    ကိုယ့်အသားမနာ …
    ကိုယ့်မိဘတွေ ဗျာပါမပွေ …
    ကိုယ့်ဆွေမျိုးတွေ မထိခိုက်ဘဲ
    ကိုယ်မတိုက်ရဲတဲ့စစ်ထဲ
    သူများတွေကို ထိုးကျွေးရဲတာ …
    သိပ်ကို လွယ်လွန်းပါတယ်လေ …
    ……….
    SoeThuRa

    • kai

      July 2, 2015 at 10:37 am

      အဲလိုအလွယ်တွေလုပ်ရင်းပဲ…
      လူထုအင်အားကြီးမားရခဲ့…
      အခုရန်ကုန်မှာ…
      ကိုလာလေးတစ်ကြိုက်
      KFC ကြက်ကြော်လေးကိုက်ရင်း
      နေနိုင်ပြီလေ…
      ဆက်တွန်းကြစို့..
      ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
      တကယ်တော့…
      အပြင်အထဲ
      အတွင်းအပမရှိ..
      ပြိုင်တူတွန်းမှ(မှ)ရွေ့ပါလိမ့်မည်။ ။

Leave a Reply