“ကောင်းဟိုခမ်း”စေတီတော်”

“ကောင်းဟိုခမ်း”စေတီတော်”

ကျနော်တို့ တစ်ရက် မှာ မူဆယ်မြို့မြောက်ဘက်ဖျားမှာရှိတဲ့

ကရုဏာစံအိမ်ဆိုတဲ့ မိဘမဲ့ကလေးကျောင်းလေးကိုရောက်သွားပါတယ်။

အဲဒီနေရာကနေ မြောက်ဘက်ခြမ်းကိုလှမ်းကြည့်တဲ့အခါ

ရွှေလီမြစ်ရဲ့ အထက်က တောင်ကုန်းပေါ်မှာရွှေရောင်ဝင်းလက်နေတဲ့ စေတီတစ်ဆူကိုတွေ့ရပါတယ်။

1 အဝေးကမြင်ရတဲ့စေတီ
1 အဝေးကမြင်ရတဲ့စေတီ

မေးကြည့်တော့ ဒီစေတီက ရွှေလီမြို့ထဲမှာရှိတယ်ပြောပါတယ်။

အတော်လေးဝေးတယ်လို့လဲသိရပါတယ်။

တစ်ရက်ရွှေလီမြစ်ကမ်းနံဘေးကို ရောက်တော့ ပိုပြီးထင်ရှားစွာဖူးမြင်ရပြန်ပါတယ်။

2ေ/ရွလီမြို့ထဲကနေလှမ်းဖူးမြင်ရတာ
2ေ/ရွလီမြို့ထဲကနေလှမ်းဖူးမြင်ရတာ

အဝေးကလှမ်းဖူးမြင်ရတာ အင်မတန်မှသပ္ပါယ်လှပါတယ်။

ဒီဘုရားအကြောင်းမေးကြည့်တဲ့အခါ ဂေါက်ကွင်းအိမ်ယာအထက်ကတောင်ပေါ်မှာတည်ထားတယ်။

ရှမ်းလူမျိုးတွေက တည်နေတယ်ဆိုတာရယ် စေတီတော်သာပြီးပေမယ့် လမ်းက မပြီးသေးဘူးလို့သိရပါတယ်။

ရွှေလီမြို့မြောက်ဘက် အတော်ဝေးတယ် လို့ဘဲသိရပါတယ်။

သင်္ကြန်ရက် မူဆယ်ချောင်းသာ လို့ အမည်ပေးထားတဲ့ ရွှေလီမြစ်ကမ်းနံဘေးကို သွားတဲ့အခါ

ဒီစေတီတော်ကို ဖူးမြင်ရပြန်ပါတယ်။

3 မူဆယ်ဘက်ကနေဖူးမြင်ရတာ
3 မူဆယ်ဘက်ကနေဖူးမြင်ရတာ

အဲဒီဘုရားကိုသွားချင်ပေမယ့် အဆင်မပြေခဲ့။

တစ်ရက်တော့ လိုက်ပို့မယ့်သူရှိတော့ အဆင်ပြေပြေနဲ့ရောက်ခဲ့ရပါတယ်။

တောင်တက်လမ်းပေမယ့် ကတ္တရာလမ်းဆိုတော့အဆင်ပြေပါတယ်။

အချိန်မရတာရယ် မိုးတွေက ရွာမလိုလို ဆိုတော့ အချိန်အကြာကြီးမနေခဲ့ရပေမယ် ကျနော်ဆန္ဒပြည့်ဝခဲ့ပါတယ်။

4 အနောက်ဖက်တောင်ကုန်းပေါ်ကနေမြင်ရတာ
4 အနောက်ဖက်တောင်ကုန်းပေါ်ကနေမြင်ရတာ
5 နံဘေးမှာဂေါက်ကွင်းအိမ်ယာ
5 နံဘေးမှာဂေါက်ကွင်းအိမ်ယာ
6 အနီးကပ်ဖူးမျှော်စေတီတော်
6 အနီးကပ်ဖူးမျှော်စေတီတော်
7ထုထည်ကြီးမားသောစေတီတော်
7ထုထည်ကြီးမားသောစေတီတော်

ကျနော်တို့ရောက်တဲ့အချိန်စေတီတော်သို့ တက်တဲ့လမ်းက အချောမသတ်ရသေးပါဘူး။

စောင်းတန်းတွေကလဲဆောက်လုပ်ဆဲ။

ကျနော်ကတော့ ကံကောင်းထောက်မစွာနဲ့ ရောက်ရှိခဲ့ရပါတယ်။

မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါတယ်။

 

ကိုပေါက်လမ်းသလားနေသည်

30-6-2015

13 comments

  • Alinsett @ Maung Thura

    July 1, 2015 at 9:34 am

    အဝေးကနေ လှမ်းမြင်ရတဲ့ပုံလေးတွေကို သဘောကျလိုက်တာ
    မှိုင်းညှို့ညို့နဲ့. . .ရှုမောမဆုံး

    • အမှတ် တစ်ရယ် သုံးရယ် က ဖုန်းနဲ့ရိုက်ထားတာပါ

      အပြင်မှာလဲ လွမ်းစရာကောင်းပါကြောင်း

  • ဖေစ်ဘုတ်ထဲက အင်ဂျင်နီယာတစ်ယောက်ကတော့ ရှမ်း တိဘက်နဲ့ မြန်မာ သုံးမျုးိရောထားတဲ့ ဒီဇိုင်းလို့ ဆိုပါတယ်

  • Ma Ma

    July 1, 2015 at 8:41 pm

    အပေါ်ဆုံးပုံလေးရဲ့အရောင်က မှိုင်းညို့ညို့လေးဖြစ်နေတယ်နော်။
    သဘာဝရဲ့အရောင်ကလှလိုက်တာ သဘောကျတယ်။ 🙂

  • မမရေ
    ပထမဆုံးပုံရိုက်တာက ဆောင်းတွင်းဖြစ်နေတာရယ်
    ဖုန်းနဲ့ ရိုက်တာရယ်ကြောင့် သဘာဝ အတိုင်း
    မပြုမပြင်နဂိုရ်ယဉ်
    2 က လဲ ဆောင်းတွင်းမှာကင်မရာနဲ့ ရိုက်ထားတာပါ
    3 ကတော့ သင်္ကြန်တွင်း မူဆယ်ဘက်သွားလည်ရင်းဖုန်းနဲ့ရိုက်ထားတာပါ
    4-5-6-7 ကတော့ ကင်မရာနဲ့ရိုက်ထားတာပါ
    အောက်ဆုံးလေးပုံကတော့ Light room နဲ့ နည်းနည်းပြင်ထားပါတယ်

    အရင်ကမပြင်ဘူး အခုနောက်ပိုင်း ပြောကြလွန်းလို့ နည်းနည်း ပြင်ပေးပါတယ်
    အများအားဖြင့်ကတော့ သဘာဝ အတိုင်းဘဲ တင်ပါတယ်

  • မြစပဲရိုး

    July 1, 2015 at 10:59 pm

    မူဆယ် မှာ အဖေတာဝန်ကျဖူးတယ်။
    . မောင်လေး တွေ လိုက်သွားပြီး လည်ကြတယ်။
    ကျွန်မ ကတော့ မလိုက်သွားဖြစ်ဘူး။
    အရမ်းလှ တယ်ပြောကြတယ်။
    ဘုရားက မြန်မာ ရှေးရိုးပုံမဟုတ်ဘဲ တရုတ်ဘုရား နွယ်သလိုထင်မိတယ်။
    မျှပေးလို့ ကျေးဇူး ကပေါက်ကြီး။
    :-))

  • မူဆယ် သူတို့အခေါ် မုကျယ် အရင်ကအေးချမ်းသာယာစည်ပင်သောမြို့
    ဟိုတုန်းက တရုတ်ပြည်က ဆင်းရဲ
    မြန်မာပြည်ဘက်က သာယာ
    ရာစုနှစ်ဝက်အကြာမှာ
    အစစ ပြောင်းပြန်လန်သွားပါတယ်
    ကိုလတ်ကြီးရေ

  • Mike

    July 2, 2015 at 10:04 am

    .ဘုရားဖူးရလို့ကေ ျးဇူးပါကိုပေါက်ရေ
    .ဘုရားဒီဇိုင်ကထူးခြားတော့ဆွဲဆောင်မှုရှိတယ်…ဓါတ်သေတွေလည်းလှတယ်ဗျာ

  • Ma Ei

    July 2, 2015 at 1:56 pm

    စေတီပုံတော်က မြန်မာမဆန်ဘဲ ထူးခြားတယ်နော်
    တောင်တန်းနဲ့စေတီ ၊ တိမ်ပြာတွေနဲ့ စေတီ ပဏာရလို့ လှပနေတဲ့ ဓာတ်ပုံလေးတွေပါဘဲ
    4 5 6 ပုံလေးတွေ သဘောကျတယ် …

  • ဟုတ်တယ် မအိရေ
    အဲဒီဘုရားပေါ်ကို ကျနော် ဆယ်မိနစ်လောက်ဘဲနေခဲ့ရတယ်
    နောက်တစ်ခေါက် ထပ်သွားပါအုံးမယ်

    အတော်သာယာတဲ့ နေရာပါ

  • ရာမည

    July 4, 2015 at 1:52 am

    ဦးလေး
    ကင်မလာအယူအဆတွေ ပိုကောင်းလာတယ်မှတ်တယ်ခင်ဗျ
    ဟီဟိ
    အရင်တုန်းက တိမ်တွေ ကျုံးတွေလှည့်ပတ်ရိုက်ပီးတင်နေတာထက်
    ဒီလိုလေးတွေမြင်တော့ အပြောင်းအလဲပေါ့ခင်ဗျာ
    ဦးလေး လက်တက်လာပါတယ်ခင်ဗျာ
    မကြာမီ ဆီမီးပိုလောက်တော့ ဖြစ်လာမယ် မှတ်ပါတယ်ခင်ဗျ

Leave a Reply