. မြ ရဲ့ သင်ပုန်း ဝ၁-၇-၂၀၁၅

. မြ တစ်ယောက် ခေါင်းကုတ်နေသည်။
သန်းရှိလို့ မဟုတ်။
ဝိုင်တူးကေ လို ခုနှစ် အချိန် အပြောင်း က ခြိမ်းခြောက်မှုမျိုး ကြားပြန်လို့ ဖြစ်သည်။
ဒီနေ့ ဇွန်လ ၃ဝရက် သည် ၃နှစ်ကာလ အတွင်း နေ့တာအရှည်ဆုံး ဖြစ်ပြီး သန်းခေါင်အရောက် တွင် တစ်စက္ကန့် ပို သွားမည် ဟု သတင်းများ တွင်ဖတ်ရသည်။
. နေရှင်နယ်ဂျီအိုဂရပ်ဖစ် ဆိုက် ထဲ မှာတော့ “World Will Gain a Leap Second on Tuesday:” လို့ ဆိုသည်။
http://news.nationalgeographic.com/2015/06/150629-leap-second-atomic-astronomical-time-earth-rotation-physics/

အဲဒီ တစ်စက္ကန့် အပို ရလိုက်မှာ အတွက် ဘယ်လို အသုံးချမလဲ မေးသူမေး ကြသည်။
. မြလဲ မပြောတတ်။
သို့သော် ဗြီတိသျှ ထုတ် တယ်လီဂရမ်သတင်းစာကြီး ထဲ တွင်မူ ကား ဤသို့မဟုတ်။
ကွန်ပျူတာစနစ်များ ကို့ယိုးကားယား ဖြစ်သွားချိန် စတော့ရှယ်မားကက်များ နှင့် လေယာဉ်လိုင်း များတွင် ဗရုတ်သုတ်ခ ဖြစ်သွား နိုင်သည် ဟု ဆိုသည်။
http://www.telegraph.co.uk/news/science/science-news/11706014/Clocks-to-read-115960-tonight-as-time-lords-add-leap-second.html

ဟုတ်မဟုတ်တော့ မသိ၊ တစ်ချို့ နေရာများမှာ သန်းခေါင်ကျော်ပြီးချိန် ဘာမှတော့ မဖြစ်သေး။ ကမ္ဘာ့အရှေ့ခြမ်း တစ်ခြမ်းလုံး ကတော့ သိလိုက်ဟန်မတူလားမသိချေ။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘဲ ရန်ကုန် မှ ဆီအားတဲ သို့ ပြန်သော သူငယ်ချင်း ကို ပြေးမြင်သည်။
. နှစ်ထောင် ခုနှစ် သန်းခေါင်ချိန်မှာလဲ သူငယ်ချင်း တစ်ယောက် အင်္ဂလိပ်တိုင်းပြည် အသွားလေယာဉ်ပေါ် ရောက်နေခဲ့သည်။
. ဈေးသက်သာသည့် အပြင် လေယာဉ်ပေါ် လူ မရှိသလောက် နဲ နေခဲ့ သည် ဆိုသည်။
ထို သူငယ်ချင်း နှစ်ယောက်စလုံးမှာ ကွန်ပျူတာ ပရိုဂရမ်မာ များ ဖြစ်ကြသည်။
ထို့ကြောင့် ပရိုဂရမ် / Software အမှား Bug ဘဂ်ပေါင်း များစွာ ကို ယဉ်ပါးနေ၍ အကြောက်အလန့် မရှိခြင်းဖြစ်မည်။

. ပြောရလျှင် ကမ္ဘာကြီး သည် တစ်ခုခု မှားယွင်းလာသည် ဟု ထင်မိသည်။
သို့သော် “ယနေ့ ကမ္ဘာကြီး သည် အရင်ကာလ များ ထက် ပိုပြီး ငြိမ်းချမ်းလာသည်၊ လူသတ်ဖြတ်မှု အနိုင်ကျင့်မှု များ ပိုမို နဲပါးလာသည်”
ဆိုသည့် Research စာတမ်း အကြောင်း ကြားလိုက် သော် ………………..
. မြ ခေါင်းကုတ် လိုက်ပြန်သည်။

 

DSCF1295
ဆိုင်ပေါ်က စတော်ဘယ်ရီ
DSCF1302
လမ်းဘေး က နှင်းဆီ

11 comments

  • အချို့ ကိစ္စတွေက တစ်ယောက်ယောက် က ဆရာကြီးပေါက်နဲ့ ထ အော်လိုက်တာကို
    အလန့်တကြားဖြစ်ကြတာမျုးိလဲရှိပါတယ်။

    ကျနော်ကတော့ ကိုယ့်အာရုံနဲ့ကို်ယ်ဆိုတော့ ကို်လတ်ကြီးပြောတဲ့ ဒီသတင်းကို ဖတ်လဲမ မဖတ်မိ
    သိလဲ မသိလိုက်တော့ ဘာမှ စိတ်ထဲမှာမရှိ
    ဘာမှလဲ မပူပန်မိလိုက်
    ည သန်းခေါင်ကျော်အထိ ရေးလိုက်ဖတ်လိုက်နဲ့ အလုပ်တွေရှုပ်နေခဲ့တာလေ
    မျက်ကန်း တစ္တေမကြောက်ဆိုတာ ဒါပါဘဲ။

    ဆက်စပ်ပြောရရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက အခုအတိုင်းပါဘဲ
    သိသူတွေ တတ်သူတွေက အရမ်းကို စိုးရိမ်ပူပန်ကြ၊ီးနေကြပေမယ့်
    ဘာမှ မသိသူတွေက တော့ အေးဆေး နေ နိုင်သလိုပေါ့

  • Courage

    July 1, 2015 at 9:01 am

    ငင့် ့ ့ ့ ့ အဲ့အကြောင်းသိတောင်မသိလိုက်ဘူး
    တစ်စက္ကန့်ပိုတာကောင်းတယ်မယ်ဗျ။ အချိန်ပိုပြီး အိပ်လို့ရတယ်လေ

  • Alinsett @ Maung Thura

    July 1, 2015 at 9:26 am

    ညတညမှာ တစက္ကန့်သာ ပိုရရင်
    ပိုအိပ်ပစ်မှာပေါ့
    အခုတလော အိပ်ရေးရယ် မဝရေးချ မဝချင်

    :k:

  • kai

    July 1, 2015 at 11:42 am

    ကမ္ဘာကြီးပိုကောင်းလာသပေါ့…
    အရင်အနှစ်၃ဝကဆို.. ရန်ကုန်မြို့ပတ်ရထားများ.. ညတိုင်းတိုင်တဲ့မုဒိန်းမှုတောင်နေ့တိုင်းရှိသဗျ…။
    ဖတ်ဖူးလို့သိတာ…။
    ဆိုတော့…
    ခုနေများအဲလိုရှိလို့ကတော့… ဖဘပေါ်ချက်ချင်းရောက်မှာဖြစ်ခြင်း..

    ခုနေခေတ်မှာ… ယူအ်က်စ်မှာ အခုဖြစ်.. အခုရန်ကုန်ကလူကသိ…။
    ယူကေကလူကသိ…
    ပြောကြတာတော့.. ..လွန်ခဲ့တဲ့အနှစ်၂ဝက ယူအက်စ်သမ္မတရတဲ့သတင်းအချက်အလက်မျိုုး.. အမေရိကန်တိုင်းလိုလိုရနေကြပြီဆိုတာပဲ..။

    သဘောက..
    အရင်တုံးက.. ပိုပိုဖြစ်နေကြတာ.. လူသာမာန်တွေမသိတဲ့သဘော.. မသိတဲ့သဘော…။

  • Ma Ma

    July 1, 2015 at 5:35 pm

    စက္ကန့်ပိုင်းလောက်ဆိုတာကို ဘာမှမထိရောက်ဘူးလို့ စိတ်ထဲထင်မိပေမယ့်…
    သူငယ်ချင်းတစ်ယောက်
    ဒဂုံစင်တာကပြန်အထွက် တဖက်ကားလမ်းပေါ်အရောက် ဗုံးပေါက်ခဲ့လို့ သူ့ရဲ့ကံကောင်းပုံကို သတိရမိသွားတယ်။။
    ဖြစ်ချင်ရင် မိနစ်ပိုင်း စက္ကန့်ပိုင်းကလည်း အပြောင်းအလဲအများကြီးဖြစ်သွားနိုင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2015 at 8:56 am

    • ဦးကျောက်ခဲ

      July 2, 2015 at 9:31 am

      အာ ဟ … တောပုန်းကြီး ကပု… ဘယ်ချောင်ကထွက်လာတာတုန်း…
      မကြာမကြာ ရွာထဲပြန်လာပါဗျ … ခင်ဗျားမရှိတော့လည်း ပျင်းသား… :k:

    • kai

      July 2, 2015 at 10:20 am

      …. အူကြောင်ကြောင်ဖြစ်မိ…
      ၉၅ဇတ်လမ်းလေးရှင်းပါဦး… ကိုရင်အောင်ပု…။
      ကိုးပြီးမှငါးရမှာလား..
      နိုင်းပြီးဖိုက်ရမှာလား… လို့..။

    • မြစပဲရိုး

      July 3, 2015 at 1:53 am

      . ပေါ်လာဝမ်းသာလှပါဘိ တော့ ဘပုလေး ရယ်။
      ဘယ်တွေသွားပြီး ရန်ဖြစ် နေတုန်း။

      95 က Windows လား။
      Out of Date ….. lol:-)))))

  • Mike

    July 2, 2015 at 9:58 am

    .မြစာကလေးရဲ့ ပို့စ်ကိုဝင်ဖတ်မိတော့ ပျောက်နေသူ ဆာယေးစရာဂ ျီး ကိုအောင်ပုကိုတွေ့ရသကိုး
    .မြ လိုပဲ ကြီးမိုက်လည်း ခေါင်းကုတ် ဖတ်သွားပါသီ

  • မြစပဲရိုး

    July 3, 2015 at 2:00 am

    အားလုံး ကို ကျေးဇူးပါ။
    . ရှေ့ကို သာ အတင်းတက်ဖို့ လုပ်နေသူမို့ နောက်ကြောင်းပြန် ရီပလိုင်း မလုပ်နိုင်တာ ခွေးလွှတ်ကြပါ။
    မှတ်ချက်မပေးဘဲ ဒီတိုင်းဖတ်သွားကြရင်လဲ ရပါတယ်လို့စ်။
    တစ်ယောက်ချင်း စကား မပြန်နိုင်တာ အားနာလို့ပါ။
    ဟန်ဒရက်သောင်ဇင် ပြည့်ပြီး ရင် မှတ်ချက် တွေ ကောင်းကောင်း ပြန်ပေးပါ့မယ်လို့စ်။

    ပုံ
    ရည်မှန်းချက်ကြီးသူ
    ကွန်တစ် နှစ်ထပ်ကွမ်း (ကွန်ဆားဗေးတစ် + ကွန်ပဲရတစ်)
    . မြ :-)))

Leave a Reply