“ဝေ ဝေ ကိုကြိုဆိုခြင်း”

“ဝေ ဝေ ကိုကြိုဆိုခြင်း”

“အသက်လေးဆယ်
လူတွေမေးတယ်
ဘယ်တော့များမှစားရမှာလဲ”တဲ့
ဟိုမျက်မှန်နဲ့ကောင်လေးက
နောက်တာလိုလို
အဟုတ်လိုလို
သီချင်းလုပ်ဆိုခဲ့ဘူးပါတယ်။

နိုင်ငံခြားမှာတော့
အသက်လေးဆယ်ဆိုတာ
ဘဝအသစ်တခုစသတဲ့
ဒီမှာတော့ အဲဒီအရွယ်ကို
နှစ်ဆယ်တိုးလိုက်တာနဲ့
ပင်စင်ဆိုတာကြီးကို
မယူချင်ဘူးဆိုလဲ
ဇွတ်ပေးပြန်တော့
သုံးမရ စားမရ
ဆုံးဘဝ ရောက်ရပြန်တယ်။

“ဝေ” တို့ အရွယ်ဆိုတာ
ဟိုနားက ကိုက်
ဒီနားက နာ
မမြင်ရတဲ့
စိတ်ဒဏ်ရာ တွေကလည်း
ဗလပွပေါ့။

ဖြတ်သန်းခြင်း
ဘဝ ပင်လယ်မှာ
အောင်မြင် ကြည်နူး
ရှုံးနိမ့် ကြေကွဲ
ရယူ ကျေနပ်
ပေးဆပ် ခံပြင်း
ဆုံးရှုံး နာကျင်
မနိုင်၍သီးခံခြင်း
နိုင်ပါလျက်နဲ့ရှုံးရခြင်း
အကြောင်းအချင်းများစွာ
ကြုံချင်လည်းဆုံ
မဆုံချင်လည်းကြုံ
ဘဝဇာတ်ခုံပေါ်မှာ
မရပ်မနား
သွားနေရင်းက
ပြန်လာခွင့်မရှိသောနေရာကို
မနက်လား
ညလား
အခုလား
တော်ကြာလာ
ထိုင်နေရင်းလား
ထနေရင်းလား
သွားနေရင်းလား
အိပ်နေရင်းလား
“ဘယ်တော့များသွားရမလဲ”ဆိုတာ
အသေအချာတွက်ဆလို့မရတာကလဲ
အသေအချာ။
ဘယ်အခါဆိုတာ
မှန်း ဆ လို့ မရတဲ့အဆုံး
“ဒီတစ်ည တော့ ပျော်အောင်အိပ်စက်
နောက် မနက်နိုးထချိန်ဟာ
မပြန်လမ်းမြန်းရဘို့
တစ်ရက်တိုး
အသက်ဆိုးတွေရှည်နေအုံးမှာလား”လို့
မရဲ တရဲ လေး
တွေးမိသွားတာလဲမကြာခဏပါဘဲ။

နေ့စဉ်နဲ့အမျှ
စားသတိ
သွားသတိ
လာသတိ
နေသတိ
ထိုင်သတိ
ထသွားပြန်ကြည့်
အမြဲသတိရှိပါ။

အချိုရှောင်ပါ
ဆီးချိုတိုင်းပါ
အငံလျော့ပါ
သွေးပေါင်ချိန်ပါ
လမ်းပုံမှန်လျှောက်ပါ
ဆေးလိပ်ဖြတ်ပါ
အရက်မသောက်ပါနဲ့
ဆေးမှန်မှန်သောက်ပါ
စိတ်မတိုပါနဲ့
အိပ်ရေးဝအောင်အိပ်ပါ
ဝက်သားမစားပါနဲ့
ကိုယ်အလေးချိန်ချပါ

ဟိုဟာလုပ်ပါ
ဒီဟာမလုပ်ပါနဲ့
ကန့်သတ်ချက်
ညွှန်ကြားချက်များကြားမှာ
ဗျာများစရာမလို
သူတို့ဆိုတဲ့အတိုင်းနေရင်း
အနိစ္စ အမြဲမရှိ
ဇာတိ ဇရာ
ဗျာဒိ မရဏာ
ဘာညာဘာညာ တွေကိုနှလုံးသွင်းရင်း
မကြာမှီနှစ်များ အတွင်းမှာ
မခေါ်ဘဲရောက်လာတော့မယ့်
“ဝေ” ကိုကြိုဆိုဘို့အဆင်သင့်အောင်
အသင့်ပြင်လို့နေပါတယ်။

(မိမိကိုယ်မိမိ ပြန်ထိကြည့်ခြင်း)
ကိုပေါက်လက်ဆောင်အတွေးစဉ်
1-7-2015

18 comments

  • မြစပဲရိုး

    July 2, 2015 at 1:44 am

    . ဝေဝေ ရဲ့ မွေးနေ့လား ကပေါက်ကြီး။
    A Very Happy Birthday My Dear Sis !
    May all your dreams come true. (If you want to 😉 ).
    :-)))

  • Ma Ma

    July 2, 2015 at 7:32 am

    July ဆိုတော့ ဝေဝေ့မွေးနေ့မဟုတ်လောက်သေးဘူး။
    ကိုပေါက်ပြောတဲ့ ဝေ ဆိုတာ တစ်ခုခုတော့ တစ်ခုခုပဲ။
    ဝှက်ဖဲလေး ထည့်ပေးလိုက်တာဖြစ်မယ်။ 🙄

  • Alinsett @ Maung Thura

    July 2, 2015 at 7:57 am

    .ခြောက်ဆယ် ခြောက်ဆယ် (မြန်မာပြည်ရဲ့ ပင်စင်အရွယ်)ကို ကြိုဆိုခြင်း နေမှာ…
    . မြန်မာစာနဲ့ ဝေဝေဆိုတာက အင်္ဂလိပ်အက္ခရာ 6060နဲ့
    မကွာရေးချ မကွာ….

    :k:

    • အလင်းဆက်တော်တယ်

      ကျနော်ကို ဒီ စာလုံးလေးရအောင် သင်ပေးသွားတာ ဟဲဗီးဖြိုးလေ

      လေဆာ ကို ခြောက်လစာ လို့ ဖတ်ပြသွားတာ

  • Mike

    July 2, 2015 at 9:28 am

    .ကဗျာဖတ်ပြီး မျက်စေ့လည်သွားတယ်…ရွာထဲက မဝေကိုညွှန်းတယ်မှတ်တာ..
    .ဒညင်းဝက်ပြောမှသတိထားမိတယ်…ကိုပေါက်ဆိုလိုရင်းကို
    .က ျုပ်တို့ကုမ်ပဏီကတော့ ပင်ဆင်သက် ၅၅ နှစ်တဲ့ဗ ျာ

    • ကိုမိုက်ရေ အသက်နဲ့ ပင်စင်ဖြတ်တာတော့ ကျနော်လဲ သဘောမကျ
      ဒါကြောင့် ကိုခိုင်ကော်မင်းကို စိမ်းပေးလိုက်တယ်

  • မြစပဲရိုး

    July 3, 2015 at 2:02 am

    ယုံပါဘူး ဝေ။
    ၅ဝလောက်တောင် မရှိသေးတာကို။ :-)))

  • kai

    July 3, 2015 at 3:09 pm

    ယူအက်စ်က.. တင်ရင်းတင်ရင်း.. ပင်စင်သက် ၆ရနှစ်ရောက်နေပြီ…။
    မြန်မာပြည်များ.. အလုပ်လုပ်တဲ့လူတွေ ဘာမှဒီလောက်ရှိတာမဟုတ်..
    ပင်စင်သက် ၆၅လောက်ထိတင်ပေးလိုက်ဖို့ကောင်းတယ်..။

    ကျမ်းမာရေးအာမခံလည်းဘာမှလောက်လောက်လားလားမရှိသမို့.. တိုင်းပြည်က စိုက်စရာဒီလောက်မရှိ..။
    ပင်စင်အသက်နောက်ကျသမို့.. ပင်စင်ငွေထုတ်ပေးရသက်သာ၊
    ပင်စင်မယူခင်.. လုပ်ရမယ့်လုပ်အားတွေပိုရ..။
    တနှစ်ကို.. ဒေါ်လာဘီလီယံချီထွက်လာနိုင်တယ်..။

    အဲ..
    လူထုက စားဝတ်နေရေးထောက်ပံ့ထားရတဲ့ လူတန်းစားကိုတော့.. ၆ဝလောက်ဆို ပင်စင်ပေးသင့်တယ်..။
    အခုက.. ကြီးလေလေ.. လူထုပိုထောက်ပံ့ရလေလေ.. ။ အဦးအဖျားတွေစားရသမို့.. အသက်တွေကရှည်…။
    နေမကောင်းလည်း.. ဆေးတောင်.. နိုင်ဂျံဂါးမှာ ကုချင်ကြဆိုတော့.. ဒီတိုင်းပြည်မမွဲ.. ခံနိုင်ပါ့…။

  • aye.kk

    July 3, 2015 at 3:38 pm

    ဝေရောက်ဖို့အတွက်ေ,ပဲလိုတော့တယ်။
    သဝေထိုးလဲကြောက်,ဝေဝေကိုလည်းကြောက်လို့။
    အထုတ်ပါဘို့ကျောင်းကိုပြန်ပြေးရဦးမယ်ကိုပေါက်ရေ..။
    ေေ,ရောက်မှာကိုလည်းအတော်များများကကြောက်နေကြတယ်။

  • ဒီနေ့က ကျနော်မွေးနေ့ပါ

    အမှတ်တရ ပြောရရင် 2011 မွေးနေ့ မတိုင်ခင်တစ်ရက်

    ကိုနေချား
    မပဒုမ္မာ
    မမ
    မဝေ
    ဆူး တို့ နဲ့ ကျနော်တို့ လင်မယား ခရီးတွေသွားဘူးကြတယ်

    နောက်လာမယ် သုံးနှစ်ဆိုရင် ကျနော် အသက် ခြောက်ဆယ်ရောက်ပြီ

    ကျနော်အလုပ်ကတော့ ပင်စင်မရှိဘူး

    ကျနော်လုပ်နိုင်သလောက်လုပ်ချင်သလောက်ထိလုပ်ပါ ပြောထားတယ်

    ကျနော်နဲ့ သက်တူ ရွယ်တူ သူငယ်ချင်းတွေ အစိုးရ ဝန်ထမ်းတွေ အရာရှိတွေ သူတို့ နဲ့ ဆုံတဲ့အခါ
    မကြာခင်လာတော့ မယ့် အသက်ခြောက်ဆယ် ဆိုရင် ပင်စင်ယူရမှာကိုတွေးပြီး စိတ်ပူပန်နေကြပါတယ်
    အဲဒါလေးကို သတိရလို့ ဒီကဗျာလေးကိုရေးဖြစ်တာပါ

    ဖေစ်ဘုတ်မှာတော့ ကျနော်မွေးနေ့ ကို မနေ့ ကတည်းက ဆုတောင်းတွေနဲ့ကျင်းပကြတာ ပျော်စရာကြီးပါဘဲ

  • ရာမည

    July 4, 2015 at 1:40 am

    ဟုတ်တယ်ဦးလေးရ
    အသက်ကြီးလေ မေ့တတ်လေဖြစ်ပီး
    ကိုယ်ပြောခဲ့တာတွေလုပ်ခဲ့တာတွေမေ့သွားတတ်တယ်မှတ်တယ်
    ၆ဝ နီးပေမယ့် ၆ဝ မတိုင်မီသေသွားနိုင်လို့
    ကျန်းမာရေးဂရုစိုက်ပါခင်ဗျာ
    ဦးလေး မရှိရင် မန်းတလေးဂေဇက်မှာ
    တောင်သမန်ပုံတွေ တိမ်ပုံတွေ မကြည့်ရတော့ဘူးခင်ဗျ
    ကျွန်တော်လည်း အသက်ကြီးလာတော့
    ဘာတွေပြောမိတယ်မသိပါဘူးခင်ဗျာ
    အမှားပါရင် ခွေးလွှတ်ပါခင်ဗျ
    ဟီးဟီး

  • ​ဒေါ် လေး

    July 5, 2015 at 8:51 am

    ကိူပေါက်ရဲ့စာလေးက ကောင်းလိုက်တာ
    ခံစားချက်နဲ့ ထပ်တူပါဘဲ
    ဒီထက်ဒီထက် အသက်ရှည်ပြီး စာတွေရေးနိုင်ပါစေ

    • ဒေါ်လေးရေ

      အသက်ရှည်ခြင်း မရှည်ခြင်းက တော့ ကံနဲ့လဲ ဆိုင်
      ဉာဏ်နဲ့လဲ ဆိုင်ပါတယ် ဒေါ်လေးရေ

      မသေချင်သေးတော့ ကံနဲ့ဉာဏ် နဲ့ တွဲပြီး အသက်ရှင်အောင် ကြိုးစားနေပါတယ်
      ကျနော်ရေးချင်တဲ့စာရေးခွင့်ရ
      ကျနော့်ရိုက်ချင်တဲ့ ဓါတ်ပုံတွေ ရိုက်ခွင့်ရနေတာကလဲ
      ကျနော့် အတွက် ကံကောင်းခြင်းလက်ဆောင်တွေပါဘဲ။
      ဆုတောင်းအတွက်ကျေးဇူးတင်ပါတယ်။

  • တောင်ပေါ်သား

    July 6, 2015 at 2:33 pm

    မကြိုချင်ပေမယ့်လည်း လာကိုလာမယ့် ဝေဝေပေါ့ ၊

    ကျနော်တို့လည်း အသက်ရှည် အနာကင်းဖို့ ကြိုးစားရဦးမှာပါ ကိုပေါက်ရေ

  • ကမျိုးရေ

    ကျနော်က သာ အပြင် လုပ်ငန်းလုပ်လို့ 60ကို ထည့် မစဥ်းစားပေမယ့်

    အစိုးရအလုပ်ထဲမှာရှိနေတဲ့ သူငယ်ချင်းတွေက တော့

    ပင်စင်ယူပြီးရင်ဆိုတာကို ထည့် တွေးနေကြ ရ ပြီလေ

Leave a Reply