နားဦးတည့်ရာ သုံးဆယ် – ဗဒင် (အဆက်ဟောင်း)

ဒီရက် သီချင်းတစ်ပုဒ် နားထဲ ရောက်နေတယ်။
ဒီ အတိုင်း ရောက်လာတာ မဟုတ်ဘူး။
. အဖေ့စာအုပ် ကြီး ထဲ က ရန်ကင်း ကြေးအိုး ပွဲ တွေ ကို တွေ့လိုက်လို့။ 😉
ဒီ သီချင်း နဲ့ ကြေးအိုး ဘာဆိုင်လဲ တွေး နေကြတယ်လား။
ရန်ကင်းကြေးအိုး ဆိုတာ အခုနာမည်ကြီး ဝိုင်ကေကေမအို ခင် ကထဲ က ရန်ကင်း မှာ နာမယ်ကြီး တာ ရန်ကင်းသူ/သား များ သိမှာပါ။
. မြန်မာပြည်ထဲ အလုပ်လုပ်တုန်းက ရန်ကင်း မှာ အလုပ် ရဲ့ အခွဲ Branch  တစ်ခု ရှိခဲ့တယ်။
ဒီတော့ ဗိုက်ဆာလို့ ရန်ကင်းကြေးအိုး ဆိုင် ကို သွားရင် “ကျောင်းလမ်း” က နေ ဖြတ်သွားရပါတယ်။
အဲဒီလမ်းထိပ်မှာ တကယ်ဘဲ ငုဝါပင် ရှိပါတယ်။
၁၉၉၂ ပါတ်ဝန်းကျင်  ဗဒင် နာမည်ကြီးချိန် မှာ  …..
အဲဒီ ကျောင်းလမ်း ရယ်
အဲဒီ ငုဝါပင်ရယ်
အဲဒီ မာန တွေရယ် ….   မဆုံခဲ့တဲ့ ဇာတ်လမ်း ရယ်
အဲဒီ အဆက်ဟောင်း သီချင်း ရယ်။  :-((((

နှစ်ရာ ရဖို့ စိတ်ကူးယဉ် ကြည့်တာပါ။
တကယ်မဟုတ်ရပါ ပိတ်သတ်ကြီး။

. ကြေးအိုး ကို ဘဲ လွမ်းနေတာပါ။ lol:-))))))))))))))

++++++++++++++
အဆက်ဟောင်း – ဗ ဒ င်

မှတ်မှတ် ရ ရ ရှိ ေ န ဆဲ ပါ မုန် း ဖို့ ကောင် း တဲ့ ချစ်သူရယ်
အဆက် ဟောင် း ဆို တာ မ သေချာ တေ ာ့ ပေ မယ့်
ထုံး ဖွဲ့ကာ  ရစ် ပတ် ေ နှာ င် တွယ် တဲ့ … အချစ် က

တမ်းတမ်း တ တ ရှိ နေ ဆဲ ပါ
.ဝေး လွ င့် သွား တဲ့ ချစ်သူ ရယ်
မခံ ချင်စိ တ် ေ တွ ရ ယ် နာကျင် စိတ် တွေ ရယ်
. ရော ထွေးကာ နောက်ကျ ကျန် နေတဲ့ … အချစ် က

အရှက်အိုးကွဲ အပိုင်းအစလေး တွေ ယနေ့ ထက်ထိ ပြန် ဆက် ချင် တယ်
ပါး မို့ မို့ နှင်းဆီခင်းမှာ တစ်ပါတ် လောက် လျှောက်ကာ ဟို အရင် အတိုင်း ရှိ နေ ချင် တယ်
. ရေး ရေး ရေး ရေး ရေး
ဟိုးတုန်း က ကျောင်းလမ်း ထိပ် မှာ ငုဝါပန်း တွေ ပွင့် လာ ရင်
စိတ်ကူး နဲ့ ငုဝါပန်း ကို ပေါင်း စပ်ဖို့ တော့ ဘယ်လိုမှ မဖြစ်နိုင်တော့

အဆက်ဟောင်းဟာလဲ
အဆက်ဟောင်း ပါပဲ
အဆက်ဟောင်း

8 comments

  • မြစပဲရိုး

    July 1, 2015 at 11:24 pm

    အရှက်အိုးကွဲ အပိုင်းအစလေး တွေ ယနေ့ ထက်ထိ ပြန် ဆက် ချင် တယ်
    ပါး မို့ မို့ နှင်းဆီခင်းမှာ တစ်ပါတ် လောက် လျှောက်ကာ ဟို အရင် အတိုင်း ရှိ နေ ချင် တယ်
    . ရေး ရေး ရေး ရေး ရေး
    ဟိုးတုန်း က ကျောင်းလမ်း ထိပ် မှာ ငုဝါပန်း တွေ ပွင့် လာ ရင်
    စိတ်ကူး နဲ့ ငုဝါပန်း ကို ပေါင်း စပ်လို့ တော့ ဘယ်လိုမှ မဖြစ်နိုင်တော့

    https://www.youtube.com/watch?v=EDA2P18J8Mw

  • ဇီဇီခင်ဇော်

    July 2, 2015 at 6:17 am

    ဪ အဆက်ဟောင်းးး
    ဪ ရန်ကင်းးးး
    😥

  • Ma Ma

    July 2, 2015 at 7:58 am

    သားချော့တေးကို ကိုယ်သန်ရာသန်ရာ ဆိုကြသည်ပေ့ါ။ 😉

    ကိုယ်ကတော့ တို့အသွေးလည်းမဟုတ် တို့အသားလည်း မဟုတ်….. ဆိုတဲ့ မြသန်းစံရဲ့ စည်းလုံးခြင်းသည်အင်အား သီချင်းဆိုပြီး ကလေးချော့တာ။

    နောက်တော့ ကာတွန်းတွေက အဲဒီသီချင်းနဲ့ ကလေးချော့တာကို ပြက်လုံးထုတ်လာကြတော့ ရီလိုက်ရတာ။
    :k:

  • Alinsett @ Maung Thura

    July 2, 2015 at 8:06 am

    .အဲဒီ သီချင်းကို ဖြိုးကြီး ပြန်ဆိုတာ ပို သဘောကျတယ်…
    .ဗဒင်ရဲ့ အသံကို …မကြိုက်ရေးချ မကြိုက်…
    အဲ…. သူ့ သီချင်း စာသားတွေ သံစဉ်တွေကိုတော့ .. ကြိုက် ရေးချ ကြိုက်…

  • Mike

    July 2, 2015 at 9:36 am

    .ဗဒင်သီခ ျင်းတွေဒီလောက်ပေါက်ခဲ့တာ…ဒီတစ်ပုဒ်တော့သိပ်မရင်းနှီးခဲ့…
    .ဪ အဆက်ဟောင်းး အဆက်ဟောင်းးး အဆက်ဟောင်းးး

  • ဦးကျောက်ခဲ

    July 2, 2015 at 9:41 am

    ကန်ဘဲ့က ရန်ကင်းကြေးအိုး မူလဆိုင်ဟောင်းကို မှတ်မိ သိရှိပါ၏…
    အရသာကောင်းပြီး ဆာတေးပါတွဲရောင်းတာလည်း မှတ်မိတယ်…
    အခု ရှိသေးလား မရှိတော့ဘူးလား ၊ အရသာ ကောင်း/မကောင်း မသိတော့ဘူး…
    ကျောက်စ်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ဗဒင် စပြီးနာမည်ကြီးတာမို့ အမှတ်ရစရာအများသား…
    ရယ်စရာ ပြောရရင် ဗဒင်ရဲ့ “နေရာ” ကို ဖျက်ပြီး…
    “ကျွတ်ကျတဲ့ ကိုယ့်ရဲ့ပုဆိုးကိုကောက်ကိုင်ပြီး ၊ မင်းဆီ… တန်းလန်းကြီး ကိုယ်ပြန်ခဲ့ပါမည်”… အားဟိ…
    :k:

  • မြစပဲရိုး

    July 3, 2015 at 2:16 am

    သင်းကျူးပါ အားလုံး။
    အဲဒီ ရန်ကင်းကြေးအိုး ဆိုတာ YKKO (Yan Kinnn Kyae Ooe) လို့ မသိသူများ ရှိခဲ့ရင်ပါ။ :-)))

    အရင်နေရာ မှာ ရှိသေးလား မရှိတော့ဘူးလား ကျွန်မ လဲ မသိဘူး။ မေးကြည့် လိုက်မယ် ကျောက်စ်။
    အခုတော့ Senior Manager တွေ အများကြီး ကို ကချော အချစ်တော် Management ဆာကြီး က ဆာလုပ်နေတဲ့ အထိ ကြီးမား သွားပြီ။

  • ဗဒင် အကြောင်းဆိုတော့ ပြောပြချင်ပါသေးတယ်

    သူ့အောင်မြင်မူ့ ကအတော်ကြောက်စရာကောင်းပါတယ်
    အကျီတောင်မှ “ဗဒင် ကွက် “ဆိုတဲ့ နာမယ်နဲ့ ရယ်ဒီမိတ် ရှပ်လက်တိုလေးတွေ ရောင်းမလောက်
    အဲတုန်းက စတိုးဆိုင်မှာ အလုပ်လုပ်နေလို့ သိတာပါ။

    သူ့ ပထမဆုံး သိုးမဲကြီးတွေ အကြောင်းထွက်တော့ တိတ်ခွေကလဲ မတရားရောင်းကောင်းတာ

    ကျနော်ကတော့ အဲဒီအထဲက

    ဦးထားခဲ့တာကြာပါပြီ သိမ်းထားခဲ့ တာကြာပါပြီဆိုတာကို ကြိုက်တယ်

    သူတို့က ပြန်မပေးဘဲ နေရာဦးထား သိမ်းထားခဲ့ တာကြာလှပြီ မဟုတ်လားနော်

Leave a Reply