ကာမတဏှာ (ဦးနု)

Shwe EiJuly 2, 20151min54927

ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား)
*******************************************************************
မေး ။ ။ အိန္ဒြေဆိုတာဘာလဲ
ဖြေ ။ ။ အိန္ဒြေဆိုတာ စောင့်ထိန်းတာ
မေး ။ ။ ဘာကိုစောင့်ထိန်းရမလဲ
ဖြေ ။ ။ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် စောင့်ထိန်းရမယ်
မေး ။ ။ ဒါတွေကို ဘယ်လိုစောင့်ထိန်းရမလဲ
ဖြေ ။ ။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ ၊ တည်တည်ကြည်ကြည် ကြည့်ပြီးတော့ အကုသိုလ်ဖြစ်မယ့်ဟာတွေ ဆိုရင် မကြည့်မိအောင် နားမထောင်မိအောင် မရှူရှိုက်မိအောင် မစားမသောက်မိအောင် မထိမတွေ့မိအောင် စိတ်မကူးမိအောင် အစွမ်းကုန်ထိန်းရမယ်။

ဒီအတိုင်း ထိန်းနိုင်ရင် မိန်းမလဲ မိန်းမကောင်း ယောက်ျားလဲ ယောက်ျား ကောင်းဘဲ၊
ဒီအတိုင်းထိန်းနိုင်ရင် ယောက်ျားလဲ အိန္ဒြေရှိတဲ့ ယောက်ျား ဘဲ၊ မိန်းမလဲ အိန္ဒြေ ရှိတဲ့ မိန်းမဘဲ ၊ မထိန်းနိုင်ကြရင်တော့ အိန္ဒြေမဲ့တဲ့ မကောင်းတဲ့ ဆိုးတဲ့ ယောက်ျားတွေ မိန်းမတွေ ဖြစ်ကုန်ကြမှာဘဲ။
**************************************************************************
ပွဲလမ်းသဘင်ဟာ အကျင့်စာရိတ္တပျက်စေတယ်၊ ပိုက်ဆံကုန်တယ်၊ အချိန်ကုန်တယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ မမေ့မလျော့ သတိရဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်…

ရှက်ဖွယ် မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော
ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟုရှူလေ့ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှူလေ့ရှိကြကုန်သော
အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်ဟု ရှူလေ့ရှိကုန်သော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။

ကျေးဇူးရှင် မိဘနှစ်ပါးကို နဖူးကချွေး ခြေမ ကျအောင် ပင်ပင်ပန်းပန်း ပစ ္စည်းရှာပြီး လုပ်ကျွေးရတာ ကျေးဇူးဆပ်ရတာကို မရှက်ရဘူး၊ ကို်ယ့်မှာရှိတဲ့ ပစ္စည်းအင်အားနဲ့ သင့်တော်အောင် ခြိုးခြိုးခြံခြံနေရ စားရ ဝတ်ရတာကို မရှက်ရဘူး၊ တရားနဲ့အညီ စင်စင်ကြယ်ကြယ် ရိုးရိုးသားသားနဲ့ လုပ်ရမယ်ဆိုရင် ဘယ်လောက်ဘဲ အောက်ကျတဲ့ အလုပ်ဖြစ်ပစေ လုပ်ရမှာကို မရှက်ရဘူး၊ ကျေးဇူးရှင် မိဘတွေကို ကျေးဇူးပြန်မဆပ်ဘဲ ပစ်ထားရမှာကို ရှက်ရမယ်၊ ကိုယ့်မှာရှိတာထက် ပိုဝတ်ပိုစား ပိုသုံးပြီး မရှိတော့မှ သူများဆီမှာ မျက်နှာအောက်ချ လက်ဖြန့်ပြီး တောင်းရမှာကို ရှက်ရမယ်၊ တရားတော်နဲ့ ဆန့်ကျင်တဲ့ အလုပ်ဆိုရင် ပစ္စည်းဘယ်လောက်ဘဲရရ လုပ်ရမှာကို ရှက်ရမယ်
လူဖြစ်ရင် အနည်းဆုံး ငါးပါးသီလလောက်တော့ မြဲရမယ် အိန္ဒြေရှိရမယ် အဲဒါကြောင့် သီလမရှိတဲ့ လူဖြစ်ရမှာကို ရှက်ရမယ် အိန္ဒြေ မရှိတဲ့လူဖြစ်ရမှာကို ရှက်ရမယ် ငါးပါးသီလမြဲရင်ကိုဘဲ လူကောင်းတစ်ယောက်ဖြစ်နေပြီ၊ ဒါပေမဲ့ ကောင်းသထက် ကောင်းအောင် ကုန်းတိုက်ပေးတာ ကြမ်းကြမ်းတမ်းတမ်း ပြောတာ အကျိုးမရှိတဲ့ တွေ့ကရာရှစ်သောင်းစကားတွေကို လျှော့ပြောတာဆိုတဲ့ ဝစီကံ သုံးပါးကို ရှောင်နိုင်ရမယ်။

************************************************************************************
မိန်းကလေးတစ်ယောက်မှာ မျက်စိအိန္ဒြေ ကိုယ်အိန္ဒြေ စိတ်အိန္ဒြေ ဆိုတာတွေဟာ သိပ်အရေးကြီးတယ်…..
မျက်စိကို မကလက်ဘဲ တည်တည်ကြည်ကြည်ဖြစ်နေအောင် ထိန်းထားတာကို မျက်စိ အိန္ဒြေလို့ခေါ်တယ်
ရပ်တဲ့အခါ လျှောက်တဲ့အခါ ထိုင်တဲ့ အခါ လှဲတဲ့အခါ ခြေလက် ကိုးယိုးကိုးယား ထိုးထိုးထန့်ထန့် ပျက်တီးပျက်ချော် မဖြစ်ဘဲ သိမ်သိမ်မွေ့မွေ့ ပိပိရိရိ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ခြေလက်ကိုယ်ကို ထိန်းသိမ်းထားတာကို ကိုယ်အိန္ဒြေလို့ခေါ်တယ်
မိန်းကလေးတွေမှာ သူတစ်ပါးမမြင်အောင် ဖုံးထားရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရှိတယ်၊ အဲဒီအစား သူတစ်ပါးမမြင် မြင်အောင် အင်္ကျ ီပါး လုံချည်ပါးကို ဝတ်မယ် ဝတ်ပြန်တော့လဲ မပေါ့်တပေါ် ဖြစ်နေအောင် ဝတ်မယ်ဆိုရင် ကိုယ်အိန္ဒြေ မဲ့တယ်လို့ခေါ်တယ်
စိတ်ကို လွှတ်ချင်တိုင်း လွှတ်ထားရင် တံခါးမရှိတဲ့အိမ်ကို သူခိုး ဓါးပြတွေဟာ ဝင်ချင်တိုင်းဝင်လို့ရသလို ရာဂစိတ်တွေ လောဘစိတ်တွေ ဒေါသစိတ်တွေဟာ ကိုယ်ထဲကို ဝင်ချင်တိုင်းဝင်လာကြလိမ့်မယ်၊ ဒီစိတ်တွေ မဝင်နိုင်အောင် ဘုရား တရား သံဂါ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တွေ အာရုံပြုပြီး စိတ်ကို ထိန်းထားတာကို စိတ်အိန္ဒြေလို့ ခေါ်တယ်

သံဖြင့်လုပ်သော ခြေချင်း စသော အနှောင်အဖွဲ့ သစ်သားဖြင့်လုပ်သော ထိပ်တုံးစသော အနှောင်အဖွဲ့ မြက် /လျှော် တို့ဖြင့်လုပ်သော ကြိုး စသော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန် ၊ ပတ္တမြား နားတောင်းစသော ရတနာတို့၌လည်းကောင်း သားသမီး မယားတို့ ၌လည်းကောင်း အလွန် တပ်နှစ်သက်သော ငဲ့ကွက်မှု တဏှာ အနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ဆိုကြကုန်၏။ ဖွဲ့မှန်းမသိဖွဲ့သဖြင့် လျော့ရဲဟန်ရှိသော်လည်း လွတ်မြောက်နိုင်ရန်ခဲယဉ်းသော အပယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို ပညာရှိတို့သည် ရုန်းဖြတ်၍ မငဲ့ကွက်ဘဲ ကာမချမ်းသာကို စွန့်လျက် တောထွက်ကြကုန်၏။
အရိယာတို့၏ အရပ်ခြောက်မျက်နှာ

သိင်္ဂါလ အရိယာတို့ရဲ့အဆုံးအမမှာ အရပ်ခြောက်မျက်နှာဆိုတာ အခြား မဟုတ်ဘူး
၁) အမိ အဖဟာ အရှေ့ အရပ်ဖြစ်တယ်
၂) ဆရာသမားဟာ တောင်အရပ်ဖြစ်တယ်
၃) သားမယား ဟာအနောက်အရပ်ဖြစ်တယ်
၄) မိတ်ဆွေကောင်းဟာ မြောက်အရပ်ဖြစ်တယ်
၅) အစေအပါးအလုပ်သမားတွေ ဟာအောက်အရပ်ဖြစ်တယ်
၆) သမဏ ဗြာဟ္မဏ တွေဟာ အထက်အရပ်ဖြစ်တယ်

အရပ်ခြောက်မျက်နှာ လုံခြုံအောင် ဘေးကင်းအောင် ဆောင်ရွက်ခြင်းဆိုတာ အထက်ပါ အဆွေခင်ပွန်းခြောက်ပါးကို ထိုက်တန်တဲ့ အမှုနဲ့ ပေးကမ်း ပြုစု ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်တယ်

*****************************************xxxxxxxxxxx*****************************************************

ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုတယ်ဆိုတာ ဒီ ကာမရာဂ ကိစ္စအတွက်ဘဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရတာ ဒီကာမရာဂ ကိစ္စ တစ်ခုထဲအတွက်မဟုတ်ဘူး၊ ကံအင်မတန်ကြီးကောင်းလို့ ရလာတဲ့ လူ့ဘဝ လေးကို အခွင့်ကောင်းယူပြီး သံသရာဝဋ်ဆင်းရဲတွေက လွတ်အောင် ဒါနကုသိုလ်တွေ သီလကုသိုလ်တွေ ဘာဝနာကုသိုလ်တွေလုပ်ဖို့ လူတိုင်းမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ အဲဒီတော့ ဒီကာမရာဂ ကိစ္စတစ်ခုထဲနဲ့ အချိန်မကုန်စေချင်ဘူး၊ ဒီကာမရာဂကိစ္စဟာ အရသာတော့ အတော်ထူးတယ်၊ အဲဒီလို အရသာထူးသလောက် သတ္တဝါတွေကို နိဗ္ဗာန်မရောက်နိုင်အောင် နိဗ္ဗာန်နဲ့ဝေးသထက် ဝေးအောင် လုပ်တဲ့နေရာမှာလဲ အင်မတန်ကြီး သတ္တိထူးပါတယ်၊ ဒါကို လူတိုင်း စဉ်းစားဖို့ပါဘဲ

×××××××××××××××××××××××××××××××××××××××××××××××××××××××

သတ္တဝါတွေမှာ အကုသိုလ်ဖြစ်နိုင်တဲ့ နေရာသုံးခုရှိတယ်…

ကိုယ်ရယ် ၊ စိတ်ရယ် ၊ နှုတ်ရယ် သုံးခုဖြစ်တယ်

    ကိုယ်နဲ့အကုသိုလ်

-သူများ အသက်သတ်ရင်
-သူများဥစ္စာခိုးရင်
သူများ သားမယားကျူးလွန်ရင် ကိုယ်ကြောင့် အကုသိုလ်ဖြစ်တယ်

    နှုတ်နဲ့အကုသိုလ်

-လိမ်ပြောရင်
-တစ်ယောက်နဲ့တစ်ယောက် မသင့်တင့်ဖြစ်အောင် ကုန်းတိုက်ပေးရင်
-ဆဲရေးတိုင်းထွာရင်၊ကြမ်းကြမ်းတမ်းတမ်းပြောရင်
-အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားကိုပြောရင် နှုတ်ကြောင့် အကုသိုလ်ဖြစ်တယ်

    စိတ်နဲ့အကုသိုလ်

သူများပိုင်တဲ့ စည်းစိမ်ဥစ္စာကို ကြံစည်ရင်
သူတစ်ဖက်သားပျက်စီးရာ ပျက်စီးကြောင်းကြံစည်ရင်
ဘုရား တရား သံဃာရတနာသုံးပါး အစစ်မဟုတ်ဖူး လှူဒါန်းရင် ကုသိုလ်မရဘူး ဥပုသ်စောင့်ရင် ကုသိုလ်မရဘူး
ကမ္မာဌာန်းထိုင်ရင် မဂ်တရား ဖိုလ်တရားတွေမရဘူး လို့ ကြံစည်ရင် စိတ်နဲ့အကုသိုလ်ဖြစ်တယ်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××

    ပုညကြိယဝတ္တု ဆယ်ပါး

(ကောင်းကျိုးချမ်းသာ မင်္ဂလာရဲ့ တည်ရာဖြစ်သောကြောင့် ဧကန်စင်စစ်ပြုထိုက်တဲ့ ကောင်းမှုများ)

၁) ဒါန (ပေးကမ်းစွန့်ကြဲခြင်း)
၂) သီလ (စောင့်ထိန်းခြင်း)
၃) ဘာဝနာ (စိတ်တည်ငြိမ်အောင်လုပ်ခြင်း)
၄) အပစာယန (ကြီးသူကို ရိုသေခြင်း)
၅) ဝေယျာဝစ္စ (သူတစ်ဖက်သားး စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင် ကိုယ်ထိလက်ရောက် ကူညီခြင်း)
၆) ပတ္တိဒါန (မိမိကုသိုလ်လူပ်ပြီးတိုင်း သူများတွေလဲ ရအောင် အမျှဝေခြင်း)
၇) ပတ္တာနုမောဒနာ (သူများအမျှဝေလျှင် သာဓုခေါ်ခြင်း)
၈) ဓမ္မသာဝန (သူတော်ကောင်းတရားကို နာယူခြင်း)
၉) ဓမ္မဒေသနာ (မိမိကိုယ်တိုင်လဲ သူတော်ကောင်းတရားကို ဟောပြောခြင်း)
၁၀) ဒိဌိဇုကမ္မ (ဖြောင့်မှန်သော အယူရှိခြင်း၊ ကံ၊ကံ၏အကျိုးတရားကို ယုံကြည်ခြင်း)

********************************************************************************************
မဂ္ဂင်ရှစ်ပါး (သီလ သမာဓိ ပညာ)

၁) မှန်စွာသိခြင်း
၂) မှန်စွာကြံခြင်း
၃) မှန်စွာပြောဆိုခြင်း
၄) မှန်စွာပြုလုပ်ခြင်း
၅) မှန်စွာအသက်မွေးခြင်း
၆) မှန်စွာအားထုတ်ခြင်း
၇) မှန်စွာအောက်မေ့ခြင်း
၈) မှန်စွာတည်ကြည်ခြင်း

သီလ သမာဓိ ပညာဆိုတာ……………

သီလ…ကိုယ်အကုသိုလ်တွေ နှုတ်အကုသိုလ်တွေ မဖြစ်ရအောင် ကို်ယ်နဲ့နှုတ်ကို စောင့်ထိန်းတာကို သီလလို့ ခေါ်တယ်

သမာဓိ……စိတ်အကုသိုလ်တွေ မဖြစ်ဖို့အတွက် စိတ်တွေ ဟိုလွင့်ဒီလွင့် မလွင့်စေဘဲ အာရုံတစ်ခုတည်းမှာ ငြိမ်နေအောင် ထိန်းထားတာကို သမာဓိလို့ခေါ်တယ်

ပညာ…ခန္ဓာငါးပါးမှာ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားတွေကို မြင်အောင် ရှုနိုင်တဲ့ဉာဏ်ကို ပညာလို့ခေါ်တယ်

ခန္ဓာ ငါးပါးဆိုတာ ၁) ရုပ် ခန္ဓာ ၂) ဝေဒနာ ခန္ဓာ ၃) သညာ ခန္ဓာ ၄) သင်္ခါရ ခန္ဓာ ၅) ဝိဉာဉ် ခန္ဓာ တို့ဖြစ်တယ်
အဲဒီ့ ခန္ဓာ ငါးပါးဟာ မမြဲဘူး ဆင်းရဲတယ် အလိုမလိုက်ဖူး သတ္တဝါမဟုတ်ဖူး ဆိုတာ မြင်အောင် ရှုနိုင်တဲ့ ဉာဏ်ကို ပညာဉာဏ်လို့ ခေါ်တယ်..

ဒီပညာဟာ လေးဆင့်ရှိတယ်…

၁) သောတာပတ္တိပညာ
၂) သကဓါဂါမိပညာ
၃) အနာဂါမိပညာ
၄) အရဟ္တဖိုလ်ပညာ

ပထမအဆင့်ဖြစ်တဲ့ သောတာပတ္တိပညာ အဆင့်ကိုရရင်ဘဲ အပါယ်တံခါးပိတ်ပါတယ်။

*****************************************************************************************************
ဘုရားဂုဏ်တော်ကိုးပါး

၁) အရဟံ ၂) သမ္မာသမ္ဘုဒ္ဒေါ ၃) ဝိဇ္ဖာစရဏသမ္ပန္နော ၄) သုဂတော ၅) လောကဝိဒူ ၆) အနုတ္တရောပုရိသ ဓမ္မသာရထိ ၇) သတ္တာဒေဝမနုသာနံ ၈) ဗုဒ္ဒေါ ၉) ဘဂဝါ

တရားဂုဏ်တော်ခြောက်ပါး

၁) သွက္ခတော ဘဂဝတာဓမ္မော ၂) သိန္နိဌိကော ၃) အကာလိကော ၄) ဧဟိပဿိကော ၅) ဩပနေယျိကော ၆) ပစ္စတ္တံဝေဒိတဗ္ဘော ဝိညူဟိ

သံဃာ့ဂုဏ်တော်ကိုးပါး

၁) သုပ္ပတိပန္ဒော ဘဂဝတော သာဝကသံဃော ၂) ဉာယတ်ပတိပန္ဒော ဘဂဝတော သာဝကသံဃော ၃) သာမိစိပတိပန္ဒော ဘဂဝတော သာဝကသံဃော (ယဒိဒံ စတ္တာရိပုရိသ ယုဂါနိ အဌပုရိသ ပုဂ္ဂလာ) ဧသ ဘဂဝတော သာဝက သံဃော ၅) အာဟုနေယျော ၆) ပါဟုနေယျော ၇) ဒက္ခိနေယျော ၈) အဉ္ဖလီကရဏိယော ၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ

************************************************************************************************************
ကိုးပါးသီလ

၁) သူ့အသတ်သတ်တာကို ရှောင်ရမယ်
၂) သူ့ပစ္စည်းခိုးတာကို ရှောင်ရမယ်
၃) မမြတ်တဲ့မေထုန်မှီဝဲတာကို ရှောင်ရမယ်
၄) လိမ်ပြောတာကိုရှောင်ရမယ်
၅) သေရည်သေရက်သောက်တာကိုရှောင်ရမယ်
၆) နေ့လွဲညစာစားတာကိုရှောင်ရမယ်
၇) အက အဆိုအတီး အမှုတ် ကိုယ်တိုင်လဲမလုပ်ရဘူး သူများတွေကိုလဲ မလုပ်ခိုင်းရဘူး လုပ်နေတဲ့ဆီကိုလဲ သွားမကြည့်ရဘူး နားမထောင်ရဘူး
၈) ဇိမ်ခံတဲ့နေရာတွေကိုလဲရှောင်ရမယ်

ကိုးပါးသီလဆိုတာကတော့ အခုပြောခဲ့တဲ့ ရှစ်ပါးသီလကို စောင့်ထိန်းပြီး သတ္တဝါတွေအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ ဆင်းရဲခပ်သိမ်းကင်းငြိမ်းပါစေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေလို့ မေတ္တာပို့နေရမယ် အဲဒီကိုးပါးသီလ စောင့်ထိန်းတဲ့နေ့မှာ ဒေါသမထွက်မိအောင် အထူးဆင်ခြင်ရမယ်

ဦးနု(ကာမတဏှာ)

Shwe Ei
2nd July 2015

27 comments

  • ဇီဇီခင်ဇော်

    July 2, 2015 at 1:20 pm

    ကောင်းလိုက်တာ။
    စာအုပ်ထဲကနေ အနှစ်လေးတွေကို ထုတ်နိုင်တယ်။
    ဒီ စာအုပ် စ ဖတ်ဖူးတော့ ပထမနှစ်။
    အဲလို အနှစ်ကို စိတ်ထဲမကျန်ခဲ့ဖူးဘူးးး
    ကျေးဇူးတင်ပါတယ်။
    🙂

    .
    .
    .
    .
    .

    တဂျီးလာရင် တံခါးဖွင့်မပေးနဲ့ သိလား

    :mrgreenn:

    • Shwe Ei

      July 2, 2015 at 1:47 pm

      အနှစ်တေ ရှောက်ထုတ်ရင်း များသွားလို့ ဂလောက်နဲ့ ရပ်လိုက်ရတယ် 😛
      သဂျီးကိုတော့ မြန်မာဖောင့် အဆင်မပြေတဲ့ အကြောင်း ပြောလဲ ပြောချင်တယ် ပြောလဲပြောရဲဘူး.. :mrgreen:

  • Mike

    July 2, 2015 at 2:16 pm

    .သဂျီးမလာခင်ဝင်ဖတ်ပီးမန့်သွားပါတယ် :))

  • kai

    July 2, 2015 at 2:45 pm

    ဦးနုဆိုတာက… ပြည်ဖျက်နိမိတ်ကြီး ၃ပါး.. စကားကြီး၃ခွန်းမှာ.. တခွန်းကိုအကောင်အထည်ဖေါ်ပေးသွားသူလို့.. နောက်ပိုင်းသဘောပေါက်ထားတယ်…။
    …. ဘာသာရေးနဲ့.. နိုင်ငံရေးအတင်းစွဲစေ့ပေးသွားသူကြီးပေါ့..။

    ဆိုတော့… တခုခြင်းရှင်းမလားစဖတ်တာနဲ့တင်.. ကွဲတော့တာပဲ..
    ၁။

    ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား)

    တကမ္ဘာလုံးက.. မြတ်နိုးထိတ်တန်းတင်ကြရတဲ့.. လူ့ယဉ်ကျေးမှုနဲ့လူသားဖြစ်တည်မှုရဲ့.. မူလ.. ချစ်ခြင်းကို.. ပြသနာရှာတာကပြဿနာမဟုတ်..။လွန်ခဲ့တဲ့..နှစ်၂၆၀ဝလောက်က.. ပွင့်တော်မူတဲ့ ဂေါတမမြတ်စွာဘုရားနာမည်ကြီးကောက်သုံးထားတာကတော့.. တယ်မဟန်… လို့..။

    ၂။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ ၊ တည်တည်ကြည်ကြည် ကြည့်ပြီးတော့ အကုသိုလ်ဖြစ်မယ့်ဟာတွေ ဆိုရင် မကြည့်မိအောင် နားမထောင်မိအောင် မရှူရှိုက်မိအောင် မစားမသောက်မိအောင် မထိမတွေ့မိအောင် စိတ်မကူးမိအောင် အစွမ်းကုန်ထိန်းရမယ်။

    ထိန်းမနေပဲ.. လူ့ဘဝစွန့်လွှတ်ပြီးသေပလိုက်ရင်ပိုမသေချာဖူးလားမေးချင်မိ…။
    အင်း..
    အရှုပ်ထဲမှာရှင်းအောင်နေကြီးဘယ်သွားထားရမယ်မှန်းမသိ…။
    အဲဒီလိုအကုသိုလ်ဖြစ်တဲ့ဟာတွေထဲ..ခံစားစံစားရင်း.. နေတတ်အောင်… နေရမယ်လို့များ…မသိခဲ့ဖူးလားမသိ..
    သူ့ကျတော့.. သူ့ကျတော့.. တကယ့်ဘက်တွေ့ဘဝမယ်..သူ့ကျတော့…။

    ဆိုတော့…
    ၃။ မသွားတော့ပါဘူး…။ အဆင့်သိသွားလို့…။
    ခွိ..။ :k:

    ဆိုတော့..
    ပို့စ်ကိုတင်.. ခွဲခြမ်းစိတ်ဖြာ နုတ်ထုတ်ပေးတဲ့.. အိမမကိုပြောတာမဟုတ်ဖူးနော..။
    ဆက်သာတင်..ဆက်သာတင်..

    • Shwe Ei

      July 2, 2015 at 3:17 pm

      ပြောချင်တာလေးတွေ အားပါးတရ ပြောခွင့်ရဖို့ .. ပြောလို့ အကောင်းဆုံး အချက်လေးတွေ
      ဆွဲထုတ်နိုင်တာ သဂျီးရဲ့ တက်ကနစ်ပါဘဲလို့စ် :mrgreen:
      -ဆွဲလက်စနဲ့ ဆက်ဆွဲအုံးမယ်
      -မြတ်စွာဘုရားက သဲတစ်ဆုပ်ကို လက်ထဲထည့်ပြီး လက်ဝဲတော်ရံ သို့မဟုတ် လက်ယာ တော်ရံ တစ်ပါးကို ပြောတယ်တဲ့…
      -ဟောဒီ လက်ထဲက သဲတစ်ဆုပ်နဲ့ မဟာပထီမြေကြီး နှိုင်းယှဉ်ကြည့်ရင် ပမာဏအားဖြင့် တော်တော်ကြီးကွာတယ်တဲ့.. အဲ့လိုဘဲ ငါဘုရားကို ယုံကြည်တဲ့လူကလဲ ဟောဒီ
      လက်ထဲက သဲတစ်ဆုပ်စာလောက်ဘဲ ရှိတယ် တဲ့….
      -ဒါတောင် ယုံကြည်သူဘဲရှိသေးတာ…ယုံကြည်ပြီး မကိုးကွယ်သူတွေ လဲ ပါချင်ပါအုံးမယ် (အထင်)

      • kai

        July 2, 2015 at 3:29 pm

        ဒီလို.. အိမမခင်ဗျ…
        ဒီကွန်ပြူတာခေတ်ကို မမှီလိုက်လို့.. အဌကထာဆြာက.. သဲနဲ့နှိုင်းပြောသွားတာ..
        ဒီခေတ်မှာ.. သာမန်ကွန်ပြူတာလောက်နဲ့… နာဆာကတွက်ပြတာကတော့.. ကမ္ဘာမြေကြီးမှာသဲမှုန်ပေါင်း.. ၄၂၁ ! (! = Factorial)ရှိပါတယ်တဲ့..။
        လက်တဆုပ်မှာတော့.. ၂ကျုဘစ်လက်မ… ကယ်လီဖိုးနီးယားသဲမှုန်ဆို.. ၆၈၃၂၁ခု…
        ဂင်္ဂါမြစ်ကသဲမှုန်ဆို.. ၈၇၄၃၂မှုန်ရှိပါသတဲ့..။

        အဲလိုအတိအကျ… :k:

        • Shwe Ei

          July 3, 2015 at 11:03 am

          -သဂျီးမင်းရဲ့ ဂင်္ဂါမြစ်က သဲမှုန်ဘဲဖစ်ဖစ် ကယ်လီဖိုးနီးယား သဲမှုန်ဘဲ ဖစ်ဖစ်…လက်ရှိ ကမ္ဘာ့ လူဦးရေ နဲ့ အချိုးချျကျိရင်.. ရာခိုင်နှုန်းက အပြည့်မထွက်ဘဲ..ပွိုင့်နဲ့တောင် ထွက်လာမှာလေ..
          -ခရစ်ယာန် ဘာသာမှာ NOAH သင်္ဘော ဆောက်ပြီး ကမာ္ဘပျက်ကိန်းက လွတ်အောင် ကြံတာတောင် ယုံယုံကြည်ကြည်နဲ့ပါလာတာ ဘလောက်များလို့တုန်း
          -ပျောချင်တာက လက်တွေ့ အသုံးချကြည့်လို့ လက်တွေ့ အကျိုးထူးရတဲ့ တရားမျိုးကို .. သီအိုရီ ဖတ်ပီး မှန်တယ် မှားတယ် ငြင်းရတာ သိပ်အရသာမရှိဝူး
          -အမှန်တကယ် ကျင့်ကြံ အားထုတ် ဆင်ခြင်ကြည့်ပြီးမှ ဟုတ်ပါလား. ဆိုပီး သိလိုက်ရတာ ပိုကောင်းမယ်ထင်တယ်လို့
          -အာ့ကျောင့် သများ မကျင့်ခင် အရင်ဖတ်နေတာ..ပီးဒေါ့ ကျင့်ချင်တဲ့လူတွေ ရှိရင်လဲ စိတ်ပါသွားအောင်လို့ .. ေိေိေိေိ

  • Mike

    July 2, 2015 at 4:12 pm

    .…. ဘာသာရေးနဲ့.. နိုင်ငံရေးအတင်းစွဲစေ့ပေးသွားသူကြီးပေါ့..။
    .က ျုပ်လည်းဦးနုကို အဲ့တစ်ချက်တော့မကြိုက်ဘူးဗျ

  • Ma Ma

    July 2, 2015 at 5:39 pm

    အဲဒီစာအုပ်ကို အမွှာညီအမကျေးဇူးနဲ့ ဖတ်ဖူးတယ်။
    နာမည်ကြားဖူးတာ ကြာခဲ့ပြီပေမယ့် ဖတ်ဖူးတာတော့ သိပ်မကြာသေးဘူး။
    စာအုပ်ထဲက အဲလိုအနှစ်ဆွဲထုတ်ပေးတာမျိုးကို စာဖတ်ပျင်းတဲ့သူတစ်ယောက်အနေနဲ့ ၁၀၀% ထောက်ခံသွားပါတယ်။ 🙂

    • Shwe Ei

      July 3, 2015 at 3:52 pm

      တကယ်တော့ စာအုပ်တစ်အုပ်လုံးနဲ့ ကြည့်ရင် တဝက်လောက်ဘဲ ဆွဲထုတ်နိုင်သေးတာဗျ..
      ကျန်တာတွေ ဆက်ဆွဲထုတ်ရင် သဂျီးမင်း ဘလော့လိုက်မှာစိုးလို့..တော်သေးဘီ 😛

  • မြစပဲရိုး

    July 3, 2015 at 2:09 am

    မဖတ်ဘူး လို့ မျှပေးတာ ကျေးဇူးပါ။
    အဲဂလို ဆရာကြီး သမားကြီး တွေရဲ့ စာအုပ် တွေက ကြိုက်တယ်/မကြိုက်တယ် မဟုတ်။
    ငယ်တုန်း လက်ရှောင်တဲ့ အထဲပါတယ်။
    . ကြားဖူးတာကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေး အတွက် ကြိုးစားခဲ့တာ ဦးနု ဆို။

    • kai

      July 3, 2015 at 2:39 am

      လွတ်လပ်ရေးရပြီးလပိုင်းနဲ့. .. တပြည်လုံးသူပုန်ထကုန်တယ်..။
      နွားမေတ္တာစာကို “ကျ”ပြီး.. အမဲသားကို.. လူတွေမစားရအောင်ဥပဒေနဲ့ပိတ်ပင်တယ်…။
      ဘာသာရေးနဲ့မဲဆွယ်တယ်..။
      ဗုဒ္ဓဘာသာကို..နိုင်ငံတော်ဘာသာပြဌာန်းတယ်..။
      ဘိုနေဝင်းလိုလူကိုအာဏာခဏဆိုပြီး… သွားအပ်တယ်..။
      ဘုရားဆုပန်ထားတဲ့ဘုရားလောင်းလို့.. ထင်နေသူပေါ့..။
      စာအရေးကတော့ ကောင်းသဗျ…။
      ပြည်ပြေးဘဝနဲ့.. ဘိုနေဝင်းကို.. ဇတ်ဆရာဇတ်လမ်းတွေရေးပြီး… ဆော်တာတွေများ.. ဖတ်လို့ကောင်း..။

      ဦးနုသား ၂ယောက်လုံးနဲ့အင်တာဗျုးလုပ်ဖူးတယ်..။
      ဦးသောင်းထိုက်နဲ့.. ဦးအောင်တဲ့…။
      ခင်စရာတော့ကောင်းလှသူကြီးတွေပါ..။

    • Shwe Ei

      July 3, 2015 at 11:04 pm

      အနော်လဲ ဖတ်ချင်လွန်းလို့တော့မဟုတ်
      ညွှန်းတဲ့တယောက်က ခန ခန ညွှန်းလို့ ဖတ်မိရာကနေ မျှချင်စိတ်ပေါက်သွားလို့
      ၂ခေါက်တိတိဖတ်ပီးမှ ညွှန်းတာ 😀

      • မြစပဲရိုး

        July 4, 2015 at 4:40 am

        ဒီတော့ အရီး လဲ နောက်တစ်ခေါက် အသေအချာ ထပ်ဖတ်မယ် အေ။ :-)))

  • @QUIL@

    July 3, 2015 at 3:05 am

    စာကောင်းပေကောင်းလေး ဖတ်မဟဲ့ဆိုပီး ဝင်လာပါတယ်
    နောက်ဆုံးတော့လည်း သဂျီးနဲ့တွေ့တော့ … အမဲသားဋီကာ နဲ့ပဲ အဆုံးသတ်တာပါပဲလား….

    အို… ဘာတဲ့ ..
    စကားမစပ်… အဲ့ဘိုးတော် အသက်ထွားမှ…. ပြီဒေါ်ပြန်ပီး သကာလ…
    ကျနော်သာလျင် တရားဝင် ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ ဝမ်ဂျီးဂျုပ် ဖြစ်တယ် ဆိုပီး ကျူးရင့်သွားသေးသဆို…

    😀

    • kai

      July 3, 2015 at 3:23 am

      ၈၈ကပေါ့…။ ကျွန်တော်သာလျှင်တရားဝင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း ကြေငြာတယ်..။
      အဲဒီတုံးကအင်အားကောင်းနေတဲ့.. ဒေါ်စုတို့.. ကျောင်းသားထုနဲ့မတိုင်ပင်.. ထလုပ်တော့… ဟိုတွေက မထောက်ခံဘူးလေ..။
      အရင်ကတော့.. အဲဒါကို ဒေါ်စုတို့ထောက်ခံလိုက်ရင်နိုင်ငံတကာထောက်ခံမှုရပြီး.. ယာယီအစိုးရကောက်ဖွဲ့နိုင်မယ်ထင်ခဲ့တာ…။
      နောက်မှ.. ယူအက်စ်နဲ့အနောက်နိုင်ငံတွေက ဦးနုကိုမကြိုက်တာမို့.. အဲဒီအနောက်အုပ်စုက.. အသိအမှတ်မပြုပေးနိုင်ဘူးလို့ကြားဖူးတယ်..။
      သူ့အာဏာကို ဘိုနေဝင်းယူသွားပြီးနောက်.. ထောင်ကျ..နောက်.. ဘုရားဖူးဆိုပြည်ပလစ်ထွက်… ပြည်ပကနေ.. သူသာတရားဝင်ပါတယ်ဘယ်လောက်လှည့်ပါတ်ပြောပြော.. အဲဒီတုံးကလည်း.. နိုင်ငံကြီင်္းတွေက.. အသိအမှတ်ပြုမှမပြုကြတာပဲလေ..။

      ဆိုတော့..
      ထုတ်ပြန်ချက်ကြီး.. အဖတ်တင်ပေါ့..။

      • Wow

        July 4, 2015 at 12:12 pm

        ဒဂျီးနဲ့ဦးနုက လင်လုဖက်… အဲလေ ခေတ်ပြိုင်ဒွေလားဟင်င်င် :mrgreen:

  • ဝင့်ပြုံးမြင့်

    July 4, 2015 at 1:24 pm

    .စားကောင်းသောက်ဖွယ်တွေ အများကြီးစားပြီးတဲ့အခါ ဝမ်းထဲမှာ အစာချက်လိုက်တယ်။ ပြီးတော့ အနှစ်သာရ တွေ ပြန်ထွက်လာတာပေါ့နော်။ ပြန်တော့ သုံးလို့ မရဘူးပေါ့နော်။ လူ့ဘဝကြီးမှာလေ။ မြေဩဇာတော့ ဖြစ်တာပေါ့နော်။
    .ဦးနုရဲ့ ပြသနာကလည်း အဲလိုပေါ့နော်။ သူက အစာချက်လွန်သွားတော့ အနှစ်သာရ သိပ်ကောင်းသွားပြီး လူ့ဘဝထဲမှာ ပြန်သုံးလိုက်တဲ့အခါ အားလုံးနံကုန်တာပေါ့နော်။

    • Shwe Ei

      July 6, 2015 at 5:16 pm

      -အမပြုံးရေ..ကျနော်တော့ ဒီပို့စ်ထဲက စာတွေက ပြန်သုံးလို့ မရဘူးလို့ လုံးဝမထင်ဘူး…
      -အားလုံးမဟုတ်ရင်တောင် ၇ဝရာခိုင်နှုန်းလောက်ထိ လက်ခံလို့ရတယ်လို့ မြင်တယ်..
      -လိုက်နာကျင့်သုံးဖို့က ကို့အပိုင်း သပ်သပ်ဘဲ..
      -သူညွှန်းတဲ့ အတိုင်းလိုက်လုပ်ကျိပြီး အလုပ်မဖြစ်ဖူးဆိုမှသာ ပြန်သုံးသပ်ကြည့်ဖို့လိုလိမ့်မယ်
      -ဖတ်ကြည့်ရသလောက်တော့ .. လက်တွေ့နဲ့ အရမ်းကင်းကွာနေတာမျိုးမပါသလောက်ဘဲ

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 4, 2015 at 1:34 pm

    ဦးနု ရေးခဲ့တဲ့ တာတေစနေသား စာအုပ်ဖတ်ဖူးတယ်..
    အဲ့ဒါ စဖတ်ပြီးထဲက သူရေးတာတွေ မဖတ်ဖြစ်တော့တာ။
    ကိုယ့်က အဲ့တုန်းက တာတေလန်ဖြစ်နေတာကိုး.. ဟီးးး :mrgreen:

    • Shwe Ei

      July 6, 2015 at 5:19 pm

      -တာတေ စနေသား စာအုပ် ဒီလထဲ ဖတ်ဖြစ်လိမ့်မယ် 🙂

  • kai

    July 5, 2015 at 6:18 am

    အမဲသားနဲ့နိုင်ငံရေးဆက်စပ်မှုဘယ်လောက်ကြီးသလည်းသိစေဖို့ပါ…။
    ၂၀၁၃ စာရင်းအရကတော့ ကမ္ဘာမှာ.. အိနိ္ဒယဟာ.. ဒုတိယအမဲသားအထုတ်ဆုံးတိုင်းပြည်ဖြစ်ပါတယ်…
    ၂၀၁၄မှာ.. ကမ္ဘာ့ပထမနေရာရောက်နေပါတယ်..။

    တဆက်ထဲ.. ထေရာဝါဒနဲ့.. ဟိန္ဒူ၊ ။ အစ္စလမ်သာသနာဆက်စပ်ခံထားရမှုကိုလည်း သတိပြုစေဖို့ပါ..။
    မြန်မာဟာ.. ဗျဝိ၊ ဗျတ္တကစတဲ့.. မူစလင်ညီနောင်နတ်၂ပါးကြောင့်… နတ်ကိုးသူတွေ… ဝက်သားမစားရဖြစ်ခဲ့တယ်..။
    အင်္ဂလိပ်ဝင်လာပြီးနောက်ပိုင်း.. ကိုလိုနီခေတ်မှာ.. ရောက်ခဲ့တဲ့. ဟိန္ဒူချစ်တီးတွေရဲ့.. အကြွေးသိမ်းမယားပြုခံရတာကနေ.. ဟိန္ဒူသာသနာဟာ လယ်သမား..ကျေးရွာ..မြန်မာ့မိရိုးဖလာထဲ သွေးသားဆွေမျိုးအနေဲ့…ပိုစိမ့်ဝင်ခဲ့ပြီး.. အဲဒီဟိန္ဒူဇာတိနွယ်တွေရဲ့..တိုက်တွန်းစည်းရုံးမှုနဲ့.. အခြေခံလူတန်းစားတွေမှာ.. အမဲသားပါမစားရဖြစ်သွားခဲ့တယ်…။

    ဒါကို.. သတိထားမိစေဖို့ပါ…။

    ယူအက်စ်ကတော့.. ဂျပန်ကို.. စီးပွားရေးကုန်သွယ်လိုငွေပြချိန်ဆို.. အမေရိကနွားသားအတင်းဝယ်ခိုင်းတယ်..။
    ကမ္ဘာ့ အသား/စားကုန်တွေထဲ..အကြီးဆုံးရောင်းကုန်ဖြစ်တဲ့.. အမဲသားကို.. နိုင်ငံရေးထဲသုံးတာ.. အဆန်းတော့မဟုတ်..။
    ဘီလီယန်ဘစ်ဇနက်ကိုး….
    အမှန်သိကြစေလို…။

    ========

    Rank Country 2013 % Of World
    1 Brazil 1,849,000 20.17%
    2 India 1,765,000 19.26%
    3 Australia 1,593,000 17.38%
    4 United States 1,172,000 12.79%
    Brazil exported the most beef in 2013 followed by India & Australia.
    Four (4) countries exported more than 1.1 million metric tons of beef in 2013: Brazil, India, Australia & the United States.
    Brazil and India account for nearly 40% of the world’s exports of beef.

    ============
    Ye Tun

    ဒီနေ့ဖတ်မိတဲ့ နိုု်င်ငံခြားရေးမဂ္ဂဇင်းထဲက ဆောင်းပါးတပုုဒ်ဖြစ်တဲ့
    When a Cow Is Too Holy to Eat ထဲမှ အချို့ကိုု ဝေမ ျှပါမယ်။ အဓိကတော့ အမဲသားကိစ္စပါ၊ အိနိ္ဒယဝန်ကြီးချုပ်မိုုတီအစိုုးရရဲ့ နွားပေါ်ခြင်း မပေါ်ခြင်းက အပေါ်ယံကြည့်ရင် သိပ်ပြဿနာမရှိသလိုု ရှိပေမယ့် လူဦးရေတိုုးပွားနေသည့် အိနိ္ဒယအကျိုးစီးပွားကိုု တိုုက်ရိုုက် အကျိုးသက်ရောက်ခြင်း ပြုနေတယ်။ အထူးသဖြင့် စီးပွားရေး အခက်ခဲနှင့် နိုုင်ငံရေးမှာ အငြင်းပွားစရာတွေဖြစ်လာပြီ။

    ရာဇဝင်ကိုု ပြန်ကြည့်ရင် နွားကို အထွဋ်မြတ်ထားပြီး ကိုုးကွယ်တဲ့ ဟိန္ဒူတွေဟာ နွားအား ကိုုးကွယ် ဆည်းကပ်ရာအဖြစ် မရောက်သေးခင် ဘီစီ ၁၀၀၀- ၅၀၀ဝ အစောပိုုင်းတွေမှာ နွားသားစားကြပါသေးတယ်။ နောက်ပိုုင်းမှာမှ စားဖိုု့အတွက် မသင့်တော်လောက်အောင် အထွဋ်မြတ်ဖြစ်ကြောင်း ဇာတ်တော်တွေ ထွန်းကားလာသည့် အခါမှ မစားကြတော့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နွားသတ်စားခြင်း တရားဝင်ပိတ်ပင်မှု့ကို အိနိ္ဒယဘုုရင်တွေ မလုုပ်နိုုင်ခဲ့ပါ။

    ကိုလိုုနီ လက်ကျရောက်ချိန် စစ်မှုထမ်းကြသည့် အိနိ္ဒယကိုုလိုုနီ စစ်သားတွေထဲ ရှေးခေတ်က သေနတ်မောင်းကို ကျည်ထိုုးချိန် ပါးစပ်နှင့် ကိုုက်ထားရသော သေနတ်အစိတ်ပိုုင်း ဆီထိုုးသည့် အမဲဆီနှင့် ဝက်ဆီ သုုံးခြင်းမှာ ဟိနိ္ဒူဘာသာဝင် မွတ်ဆလင်ဘာသာဝင် စစ်သားတွေ အကြား ပြဿနာ ကြီးထွားခဲ့သေးတယ်။ အိနိ္ဒအကြမ်းမဖက် ငြိမ်းချမ်းရေး လှုပ်ရှားမှု့ကြီးကိုု ဦးဆောင်ခဲ့သူ ဂန္ဒီကြီးဟာ ဟိန္ဒူစကားဖြင့် Gauraksha လိုု့ခေါ်သည့် နွားများ ကာကွယ်စောင့်ရှောက်ရေးမှာ တက်ကြွသူဖြစ်ပြီး နွားသတ်ခြင်းမှ ကာကွယ်သည့် ဥပဒေပြဌာန်းဖိုု့ အကြံပြု တိုုက်တွန်းခဲ့သူလည်းဖြစ်တယ်။

    ဒီပြဿနာဟာ ယနေ့မျက်မှောက်ခေတ်မှာ ပြန်လည်ပေါ်ထွက်လာပြီး။ ဝန်ကြီးချုပ် မိုတီဟာ နွားသတ်ခြင်းတားဆီးသည့် အပေါ်ထောက်ခံသူဖြစ်သည့်အလေ ျှာက် နိုုင်ငံရေးထဲမှာ ရှုပ်ထွေးမှုတွေဖြစ်လာတယ်။

    မွတ်ဆလင်ဘာသာဝင် မိုုတီထောက်ခံသူ ဝန်ကြီးတပါးက “အမဲသားစားချင်တဲ့သူတွေ ပါကစ္စတန်ကိုု သွားနိုုင်တယ်” ပြောသလိုု။ ပြည်ထဲရေးဝန်ကြီးတပါးက ထိုုစကားအပေါ် “ကျုပ်ဟာ နွားသားစားသူဖြစ်တယ်။ ကျုပ်ကိုု ဘယ်သူလာတားအုုန်းမလဲ။ အိနိ္ဒယဟာ ဒီမိုုကရေစီနိုုင်ငံဖြစ်တယ်။ ယုုံကြည်မှုကြောင့် အခြားသူတပါးအပေါ် မလုုပ်သင့်တာမျိုးကိုု လုုပ်ဖုို့မကောင်းဘူး” လိုု့ တုုန့်ပြန်ခဲ့တယ်။ အိနိ္ဒယနိုုင်ငံရေးမှာ ဘာသာရေးဆက်နွယ်သော ဒီလိုုအငြင်းပွားမှုတွေ ဖြစ်လာတာ ကောင်းတဲ့ လဏ္ခာမဟုုတ်ပါ။

    ဟိန္ဒူဘာသာဝင်တွေနှင့် မွတ်ဆလင် ဘာသာဝင်တွေ အများဆုုံးနေထိုုင်သည့် အိန္ဒိယမှာ အထိမခံသော ဘာသာရေးဆက်နွယ်သည့် ပြဿနာ နိုု်င်ငံရေးမှာ တက်လာခြင်းဟာ ကောင်းသည့်လဏ္ခာ မဟုုတ်တာကိုု အိနိ္ဒယနိုုင်ငံရေးသမားတွေ သိသလိုု၊ ကမာ္ဘ့နိုုင်ငံရေးသမားတွေလည်း သိကြပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတအိုုဘားမား အိနိ္ဒကိုု အလည်ပတ်သွားတုုန်းက တိုုင်းပြည်အနာဂတ်ကို ရှေးရူ့ပါက ဘာသာရေးစည်းမျဉ်းတွေကို မထိပါးကြဖိုု့ သတိပေးခဲ့တယ်။

    ဟိန္ဒူဘာသာဝင် ၈၀% မွတ်ဆလင်ဘာသာဝင် ၁၅% နှင့် အခြား ပန်ချာပီ၊ ခရစ်ယာန်၊ ဂျိမ်းနှင့် အခြားအသေးစားယုုံကြည်သူတွေ နေထိုုင်သည့် အိနိ္ဒနိုုင်ငံမှာ ဘာသာရေးဆိုုတာ အထိမခံသော သွေးချောင်းစီးပြဿနာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုုတီလက်ထက်မှာတော့ ဟိန္ဒူဘာသာဝင်မဟုုတ်သူတွေအတွက် နစ်နာမှုတွေ ရှိတယ်ဆိုုတာတော့ ငြင်းမရသည့်အကြောင်းရင်းပါပဲ။

    စီးပွားရေးအရမှာတော့ ကမာ္ဘ့ငတ်မွတ်ခေါင်းပါးနိုုင်ငံများစာရင်းတွင် နံပါတ်(၁၅) မှာရှိနေတဲ့ အိန္ဒိယနိုုင်ငံမှာ အကြီးစား သားရေလုုပ်ငန်းကြီးတခုုနှင့်တင် လုုပ်သား ငါးသောင်းကျော် အလုုပ်လက်မဲ့ ဖြစ်သွားပြီး၊ ဝင်ငွေ (၂)ဘီလီယံနစ်နာသွားတယ်။ နှစ်စဉ် အမေရိကန်ပြည်ထောင်စုုကိုု တင်ပိုု့သည့် အိနိ္ဒယအမဲသား တန်ချိန်(၁.၂)သန်းဟာရဲ့ ဝင်ငွေဖြစ်သော အမေရိကန်ဒေါ်လာ (၄.၃)ဘီလီယျံ နစ်နာစေတယ်။

    အောက်ခြေအဆင့်ကိုုကြည့်ရင် ဘုုံဘေမြို့တမြို့ထဲမှာတင် ၂၀၁၄ ခုုနှစ်စာရင်းတွေအရ အမဲသားဆိုုင် ၉၀ဝ ကျော်ရှိပြီး၊ ပိတ်သိမ်းလိုုက်ရသည့်အတွက် လုုပ်သား (၃၆၀၀) ကျော်အလုုပ်လက်မဲ့ ဖြစ်ရတယ်။

    တနိုု်င်ငံလုုံး အတိုုင်းတာအရ ဆုုံးရှုံးမှု ကြီးမားသလိုု။ အိနိ္ဒယနိုုင်ငံဟာ အမဲသားထုုက်လုုပ်ရေး ကမာ္ဘ့အဆင့်ငါးမှာ ရှိပြီး၊ နှစ်စဉ် အမဲစားထုုက်လုုပ်မှု တန်ချိန်ပေါင်း (၆.၃)သန်း ရှိတယ်။ တင်ပိုု့မှုမရှိခဲ့ရင် ထိုုပမာဏသော ကျွဲ နွားများနှင့် ဘယ်လိုုရှေ့ဆက်မလဲဆိုုတာ စိန်ခေါ်မှုပါ။ လက်ရှိ အိနိ္ဒယနိုုင်ငံမှာ ကျွဲ နွားကောင်ရေ (၁၁၆) သန်းခန့်ရှိပြီး ကမာ္ဘ့မှာရှိသည့် ကောင်ရေ၏ ထက်ဝတ်ကျော်သည့် ပမာဏဖြစ်တယ်၊ အသားထုုက်လုုပ်ခွင့်မရှိသည့်အခါ ထိုုတိရိစာ္ဆန်များအတွက် လိုုအပ်သည့် စားကျတ်မြေ စိန်ခေါ်မှုမှာ ကြီးမားလှသည်။

    အထူးသဖြင့် ဆာလောင်မွတ်သိပ်နေလိုု့ အော်ငိုုနေသည့် ကလေးငယ်အများပြားရှိသည့် အိန္ဒိယနိုုင်ငံမှာ အရေးပြားကူးစပ်ရောဂါနှင့် အခြားကူးစပ်ရောဂါ ပေါများနေတာကြောင့် တကိုုယ်ရေသန့်ရှင်းရေး အတွက် အဓိကအားထားရာ ဆပ်ပြာချက် လုုပ်ရာတွင် ဈေးပေါသည့် ကုုန်ကြမ်းဖြစ်သော ကျွဲနွားဆီ အားပြုထားရပါတယ်။ အမဲဆီမှ ချက်လုုပ်ထားသည့် ဈေးပေါပေါ ဆပ်ပြာတွေက အခြေခံလူတန်းစားအတွက် လိုုအပ်ချက်ပင်ဖြစ်တယ်။ ဒီအချက်တွေဟာ ဝန်ကြီးချုပ်မိုုတီအစိုုးရရဲ့ လူကြိုက်များသည့် ဘာသာရေးအသားပေးလုုပ်ဆောင်မှုကိုု လုုပ်လိုုက်ပြီးနောက် ထွက်ပေါ်လာသည့် ရလာဒ်ဆိုုးကျိုးများ ဖြစ်တယ်။
    https://www.facebook.com/yemin.tun.31/posts/1120065374686777?fref=nf&pnref=story

    မူရင်း… https://www.foreignaffairs.com/articles/india/2015-07-01/indias-beef-beef

    • Shwe Ei

      July 6, 2015 at 5:20 pm

      -သဂျီး လုပ်တာနဲ့ သများပို့စ်လဲ အမဲသားပို့စ်ဖစ်တော့မယ်…
      -စိတ်နာအောင် မလုပ်နဲ့နော်…ဟွင်းးးးး

  • ​ဒေါ် လေး

    July 5, 2015 at 9:03 am

    အဲဒီစာအုပ် ကို ၂ဝကျော်မှာ စဖတ်ပြီး ခု တခုမှမမှတ်မိ
    မအိပြန်ရေးတော့ အတော်ဘဲ ပြန်ဖတ်ရမှာလဲပျင်းတော့

    • Shwe Ei

      July 6, 2015 at 5:22 pm

      -ဒီပို့စ်ရေးတုန်းက ဖတ်မဲ့လူရှိလိမ့်မယ်တောင် မထင်ဘူး 😛

  • aye.kk

    July 6, 2015 at 9:37 pm

    မအိရေ
    ဒီpostလေးကဖတ်ရတာ၊
    တကယ်ကေါင်းပြီးအနှစ်သာရရှိလှပါတယ်။။

Leave a Reply