မူးယစ်ဆေးဝါးကို သုံးစွဲနေသူဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ

etoneAugust 24, 20102min1045
ဪ….မလျှောက်ဖူးတဲ့လမ်း အကြောင်းကို ဘယ်လိုနည်းနဲ့ သိနိုင်ပါ့မလဲနော်။ မရင့်ကျက်သေးတဲ့အရွယ်မှာ အထူးသဖြင့် ဆယ်ကျော်သက်တွေအရွယ်မှာ အဲလို
တွေးတောဖူးတတ်ကြပေတယ်။
ဘယ်လိုနည်းနဲ့ သိနိုင်မလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတိုင်း
ကိုယ်တိုင်လျှောက်ကြည့်လို့ ပြန်ဖြေလေ့ရှိခဲ့တယ်လေ။ တကယ်ပဲ ကိုယ့်ကိုကိုယ်
ယုံကြည်လို့ အဲလိုမျိုး ပြန်ဖြေမိတာလား၊ ပိုမိုတိကျတဲ့ အကြောင်းရင်းကို သိချင်နေလို့လား။ လူကြီးသူမတွေရဲ့ စကားက
နားထဲမဝင်၊ လက်ခံနိုင်ဖို့မကြိုးစား၊ အယုံအကြည်မရှိ၊ ကိုယ့်ကိုကိုယ်သာ
ပဲ့ကိုင်ရှင်ဖြစ်ချင်နေခဲ့တာပေါ့။ ဆယ်ကျော်သက်ဆိုတော့ ပြောရမှာခက်သားပဲ။
သူတို့ကို စတင်မိတ်ဆက်သူကတော့ ဆေးလိပ်ပေါ့။ တခါတလေ အရက်၊ ဘီယာတွေက
စတင်မိတ်ဆက်သူ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ခြင်းကို ခံစားတတ်လာတာပေါ့ဗျာ။ ဆေးလိပ်၊ အရက်၊ ဘီယာ ဘာမှမသုံးဘဲ မူးယစ်ဆေးဝါးသုံးနေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း ပတ်ဝန်းကျင်အပေါ်မှာ မူတည်ပါတယ်။ မူးယစ်စေတတ်တဲ့ ဆေးဝါးတစ်ခုခုသုံးစွဲနေသူ တစ်ယောက်ကို ဘယ်လိုလေ့လာမလဲဆိုတာ
စိတ်ဝင်စားစရာပါ။ အပြင်ပိုင်းနဲ့ စိတ်ပိုင်းနှစ်မျိုးပဲလေ့လာလို့ရတာ။
ဆေးခန်းသွားပြီ ဆေးစစ်ခံချင်တဲ့သူ ရှိပါ့မလား။ တချို့တွေက ဆရာဝန်တွေကိုပါ လှည့်စား အသုံးချတတ်တယ်လေ။
ဆယ်ကျော်သက်တွေဟာ မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို စတင်မိတ်ဆက်ပြီ အချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုနည်းနေတတ်ကြပါတယ်။ အဲဒီအချိန်မှာ လူကြီးတွေ မရိတ်မိရင်တော့ နောက်ပိုင်းမှာ သူတို့ဟာ
ကိုယ့်ကိုကိုယ် အရမ်းယုံကြည်လာကြလိမ့်မယ်။ ဟန်ဆောင်ကောင်းလာကြတာပေါ့။
ဆေးခြောက် သုံးစွဲသူဟာ ဆေးလိပ်သောက်တတ်သူဖြစ်စေရမယ်။ ဆေးလိပ်ထဲထည့်ပြီ
သုံးသုံး၊ pot နဲ့ပဲသုံးသုံး ဆေးလိပ်သောက်တတ်သူဖြစ်မှ သုံးတတ်ပေမယ်။ မိဘက ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆေးလိပ်အနံ့၊ မီးခိုးအနံ့ ရလိုက်တာနဲ့
ချက်ချင်းသိနိုင်ပါတယ်။ သာမန်ဆေးလိပ်အနံ့နဲ့မတူတဲ့ သင်းပျံ့တဲ့
အနံ့တစ်မျိုးပါ။ ဟင်းထဲမှာ ထည့်ချက်ထားရင်လည်း သိနိုင်ပါတယ်။ အရက်၊ ဘီယာလို ပါးစပ်က
အနံ့အသက်မရဘဲ မူးယစ်နေတတ်ပါတယ်။ မူးယစ်တာ ကြာရှည်နေပြီ ဆေးလိပ်ကို
ထပ်ခါထပ်ခါ ထပ်သောက်နေတတ်ပါတယ်။ စကားအရမ်းပြောလာမယ်။ အလွန်အကျူး စားသောက်လာမယ်။ အပြင်ပိုင်းကတော့
သာမန်လူတွေအကြား သိပ်မသိသာပေမယ့် အနည်းငယ်ပြောင်းလဲနေတတ်ပါတယ်။
အနီးကပ်ဆုံးသူတွေက ရိတ်မိမှာပါ။ အိပ်ဆေးတို့၊ ချောင်းဆိုးပျောက်ဆေးတို့၊ လည်ချောင်းကင်ဆာသက်သာဆေးတို့၊
စိတ်ငြိမ်ဆေးတို့၊ စိတ်ကြွဆေးတို့၊ နှလုံးအားတိုးဆေးတို့ကို မူးယစ်ဆေးအဖြစ်
အဆပေါင်းများစွာ သုံးစွဲသူတွေကတော့ အပြင်ပိုင်းအမူအယာရော၊ စိတ်ပိုင်းဆိုင်ရာရော ထူးထူးခြားခြားပြောင်းလဲနေတတ်ပါတယ်။
အိပ်ငိုက်နေမယ်(ဒါပေမယ့် အိပ်မပျော်)၊ မှိန်းနေမယ်၊ မျက်လုံးက
ကြောင်တောင်တောင်ဖြစ်နေမယ်၊ တစ်ခုခုကို တွေးနေမယ်၊ ခဏခဏမေ့တတ်နေမယ်၊ ပြောပြီဆိုပြီတဲ့ စကားများကို ပြန်ပြန်မေးနေတတ်မယ်၊
တစ်ခုခုကို သတိထားနေတတ်မယ်၊ မရေမရာတာတစ်ခုခုကို အာရုံစူးစိုက်ပြီ
လုပ်နေလိမ့်မယ်။ စိတ်ကြွဆေးကတော့ နာမည်နဲ့လိုက်အောင် တက်ကြွနေလိမ့်မယ်။ စိတ်စွမ်းအင်ကို
အရမ်းအသုံးချထားတော့ ဆေးရှိန်ပြေချိန်မှာ ပင်ပန်းနွမ်းနယ်နေလိမ့်မယ်။
အကောင်းဆုံး စမ်းသပ်နည်းတစ်ခုကတော့ စကားတစ်ခွန်းသို့မဟုတ်
ဗီဒီယိုကားတစ်ကားကို အဲလိုဖြစ်နေချိန်မှာ အမှတ်တမဲ့ ပြောစေ သို့မဟုတ်
ကြည့်စေပြီ နောက်တစ်ရက်နှစ်ရက်ကြာမှ အမှတ်တရပုံစံနဲ့ ပြန်မေးကြည့်ပါ၊
ပြန်ပြောခိုင်းပါ။ မှတ်မိနိုင်မယ် မထင်ပါ။ နောက်တစ်နည်းက မျက်လုံးအတွင်းက aperture ကိုကြည့်ပြီ သိနိုင်ပါတယ်။
မျက်လုံးရဲ့ သဘာဝလှုပ်ရှားမှုကို လိမ်လို့မရပါဘူး။ အမှောင်ထဲကနေ
အလင်းရောက်ရင် ရုတ်တရက် မျက်စိကျိန်းသလို၊ အလင်းကနေ အမှောင်ထဲရောက်ရင် ချက်ချင်းဘာမှမမြင်ရတော့တာတွေဟာ aperture ရဲ့
လှုပ်ရှားမှုတွေကို စောင့်နေရလို့ပါ။ ပတ်ဝန်းကျင်က အလင်းများရင် aperture
ကသဘာဝအလျောက်ကျဉ်းပေးပြီ၊ အလင်းနည်းရင် ချဲ့ပေးလိမ့်မယ်။ မူးယစ်ဆေးသုံးစွဲသူတွေဟာ အာရုံကြောတွေ ပုံမှန်မဟုတ်တဲ့အတွက် aperture
ရဲ့လှုပ်ရှားမှုဟာ သာမန်လူတွေထက် နှောင့်နှေးနေတတ်ပါတယ်။ ဒါကြောင့်
ဝါရင့်ဆေးသမား တွေကိုကြည့်ရင် မျက်လုံးကြောင်နေတာကို သိသိသာသာ
တွေ့မြင်နိုင်ပါတယ်။ ဘာမှ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတတ်ပါတယ်။ အဲဒါကို တချို့မိန်းကလေးတွေက
အဲဒီအကြည့်နဲ့ ကြွေသွားတတ်ပါတယ်။ မျက်တောင်မခတ်ပဲ ငြိမ်သက်နေခြင်းဟာ
တုန့်ပြန်မှု၊ လှုံ့ဆော်မှုတွေ နှေးနေလို့ပါ။ ဆရာဝန်တွေ မျက်လုံးထဲကို မီးထိုးပြီ ကြည့်တတ်တာကို သတိထားမိကြမှာပါ။
မီးအလင်းကြောင့် aperture ရဲ့ လှုပ်ရှားမှု (ကျဉ်းသွားတဲ့ နှုန်း)
တုန့်ပြန်မှုတွေကိုသိချင်တာရယ်၊ အဖျားကြောင့် မျက်လုံးအတွင်းရှိ သွေးကြောငယ်လေးတွေရဲ့ ပြောင်းလဲမှုကို
သိချင်တာလည်း ပါတာပေါ့။ အရက်သမား၊ ဆေးသမားတွေဟာ သုံးစွဲထားချိန်မှာ
မျက်လုံးနီတတ်ပါတယ်။ မျက်ကွင်းညိုတတ်ပါတယ်။ နှုတ်ခမ်းပြာတတ်ပါတယ်။ အကြားအာရုံနည်းပြီ ရုတ်တရက် ခေါ်မကြား အော်မကြားဖြစ်နေတတ်ပါတယ်။ အာရုံကြောတွေရဲ့ သဘာဝ တုန့်ပြန်မှုတွေ နှေးကွေးနေလို့ပါ။ လမ်းလျှောက်ရင်ရိုင်တာတို့၊ လက်တုန်တာတို့၊ ပစ္စည်းတစ်ခုခုကိုင်ရင်
မမြဲမြံတာတို့၊ တစ်ခုခုကို မှီနေချင်တာတို့၊ တစ်ခုခုကို ငြိမ်သက်စွာ
စိုက်ကြည့်နေတတ်တာတို့ စသဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့
တုန့်ပြန်မှုတွေက မျက်လုံးလောက် မထင်ရှားစေနိုင်ပါဘူး။
စိတ်ပိုင်းဆိုင်ရာကတော့ တချို့တွေက မူးယစ်ဆေးဝါးသုံးစွဲထားချိန်မှာ
သာမန်ထက် စိတ်တို၊ ဒေါသထွက်လွယ်တတ်သလို၊ တချို့တွေကျပြန်တော့
သာမန်အခြေအနေထက် စိတ်ရှည်၊ သည်းခံတတ်ကြပါတယ်။
ထူးထူးခြားခြားဖြစ်နေတတ်ပါတယ်။
ကြောက်တတ်တဲ့သူဆို သတ္တိရှိလာပြီ ရဲရင့်ပြတ်သားတဲ့သူတွေ
ကြောက်တတ်လာသလိုမျိုးပေါ့။ စဉ်းစားတွေးခေါ်မှုတွေကတော့ သာမန်ထက်
နှောင့်နှေးညံ့ဖျင်းနေတတ်သလို၊ တချို့တွေကျပြန်တော့ ဦးနှောက်အတွင်းပြောင်းလဲမှုကြောင့်ထင်ပါရဲ့ သူမတူအောင်
တွေးခေါ်ကြံဆတတ်ကြပေတယ်။ သေချာတာကတော့ ခဏခဏမေ့တတ်ကြတယ်။ ချစ်သူကို ချစ်ခင်ကြင်နာရင်လည်း သူများတွေထက် ပိုတတ်တယ်။ ပိုပြီယုယတတ်တယ်။
တချို့ တစ်လိုင်းမောင်းတွေကျတော့ ချစ်သူကို ဒုက္ခပေးတတ်ကြတယ်။
အစွန်းရောက်တတ်ကြတယ်။ ကောင်းတဲ့ဘက်ရော၊ မကောင်းတဲ့ဘက်ရော အစွန်းရောက်စွာ
တွေးတောတတ်ကြတယ်။ ပုံမှန်သုံးစွဲနေကျသူတွေဆိုရင် အချိန်ကျရင်
မနေနိုင်မထိုင်နိုင်ဖြစ်ကာ စိတ်ဖောက်လွဲဖောက်ပြန်ဖြစ်တတ်ပါတယ်။ မိဘ၊ သားသမီး၊ ဇနီးမယား၊
ညီအစ်ကိုမောင်နှမဆိုပြီ မကွဲပြားဘဲ၊မခွဲခြားတတ်တော့ဘဲ ဆိုးဆိုးရွားရွား
စိတ်ဖောက်ပြန်တတ်ပါတယ်။
ဒီလိုခေတ်ကြီးမှာ သားယောက်ျားလေးသာမက သမီးမိန်းကလေးတွေကိုပါ
မူးယစ်ဆေးသုံးစွဲမှု ရှိ၊ မရှိ စောင့်ကြည့်ဖို့လိုလာပါပြီ။ ရုပ်ပိုင်း၊
စိတ်ပိုင်း ပြောင်းလဲမှုကို မိဘတွေက အသေးစိပ်စောင့်ကြည့်နေဖို့
လိုအပ်လိမ့်မယ်။
အပေါင်းအသင်းတွေ၊ ငွေကြေးသုံးစွဲမှုတွေ၊ စိတ်ဝင်စားမှုတွေ စသဖြင့်
မိမိသားသမီးနဲ့ ပတ်သက်တာမှန်သမျှ မျက်ခြေမပျက်ဖို့ အရေးကြီးပါတယ်။
ဥပမာ…..သူ ဘာကိုစိတ်ဝင်စားလဲဆိုတာပါပဲ။ ဖွန်ကြောင်တတ်တဲ့ သားသမီးဆိုရင်တော့ မူးယစ်ဆေးနဲ့ဝေးနိုင်ပါတယ်။
သူကြောင်တဲ့သူက မူးယစ်ဆေးသုံးတဲ့သူဆိုရင်တော့ ချွတ်ယွင်းချက်ပေါ့။
လူတစ်ယောက်မှာ စိတ်ဝင်စားမှု တစ်ခုတော့ အနည်းဆုံးရှိတတ်ကြပါတယ်။ တစ်ခုထက်ပိုပြီ လိုင်းပေါင်းစုံလည်း ရှိတတ်ကြပါတယ်။ တချို့ဆိုရင်
မူးယစ်စေတတ်တဲ့အရာမှန်သမျှ အရက်၊ ဘီယာ၊ ဆေးလိပ်မှအစ ဘာကိုမှမလုပ်တတ်ဘူး၊
လုပ်လေ့မရှိကြဘူး။
ဒါတော့ တော်တော်ရိုးတာပေါ့လို့ ချီးမွမ်းမစောနဲ့အုံး
ကျန်တဲ့တစ်လိုင်းမှာတော့ တဘက်ကမ်းခတ်အောင် မောင်းနေတတ်တယ်။ လူမသိ
သူမသိအောင်ပေါ့။ ဆယ်ကျော်သက် အရွယ်ထက်လွန်လာပြီဆိုရင်တော့ ဆုံးမစကားတွေကြောင့်
လူကောင်းပြန်ဖြစ်လာတဲ့သူတွေ ရှိကြသလို သိလျက်နဲ့ ဆက်မိုက်နေသူတွေလဲ
ရှိတတ်ကြတယ်။ ဘဝပေးအခြေအနေအပေါ်မူတည်တာပေါ့။ ရည်ရွယ်ချက်ကြီးကြီးမားမားရှိခဲ့ရင်တော့ လူကောင်းပြန်မဖြစ်ခဲ့ရင်တောင် လူတော်တွေစာရင်းထဲဝင်နေမှာပါ။ မူးယစ်ဆေးဝါးလမ်းကြောင်းကို ဖြတ်သန်းလာကြတဲ့ တချို့တွေ ယနေ့ခေတ်မှာ
အင်ဂျင်နီယာကြီးတွေ၊ အရာရှိကြီးတွေဖြစ်နေကြတယ်လို့ ပြောရင်
ယုံနိုင်ပါ့မလား။ အများကြီးပါ လူတော်တွေပါ။
လူကောင်းတွေမဟုတ်ခဲ့ပေမယ့် လူဆိုးလို့လဲမဆိုနိုင်၊ လူမိုက်တွေဖြစ်ခဲ့ကြတာပေါ့ဗျာ။ လက်ရှိအချိန်ထိ ဆက်သုံးစွဲနေတဲ့သူတွေ ရှိကြသလို ပတ်ဝန်းကျင်အခြေအနေကြောင့်
ရပ်တန့်လိုက်ကြတဲ့သူတွေလည်း ရှိပါ့ဗျာ။ ပညာတတ်လောင်းတွေ မူးယစ်ဆေးကြောင့်
ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးပါ။ ဒါကြောင့် ပညာတတ်လောင်းတွေ လမ်းမှားနေရင် ထိန်းဖို့တော်တော်ခက်ခဲတယ်လေ။
ရောင်းဝယ်ဖောက်ကားသူတွေဟာ ကျောင်းတွေကို ပစ်မှတ်ထားလေ့ရှိကြတယ်။
အပေါင်းအဖော် အသင်းအဖွဲ့များတော့ ဈေးကွက်ရှိတယ်လို့ ပြောနိုင်တာပေါ့ဗျာ။ ရုပ်ရှင်လောကလိုမျိုး ဂီတလောကလိုမျိုး ငွေကို အများအပြားရနေကြတဲ့
အသိုင်းအဝိုင်းမျိုးတွေကိုလည်း ပစ်မှတ်ထားလေ့ရှိတတ်တယ်။ စိတ်ခံစားမှု
အတုလုပ်ရတဲ့ အလုပ်မျိုးတွေမှာ မူးယစ်ဆေးက အရေခြုံပေးတယ်လို့
အယူအဆလွဲမှားနေပြီ မိမိ၏အစွမ်းအစကို ပိုမိုတက်လာစေချင်လို့ ဆေးဝါးအကူအညီယူလေ့ရှိတတ်ကြတယ်။
အားကစားသမားတွေပါ သုံးစွဲတတ်ကြတာ ကြားဖူးကြမှာပါ။ မိမိသားသမီးတွေ
မပါဝင်သွားအောင် ဂရုစိုက်ပေါ့။ မူးယစ်ဆေးကြောင့် လူမှုပတ်ဝန်းကျင်နယ်ပယ်မှာ
နာမည်ဂုဏ်သတင်းပျက်စီးစေတဲ့အပြင် လွန်လွန်ကျူးကျူးသုံးစွဲလာရင်
အသက်ဆုံးရှုံးမှု အခြေအနေနဲ့ပါ ရင်ဆိုင်ရနိုင်တယ်။ ယနေ့ခေတ်မှာ မိဘနှစ်ပါးစလုံး လုပ်ကိုင်စားသောက်နေကြရတော့ သားသမီးတွေအပေါ်မှာ
ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ဖို့ အခက်အခဲရှိကြပါတယ်။
မကောင်းမှုကို ရှောင်ကြဉ်တတ်အောင် ဆုံးမနေရုံနဲ့မပြီးသေး၊

ကိုယ်တိုင်ဝင်ရောက် ပဲ့ကိုင်ပေးမှသာလျှင် ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

5 comments

  • zawana

    August 24, 2010 at 5:58 am

    ဟုတ်ပါတယ် … အခုခေတ်မှာ မိဘတွေ အနေနဲ့ ကိုယ့်သားသမီးတွေကို မူးယစ်ဆေးဝါးနဲ့ ကင်းစေချင်တယ်ဆိုရင် အနီးကပ် စောင့်ကြည့်လေ့လာ နေဖို့ လိုအပ်သလို မူးယစ်ဆေး သုံးစွဲသူရဲ့ လက္ခဏာတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်….. အထူးသဖြင့် အရာရာကို စူးစမ်းတတ်တဲ့ မြီးကောင်ပေါက် အရွယ်မှာ ပိုမို ဂရုစိုက်သင့်ပါတယ်။
    များသောအားဖြင့် ငွေကြေး အဆင်ပြေပြီး မိဘနဲ့ ကင်းကွာမှု များတဲ့ ကလေးတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာ ရှိတတ်ကြပါတယ်။

  • fatty

    August 24, 2010 at 7:02 am

    ဒီ နေ ရာမှာကြုံ တုန်း အရက် နဲ့ မူးယစ် ဆေး စွဲ မစွဲ ကြည့်နည်းလေး တခု ကတော့ ….. အိပ်ယာပေါ် ပက်လက် အိပ်ခိုင်းပြီး မျက်စိ မှိတ် ခိုင်း ထားပါ ၊
    ပြိးတော့ လက်နှစ် ဘက်ကို ရှေ့ ဆန့်ခိုင်း ပြီး လက်ချောင်း လေးတွေ ကို ကားခိုင်း လိုက် ပါ ။ ဆေး အရက် စွဲ သူ ဟာ လက်ချောင်းလေး တွေ တုန် နေ တာ တွေ့
    ရပါ လိမ့်မယ် ။

  • chitsayar

    August 24, 2010 at 2:04 pm

    ဒီကိစ္စ မျိုးကို ပြတ်ပြတ်သားသား ကိုင်တွယ်ကြပါဗျာ
    သတိလည်း မပေါ့ကြပါနဲ ့ အန္တရယ်လည်းရှိတယ်

  • Pyaung Gye

    August 24, 2010 at 2:59 pm

    ကောင်းတယ်

Leave a Reply