. မြ ရဲ့ သင်ပုန်း ဝ၂– ဝရ – ၂၀၁၅

. မြ တစ်ယောက် ဖီးလင်း ဟော့ ဖြစ် နေသည်။
ရာသီဥတု ပူ နေ၍ဖြစ်သည်။
ဒီလောက် မပူ တာ နှစ်အတော်ကြာပြီ။
စင်တီဂရိတ် သုံးဆယ့်လေး/ငါး လောက် ကို ညည်းနေတာ ရွှေပြည်တုန်းက လေးဆယ် လောက် နဲ့ နှစ်ပါးသွားခဲ့ရတာ ကို မေ့ပြီလား ဟု ကွကိုယ်မေးနေရသည်။
ဇီးသီးသည် မဗျိုင်း ကဲ့သို့ ဘဝ မေ့ သွားခြင်းပေလား။
. ရွှေပြည်တုန်းက ပူလွန်းလို့ ဂုတ်ထောက် ဆံပင်လေး ကို ကညော့ပြီး ခပ်တိုတိုညှပ်လိုက်သည်။
တစ်ချိန်လုံး စည်းစည်းထား တာ များလာသောကြောင့် ဆံပင်များကျွတ်ပြီး အတော်ပါးလာ တာကလဲ အကြောင်းပြချက်တစ်ချက် ဖြစ်သည်။
ဆံပင်ရှည် ကို ဒီအတိုင်းချပြီး မနေတတ်တာခက်သည်။
ချစ်သော မောင် တစ်ယောက်က “ဆံပင်အရှည် နဲ့ က ပိုခန့်သည်” လို့ ပြောချိန် ဆံသဆိုင် က ဆံပင်များ ကို ပြန်ကောက်ယူ၍ ဆက်ချင်စိတ် ပေါ်သွားသည်။
ခန့်ချင် လွန်းသော မြ သည် ဘယ်တော့မှ ဆံပင် အတို မထားတော့ဟုလည်း သံဓိဌာန် ချခဲ့လိုက်လေတော့သည်။
အခုလဲ ဆံပင် က ဂုတ်ထောက်လာပြန်ပြီ။
. မြဆံပင် မစည်းမိအောင်၊ မညှပ်မိအောင် စိတ်ထိန်းနေရလေသည်။
ဆံပင်မစည်းရေး၊ မညှပ်ရေး ကိစ္စသည် မြ အတွက်မှာတော့ queen of planets ဗီးနပ်စ် နှင့် king of planets ဂျူပီတာ တို့ အင်မတန်နီးကပ်စွာ ဖြတ်သန်းသွားကြ ခြင်း ကိစ္စ ထက် ပို၍ အရေးကြီး နေသည်။
နက္ခဗေဒပညာရှင် များ ကတော့ မြ ဆံပင်အရေး ကို စိတ်ဝင်စားမည် မဟုတ်တာ သေချာ၏။ ထို ဂြိုလ်များ အကြောင်းကို သာ စိတ်ဝင်စားမှာ လက်ခတ်မလွဲ။
သူတို့ဘာပြောကြမလဲ ကိုတော့ မြလဲ သိချင်လှသည်။
. တစ်ခါ တစ်ခါ မြ သည် အလွန် မစပ်စုတတ်သလိုနှင့် အလွန်စပ်စုတတ်သူ တစ်ဦးဖြစ်သည်။

. မနေ့ညနေက ကောင်းကင် မှာ ငှက်များ အုပ်ဖွဲ့ ဝဲပျံပြီး ဘာလုပ်နေသည် မသိ။ တစ်ခုခု ဖြစ် က သက်သေ ရရန် မြ သည် အိတ်ထဲ မှ ကင်မရာကို ကဗျာကရာ အမြန်ထုတ်ပြီး ရိုက်လိုက်သည်။
. မြ နောက်က လျှောက်လာသူ ခမျာလဲ ဘာဖြစ်လို့ပါလိမ့် လို့ သိချင်ဇော နဲ့ လိုက် မော့ကြည့် သည်။
ထိုသူသည် မြ ကို နာမည်ကြီး ဘလော့ဂါ တစ်ယောက် ဟု သိပုံမပေါ်ချေ။

DSCF1319
ဇင်ရော်ဟုထင်၏။ လဒသော်လည်းကောင်း၊ သိမ်းငှက်သော်လည်းကောင်း မဖြစ်နိုင်။

. ဂြိုလ်နှစ်လုံး ဖြတ်ပုံ အကြောင်း စိတ်ဝင်စားပါက ဤမှာကြည့်ပါ။

Amazing Sunset Sky Show: Venus and Jupiter are converging for a must-see close encounter at the end of June

https://www.facebook.com/NASA/videos/10153322875531772/

 

9 comments

  • kai

    July 3, 2015 at 2:29 am

    ပြီးခဲ့တဲ့တပါတ်က… မိုင်၂၅၀ဝခရီးနှင်ခဲ့တယ်…။
    ကမ္ဘာ့သက်တန်းအကြာဆုံး.. အမြင့်ဆုံးအပင်တွေရှိရာ.. Redwood သစ်တော…။
    ကမ္ဘာ့အပူဆုံးနေရာဖြစ်တဲ့.. Death Valley
    ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့တော်ဖြစ်တဲ့.. Las Vegas

    ၄ညအိပ်… ၅ရက်ခရီးတောက်လျှောက်ပေါ့…။
    ပြည်နယ်၃ခု… ဖြတ်ရပါတယ်..။

    Death Valleyရဲ့.. ပင်လယ်အောက်ပေ၁၉ဝနေရာက.. အဲဒီနေရာရောက်တဲ့အချိန်မှာ.. ဓာတ်ပုံထွက်ရိုက်တာ… ပြဒါးတိုင်က.. ၁၂၆ ံ F ပြနေတုံး.. ပိပိလေးကပြေးထွက်ပြီးဓာတ်ပုံရိုက်ခံပါတယ်..။
    ပူချက်က.. အဲယားကွန်းကားပေါ်ကအထွက်ဆို.. မျက်နှာကိုဖြတ်ရိုက်လိုက်တဲ့အတိုင်း…။ ကြည့်မြင်သမျှ.. အရာရာက… ရှိန်းထနေ..။
    ကမ္ဘာမြေပေါ်ရောက်နေတာနဲ့တောင်မတူ…။ ဘာမှကိုင်ကြည့်မရ..။

    အဲဒီလိုနေရာမှာ.. အဖြူရောင်အရွက်နဲ့.. အပင်တွေပေါက်နေသဗျ…။
    ကန္တာရပင်မဟုတ်..။ သာမန်အပင်လို…
    အံ့ဖွယ်ပေါ့…။

    ==
    Hyperion (tree) – Wikipedia, the free encyclopedia
    https://en.wikipedia.org/wiki/Hyperion_(tree)
    Wikipedia
    Hyperion is the name of a coast redwood (Sequoia sempervirens) in Northern California that was measured at 115.61 m (379.3 ft), which ranks it as the world’s tallest known living tree.
    ==
    100 years ago, Death Valley set a scorching record — 134 …
    http://www.cnn.com/2013/07/10/us/death-valley-heat-anniversary/
    CNN
    Jul 11, 2013 – He’s with the World Meteorological Organization that made the determination that 134 was the world record. Temperatures in Death Valley …
    ==
    Macao Surpasses Las Vegas as Gambling Center – New …
    http://www.nytimes.com/…/worldbusiness/23cnd-macao….
    The New York Times
    Jan 23, 2007 – Hoping to ride the gold rush, some of the world’s biggest casino operators, … To accommodate even more visitors, the 10-square mile city of …

  • ဇီဇီခင်ဇော်

    July 3, 2015 at 6:27 am

    အရမ်း ပူ ပြီးမှ မိုးရွာတော့
    ဇီ တဟွတ် ဟွတ်နေသည်..!!
    တွေ့ရာ နေရာ မှာ ဓာတ်ပုံတွေ ရိုက်လွန်းသောကြောင့် ဖုန်း မန်မိုရီလည်း မနိုင်တော့..!!
    ြ ရဲ့ ဇင်ရော် ဆိုရအောင် ဆိပ်ကမ်းးနဲ့ နီးးလို့လားးးး

    ဇင်ရော်နဲ့ ပျံလွှားး ဘာကွာတုန်းးဟင်??
    :k:

  • ဦးကျောက်ခဲ

    July 3, 2015 at 9:02 am

    ဒီမှာလည်း ပူသလားမမေးနဲ့ … ရုံးခန်းထဲက အပြင်ကို မထွက်ချင်…
    တောင်တရုတ်ပင်လယ်ထဲကကျွန်းမို့… ရာသီဥတုအရမ်းပူလာရင်…
    နောက်ဆက်တွဲ မုန်တိုင်းလာတော့မယ်… အခုအချိန်က မုန်တိုင်းရာသီလေ… :k:

  • Mike

    July 3, 2015 at 10:50 am

    .queen of planets ဗီးနပ်စ် နှင့် king of planets ဂျူပီတာ တို့ အင်မတန်နီးကပ်စွာ ဖြတ်သန်းသွားကြ ခြင်း .ကိစ္စ ခုမှသိတယ်…လင့်ထဲသွားကြည့်တော့ ဗွီဒီယို လေးကြည့်ကောင်းတယ်..
    .“Death Valleyရဲ့.. ပင်လယ်အောက်ပေ၁၉ဝနေရာက.. အဲဒီနေရာရောက်တဲ့အချိန်မှာ.. .ဓာတ်ပုံထွက်ရိုက်တာ… ပြဒါးတိုင်က.. ၁၂၆ ံ F ပြနေတုံး….၅၂ံ C ဆိုတော့ မနဲပူတာပဲ
    .နာမည်နဲ့လိုက်တာပဲနော :))

    • ကျနော်ဖတ်ဘူးတာ အမှတ်မမှားရင် အဲဒီနေရာ က ကလေးတွေက ရေခဲတုံးနဲ့ ဆော့ သတဲ့
      အဲကွန်းဖွင့်ပြီး အိမ်ထဲမှာနေသတဲ့
      အပြင်ထွက်ရင် လက်အိပ်စွတ်သတဲ့
      အဝတ်အစားတွေကို ရေခဲသေတ္တာထဲ ထည့် ထားရ သတဲ့

      အမှတ်မှားရင်တော့ ကျနော်အပြစ်

  • aye.kk

    July 3, 2015 at 4:28 pm

    ဒီမှာလည်းတအားပူနေတာ
    နေလို့တောင်မတတ်တော့ဘူး။
    အပူချိန်တွေအရမ်းမြင့်နေတယ်။။

  • Ma Ma

    July 3, 2015 at 6:24 pm

    ဆံပင်တွေ ပြန်ဆက်ချင်စိတ်ပေါက်သွားတယ်ဆိုလို့….
    ကလေးအတွေးနဲ့ ငါ့ဆံပင်တွေပြန်ဆက်ပေးလို့ ဂျီကျခဲ့ဖူးတဲ့ကလေးတစ်ယောက်ကို သွားသတိရမိပြီး
    အံ့ဩစရာ ဒီခေတ်မှာ ဆံပင်တွေ ပြန်ဆက်လို့ ရနေတယ်။ 🙂

Leave a Reply