“ကျနော့်ရဲ့ညနေခင်းလေးများ”(ဓါတ်ပုံပိုစ်)

“ကျနော့်ရဲ့ညနေခင်းလေးများ”(ဓါတ်ပုံပိုစ်)

 

ဟိုအရင်နှစ်များက မနက်စောစော ထပြီး လမ်းလျောက်ဖြစ်ပါတယ်။

2014 ကတည်းက လမ်းမလျောက်ဖြစ်သလောက်။

ခရီးထွက်ရတာရယ် အပျင်းထားတာရယ်။

 

အခုဒီ ကျယ်ခေါင်ရောက်တော့ ဆောင်းဒီဇင်ဘာ။

ထိုင်ပြီးစာရင်းလုပ်ရတာ အေးလာရင်ထွက်လမ်းလျောက်ဖြစ်ပါတော့တယ်။

ညနေဆိုရင်လဲ နေ့တိုင်းနီးပါးလမ်းလျောက်ဖြစ်ပါတယ်။

လမ်းလျောက်ရင်းက ညနေခင်းလေးများကို ပိုသဘောကျသလိုပါဘဲ။

အဲတော့ ညနေခင်းမှာ ရိုက်ဘူးတဲ့ ပုံလေးတွေကိုပြန်စုစည်းပြီးတင်ပေးလိုက်ပါတယ်။

1 ဆည်းဆာအို
1 ဆည်းဆာအို
2 ခင်ဝမ်းဆိုဘူးတဲ့ ခရမ်းနုရောင်
2 ခင်ဝမ်းဆိုဘူးတဲ့ ခရမ်းနုရောင်
3 ပြိုတော့ မယ်
3 ပြိုတော့ မယ်
5 နုတ်ဆက်သောနေမင်း
5 နုတ်ဆက်သောနေမင်း
5 နှစ်ဦးကြား ဗျာများနေသလို
5 နှစ်ဦးကြား ဗျာများနေသလို
6 ရွှေရောင် ညနေခင်း
6 ရွှေရောင် ညနေခင်း
7ချန်ထားရစ်ခဲ့သလား
7ချန်ထားရစ်ခဲ့သလား

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

3-7-2015

 

16 comments

  • ရာမည

    July 4, 2015 at 1:32 am

    စိတ်မဆိုးနဲ့နော်ဦးလေး
    ဟီးဟီး
    တောင်သမန်ရယ် တိမ်ရယ် နေလုံးရယ်
    တွတ်ပတ်လည် ဖြစ်နေတယ်မှတ်တယ်
    ဒါတွေပဲ ခဏခဏမြင်နေရတော့ရိုးနေသလိုပဲခင်ဗျ
    မန်းတလေး တရိစာ္ဆန်ရုံထဲဝင်ပီး မျောက်တွေကို ရိုက်ပြပါလားခင်ဗျာ
    အပြောင်းအလဲလေးအဖြစ်ကြည့်ချင်လိုပါခင်ဗျာ

    • မြစပဲရိုး

      July 4, 2015 at 4:34 am

      . မျောက် ကို ရိုက်ခွင့်မရရင် ကိုကိုလေး က မော်ဒလယ် လုပ်ပေးလိုက် ကွယ်။ jk 😉 lol:-)))

  • မြစပဲရိုး

    July 4, 2015 at 4:32 am

    သများ လဲ မနေ့ည က “လ” ကို ရိုက်ထားသေး။
    လာမယ်ဗျို့။
    . အောက်ဆုံးပုံလေး က လွမ်းစရာလေး။

    • လက တော့ ရိုက်ထားတာ ကောင်းကောင်းမရှိသေးဘူး

      သေချာလဲ မရိုက်မိသေးတာအမှန်ပါဘဲ

      လ နဲ့ ပါတ်သက်ရင် မှတ်မှတ်ရရ တစ်ရက်ဘဲရိုက်ဘူးတယ်

      2013 တန်ဆောင်မုန်းလပြည့် နေ့က ရွာသား ကြီး ဂန္ဓာရီ ဆရာအုပ်လာတုန်းက
      ]
      တောင်သမန်အင်းမှာ ဦးပိန်တံတားနဲ့ တွဲ ရိုက်ထားတာ ဘဲ ရိုက်ဘူးသေးတယ်

      နောက်လပြည့် ည လို့ရက်မျိုးမှာ အောင်ပင်လယ် ဘက် ထွက်ရိုက်အုံးမယ်

  • Ma Ma

    July 4, 2015 at 8:46 am

    ညနေခင်းပန်းချီကားလေးများးးးး 🙂

    • ဟုတ် မမ ရေ

      ကျနော်က မနက်ခင်းနဲ့ ညနေခင်းဘဲအားလပ်တော့ ဒီအချိန်ဘဲ ရိုက်ထားတာများတယ်

      အများအားဖြင့် ဓါတ်ဖမ်းသူများကလည်း

      မနက်ခင်းစောစော နေပွင့်စ အချိန်နဲ့

      ညနေခင်းနေဝင်စအချိန်တွေမှာဘဲ အရိုက်များပါတယ်

      အဲဒီအချိန်တွေက အရောင်စုံပြီးလှတတ်လို့ပါ

  • Courage

    July 4, 2015 at 12:22 pm

    ခရမ်းပြာရောင် ကောင်းကင်ကို အကြိုက်ဆုံးပဲ။
    နေ့တစ်နေ့ရဲ့ နောက်ဆုံးသော တောက်ပခြင်းပေါ့

    • အဲဒီခရမ်းပြာရောင် ကောင်းကင်လေးက ကံကောင်းလို့ ရလိုက်တယ်လို့ ဆိုနိုင်ပါတယ်

      ဓါတ်ဆရာမိတ်ဆွေတစ်ယောက် မူဆယ်ကိုရောက်လာတော့ ကျနော်က ဓါတ်ပုံရိုက်ဘို့ သူကိုသွားခေါ်ပါတယ်။

      မိုးအုံ့နေတော့ သိပ်မြင်ကွင်းမလှ ဖြစ်နေတော့ သူပြန်မယ်ဆိုတာနဲ့ လိုက်ပို့ ပြီး ပြန်အလာမှာ

      ကောင်းကင်က အရောင်တွေပြောင်းပြီး လှ လာတော့ ဒီပုံလေးကို ရလိုက်တာပါ

      ပုံကောင်းတစ်ပုံရဘို့ဆိုတာ အချိန်အခါ ကောင်းနဲ့ ကိုယ်နဲ့ တိုက်ဆိုင်ဘို့ ကလဲ အလွန် လိုအပ်ပါတယ်

  • Mike

    July 6, 2015 at 4:00 pm

    .က ျုပ်လည်း၅ နဲ့ရ အကြိုက်ဆုံးပဲဗျ…ရသတစ်မျိုးခံစားရလို့

  • ကိုမိုက်ရေ

    အဲဒီနံပါတ်ငါး နေလုံးနဲ့ သစ်ပင်ရိုက်တုံးက အဲ့နားလေးမှာအတော်ကြာကြာ ရိုက်ဖြစ်တယ်

    အဲဒီ အပင်နားကို သွားချင်လို့ ဝင်ခွင့်တောင်း တာပေးမဝင်ဘူး

    အပင်လေးတွေက ဝင်းကြီးထဲမှာရှိတာ

    ကြားမှာရေမရှိတဲ့ချောင်းနဲ့ အုတ်တံတိုင်းတစ်ခု ခြားထားတယ်။

    ဒါနဲ့ဇွန်းဆွဲရိုက်တာ

    သစ်ပင်နဲ့ နေလုံးကို ဟိုဘက်ထားလိုက်ဒီဘက်ထားလိုက်နဲ့ပုံပေါင်းများစွာ
    ရိုက်လာခဲ့တာ။
    ဒီပုံလေးရတဲ့ နေ့ က စိတ်ထဲမှာအတော်ကျေနပ်မိတယ်။

    တောင်သမန်က သစ်ခြောက်ပင်နဲ့ နေလုံးကိုတွဲ ပြီးရ လိုက်တုံးကလဲ အခုလိုဘဲ ကျေနပ်ခဲ့တယ်

  • aye.kk

    July 6, 2015 at 9:21 pm

    ကိုပေါက်ရေ..
    ခရမ်းနုရောင်တိမ်အလှနဲ ့ပုံကိုနှစ်သက်တယ်။
    နှုတ်ဆက်တဲ့နေမင်းပုံက တစ်စုံတစ်ရာကိုညွှန်းဆိုနေသလိုခံစားမိတယ်။
    ချန်ထားရစ်ခဲ့သလားဆိုတဲ့ပုံလဲထို့အတူ……..ပုံလေးတွေအားလုံးလှတယ်။။

  • ဟုတ်အမ အေး

    ခရမ်းနုရောင်တိမ်အလှ က ရွှေလီတံတားပေါ်မှာ မထင်မှတ်ဘဲရလိုက်တာပါ

    တစ်ညနေလုံးနီးပါး တံတားပေါ်မှာရှိနေပါတယ်

    မိုးတွေအုံ့လို့ ပြန်လာခဲ့ပြီးမှ နောက်တစ်ခေါက်အဖြတ်မှာ ဒီပုံလေးရလိုက်တာပါ

    ချန်ထားရစ်ခဲ့သလားကတော့ တောင်သမန်အင်းအရှေ့ဘက်ခြမ်းမှာရိုက်ခဲ့တာပါ
    တောင်သမန်အင်းဆိုရင် အများအားဖြင့်အနောက်ဘက်ခြမ်း ကိုဘဲရောက်ပါတယ်

    ကျနော်တို့ကတော့ နေထွက်ချိန်ဆို အနောက်ဘက်က လာ

    နေဝင်ချိန်ဆိုအရှေ့ ဘက်ကိုသွား

    အဲလို စောင့်ရိုက်ပြီးရခဲ့တာပါ

  • ကျနော်က ရူ့ခင်းသမားဆိုတော့ မြင်မြင်သမျှ ရိုက်မိတာအမှန်ပါဘဲ

    တံတား ပေါ်ကနေ ရိုက်ထားတဲ့ မြစ်ပြင်မြင်ကွင်းရှိသေးတယ်

    မတင်ရသေးတာတွေ

Leave a Reply