. ခြေလှမ်းဦး များနှင့် ကခုန်ခြင်း ” ငါး” – ပါဝါ (95)

ဒီနံပါတ် ကို ဒီရက် အတွင်း မြင်ဘူး ခဲ့ ကြတယ်ဟုတ်။
မဲ အနှိုက်ခင်လေးမှာ အတိတ်စိမ်း ပေးလိုက်သူ ဝုန်းကနဲ ပေါ်လာလို့ သူ ချ သွား တဲ့ နံပါတ် ကို ဝမ်းသာ အားရ ယူလိုက် တယ်။ 😉
. အောင်မြလေး
လက်စသတ်တော့ စပ်ရင်တော်ရမဲ့ အမျိုး ဖြစ်နေတော့ သကိုး။
မျက်နှာပြုံးချိုချို နဲ့ သူ ကို ဒီတစ်ခါ ရွာ အပြန် မှန်းမထားဘဲ တွေ့လိုက်သေး။
သဘာဝ ကို သဘာဝ အတိုင်း ရိုးသားစွာ ရှုမြင်လို သူ တစ်ယောက် ရဲ့ ကလောင်အမည် ကို ပေးထားတာ ကို က “နေချား” တဲ့။

ကဲ ပိတ်သတ်ကြီး ရေ။
ရွာထဲ ကိုနေချား တစ်ယောက် ဘာတွေများ ဖွ။ (မှားလို့) ဘာတွေများ ချ ထားလဲ ကြည့်ကြစို့လား။

သူရွာထဲ ရောက်လာတာ တစ်ယောက်ယောက် လက်ချက် ကင်းမယ်တော့ မထင်။
Apr 5, 2011 က ခြေလှမ်းသစ်တစ်လှမ်း ချလိုက်တယ်။
အကြောင်းက အင်မတန် စိတ်ဝင်စားစရာပါ။ လူတိုင်း ကြုံနေခဲ့ ရတဲ့ ဒုက္ခ။
အခု လဲ လေးနှစ် ကျော်ခဲ့ပြီ။
အခု ပို့စ် မှာ ပြောခဲ့တာတွေ ကို လက်ရှိ နဲ့ ယှဉ်ကြည့်ပြီး  နောက်ဆိုရင်ကော ဆိုတာ ကိုတော့ နောက် နှစ်နှစ် လောက်မှာ ထပ်ပြီး လှည့်ကြည့်ဖို့ ကောင်း တဲ့ မှတ်တမ်း လို့ သတ်မှတ်လို့ ရမယ်။
. ခေါင်းစဉ်က “ဘုရင့်နောင်ကားဂျမ်းအကြံပေးပါ” တဲ့။
မှတ်ချက်ပေါင်း ၁၆ခု နဲ့ အသေအချာ ဆွေးနွေး ဝေဖန်ထားတဲ့ ပို့စ်လေးပါ။
ဒိတ်ဒိတ်ကြဲ မန်ဘာ တွေ ရဲ့ အတွေးအမြင် အပြော တွေ ကို သက်ဆိုင်သူများ အနေနဲ့ ပြည်သူတွေ အသံကို စိတ်ဝင်စား ပြီး လေးစားတဲ့ အသိ ရှိရင် ဝင်ပြီး ဖတ် သင့်ခဲ့တာ လို့ တောင် ပြောချင်တယ်။

အဲဒီတုန်း က ဘုရင့်နောင်လို နေရာမျိုး ဘဲ ကြပ်ရာကနေ အခုမှာတော့ တစ်မြို့ လုံး ဖြစ်အောင် ကို ပြောင်းလဲ တိုးတက် မှု ကို တွေ့ရပါ့။
ကိုနေးချား အကြံပြုသလို ကားထဲ ရေဒီယို နဲ့ ဘယ်မှာ ဂျမ်း ဖြစ်နေတယ် ကိုလဲ အလွယ် သိနိုင်ပါပြီ။
ဒါးးးးးးးးပေမဲ့ နေရာတိုင်း ဖြစ်နေတော့ ခက်ရော။

{{{  ဒီမယ် ကိုနေချား
ရှင့် ကို ကျွန်မ အိမ်စာ ပေးမယ် ရှင်။
ဒီ လေးနှစ် အတွင်း ပိုဆိုး (သို့) ပိုကောင်း တာ တွေ ကို အခု ရှင်ရေးတဲ့ “၂၀၁၁ မှတ်တိုင်” နဲ့ ယှဉ် ပြီး  “၂၀၁၅ မှတ်တိုင်” တစ်ခု ထပ်ရေးပေးပါ။
မရေး နိုင်ရင် ဒါဏ်ပေးမည်။ }}} :-)))

သူ့ ပို့စ် တွေ အကြောင်း ကို ဆက်ရရင် ရွာထဲ မှာ ပို့စ်ပေါင်း ၅၁ ပုဒ် ရေးခဲ့ တယ်။
ရှားလော့ နေချား ရဲ့ “ဘောင်ဒရီလမ်းလူသတ်မှု(၂.၁.၁)” ကို ရော နောင် ဘယ်နှစ်နှစ် ကျရင် ပြန်ပြီ အသစ် ဖြစ်နိုင်မယ် ဆိုတာ ကိုလဲ သိနိုင်ဖို့ မှတ်တမ်း မှတ်သင့်တယ် မထင်ကြဘူးလား။
သူကြီးမင်းနဲ့ မကြာခဏ ထိုးချင်းစီး ခဲ့ တဲ့ မပြာရောင်ဂိုဏ်းသား စစ်စစ် ကြီး ရဲ့ စာတွေထဲ မှတ်ချက်ပေါင်း များစွာ သဲ့ ယူပြီး လူတွေ စိတ်ဝင်တစား ဆွေးနွေးခဲ့တဲ့ အကြောင်း တွေ မှ အများကြီး။
Aug 30, 2012 က တင်ထားခဲ့ တဲ့ (လက်ရှိ)  နောက်ဆုံး ပို့စ် “N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ? “ ကို အခု ပြန်ဖတ်ပြီး ဗိုက်နှိပ် ရီ နေမိတယ်။ မှတ်ချက် မှ ၈၁ ခုနော်။ ကိုစံ ကိုလဲ သတိရပါ။ ကိုဇောက်ထိုး ကိုလဲ သတိရပါ့။ မီးဒုတ်ကိုင် မဲ့ အမတ်မင်း တောင် ဝင်ပါသေး။ ဓာတ် ဆာ လေး ဆာအုပ် လဲ ဖလမ်း ဖလမ်း ထ နေချိန်ပေါ့။ စိန်ကြက်ဆင် မလဲ အူယားဖားယား ပြေးလာသေး။
တကယ်တော့ အဲဒီချိန်က အဲဒီ ပို့စ်ထဲ ရွာလုံးကျွတ် နီးပါးကို ဝင်နွဲခဲ့ သလားဘဲ။
အဲဒီတုန်းက မပါခဲ့ ရင် အခု ဝင်ပြီး နွှဲ သွားသင့်ကြောင်းလေး ကိုလဲ ပြောချင်ရဲ့။ ဒါမှ မှတ်ကျောက်တင် ဂဇက်မန်ဘာ ဖြစ်ပေလိမ့်မည်။ lol:-)))

အခုတော့ သူလဲ လက်ညောင်းနေခဲ့ ပြီလား ဒါမှမဟုတ် ရွာအဝင် အဝိုင်းလည် နေတာ ကို စိတ်မရှည်လား။ မသိတော့။
. ပေါ်မလာ ဇာတ်ကားရိုက်နေတာကြာပေါ့။

ကိုနေချား ရေ
ကျွန်မတို့ လွမ်း နေပါတယ်။
အသံလေး နဲနဲ ပြန်ပြလှည့်ပါဦး။

လာမဲ့  ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

12 comments

  • Mike

    July 4, 2015 at 3:22 pm

    .စောစောစီးစီးဝင်အားပေးသွားတယ်
    .ဘူလဲမှတ်တယ်…ကိုနေချားကြီးကိုး…ကိုနေချားတို့ရွာထဲလည်နေချိန်က ျုပ်ကသိပ်မအားခဲ့…
    .တချို့အပုဒ်တွေခုမှဖတ်ရတယ်..သင့်ခရုပါ သုဋေသဏပြဉ်ဉာသျှဉ်ဂြည်းမြစာကလေး ခီမျ :))

  • kai

    July 4, 2015 at 4:40 pm

    2015/06/15 at 10:03 pm ကပဲ.. “တားရော့ များကပြောသော မြန်မာ U23 ကံကြမ္မာ” မှာ.. ကိုရင်နေချားဝင်ရေးသွားသေး…
    ဖတ်တော့နေသလားမသိ…။

    သူ့စာကလေးဖတ်ပြီး.. မိုးပြာတွေကိုလည်းသတ်ရမိသား…။
    မဘသနဲ့တွေ့တော့.. သူတို့လည်းနာလံထူနိုင်မယ်မထင်…။

  • Ma Ma

    July 4, 2015 at 4:50 pm

    (သူရွာထဲ ရောက်လာတာ တစ်ယောက်ယောက် လက်ချက် ကင်းမယ်တော့ မထင်။)
    မပြုံးပဲနဲ့ ဝါးလုံးကွဲ ရီလိုက်ချင်တယ်။ :k: :k: :k:

    လျှို့ဝှက်ချက်တစ်ခုဖော်ထုတ်ရရင်….
    မဲနှိုက်တိုင်း ပေါက်တတ်တဲ့ ကံထူးရှင်ကြီး အခု သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း မြစာကလေး ရဲ့ ကံစမ်းမဲမှာလည်း ပေါက်နေပြန်ပါရောလား။ :k:

  • ဇီဇီခင်ဇော်

    July 4, 2015 at 5:07 pm

    ဦးးနေးချားး ကော်မန့်တွေ ဖတ်ဖူးးတော့
    တရားးမျှတတဲ့ သူ တစ်ယောက် ဖြစ်မယ်လို့ မှန်းးမိတယ်..
    လူကိုတွေ့တော့ သဘော ကောင်းးသူကြီးး ဖြစ်မယ် လို့ မှန်းးမိ..
    သိပ်မရင်းးနှီးးတာ ကတော့ သများးအချစ်တွေ ချစ်မမဆီမှာ အကုန်ပါသွားးတာလို့
    :mrgreenn:

  • nature

    July 4, 2015 at 6:40 pm

    မရေးဖြစ်ပေမဲ့ရွာထဲတော့ရံဖန်ရံခါဝင်ဖြစ်ပါတယ်အရီးရေ။ နဂိုတုန်းက ကားဂ ျမ်းကလွယ်သေးတယ်။ အခုကားဂ ျမ်းက တမြို့လုံးပဲ နောက်ဆိုပိုဆိုးဖို့ပဲရှိတယ်။ အစိုးရလည်းရှင်းတော့ရှင်းနေတာပဲ။ဒါပေမဲ့ အိတ်ပေါက်နဲ့ဖားကောက်သလို မနိုင်ဖြစ်နေပုံရတယ်။

    ရေးတော့ရေးပါမယ်အရီးရေ ။
    MIKE@အရက်မူးရင်အိမ်က အမ ျိုးသမီးကိုသိပ်မရစ်နဲ့နော်…
    kai@ သူကြီးနဲ့ရန်မဖြစ်ရတာတောင်တော်တော်ကြာနေပြီနော်… ရန်ဖြစ်ခြင်းအနုပညာ 😛
    MaMa@မတွေ့ရတာ တော်တော်လေးကြာပြီနော်… 😛
    ဇီဇီခင်ဇော်@ သူတယောက်ပဲလူကဲခပ်တော်တယ်။ က ျုပ်ကလည်းအမြှောက်ကြိုက်…. အဲ….အဲဒီလိုမှန်တာပြောကိုမှကြိုက်တာ။ 😛

  • nature

    July 4, 2015 at 6:53 pm

    မရေးဖြစ်ပေမဲ့ရွာထဲတော့ရံဖန်ရံခါဝင်ဖြစ်ပါတယ်အရီးရေ။ နဂိုတုန်းက ကားဂ ျမ်းကလွယ်သေးတယ်။ အခုကားဂ ျမ်းက တမြို့လုံးပဲ နောက်ဆိုပိုဆိုးဖို့ပဲရှိတယ်။ အစိုးရလည်းရှင်းတော့ရှင်းနေတာပဲ။ဒါပေမဲ့ အိတ်ပေါက်နဲ့ဖားကောက်သလို မနိုင်ဖြစ်နေပုံရတယ်။

    ရေးတော့ရေးပါမယ်အရီးရေ ။
    MIKE@အရက်မူးရင်အိမ်က အမ ျိုးသမီးကိုသိပ်မရစ်နဲ့နော်…
    kai@ သူကြီးနဲ့ရန်မဖြစ်ရတာတောင်တော်တော်ကြာနေပြီနော်… ရန်ဖြစ်ခြင်းအနုပညာ 😛
    MaMa@မတွေ့ရတာ တော်တော်လေးကြာပြီနော်… 😛
    ဇီဇီခင်ဇော်@ တယောက်ပဲလူကဲခပ်တော်တယ်။ က ျုပ်ကလည်းအမြှောက်ကြိုက်…. အဲ….အဲဒီလိုမှန်တာပြောကိုမှကြိုက်တာ။ 😛

  • ဇီဇီခင်ဇော်

    July 4, 2015 at 7:11 pm

    1. Kai
    2. Padonmar
    3. ဦးကျောက်ခဲ
    4. ဦးပါလေရာ
    5. KyeeMite
    6. Hmee
    7. မိုချို
    8. Pooch
    9. Come Way
    10. ကိုအောင်
    11. မိုက်ကယ်ဂျော်နီ အောင်ပု
    12. Foreign Resident
    13. ကထူးဆန်း
    14. အရီးခင်လတ်
    15. Mr. MarGa
    16. Surmi
    17. Aye KK
    18. Naywoon ni
    19. Wei Wei
    20. Htet Way
    21. ကူမားရ်
    22. ဆူး
    23. ခင် ခ
    24. Ko Chogyi
    25. Green Rose
    26. Ma Ei
    27. အင်ဇာဂီ
    28. Ma Ma
    29. Iris
    30. အလင်းဆက်
    31. ကာရံ
    32. သူရသာဝါ
    33. ဗုံဗုံ
    34. တောင်ပေါ်သား
    35. ဂျက်စပဲရိုး
    36. Swal Taw Ywet
    37. Kaung Kin Pyar
    38. TNA
    39. အောင်မိုးသူ
    40. ကြောင်ကြီး
    41. Courage
    42. Kyaemon
    43. Black Chaw
    44. Thit Min
    45. Amatmin
    46. ကိုပေါက် (မန္တလေး)
    47. Mလုလင်
    48. Moon Poem
    49. Uncle Gyi
    50. မဟာရာဇာအံစာတုံး
    51. လုံမလေး မွန်မွန်
    52. ရွှေကြည်
    53. တိမ်မည်း
    54. နွေဦး
    55. Nyo Win
    56. Char Too
    57. ကျော်စွာခေါင်
    58. ကိုကြီးမိုင်း
    59. ဖြူစိုင်းလူ
    60. Zaw Thant
    61. မစုဉာဏ်
    62. ဝင့်ပြုံးမြင့်
    63. Nozomi
    64. Don Juan Ronald
    65. ကျောက်စိမ်း တိန်ညင်
    66. ဦးသု
    67. တောတွင်းပျော်
    68. lu lu
    69. Candle
    70. ရွှေမိုးတိမ်
    71. နန်းတော်ရာသူ
    72. Maung Thu
    73. မင်းခန့်ကျော်
    74. Mahar Myanmar
    75. ရေမြေ့သနင်း
    76. အာဂ
    77. နွယ်ပင်
    78. မောင်ဘလှိုင်
    79. သော်ဇင်(လွိုင်ကော်)
    80. ရင်နင့်အောင်
    81. အလင်းချို
    82. Etone
    83. Shwe Ei
    84. Wow
    85. Yin Nyein Nway
    86. Johnnydeer
    87. ရာမည
    88. Novy
    89. မိုးမင်းသား
    90. Kotun Winlat
    91. Nicolus Argal
    92. ရွှေညာသား
    93. ရွာစားကျော် မင်းနန္ဓာ
    94. Manawphyulay မနောဖြူလေး
    95. ကြောင်ဝတုတ်
    96. မှော်ဆရာ
    97. Nature
    98. ရွှေတိုက်စိုး
    99. ရွှေအိမ်စည်
    100. ဘုန်းကျော်
    101. Asiamasters
    102. စိန်ပလိန်တိန် မုန့်ကြိုးလိမ်
    103. Niki ta
    104. စိန်ပေါက်ပေါက်
    105. Sorrow
    106. Snow Smile
    107. ဆုမြတ်မိုး
    108. နွေးတီး
    109. လင်းဝေ
    110. မောင်ပေ
    111. ကိုစစ် Ko Six
    112. စီတုန်း
    113. မ တတ်ပါ့
    114. Wai Aung
    115. Who Who
    116. စာကြမ်းပိုး
    117. စာချစ်သူ
    118. သျှားသက်မာန်
    119. မောင်မိုဘိုင်း
    120. နီဂီမိ
    121. No Non Negative
    122. ပန်းစံပယ်
    123. A Mar Nyo
    124. Paing Lay
    125. We R One
    126. ဇေယျာစံ
    127. Awra Cho
    128. Myanmar Web Designer
    129. May July
    130. လရိပ်
    131. Zaw Min
    132. Zaw Aung
    133. ခေတ်သစ်ပေါက်ကျိုင်း
    134. May Flower
    135. U Pyaung Gye
    136. Aye Lwin Oo
    137. ဘဲဥ
    138. ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)
    139. Mr. WorldWide
    140. ဦးဂျစ်
    141. မီမီ
    142. လင်း
    143. တညင်သား
    144. U Kyein
    145. TheWinner GetPrize
    146. သုရှင်
    147. Myat Pearl Phyu
    148. အရိပ်စစ်
    149. ခရီးသည်ကြီး
    150. Chityimhtoo
    151. ထော်လေး
    152. Pazflor
    153. Pan Pan
    154. နောင်ရိုး
    155. ဂန္ဓာရီ ဆြာအုပ်
    156. ကျော်ဘသစ်
    157. စေပိုင်ထွဋ်
    158. Kyi Lwin
    159. Ko Out of
    160. Maung
    161. Conny Kim
    162. Ye Yint Hlaing
    163. Kyaw Nyo Thway
    164. Myanmar Oscar
    165. သူကလေး
    166. လူကလေး
    167. မနှင်းဖြူမှန်မှန်ပြော
    168. ဇီဇီခင်ဇော်

  • ဇီဇီခင်ဇော်

    July 4, 2015 at 7:23 pm

    ခါတလေမြန်း ပို့(စ) လင့် တွေ ရှာရင်း အဟောင်းတွေ သွားဖတ်မိပြီး မြောနေတာရှိသေးတယ်။
    တကယ်ဗျ။
    စာကနေ လူကို သိတာအမှန်ပဲ။
    အဲ။
    တစ်ချို့ ကိုယ်ပွါးတွေကိုလည်း လေထဲကပဲ မြင်ခဲ့ရသပေါ့ဗျာ။
    ဪ။
    မြန်မာပြည် အသေးစားလေးးးး မြန်မာဂဇွတ် အဟွတ်ဟွတ်။
    :k:

  • Alinsett @ Maung Thura

    July 4, 2015 at 8:33 pm

    ဦးနေးချားကို စာထက် လူကို ပို ခင်မိတယ်

    အမြဲ ပြုံးပြုံးကြီးနေတတ်တဲ့ ဦးနေးချားရဲ့ ဥပဓိက မြင်လိုက်တာနဲ့ကို
    ခင်မင်နှစ်လိုဖွယ်အပြည့်ဖြစ်နေတာ
    အဲ့လို အပြုံးမျိုးကြီး ပြုံးတတ်ချင်တာာာ

    :kwi:

  • တိုက်ဆိုက်ချက်လို ့ဘဲ ဆိုရပါမယ်

    ကျနော် ဓါတ်ပုံတွေက မင်မိုရီ ဒစ်စ်တွေထဲမှာမဆန့်လို့ နေရာတွေပြောင်းနေ တာပါ

    အဲဒီမှာ 2011 က သွားလည်ကြတုံးက ပုံတွေ မှတ်မှတ်ရရ 2-7-2011 ပေါ့
    ပန်းတနော် သွားတုံးက ပုံတွေရယ် ပြန်တွေ့ပါတယ်

    အမှတ်မမှားရင် အဲတုံးက သူကြီး ဖောက်လိုက်တဲ့ မဲ က ကိုနေချား ပေါက် တယ် ထင် ပါတယ်

    မမ ပြောသလို မဲ ကံကောင်းသူကြီးပေါ့

  • ဦးကြောင်ကြီး

    July 5, 2015 at 2:09 pm

    သိသလှောက်တော ့ ခိုနီဂ ျီးပါပဲ…

Leave a Reply