ကျနော် ပြောတဲ့ ပုံပြင် – ၁

ムラカミJuly 6, 20157min20013

ဘာရယ် မဟုတ် ပုံတွေ တင်ရင်း ပုံတွေ ပြင်တဲ့ အကြောင်းလေး ပြောပြချင်လို့ပါ။

Photo Post Production (Photo Editing) ဆိုပါတော့ဗျာ။

အကောင်းဆုံးသော နည်းလမ်း၊ အလွယ်ဆုံးသော နည်းလမ်း ဒါမှမဟုတ်လည်း အမြန်ဆုံးသော နည်းလမ်းတို့

ကျနော်မသိဘူး။ ကျနော် သိတာ ကျနော် သုံးလေ့ရှိတဲ့ (အများဆုံး သုံးဖြစ်နေတဲ့) နည်းလမ်း ကိုပဲ ပြောပြချင်တာပါ။

ထုံးစံအတိုင်းပေါ့ဗျာ။ Floral Macro Photo တပုံနဲ့ စပြောတာပေါ့။

အစအဆုံး ဆို ၂ပိုင်း ပြောရမယ်ဗျ။

Photoshop ထဲ မဝင်ခင် အပိုင်း နဲ့ Photoshop ထဲမှာ ပြင်ဆင်တဲ့အပိုင်း ဆိုပြီးတော့ပါ။

သည် ၂ပိုင်း မစခင်မှာ ထိပ်ဆုံး Step-0 အနေနဲ့ ပုံကို RAW file format နဲ့ တော့ ရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။


 

 

  • B4 Photoshop

 

1. Original RAW

Origin
Origin

ဒါ ထိပ်ဆုံး ကင်မရာ ထဲက ထွက်တဲ့ RAW file ပါ။
Aperture – f/2.8
Shutter – 1/60s
ISO – 800
Metering – Spot
Focal Length – 90mm ( equv: 144mm)
Exposure -0.3 step W/O flash နဲ့ ရိုက်ထားတာပါ။
Exposure -0.3 step က Harsh Light ကို မလိုချင်လို့ နည်းနည်း under exposed လုပ်ပြီး ရိုက်ထားတာဖြစ်ပါတယ်။


 

 

2. Edited RAW (Basic)

ကျနော်က Canon User ဆိုတော့ Official Canon Digital Photo Professional ကိုသုံးပါတယ်။ ဒါပေမယ့် သည်စာစုမှာတော့ Photoshop ကနေ RAW file ကို handling လုပ်ပေးတဲ့ Camera RAW 8.0 နဲ့ပဲ ရေးပြထားပါတယ်။

 

  • White Balance
    ပထမဆုံးအနေဲ့ WB ကို As Shot ကနေပြီး Auto ကို ပြောင်းပါတယ်။
    (Color Temp: နဲ့ Tint လိုက်ပြောင်းသွားတာ မြင်ရပါလိမ့်မယ်) ပြောင်းရခြင်း ရဲ့ အကြောင်းအရင်းကတော့ As Shot mode မှာ မျက်စိနဲ့မြင်ရတဲ့ ပန်းရဲ့ ပင်ကိုယ်ရောင်မဟုတ်ဘဲ
    Cold tones တွေ အရမ်းများနေပြီး (ပြာတဲ့ဘက် သွားနေတာမို့) နွေးထွေးတဲ့ အဝါသွေးရဖို့အတွက် ပြောင်းတာဖြစ်ပါတယ်။
    လိုချင်တဲ့ အရောင်ရတာမို့Auto နဲ့ ထားတာဖြစ်ပါတယ်။ တကယ်လို့ Auto modeမှာ လိုချင်တဲ့အရောင် (သဘာဝအရောင်)
    မရခဲ့ရင်တော့ Custom mode အနေနဲ့ Color Temp: & Tint bars တွေကို ကစားမှာဖြစ်ပါတယ်။

 

  • Exposure
    အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပုံက နည်းနည်း မှောင်နေပါတယ်။ သည်တော့ exposure ကို တင်ပါမယ်
    +1.5 တင်အပြီးမှာ သင့်တင့်တဲ့ အလင်းရောင် ရပြီ ယူဆတာမို့ သည် setting အတိုင်းထားပြီး ရှေ့ဆက်ပါတယ်

 

  • Contrast
    exposure နဲ့ လိုက်လျောညီထွေစွာ contrast ကို အနည်းငယ် လိုက်တင်ပါတယ်။
    exposure တင်ပြီး contrast မတင်တဲ့အခါ ပုံက ဖွယ်တယ်တယ် ဖြစ်နေတတ်တာကြောင့်ပါ။
    contrast အတင်လွန်တဲ့အခါမှာတော့ ပုံဟာ လင်းတဲ့နေရာအလွန်လင်း မှောင်တဲ့နေရာ အလွန်မှောင်ပြီး မျက်စိကျိန်းစပ်တာမို့
    လက်မလွန်ဖို့ လိုအပ်ပါတယ်။
Basic
Basic
  • Highlights
    ဒါဟာ အလင်းရောင် ကျရောက်တဲ့နေရာတွေချည်း (လုံးဝ ဖွေးစွတ်နေတာမဟုတ်) သက်သက်ကို သက်ရောက်တဲ့ setting ပါ။
    ပန်းပွင့်တွေရဲ့ ဖြူနေတဲ့ (လင်းနေတဲ့) နေရာတွေချည်းသက်ရောက်မယ် ဆိုလိုပါတယ်။
    highlights ကိုအတိုင်းအတာ တခုအထိ ချလိုက်ပါတယ်။ (1 step ချရိုက်ခဲ့တာလည်း အဲ့ဒါကြောင့် တခုပါဝင်ပါတယ်)
    ချလိုက်တဲ့ အကြောင်းပြချက်ကတော့ ပန်းပွင့်တွေပေါ်မှာ သွေးကြောလေးတွေလို ပြေးနေတဲ့ လိုင်းကလေးတွေ ရှိနေပါတယ်
    highlights များလွန်းတဲ့အခါ ဖြူဖွေးသွားပြီး အဆိုပါ လိုင်းတွေ ပျောက်သွားလို့ပါပဲ။

 

  • Shadows
    Shadows ကတော့ Highlights ရဲ့ ပြောင်းပြန်ပါ။ အရိပ်ကျနေတဲ့ နေရာတွေကို သက်ရောက်ပါတယ်။
    တချို့ အရိပ်တွေက သိပ်ပြင်းလွန်းတဲ့အခါ မမြင်ရလောက်အောင်ကို အမည်းရောင်သဏ္ဍာန် မှောင်မည်းနေတတ်ပါတယ်။
    shadows ကို အနည်းငယ် တင်ပါတယ်။ သူလည်း များသွားရင် သဘာဝကျကျ အရိပ်ကျနေတဲ့သဏ္ဍာန် ပျောက်ပြီး
    ပုံက flat ဖြစ်သွားပါလိမ့်မယ်။ မြင်စေချင်တဲ့ အရိပ်ကျ နေရာတွေကို မြင်ရတယ်ဆိုရုံ (အရိပ်ကျနေမှန်းလည်း ပေါ်လွင်သလောက်)
    သာချိန်ညှိဖို့ လိုအပ်ပါတယ်။

 

  • Whites
    စူးရှတဲ့ အလင်းရောင် ကျရောက်နေပြီး လုံးဝဥဿုံ ဖြူဖွေးနေတဲ့ နေရာတွေကို effect ဖြစ်ပါတယ်။
    မူရင်းပုံမှာ under ဖြစ်နေတယ်ယူဆလို့ နည်းနည်းတော့ တင်ထားပါတယ်။
    ကြုံလို့ ပြောရရင် တခါက ရွာသူား တချို့ ကိုပြောဖူးတာရှိပါတယ်။ MS Pic Manager မသုံးဖို့ပါ။
    သူက Whites နဲ့ Blacks တွေကို ဆွဲချဲ့ပစ်တတ်တာမို့ ပုံက ကြည့်ရတာ မျက်စိစပ်ပါတယ်။

 

  • Blacks
    Whites နဲ့ ပြောင်းပြန်ပါ။ သူ့ Values တွေကိုတော့ လျှော့ချပစ်ပါတယ်။ အကြောင်းကတော့
    အမည်း နောက်ခံကို ပိုပြီး ပေါ်လွင်ဖို့အတွက်ပါ။ အမည်းရောင် reflector ဖြစ်ဖြစ် မှန်ချပ် အမည်းဖြစ်ဖြစ်
    အရေးအကြောင်းတွေ အစင်းတွေ ပါဝင်နေနိုင်တာမို့ ဒါတွေဖျောက်ဖို့ အမည်းပြောင် ရဖို့ သုံးတာဖြစ်ပါတယ်။

 

  • Clearity, Vibrance, Satuation
    သည်အပိုင်းကိုတော့ သည်ပုံမှာ လုံးဝ မထိမတွေ့ထားပါဘူး။ တခါတရံမှာ အပေါ်က setting တွေကို ကိုင်ရင်း
    လိုအပ်လို့ ကိုင်ရတဲ့ ပုံတွေ တော့ ရှိပါတယ်။

အပေါ်မှာ ရေးထားတဲ့ + or – values တွေဟာ သည်ပုံအတွက်သင့်တင့်လျောက်ပတ်တဲ့ အတိုးအဆုတ်တွေသာ ဖြစ်ပြီး တခြားပုံတွေအတွက်တော့ ကိုက်ညီမှု ရှိမယ် မဟုတ်ပါဘူး။

တခြားသော Tab တွေ ဖြစ်တဲ့

  • Details
  • HSL, Greyscale
  • Split Toning
    သည်ပုံမှာ ဒါတွေ လုပ်ဖို့ မလိုဘူး ယူဆလို့ ဘာမှ မပြင်ခဲ့လို့ ကျော်ပါတယ်

 

 

3. Tone Curve

သီအိုရီ အရပြောရရင်တော့ “S-shaped Curve” လုပ်ပါလို့ အဆိုရှိပါတယ်။

Highlights,Lights(Whites), Darks, Shadows သည် ၄မျိုးကို

အရှေ့ ၂ခုဟာ S ရဲ့ ခေါင်းပိုင်း ဖြစ်ပြီး နောက်၂ခုက S ရဲ့ အမြီးပိုင်း ပုံ ဆိုပါတော့။

သည်ချိန်ညှိမှုဟာ ရှေ့က tab (Basic) မှာ အတော်အတန် ချိန်ညှိပြီး သွားတာမို့ ခပ်ပြေပြေ Curve ပဲ ထည့်လိုက်ပါတယ်။

 

Tone Curve
Tone Curve

 


 

 

4.Lens Correction
သည်အပိုင်းမှာတော့ သုံးထားတဲ့ Lens နဲ့ ပါတ်သတ်ပြီး ပြင်ဆင်မှု တချို့ ပြုလုပ်ပါတယ်။

Profile, Color, Manual ဆိုပြီး Tab ၃ခုရှိတဲ့အနက် Profile ကို ရွေးချယ်လိုက်ပါတယ်။

ဒီ အကြောင်းနဲ့ ပါတ်သတ်ပြီး နည်းနည်း ရှင်းရရင် Lens နဲ့ ပတ်သတ်ပြီး ပြောရမယ့်အပိုင်းဖြစ်ပါတယ်။

Lens တိုင်းဟာ အထဲမှာ မှန်ချပ်တွေ စုပေါင်းဖွဲ့စည်းပြီး ပြုလုပ်ထားတာဖြစ်လို့ … ဖွဲ့စည်းပုံကိုမူတည်ပြီးတော့

အလင်းသိမှု အရောင်သိမှု နဲ့ ထောင့်ချိုး အမည်းအမှောင် စတာတွေမှာ သဘာဝအတိုင်း မသိမမြင်ဘဲ

ကွဲပြားစွာ ပုံဖော်မှုတွေရှိနေပါတယ်။ ပုံတိုင်းတော့မဟုတ်ပေမယ့် တချို့မှာ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

 

4Lens
Lens Profile

 

Profile mode က အတော်များများသော lens တခုချင်းစီအလိုက် ပြင်ဆင် values တွေကို ထည့်ပေးထားပါတယ်။

(အသစ်ထွက် lens ပဲဖြစ်ဖြစ် ဒါမှမဟုတ် manual-macro lens တွေပဲဖြစ်ဖြစ် profile မှာမပါဝင်ရင်တော့ manual ပြင်ရမှာဖြစ်ပါတယ်။

သည်နေရာမှာ တခုရှိတာက ပြင်ဆင်လိုက်ကာမှ ရှေ့ က ပြင်ဆင်ထားတဲ့ အလင်းအမှောင်တွေဟာ မကိုက်တော့ဘဲ

နည်းသွားတာ ဒါမှမဟုတ် များသွားတာ ဖြစ်တတ်လို့ပါပဲ။ တခါတလေတော့ သည် Lens Correction ကို အရင်ပြင်ပြီးမှ

Basic အလင်းအမှောင်တွေကို ပြင်တတ်ပါသေးတယ်…။

(သည်ပုံအတွက်တော့ ပြင်ရင် ဘယ်လိုနေမလဲ ဆိုတာကို ဝင်ကြည့်ပြီး မပြင်တာ ပိုကောင်းမယ် ယူဆလို့ checkbox ကို ပြန်ဖြုတ်ပြီး ထွက်ခဲ့ပါတယ်)

  • Effects
  • Calibration
  • Presets
  • Snaps

အစရှိတဲ့ Tabs တွေကိုလည်း ဘာမှမပြင်ဆင်တော့ဘဲ ပုံကို Photoshop ထဲ ထည့်ပါတယ်။


 

 

  • In Photoshop

5. Levels
Histogram အကြောင်း ကျနော် ရေးဖူးပါတယ်။ အဲ့ဒါနဲ့ တွဲဖတ်ကြည့်ရင် ပိုနားလည်ပါမယ်။

သည်ပုံက low key macro ဖြစ်ပါတယ်။ ဒါကြောင့် histogram ရဲ့ ပုံသဏ္ဍာန်က ပုံမှန် ဓာတ်ပုံတပုံနဲ့ကွာခြားပါတယ်။

လင်းလွန်း ဒါမှမဟုတ် မှောင်လွန်းတဲ့ ထောင့်တွေကို အနည်းငယ်ပြင်ဆင်ပါတယ်။

Black BG မို့ background ကို ဂရုစိုက်ဖို့ မလိုတဲ့အပြင် noise လည်း သတ်ဖို့ မရှိပါဘူး။

ဒါကြောင့် တခြား ပြင်ဆင်မှုတွေ ဆက်မလုပ်တော့ဘဲ cropping ပိုင်းကို ဆက်သွားဖြစ်ပါတယ်။

 

5Levels
Levels

 

 

6. Cropping
Crop လုပ်တဲ့အချိန်မှာ ဘယ်လောက် crop လုပ်မလဲ ဆိုတာရဲ့ အရင် ဘယ်လောက် angle ချိုးမလဲ အရင်စဉ်းစားပါတယ်။

သည်ပုံအနေအထားက tight-cut ပါ။ အကျပ်ရိုက်ထားတာမို့ angle ချိုးလည်း နည်းနည်း ။ ဒါမှမဟုတ် crop ဖြတ်လည်း နည်းနည်းပဲ

ထိတွေ့လို့ရမှာပါ။ ဆိုတော့ angle ချိုးဖို့ ထပ်ဆုံး စ စဉ်းစားတာက Open space ကိုပါ။

 

6Cropj
Blank Space

 

Zen ဝါဒ လို့ပဲ ခေါ်ချင်ခေါ် space or emptyness ကို အရင်ကြည့်ဖို့ .. ပန်းပွင့် ပုံကို ဖြတ်ထုတ်လိုက်ပြီး BG only ရဲ့ space သမ မျှတမှုကို ကြည့်ပါတယ်။

သည်အတိုင်း အဆင်ပြေနေသမို့ angle ချိုးဖို့ နေရာ ရွှေ့ဖို့ကို စွန့်လွှတ်လိုက်ပြီး Crop အတွက်ပဲ စဉ်းစားပါတယ်။

သည်နေရာမှာ Photoshop – rulers တွေကနေ ဆွဲထုတ်တဲ့

guide lines တွေရဲ့ အသုံးဝင်မှုက အရေးပါပါတယ်။ Guides တွေက ပြတဲ့ balancing အရလည်း Ok ပါ..။

ပြောဖို့လိုတာတခုက ဘယ်ညာ space-balance ကတော့ ဟုတ်ပါပြီ အထက်အောက် ကိစ္စပါ။ ပန်းပွင့်တွေရဲ့ အမြင့်ဆုံးနေရာကနေ

အနိမ့်ဆုံးနေရာအထိမတိုင်းဘဲ အမြင့်ဆုံး Vs ရိုးတံ ဆိုပြီး တိုင်းထားတာနဲ့ ပါတ်သတ်လို့ပါ။

ဒါ Leadroom cropping method ကို လိုက်နာထားတာဖြစ်ပါတယ်။

 

7Guidej
Guide Lines

သည်အကြောင်းလည်း တော်တော် ကြာကြာတုန်းက ရေးခဲ့ဖူးပါတယ်။

ဆိုလိုချင်တာက subjects တွေရဲ့ လားရာ ကို ရိုက်တဲ့ နည်းစနစ်အရ ဖြစ်ပါတယ်။ အကောင်းဆုံးဥပမာက ဘူတာရုံ စင်္ကြန် ကနေလာနေတဲ့ရထားကို

ရိုက်တဲ့ပုံပါပဲ။ ရထားဟာ ရှေ့ကို တိုး လာနေမှန်းသိသာအောင် ရထားစက်ခေါင်းရှေ့ ကို open space ချန်ပြီး ရိုက်ရပါတယ်။ သည်သဘောပါ။

ပန်းခက်ဟာ တဖက်ကို ငိုက်ဆင်းနေပါတယ်။ (လေပြင်းတိုက်လို့ ကျိုးကျသွားတာမဟုတ်ရင်) သူ့ ပုံမှန်လားရာအရပ်ဟာ အထက်ကို ပြန်လည်

ဆန်တက်မှာ ဖြစ်ပါတယ်။ သည်တော့ အပေါ်ဘက်ကို space ပိုယူတဲ့ composition က အသင့်လျော်ဆုံးဖြစ်ပါတယ်။

အထက်နဲ့ အောက် ကို open-space ညီတူမျှတူယူရင်တော့ ပုံက အလယ်မှာ စုနေပြီး balance အောက်သွားမှာမို့ပါပဲ။

 

Crop နဲ့ပတ်သတ်လို့ အချုပ်ပြောချင်တာက သည်ပုံမှာ Cropping ပိုင်း ပြင်ဆင်ဖို့မလိုခဲ့ဘူးဆိုတာ သိပ်တော်လွန်းနေလို့မဟုတ်ပါဘူး။

စိတ်တိုင်းကျ တည်ပြီးမှ စိမ်ပြေနပြေ ရိုက်ရတဲ့ ပုံမျိုးဆိုရင်တော့ သည်လိုရိုက်လေ့ ရှိပါတယ်။

(အိမ်မှာရှိတဲ့ ပန်းပင်ပဲဗျာ ..) စရိုက်စဉ်ကတည်းက Crop မလိုအောင် စိတ်ကြိုက်ချိန်ပြီးမှ ခလုပ်ဖြုတ်ချခဲ့လို့ပါပဲ။

ဒါပေမယ့် event လိုမျိုး snap လိုမျိုး (ပြန်မရမယ့် အခိုက်အတန့်မျိုး) မှာ ဆိုရင်တော့ဖြင့် focus ပြတ်ဖို့သာအဓိက ခြေပြတ် ခေါင်းပြတ် မဖြစ်ရလေအောင်

ဘောင်ကျယ်ကျယ် ရိုက် ပြီးမှ crop လုပ်ယူတဲ့ method ကို သုံးပါတယ်။


 

 

7. Finale

ပထမဦးဆုံးPhotoshop editing အနေနဲ့ သိပ်ပြီး အသေးစိတ် လုပ်ရတာမျိုး ပညာရတာမျိုး … ဒါမှမဟုတ် ကြက်ကန်းဆန်အိုးတိုးပြီး ကောင်းသွားတာမျိုး

မှတ်မှတ်ရရ ရှိတဲ့ပုံ ဆိုရင်တော့ ကျနော် Photoshop Version .psd အနေနဲ့ သိမ်းပါတယ်။ (သည်ပုံကိုတော့ မသိမ်းပါ)

 

 

ဒုတိယတခုအနေနဲ့ ကျနော် Signature ထိုးပါတယ်။ Sign ကို နေရာတနေရာတည်း တသမတ်ထိုးလေ့မရှိပါဘူး။

Sign ထိုးဖို့အတွက် ပုံရဲ့ Balance ကို တွက်ဆပါတယ်။ ပုံလေးကောင်းချင်လျက်နဲ့ Sign ကြောင့် အနှောက်အယှက် မဖြစ်စေလိုတာကြောင့်လွတ်လွတ်ကင်းကင်း

နေရာမှာ သင့်တင့်တဲ့ အရွယ်အစား နဲ့ထိုးလေ့ရှိပါတယ်။ ပြောင်းပြန်အားဖြင့်လည်း ပုံရဲ့ balance ကို အားဖြည့်နိုင်မယ့် နေရာမျိုးရွေးလေ့ရှိပါတယ်။

(သည်နည်းစနစ်က မှန်ကန်တယ် မဆိုလိုပါဘူး..။ ကျနော်သုံးတဲ့စနစ်ကို ပြောပြယုံပါ တချို့ဆြာတွေ တနေရာတည်း တသတ်မတ် ထိုးလေ့ရှိပါတယ်

သူတို့ ဆီမှာလည်း သူတို့ အကြောင်းပြချက်တွေနဲ့ မှန်ကန်မှာမလွဲပါဘူး။)

Finale
Finale

 

တတိယတခုကတော့ ပုံတွေ တင်ဖို့အတွက် Resize လုပ်တာပါ။ Photoshop ထဲ တိုက်ရိုက် မောင်းထည့်လိုက်တဲ့ RAW file သက်သက်ကို 25MB

ရှိပါတယ်။ ပုံပြင်ရင်ပြင်သလောက် layers တွေ ထည့်ရင်ထည့်သလောက် ပုံsize ကကြီးထွားလာဖို့ပဲ ရှိပါတယ်။

(16bit pic file ဖြစ်တဲ့ .tiff နဲ့ ပြင်ရင် ပိုတောင် ထွားပါသေးတယ်)။ ဆိုတော့ အဲ့ဒါကို သည်အတိုင်း jpg ပြောင်းပြီး save မယ်ဆို file size က

5-10 MB ကြားရှိပါလိမ့်မယ်။ wallsheet ထုတ်ရင်တော့ တမျိုးပေါ့ဗျာ။ social media ပေါ်တင်ယုံအတွက်လောက် ဆိုရင်တော့ ပုံကို ချုံ့ပစ်ဖို့ လိုအပ်ပါတယ်

Menu bar>>Image>> Image Size>> ကိုဝင်ပြီး Resolution ကို 240 pixels/inch (Default) ကို 70 pixels/inch ပြောင်းတဲ့နည်းနဲ့ ချုံ့လေ့ရှိပါတယ်။

 

8Resizej

 

(စရိုက်ကာစက ကျနော်လည်း MS Pic Mgr သုံးပြီး resize လုပ်လေ့ရှိတာမှာ color value တွေ ပြောင်းကုန်တာမို့ နောက်ပိုင်းမသုံးတော့ပါ။)

သည်အဆင့်ပြီးရင်တော့ တခါတရံမှာ လိုအပ်မယ်ထင်ရင်တော့

Meun bar>>Filter>>Sharpen>>Sharpen Edges

ကိုသုံးပါတယ်။ subject ရဲ့ အနားသတ် ထောင့်စွန်း edges တွေကို ပိုမိုပြတ်သားစေမယ့် effect ပါ။

 

9.Edgesj

 

(သည်ပုံမှာတော့ မသုံးထားပါ)


 

 

8. Additional

သည်စာစုက Photo Editing သက်သက်ဖြစ်ပြီး Photoshop guide မဟုတ်တာမို့ photoshop tools တွေနဲ့ ပါတ်သတ်ပြီး အတော်များများ

မထိတွေ့ခဲ့ မပြောဖြစ်ခဲ့ပါဘူး။ ပြောဖြစ်ရင်တောင်မှ Designer point of view ကမဟုတ်ဘဲ Photo manipulation P.o.V ဘက်ကနေ ပြောဖြစ်မှာပါ။

ဒါတွေ ပြောဖို့အတွက် ပြင်ဖို့ ဆင်ဖို့ တော်တော် လိုနေနတဲ့ ပုံတပုံ နဲ့ တခေါက် ပြန်လာပါအုံးမယ်။ ခုတော့ လက်တလော ရိုက်ဖြစ်တဲ့ထဲက

စိတ်ကူးတည့်ရာ ပြင်နေတုန်း ရေးချင်စိတ်ပေါက်လာလို့ တွေ့တဲ့တပုံ ကောက်ယူပြီး ရေးလိုက်တာပါ။

 

BF

 

 

ဤတွင် Irrelevant Guide to Photo Retouching -1 ပြီး၏။


P.S ကျန်တဲ့ သစ်ခွပုံတွေ ဖြတ်ပြီးရင် ပုံချည်းသပ်သပ် တင်ပါဦးမည်။

 

 

13 comments

  • မြစပဲရိုး

    July 6, 2015 at 1:33 pm

    Photoshop က Adobe လား၊
    အာ့ဆို အလကား မဟုတ်တော့ တကဲ့ လုပ်ငန်းသမား တွေဘဲ သုံးနိုင်မှာပေါ့။
    သာမာန်လူ သုံးဖို့ အလကား (တရားဝင်) တွေ မရှိဖူးလား။ :-))

    Thanks for your lessons.

  • @QUIL@

    July 7, 2015 at 6:17 am

    Photoshop မှာ Version အမျိုးမျိုး ရှိသဗျ
    ဈေးသက်သာတဲ့ PS_Elements version လည်းရှိတယ်
    Cloud service နဲ့ တွဲတဲ့ Creative Cloud လည်းရှိတယ်..
    (ဆားက အာ့ သုံးတာပါ)
    ဘူးသီးကြော် ကနေ ယင်းဂလိ မနည်းပြောင်းထားရတာ…
    😛

    စကားစပ်လို့ အဲ့သည်ဘက်သွားရရင်
    နောက်ပိုင်း ပီစီ ရောင်းတဲ့ မိတ်ကာတွေက အပျော့ထည် ဆြာတွေနဲ့ လက်ဝါးရိုက်ပြီး
    အစွံထုတ်တဲ့နည်း သုံးသဗျ…။
    လက်ပကျွတ်မှာ အော့ဖစ်စ် လိုင်း ဂရပ်ဖစ်လိုင်း အိမ်သုံးလိုင်း ဂိမ်းမင်းလိုင်း စသည်
    ပရောဒတ်လိုင်းတွေ ခွဲပြီး ဆိုင်ရာ လိုင်းက အပျော့ထည်တွေကို ပီစီစဝယ်ကတည်းက
    ဘန်ဒယ်လ်အပ် လုပ်ပြီး ရောင်းသဗျ…။
    ဈေးတော့ နည်းနည်း ပိုသပေါ့လေ…
    သို့သော် အမာထည် သပ်သပ် အပျော့ထည် သပ်သပ် ဝယ်တာထက်တော့အများကြီးတန်သေးတယ်
    (ဗဲလျူး အက်ဒက် တွေလည်း ပါသမို့)

    ရွှေပြည်ကြီးမှာတော့ သိတဲ့အတိုင်းပေါ့ဗျာ…

    😀

    P.S ဖိုတိုရှော့ အကြောင်းသိပ်မပြောချင်ဝူးဗျ….
    ဖိုတိုုရှော့လာတာ ဆယ်စုနှစ် ၂ခုပြည့်ခါနီးပြီး လက်မတက်လာတဲ့ မန်ဒါလီဖင်ကောက်လေး ရောက်လာမှာစိုးလို့
    LoL

    • kai

      July 7, 2015 at 1:13 pm

      ဘယ်က ဆယ်စုနှစ်၂ခုပြည့်ခါကမှာလည်း…
      ၂ခုကျော်နေပြီဗျ…။

      ဆိုတော့….
      Window$ Surface က pen လေးက.. pressure ပါသိပြီးအလုပ်လုပ်သမို့.. အဲဒါလေးနဲ့.. ပုဂံနံရံပန်းချီတွေကို.. line art tracing လိုက်ပြီး.. သိမ်းမလို့ဟာ..
      အချိန်ကမရ.. လွယ်လွယ်လုပ်လို့ကမတတ်ဖြစ်နေတယ်…။
      ပိုကောင်းတဲ့အကြံဉာဏ်လေးများ.. ထုတ်ပေးပါဦး..။

      • @QUIL@

        July 7, 2015 at 1:28 pm

        မသိချင်ထောင်ထောင်ပြီး မေးနေပြန်ဘီ…

        စကင် ဖတ်ရင်ဖတ် ဓါတ်ပုံရိုက်ချင်ရိုက် ပီးရင် ဖိုတိုရှော့ထဲ ထည့်
        line နဲ့ အတွင်းသား ကွာအောင် contrast ကို ချိန်… (channel တခုချင်းစီ off ကြည့်ပေါ့)
        desaturate လုပ် filter gallery ထဲက line art ပြောင်းတဲ့ filter တခုခု သုံးဗျာ.. (Sketch တခုခုကို detail & smooth တင်သုံးပေါ့)
        ပြီးရင် line တွေချန်ပြီး အဖြူသားတွေ ဖြတ်ထုတ်
        png နဲ့ သိမ်း …..
        ပီးရင်တော့ …… အူးလေး သိဘာဒယ် အူးလေးရာ…

        ခူးပြီး ခတ်ပြီးသား စားချင်ရင်တော့ …
        နည်းနည်း ဒုက္ခ ခံနိုင်ရင်တော့
        အင့်

        https://www.youtube.com/watch?v=Ixnlsdv3z3Q

        • kai

          July 7, 2015 at 1:43 pm

          အခုစမ်းလုပ်နေတာက.. ဖိုတိုရှော့နဲ့.. လိုင်းပဲကျန်အောင်လုပ်..။
          Illustrator ထဲပို့…။
          အဲဒီမှာ.. trace လိုက်တာ…

          မူလရည်ရွယ်ချက်ကိုက.. ဓာတ်ပုံ Raster တွေကို.. Vector ပြောင်းဖို့ပါ..။
          ဖိုတိုရှော့တခုထဲနဲ့တော့မရ…။

          raster ပုံကို.. Illustrator ထဲ.. live trace နဲ့.. Vector ပြောင်းတော့လည်း.. မလှ…။

        • @QUIL@

          July 7, 2015 at 2:23 pm

          ချမ်းသာမှန်း သိပါတယ် သဂျီး
          Creative Suite တခုလုံး ဝယ်သုံးတယ်ဆိုတာ မကြွားဘာနဲ့…
          :'(

          အာ့ လိုင်စင်ဖိုးတတ်နိုင်မှတော့ မထူးတော့ပါဘူးဗျာ
          wacon stylus ဝယ်ပြီးတော့သာ ထပ်ပြီး လိုက်ဆွဲလိုက်ပါတော့ဗျာ ..မကြာပါဘူး….(ရှိပြီးသား လားတောင်မသိ)
          သေချာတာက surface pen ထက်တော့ အပုံကြီးသာပါဒယ်…

          စကားမစပ် အဲ့လာ ..မသုံးရင်လည်း ဒီဘက် ဝဲလိုက်ဗျာ…
          အဲ့ဒါ ရှိရင် nude art ကို တမ်န်တေးရှင်း ဖိုတိုဂလပ်ဖီ ရိုက်လို့ရသဗျ
          မာလ်တီပါယ်လ် အိပ်စပိုရှာကို တက်စချာတွေနဲ့ စမ်းလို့ရသေး…

          ငိငိ

        • kai

          July 7, 2015 at 3:12 pm

          အခုသတင်းစာမှာ လစဉ်ထည့်နေတဲ့ အလှပန်းနေရာမှာ.. (ဓာတ်ပုံပညာလေးတွေပြပြီး.. )ကိုရင့်မိုဒယ်ဓတ်ပုံကို တလလောက်ထည့်သုံးချင်တယ်..။

          ရေထဲရိုက်တာတို့.. နျူအပ်တို့ပေါ့…။ အားရင်ပေါ့…။

          wacom stylus မဝယ်နိုင်ပါဘူး..။
          ဈေးကြီးကကြီးနဲ့..။

        • @QUIL@

          July 7, 2015 at 5:53 pm

          မဟုတ်တာက စပြောပြီ
          သတင်းစာထဲ နျုဒ် အတ် ထည့်မယ် ဆိုပဲ…
          မဟုတ်တာပြောရင် သမုဒ္ဒရာမျောတော့မယ် သဂျီး…
          ဟုတ်တာ ပြောဇမ်းဘာဗျာ…
          ဟုတ်တာပြောမှ ဥစ္စာပေါပြီး ကျုပ်လို ရုပ်ပါချောမှာ
          (ခညားက ကျည်လွတ်နယ်မြေမှာဗျ… ကျုပ်သာ … ကျုပ်သာ … :'(
          ကျနော် အီးဥ ကို သိပ်ကြောက်ဒယ်သဂျီး )
          😀
          ဒချိ ဒချိ…

          နောက်တာပါဗျာ..

          သာမန်ညောင်ည ကော့ကန်ကား မော်ဒယ်တော့ မရိုက်ချင်တော့ဗျာ….
          အသိပညာ အတတ်ပညာ ဒါမှမဟုတ် လက်မှုပညာရပ် တခုခု တတ်ကျွမ်းတဲ့ လှတပတကလေးမ တယောက်ကို
          သူ နှစ်သက်မြတ်နိုးရာ တစုံတရာကို ဈာန်ဝင်စား လုပ်ဆောင်နေတုန်း
          (real life, real situation) မှာမှ ဓာတ်ပညာကို ဖြည့်စွက်သဘောလောက်သာ ထည့်ပြီး ရိုက်ချင်မိတယ်
          (မြန်မာ့ လက်မှုပညာ အနုပညာ တခုခု ဆို ပိုကောင်း)
          အက်ဆေး တိုက်ပ် ပါ ရေးရင်းနဲ့ ဆိုပါတော့
          တခါက ပြောခဲ့ဖူးတဲ့ 100 Young Americans စာအုပ်ထဲက ပုံစံမျိုးလေးပေါ့..
          တကယ် ဘိရုမာ နို တာတဲဂိုတို တီးတတ်တဲ့ ချာတိတ်မ တယောက် ကိုတော့ ရိုက်ဖို့ စိတ်ကူးရှိဖူးသားဗျာ..။

          မော်ဒယ် ရှာပေးရင် ရိုက်ပေးပါ့မယ်ဗျာ…. ကျုပ်မှာတော့ အသိမရှိ။

  • Courage

    July 7, 2015 at 10:38 am

    ဆက်ပြီးတင်ပေးပါဦး လေးပေါက်ရေ။ ကျွန်တော်တို့လို ဓါတ်ပုံပိုင်းနဲ့ပတ်သတ်ပြီး စတင် လေ့လာနေသူတွေအတွက် သင်ပြပေးလို့ ကျေးဇူးပါ။

    • ဇီဇီခင်ဇော်

      July 7, 2015 at 12:11 pm

      မောင်ကာ။
      ရေးတဲ့သူနာမည် သေချာကြည့်ပါဟယ်။
      ခိခိ

      🙄

    • @QUIL@

      July 7, 2015 at 12:34 pm

      နောက်နေသလားကွယ်

      🙂

    • မြစပဲရိုး

      July 7, 2015 at 12:46 pm

      ဒီ [uh-kwil-uh, ak-wuh-luh] “အ-ကွေ-လာ” က ဟိုးတုန်း က အင်ဇာဂီ ဆိုတဲ့ ဓာတ်ပုံ ကဝေလေး ပါ။
      နာမည် တွေ ဟိုရွှေ့ ဒီပြောင်း နဲ့ လူ တွေ ကို မျက်စိရှုပ် အောင် လုပ်တဲ့
      ဟိုအကိုင်း ခုန် ဒီ အကိုင်းကူး တစ်ခါ တစ်ခါ ကြားမှာ လွတ်ကျ ပြီး
      ဟိုဟာ ဒီ ဟာ ကွဲ (ဒူး) လို့ ငို ရတာလဲ အမော။ lol:-))) 😉

  • ​ဒေါ် လေး

    July 7, 2015 at 7:48 pm

    ဟုတ်ပါ့ နာမည် ခဏ ခဏ ပြောင်းတော့ မျောက်စိ လယ်တယ်
    ဖားသက်ပြင်းဘဲ ကောင်ပါတယ် ဒာာ့မှ မဟုတ် မိဂီပေါ့
    ဟိုးအရင်က ပြည်သူရင်ပြင် မှာ ရိုက်တာ ရွှေတိဂုံ ပုံပါတယ်
    အဲပုံလေးကြိုက်လို့ သိမ်းထားဘူးတယ်

Leave a Reply