မွမွဘုတ် စတဲ့ ရောဂါ – ငါးဖယ်သုပ်

ဇီဇီJuly 7, 20152min47730

ခု ဖဘမှာ မွမွ တစ်ယောက် ရထားတာ။
ရွာထဲ မလာနိုင်သော်လည်း ကိုယ်တွေ ကောင်းမှု နဲ့ ရွာက အမျိုးတွေနဲ့ ဟင်းချက် အသားကျနေသူကြီးပေါ့။ ခိခိ။
မွမွဘုတ် လို့ ခေါ်တယ်။

ရွာကိုတော့ အပြင်ကနေပဲ ချောင်းတယ်။

သူ စ လိုက်တဲ့ ငါးဖယ် ရောဂါဟာ အကုန်ကူးပြီး၊
နှင်းမွမွဟာလည်း ကိုကိုကျောက် ဥ ထားတဲ့ ငါးဖယ်ခြစ်တွေ ယူ သုတ် လို့ ကိုကိုကျောက် က ငို  :mrgreenn:
ကေဇီ ဟာလည်း ဓာတ်ပုံလှလှတင်ချင်ဇော အားကြီးပြီး ငါးဖယ်တွေ ထသုတ် စသည်ဖြင့် ရောဂါတွေ တက်ကြတာပေါ့လေ။

အဲ။ မွမွသဲ တစ်ယောက်တော့ မအားမလပ်လို့ ငါးဖယ်ဖက် မလှည့်နိုင်သေးပါဘူး။

ဟိ။
ခု ကေဇီ ငါးဖယ်သုပ်လေးနဲ့ စလိုက်ရအောင်။
ပုံ ကို ကြည့် ရင် ဘာပါမလည်း သိနိုင်အောင် ရိုက်ထားတယ်။
စီးကလက် ရီစပီးမှာ ဆီ နည်းနည်း အပူပေးပြီး ငပိကို ဆီသတ်ထားတော့ ငါးပိဆီရည်ရတယ်။
အဲဒါ ထည့်သုတ်တာပဲ။
မပျင်းရင် ငရုတ်သီးစိမ်း ကို ပြုတ်ပြီး ထောင်းထည့်လို့ ရတယ်။ ခိ။

တစ်ချို့ ကတော့ ကြိုက်တတ်တာတွေ
– ပဲသီးတောင့် လှီးပြီးဖြစ်ဖြစ်
– အော်စွန်းကို ခြစ်ပြီးဖြစ်ဖြစ်
– သခွါးသီးလေးတွေ သေးသေးတုံးပြီးဖြစ်ဖြစ်
– မြင်းခွါရွက် လေး ပါးပါးရိတ်ပြီး ဖြစ်ဖြစ် (ဂလု) အဲဒီ ဖြစ်ဖြစ် တွေ တစ်ခုမဟုတ်လည်း တစ်ခုလည်း ထည့်သုပ်စားတတ်ကြပါသေးတယ်။

:sar:

သများက…..

မျက်စိ နဲ့ စားချင် …
မျက်စိ အစာကျွေးချင်သူဂျီး အတွက်  ဓာတ်သေ ရိုက်ချင်လို့ ထ သုတ်တာမို့ ဓာတ်သေကိုသာကြည့်ကြပါတော့။

 

ပါဝင် ၁
ပါဝင် ၁

 

ပါဝင် ၂
ပါဝင် ၂

 

အမှန်တော့ ဆလပ် ခင်းရင် ပိုလှတယ်။ ရှိတဲ့ ဂေါ်ဖီ ခင်း ရိုက်ပလိုက်တယ်။
အမှန်တော့ ဆလပ် ခင်းရင် ပိုလှတယ်။
ရှိတဲ့ ဂေါ်ဖီ ခင်း ရိုက်ပလိုက်တယ်။

 

ဆီချက်ဝါဝါထဲက ကြက်သွန်ဖြူကြော် ဖြူးထားတာ။ဆီချက်ဝါဝါထဲက ကြက်သွန်ဖြူကြော် ဖြူးထားတာ။
ဆီချက်ဝါဝါထဲက ကြက်သွန်ဖြူကြော် ဖြူးထားတာ။ဆီချက်ဝါဝါထဲက ကြက်သွန်ဖြူကြော် ဖြူးထားတာ။

 

~~~~~~~~~~~~~~~~~~~

 

IMG_6691
မလေးရှားက အခြစ်ကြမ်းတဲ့ မွဘုတ် ရဲ့ ငါးဖယ်တွေ

 

အမယ်။ ကြော်ပြီး ဂလို လာပြတော့ ကိုယ့် အမျိုးတွေ စိတ်က ခံနိုင်ရိုးလားးး
အမယ်။
ကြော်ပြီး ဂလို လာပြတော့ ကိုယ့် အမျိုးတွေ စိတ်က ခံနိုင်ရိုးလားးး

 

ဒါကတော့ မွမွဘုတ် ရဲ့ ငါးဖယ်သုပ် နည်းး နဲ့ ဓာတ်သေ ဂေါ်ဖီထုပ် ကြက်သွန်နီ သံပုယို အခွံပါနည်းနည်း ရှောက်ရွက် အားလုံးမျှင်မျှင်လှီး ငံပြာရည် နဲ့နယ် ငါးဖယ်ညှပ်ထည့်သုပ်
ဒါကတော့ မွမွဘုတ် ရဲ့ ငါးဖယ်သုပ် နည်းး နဲ့ ဓာတ်သေ
ဂေါ်ဖီထုပ်
ကြက်သွန်နီ
သံပုယို အခွံပါနည်းနည်း
ရှောက်ရွက် အားလုံးမျှင်မျှင်လှီး
ငံပြာရည် နဲ့နယ်
ငါးဖယ်ညှပ်ထည့်သုပ်

 

ဒါကတော့ ကိုကိုကျောက် နှမြောငို  နှင်း ရဲ့ ငါးဖယ်သုပ် ဓာတ်သေ ငါးဖယ်ကြော် ကြက်သွန်နီ ဂေါ်ဖီ ခရမ်းချဉ် ငြုပ်သီး နံနံပင် ငံပြာရည်
ဒါကတော့ ကိုကိုကျောက် နှမြောငို
နှင်း ရဲ့ ငါးဖယ်သုပ် ဓာတ်သေ
ငါးဖယ်ကြော်
ကြက်သွန်နီ
ဂေါ်ဖီ
ခရမ်းချဉ်
ငြုပ်သီး
နံနံပင်
ငံပြာရည်

 

 

 

ကဲကဲ။
ဓာတ်သေတွေနဲ့ အကြံအဖန် (ဟုတ်ပေါင်) ကြံကြံဖန်ဖန် တွေ ကြည့်လို့ အပြီးမှာ ဆက်ရွှီးဗျဇီ။

:mrgreenn:
ကေဇီတို့ ရွှေပြည်ကြီးကနေပြန်ရင် မပါမဖြစ် သယ် တာ ငါးဖယ်ပါ။

:mrgreenn:
ငါးဖယ် နာနာ ပေါက်ထားတာကို အသားထူထူ ကြော် လာပြီး သယ် လာပြီး ရင် ဖရီဇာထဲ ထည့်ထားပြီးး
ခရမ်းချဉ်သီးလေးနဲ့ ရေလည်လေး ချက် လိုက်။
ပါးပါးလှီးပြီး ကြက်သွန်နှစ်နဲ့ ဆီပြန်လေးချက်လိုက်။
ပါးပါးလှီးပြီး သုပ်လိုက်
ဒီတိုင်း ကို အချဉ်ရည်နဲ့ တို့စားလိုက်
မုန့်ဟင်းခါးဖတ်နဲ့ သုပ်စားလိုက်။
ပြန်ကြော်စားလိုက် စသည်ဖြင့် မကုန်မချင်း စားတာမို့ အဲဒီ ရက်ပိုင်း ဇော်သန့်ရှိလို့ မီးဖို ထဲ လာမေးရင် “ဒီနေ့ ငါးဖယ် ကို ဘယ်လိုရုပ်ဖျက်မတုန်း” ဆိုတာပါ။

:mrgreenn:

အဲ။
မြန်မာဆိုင် ရောက်ဖြစ်လို့ ငါးဖယ်ခြစ် ရရင်တော့။
ချက်တာရော၊ သုတ်တာရော ကို
ငါးဖယ်ပြုတ်နဲ့မှ စားချင်သော ကေဇီရယ်ပါ။

ချက်တဲ့ ကိစ္စတွေကတော့ နောက် များမှပေါ့။
ခုက ငါးဖယ်သုပ်တွေ လာပြတာ။

:sar:

30 comments

  • တောင်ပေါ်သား

    July 7, 2015 at 3:36 pm

    ငါးဖယ်ခြစ်အစစ်က ဈေးကြီးလာပြီဗျ

    လှည်းတန်းဈေးထဲမယ် ငါးဖယ်ရိုးတွေကို ငါးမြစ်ခြင်းခြစ်ထားတာတွေနဲ့ရောပြီး ငါးဖယ်ခြစ်ဆိုပြီး တစ်ဆယ်သား တစ်ထောင်နဲ့ရောသဗျ ၊

    ဘာထည့်ထားမှန်းမသိ ၊ ကြော်လိုက်ရင်တော့ ပွတက်လာတာပဲ ၊

    ငါးဖယ်ခြစ်အစစ်ကတော့ ကိုယ့်ရှေ့တင် ခြစ်ခိုင်းရတယ် ၊ ၁၅၀ဝ တဲ့ ၊

    အရိုးမရှောင်ချင်လို့ အိမ်မှာ အများဆုံး စားဖြစ်တဲ့ငါးက ငါးကြင်း နဲ့ ငါးဖယ်ခြစ်ပါပဲ ၊

    အော်ဆွန့်နဲ့ သုတ်လို့ရတာ ခုမှ သိသဗျာ ၊

    • ဇီဇီခင်ဇော်

      July 7, 2015 at 3:41 pm

      သံပုရာရည်သာ များများညှစ်ပြီး နှမ်းထောင်းလေးထည့်ပြီး သုပ်ပါဗျာ။
      ရှလွတ်!!

      :sar:

  • ဈေးကြီးတာရယ်.. အိမ်မှာ ငရုတ်ဆုံမဝယ်ရသေးတာရယ်ကြောင့် ပုံတွေကိုကြည့်ပြီးပဲ သရေကျသွားပါကြောင်း.. 🙁

    • ဇီဇီခင်ဇော်

      July 7, 2015 at 4:10 pm

      ငရုတ်ဆုံ လိုဘူးလေ။
      နာနာ ပေါက် နိုင်ရင် ရတယ်။
      :a:

  • kai

    July 7, 2015 at 5:11 pm

    ဂျပန်မှာ.. စစုမအာဂဲလို့ခေါ်တယ်ဗျ..။
    ဗမာငါးဖယ်နဲ့တော့ ဆင်တယ်..။ သူတို့က ငါးဖယ်အသားကြေထဲ.. အသီးအရွက်အဆာပလာတွေထည့်ရောတယ်..။
    မျှစ်အစလေးတွေပါတော့.. စားရင်ပါးစပ်ထဲ မာစပ်စပ်လေးတွေဝါးမိသမို့… အရသာတမျိုးပေါ့..။
    ပြောရရင် ဂျပန်အစားအစာတွေမှာ ပါးစပ်ခံစားမှုကိုပါထည့်တွက်လုပ်ကြတာတွေရှိသဗျ..။
    မြန်မာတွေလည်း.. သေသေချာချာသာသတိမထားမိတာ.. ရှိတော့ရှိ..။
    ဥပမာ။ မုန့်ဟင်းခါးထဲ.. ပဲကြော်၊ ဘူးသီးကြော်ထည့်တာမျိုး..။

    https://www.youtube.com/watch?v=EEKVGz8xY-M

    Satsuma age is fried fish paste. Often, various kinds of chopped vegetables, or seafood are inside. They are ready to eat cold or grilled or used as one of the ingredients of oden and many other dishes.

    I used carrots and burdock this time, but you can use chopped lotus roots, edamame, red pickled ginger, squid legs or octopus legs as well.

    Satsuma age freeze well. Make a lot when you find fresh fish, and keep them in a freezer for later use.

    Ingredients

    1 lb chopped fish fillets (any kind of fish)
    2 egg white
    1 tbsp salt
    6 tbsp sugar
    6 tbsp arrowroot flour or cornstarch
    5 tbsp sake
    1 tbsp mirin

    2 cups julienned carrots
    2 cups julienned burdock soaked in water for 5 to 10 minutes and dried

    Instructions
    1
    I bought tilapia fillets at Costco, but any fillets of sea fish can be used.

    Chop them into small pieces first, then make it to smooth paste using a food processor. Add all the other ingredients (except vegetables) and further mix well to incorporate. It should be pasty and sticky with consistency of miso paste.
    2
    Add chopped vegetables to the fish paste.

    Heat 1/2″ depth oil in a pan to fry. Keep the oil temperature relatively low, as the fish paste is easily burned. Put some vegetable oil in hand (to prevent the paste sticking to hands) and form the fish paste to 2-1/2″ diameter round flat shape, and drop it in the oil. When the visible side of fish paste is about 50% done from the edge, turn it to fry the other side. When the both sides get nicely browned, remove the piece from the oil and rest it on paper towel to remove excess oil.

    Serve immediately or at room temperature with grated ginger and soy sauce. They can also be refrigerated or frozen for later use. Return to room temperature before using.
    – See more at: http://japanese-kitchen.net/satsuma-age-recipe/#sthash.87S4rpmh.dpuf

    • ဇီဇီခင်ဇော်

      July 7, 2015 at 5:24 pm

      ယိုးးဒယားးး နည်း ကလည်းးး
      အဲလို ဥနီတို့ ငရုတ်သီးးတို့ တောက်တောက်စဉ်းးပြီးး ထည့်နယ် ကြော်သဗျ
      ဘယ် နိုင်ငံ အစားးအစာမဆို အတွဲအစပ် မချန်ပဲ စားးသင့်ပါတယ်လေ..
      ဒါမှ အရသာရော အစပ်အဟပ်ရော အပြည့် ခံစားးလို့ ရတာပါ…
      :k:

  • Ma Ma

    July 7, 2015 at 6:44 pm

    ငါးဖယ်က ငါးဘတ်ကို အရိုးများတယ်ပြောရသေးတယ်ဆိုတဲ့ စကားပုံသွားသတိရမိတယ်။

    အရိုးများတဲ့ငါးဖယ်ကို အရိုးမပါအောင် လုပ်တတ်တဲ့ လူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက အံ့ဩလောက်တယ်နော်။

    -ငါးဖယ်ကိုတော့ အရိုးမပါ အသားချည်းပဲမို့လည်းကောင်း၊
    -တခြားငါးတွေနဲ့မတူပဲ အသားက စီးစီးပိုင်ပိုင်ရှိလို့လည်းကောင်း၊
    -အသုပ်မှန်သမျှကြိုက်တာတေကြာင့်လည်းကောင်းးးးးး ငါးဖယ်သုပ်ကို မျက်စေ့ဖြင့် အားရပါးရ စားသွားပါသည်။ 🙂

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:27 am

      ငါးထဲတော့ ငါးဖယ် ရယ် ငါးခူ ရယ်ကို အရမ်းကြိုက်တာ။
      ငါးဖယ် ဆို အရိုးရော အရေခွံရော ပစ်စရာမရှိဘူးးး

      :k:

  • ​ဒေါ် လေး

    July 7, 2015 at 7:57 pm

    ငါးဖယ်က အဲလိုငါးပိဆီသတ်နဲ့ မသုတ်ဘူးဘူး
    ဒ မှာတော့ ငါးဖယ်က ရှေက်ရွက်နဲ့ဘဲ သုတ်ဖြစ်တယ်
    အပြောင်အလဲလေး သုတ်ဦးမှပါ

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:29 am

      အဟီးဟီးးးး
      ကျနော် က အရသာ အလေးကြိုက်တော့ အတော်ပဲ။
      :k:

  • မြစပဲရိုး

    July 7, 2015 at 9:52 pm

    စားချင်စာ လှလှလေး ဟယ်။
    ဒီမှာ ပုံ(၁) ထဲ က ပြထားတဲ့ အလယ်က ဟာကလွဲ လို့ အားလုံးရတယ်။ lol:-)))

    အရင် က အမေ ငါးဖယ် ချက်တာများလွန်းလို့ ညည်းဖူးတယ်။
    အဲဒီ တုန်းက ဈေးပေါပြီး စားပျော်တဲ့ အထဲ ပါတယ် ထင်ရဲ့။

    မွမွဘုတ် ရော၊ မွမွဇီ ရော ကျေးဇူးပါ။ :-))

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:29 am

      လှလှလေး ဖြစ်ဖို့ ဥစားပေးထားလို့။
      နောက် အသုပ်တွေ လာအူးမယ်။
      ခိခိ။

      :k:

  • ဦးကြောင်ကြီး

    July 7, 2015 at 10:32 pm

    တဖက်ပိတ်မဲသွပ် သုပ်တာ မဆားခ ျဉ်ပေါင်… သပ်ခ ျဉ်သပ်ပိုက်..။

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:32 am

      တူမလေး ချိဒယ်လေ :mrgreenn:

  • aye.kk

    July 7, 2015 at 10:37 pm

    ဇီဇီရေ
    ငါးဖယ်သုတ်လေးမြင်တော့ ပြန်ပြီးသုတ်စားချင်လာပြန်တယ်။
    အခုကအရင်လိုအပင်ပန်းခံပြီး မချက်နိုင်တော့၊ဇီဇီတိုု့အခုချက်ပြထားတာလေးတွေကြည့်ပြီး
    အားကျမိပါတယ်။။

    • ဇီဇီခင်ဇော်

      July 8, 2015 at 7:33 am

      ကျနော်ကလည်း မချက်ချင်ဘူးးး
      ဟီးဟီးးး
      အသုပ်ကို ပိုဝါသနာပါတယ်။

  • ဦးကျောက်ခဲ

    July 8, 2015 at 9:31 am

    အဟိ… ငါးဖယ်ခြစ်အစိမ်း သယ်လာတာရှိသေးတယ်…
    ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားမလို့ ဥထားတယ်ဗျား…
    စကားအတင်းစပ်ရရင် ငါးဖယ်အောင်းဆိုတာရှိသေးတယ်ဗျား…
    ငါးဖယ်ထက် အကောင်ကြီးပြီး အရိုးလည်းမလျော့…
    မယ်တော်ကြီးက ငါးဖယ်အောင်းကို ငရုပ်ကျည်ပွေ့နဲ့ နာနာနှံပြီး…
    အတုံးလိုက်ချက်ပေးလို့ကတော့ ကျောက်စ်တို့ ခေါင်းမဖော်တမ်းစားတာ…
    ဟင့်… မရနိုင်တာတွေ တမ်းတမိပြန်ပြီ… :k:

    • ဇီဇီခင်ဇော်

      July 8, 2015 at 10:40 am

      ငင်။
      အစိမ်းကို ဘို သယ်တုန်းဟင်??
      သများ မသယ်ဖူးဘူးးး
      ကြော်ပြီးသားတွေ က ရှုံ့ရှုံ့သွားတယ်။

      • ဦးကျောက်ခဲ

        July 8, 2015 at 10:48 am

        အဟီး… ငါးဖယ်ခြစ်ကို အရသာနယ်ပြီးထောင်း…
        ရေခဲသတ္တာထဲမှာ ခဲပြီးသယ်လာတာ…
        လယ်ငါးခူ… ငါးကျည်းတွေပါသယ်လာသေး… ခွိ :k:

        • ဇီဇီခင်ဇော်

          July 8, 2015 at 10:50 am

          ဂီးးးး
          နောက်ခါ သများ လပ်ဂေ့ မသယ်တော့ပဲ
          ရေခဲဗုံး အဲလေ ရေခဲပုံး တစ်ပုံး သယ်ခဲ့ရမလိုဖစ်နေဘီ
          :k:

        • ဦးကျောက်ခဲ

          July 8, 2015 at 11:02 am

          ငါးဖယ်က ကြော်ပြီးသယ်လာရင် ကြာကြာမခံ…
          ခဲထားတာတောင် ပွပြီး အရသာပျက်သွားတယ်…
          အစိမ်းကို Ziploc Bag နဲ့ လုံအောင်ထုပ် …
          သတင်းစာပါတ်ပြီးသယ်လာတာ …
          ငါးတွေလည်း အဲသည့်လိုပဲ… ရသတဏှာက ဖြတ်မဘူး… ဟီး

        • ဇီဇီခင်ဇော်

          July 8, 2015 at 11:08 am

          အဲဒီ တဏှာတော့ စားရင်းသောက်ရင်း ဖြတ်ကြတာပေါ့ ကွီ

          :mrgreenn:

    • Ma Ma

      July 8, 2015 at 5:10 pm

      ငါးဖယ်အောင်းဆိုတာ ခုချိန်ပေါတယ်။
      များသောအားဖြင့်တော့ ငါးပိကောင်လုပ်စားကြတာပဲ။
      ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို ငါးဖယ်အောင်းငါးပိကောင် လက်ဆောင်ပေးတော့ စားပြီး မကြိုက်ဘူးတဲ့။
      အဲဒါနဲ့ အိမ်လာလည်တော့ ကြော်ကျွေးလိုက်တာ နောက်ကို ရာသီချိန်မှတ်ထားပြီး မကြာခဏ တောင်းစားတော့တာပဲ။
      ဖြစ်ပုံက ငါးဖယ်အောင်းငါးပိကောင်က အကြေးပါကြော်စားရင် ကျွပ်ရွနေတာကို…………
      အကြေးထိုးလိုက်တော့ စားမကောင်းတော့ဘူး။
      ငါးဖယ်အစိမ်းသယ်နည်း သိရတာ ကျေးဇူးကြီးပါပေ့။

      • ဦးကျောက်ခဲ

        July 9, 2015 at 8:35 am

        အိမ်မှာတော့ ငါးဖယ်အောင်းကို အကောင်မပျက် နာနာထုထောင်းပြီးချက်တယ်…
        ငါးဆားနယ်လုပ်ပြီး အရေခွံဆုတ် ဘဲဥအကာထဲနှစ်ပြီး ပြန်ကြော်စားတယ်…
        ငါးပိကောင်ကိုတော့ အရေခွံမခွါပဲ ငရုပ်သီးစပ်စပ်နဲ့ကြော်စားတယ်…
        အကောင်းဆုံးက ဆားရေနဲ့စိမ်ပြီးဆေး ၊ ငှက်ပျောဖက်နဲ့ပါတ်ပြီး ကင်စားပါ…
        စားမယ်ဆို သံပုရာရည်ညှစ်… ကြက်သွန်ဖြူမီးကင်လေးနဲ့တွဲလိုက်… ရှလွတ်စ် :k:

  • အောင် မိုးသူ

    July 8, 2015 at 11:13 am

    ငါးဖယ်ခြစ်ဈေးက တစ်ဆယ်သားတစ်ထောင် တစ်ခါတစ်ခါစားချင်ရင်တော့ ဝယ်စားပစ်လိုက်တယ်။ ခုပုံကြည့်ရင် စားချင်လာပြီ။

    • ဇီဇီခင်ဇော်

      July 8, 2015 at 11:17 am

      ဒီမှာ အစိတ်သားထုတ် ကို ရ ဒေါ်လှလောက် ပေးရတော့
      ဒီမှာ ပိုဈေးကြီးတာပေါ့။
      ဂစ်ဂစ်
      :a:

      • ကူမားရ်

        July 8, 2015 at 1:28 pm

        ဗေ တားငဖယ် ချက်တတ် လုပ်တတ်ဝူး
        မန့်တော့ဝူး

        • ဇီဇီခင်ဇော်

          July 8, 2015 at 1:29 pm

          အာ့ဆို ကျင့်သားရအောင် ငါးဖယ် ကြော် တစ်လ တစ်ကြိမ် စလုံး ကို ကြော်ပို့

          :k:

  • Mike

    July 10, 2015 at 1:18 pm

    .တားတားလည်းငါးဖယ်သုတ်ကြိုက်တယ်..စားသွားပြီ

    • ဇီဇီခင်ဇော်

      July 10, 2015 at 2:39 pm

      အိမ်ဖို့ပါပေးလိုက်မယ်နော်

      :chit:

Leave a Reply