ဇီးသီးသည် ကေဇီ Vs Survivor KZ

ဇီဇီJuly 8, 20151min28043

လူတွေများ သက်တောင့်သက်သာ နေရရင် Alert and Active မဖြစ်တော့ဘူး ဆိုတာ အဟုတ်ရယ်။

မြန်မာပြည် နေတုန်းက နယ်တကာလှည့် အရပ်တကာလှည့်လာတော့ လောကဓံ စစ်စစ် နဲ့ အဆင်မပြေမှုတွေ က ထုသားပေသားကျလွန်းလို့ ဘယ်နေရာ ဘယ်အခြေအနေမျိုးမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတတ်တာ။

အိမ်မှာဆို လက်နှိပ်ဓာတ်မီး က တစ်ယောက် တစ်ခုနှုန်းးး အပြင် အိတ်တွေထဲမှာ လည်း ဓာတ်မီး ဆောင်ထားရသေးးး… လူရိုက်လို့လည်း ရ (အဲလေ) ကာကွယ်ဖို့လည်း ရ၊ အမှောင်ထဲလည်း သွားလို့ရ။

ဖယောင်းတိုင် ဆိုတာ သိုလှောင်ထားရတာ အထုတ်လိုက်။

ဓာတ်ဆီ/ရေနံဆီကလည်း လှောင်ထားရသေးးး ရေမြောင်းထဲက ခြင်ပေါက်မှာကို ကာကွယ်ဖို့ ရေနံဆီ နဲ့ လောင်းရ၊ ကြောင်အိမ်ခြေထောက်၄ ချောင်းအောက်က အင်တုံထဲ ရေထည့် ပြီး ရေနံဆီလေးထည့်ထားမှ ရေကူးတတ်တဲ့ ပွက်ဆိတ်တွေ မကူးလာနိုင်အောင်။

အိမ်တံခါး ဆိုတာလည်း ပြောင်းတဲ့ အိမ်တိုင်း ပြတင်းပေါက် မှာ သံပန်း သံစကာ မရှိရင် မွေးသဖခင် က ချက်ချင်းတပ်တယ်။ ရပ်ရေးရွာရေး က အဲလို လုံခြုံတာ ဆိုတော့။ အိပ်ယာခြေရင်းမှာလည်း သစ်သားတုတ်ကောက် ထားတယ်။

မီးဘေး အတွက် ပြင်ထားတဲ့ အထုတ် တစ်ထုတ် ရှိရတယ်။ အညာ ပူရင် မီးပျက်ရင် မီးရေးထင်းရေး ရှိ တယ်။ မီးစက် အတွက်ကလည်း ဆီလှောင်ထားတာတို့ ဘာတို့က ရှိသေးးး

ညဘက် မီးဖို မီး တံခါးစစ်ပြီး မှ အိပ်ရတယ်။

မိုးတွင်း အတွက် လည်ရှည်ဖိနပ် ထီး မိုးကာ စုံနေအောင် ဆောင်ရတယ်။

ရောက်ရာ အရပ် မိုးရေလှောင်ကန် ရှာရတာ အလုပ်တစ်လုပ်။ သောက်ရေက မိုးရေကို ကြိုရတာ။ ပြီးရင် ဘူး ကြီး ဘူး ငယ် နဲ့ လှောင်ရတာ။

အရေးအခင်းတွေ ရာသီဒဏ်တွေလည်း ရှိတော့ စားစရာ ဆန်တို့ အခြောက်အခြမ်းတို့က အစ အိမ်မှာ အပြတ်မခံဘူးး

ရထား ဆိုတာ တော့ မန်းလေး မြစ်ကြီးနား ရထားကို လမ်းခုလပ် ဘူတာက တက်နိုင်တဲ့ မိသားစု။ ဘယ်လောက် တော်တုန်း ဆိုတာ အဲ ဒီ ရထား စီးဖူးရင် သိလိမ့်မယ်။

ညင်းညင်း  :mrgreenn:

 

ထားတော့ အဲဒါတွေ။ အဲလို သတိကြီးကြီး ဝီရီယ ကြီးကြီး ထားတတ်တဲ့ အကျင့် ဘယ်လိုဖြစ်သွားတုန်းတောင် မသိတာ ဒီရောက်တဲ့ ၈ နှစ် အချိန်ကာလပေါ့။

မနေ့က စလုံး ရထားတွေ ဂျမ်းဖြစ်ပြီး နှေးတယ်၊ ရပ်တယ်။

အဲဒါကို သိသိ ချင်း ပြာပြီး စိတ်ညစ်သွားတယ်။ ဘွပျက်ပြီတောင် မှတ်သွားသေးတယ်။ ဒေါသကလည်း ထွက်၊ တက်ဆီ ဖုန်းခေါ်တာ မရလို့ စိတ်ဓာတ်တောင် ကျသွားသေးးး

:s:

အဲဒါနဲ့ မလျှောက်စဖူး လမ်းကို မိနစ် ၂ဝ လောက် လျှောက်လိုက်ရတယ်။

လမ်းလျှောက်နေတုန်းမှ တွေးမိတယ်။

ရထားချိန်တွေ နောက်ကျလို့ မိသားစုလိုက် ဘူတာမှာ ၅ နာရီလောက် စောင့်ခဲ့ရတာတွေ၊ ရထားတဲ့ ထိုင်ခုံနေရာမှာ ကုန်စိမ်းတောင်းသည်က မျက်နှာထားဆိုးဆိုး နဲ့ တင်ထားလို့ မဖယ်ခိုင်းရဲပဲကပ်ကပ်သပ်သပ် ထိုင်ခဲ့ရတဲ့ ဒုက္ခတွေ မကြုံဖူးတဲ့ အတိုင်းး ဇီးသီးသည် မဗျိုင်း ဖြစ်နေပုံမြန်းးး

:r:

~~~~~

မနှစ်က မွေးမေလေ့ တို့လာတော့ အပြင်ထွက်လည်မယ် ဆိုတော့ တောင်းတယ်။ ရေဘူး တဲ့။

ငင်? အိမ်မှာ ရေဘူးမှ မရှိပဲနဲ့။ ဘုံဘိုင် ရေက သောက်လို့ရတယ်လေ။  အပြင်မှာလည်း ရေသောက်စရာရှိတယ်။ အဲတော့ ရေသန့်ဘူး ဆို အမှိုက်ပုံးထဲ ထည့်ပေးခဲ့တာ။

အဲဒါ အဆူခံရရော။ မတော် ရေဖြတ်ရင် နင်တို့မှာ ရေသောက်စရာမရှိဖြစ်မှာပေါ့တဲ့။

ဟုတ်!!! ကြုံပါတယ်။

အရင်လ က စာလာတယ်။ ဘယ်ရက် ဘယ်နာရီ ၁ဝမိနစ်လောက် ရေပေးရပ်မယ်တဲ့။

စာဖတ်ပြီး မေ့သပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ရေချိုးနေတုန်း ဆပ်ပြာတိုက်ရင်း ရေဖွင့်တော့ လုံးဝမလာတော့။

ခံပေါ့။ ဘယ် ရေခေါင်း မှ ဖွင့်မရတာကို။ ၃ မိနစ်လောက် ကြာမှ ပြန်လာတယ်။

ကိုယ့်ရေတွင်းက ရေ ကိုယ် ငင် ချိုးရတုန်းက ပျော်ရွှင် ခဲ့တဲ့ မိန်းမလေ …. ၃ မိနစ် ရေပြတ်တာ ဘဝပျက် တယ် ခံစားရရော။

:h:

~~~~~

တစ်ညသားး…

ရေနွေး ဗူးထဲ ရေမဖြည့်ပဲ တည်မိတော့ ဘရိတ်ကာ ကျရော။ စိတ်ရောလူရော ရုတ်တရက် ပြာထွက်သွားတာ။ ဓာတ်မီးမှမရှိပဲ။ ဖရောင်းတိုင် မှ မရှိပဲ။

ပြီးမှ ဖုံးက ဖလက်ရှ ကို သတိရလို့ ဖွင့်ပြီး ဘရိတ်ကာ ပြန်တင်ရတယ်။

အရင်က မီးပျက်ပျက်ချင်း

ရေနံဆီ မီးအိမ်၊

ဓာတ်ဆီမီးစက်၊

မီးခြစ်ဖယောင်းတိုင်၊

အင်ဘာတာ၊ ဒေါင်းဒေါင်းပြေးအောင် ကိုင်နိုင်တဲ့ မိန်းမလေ… ဒီမှာ  မီးပြတ်တဲ့ စက္ကန့်ပိုင်း ကို အရမ်းကြောက်တတ်သွားတာ။

:g:

~~~~~~~~~~~~~~~

မြန်မာပြည် ပြန်မလာ ခင်လောက်က အိမ်မှာ ဧည့်သည်များတာရော အလုပ်ရှုပ်တာရောနဲ့ အိမ် အဝင် သံပန်းရော သစ်သား တံခါးရော သော့မခတ်မိပဲ ဒီတိုင်းပိတ်ထားတာ မနက်မှ သိတယ်။
အရင်က အိမ်လုံခြုံရေး စစ်ဆေးဖူးတာ ကိုယ်မဟုတ်တဲ့ အတိုင်းးး

:e:

~~~~~~~~~~~~~~~~~~~~~~

တစ်ခါသား အိမ်က ဓာတ်လှေကား ပျက်နေတာ ရုံးပြန်ချိန်မို့ ရိုးရိုးလှေကားကနေ တက်ရပြီး ငိုချင်စိတ်ပေါက်သတဲ့။
လေးထပ်တိုက်ခန်း လှေကားကို တစ်နေ့ ၆  ခေါက် ဆင်းလိုက် တက်လိုက် လုပ်ခဲ့တာ ဘယ်သူများပါလိမ့်??

:op:

~~~~~~~~~~~~~~~~~~~~

 

မွေးသဖခင်ကတော့ ပြောဖူးတယ်။

စာအုပ်ထဲမှာ ဖတ်ဖူးတာတော့ နတ်ပြည်မှာ စည်းစိမ် ခံစားရရင် အမေ့မေ့အလျော့လျော့ဖြစ်ပြီး ကောင်းမှု ကုသိုလ် လုပ်ဖို့ မေ့တတ်သတဲ့။

လောက စည်းစိမ်ဆိုတာကို လောကဓံမေ့သွားအောင် ခံစားဖူးရင် အရင် ဒုက္ခတွေကို မေ့တတ်သတဲ့။

ကိုယ်တွေ အစိုးရက ကိုယ်တွေကို လူတော်ဖြစ်အောင် မွေးထားတာကိုးးး

:byee:

ဒုက္ခနဲ့ အသားကျ၊

ဟိုနည်းမရ ဒီ နည်း စမ်းး၊

အချိန်တိုင်း ဘုရား တ ပြီး  တရားစာ ဆိုနေရ။

ဩကာသ ဘုရားရှိခိုးထဲက….

ရန်သူမျိုး (၅ ) ပါးတို့

ကပ် (၃) ပါးတို့ နဲ့

ဖတ်ဖူးတဲ့ လောကဓံ (၈) ပါးတို့ စတာတွေနဲ့ ယဉ်ပါးနီးစပ်အောင် ထားထားတော့

မြန်မာတွေကို အရမ်းဇိမ်နဲ့ထားတဲ့ အစိုးရနဲ့

နေရရင် မတော်တော့မှာ စိုးရတယ်။။

ဖွတ် အစိုးရသာ မဲဆက်ပေးကြစို့။

👿

~~~~~~

ကဘာ ပျက်တဲ့ ကားတွေ ကြည့်မိတိုင်းတော့ …

ဪ၊ ဆောင်စရာရှိတာ ဆောင်ထား အူးမှ တွေးမိပြန်ရော။

နောက်တော့လည်း အဲဒီ ဘေး ဒုက္ခ ဆိုတာ ကိုယ် နဲ့ မဆိုင်သလိုတွေ ဖြစ်သွားပြန်ရော..

.

.

.

.

.

တကယ် ကြုံလာရင်ရော အရင်တုန်းက ဖြတ်လတ် သွက်လက် ခံနိုင်ရည် ရှိခဲ့ဖူးသလို ခုချိန် သက်လုံကောင်းနိုင်ပါဦးမလား…

Survive ဖြစ်နိုင်ပါဦးမလား လို့ မနေ့ညက စပြီး  ကိုယ့်ကိုယ်ကို သံသယ ဝင်မိတယ်။

:a:

 

43 comments

  • တောင်ပေါ်သား

    July 8, 2015 at 1:26 pm

    ( ရထား ဆိုတာ တော့ မန်းလေး မြစ်ကြီးနား ရထားကို လမ်းခုလပ် ဘူတာက တက်နိုင်တဲ့ မိသားစု။ ဘယ်လောက် တော်တုန်း ဆိုတာ အဲ ဒီ ရထား စီးဖူးရင် သိလိမ့်မယ်။ )

    ကန့်ဘလူတို့ ဝက်လက်တို့ အတော်ဆိုးဗျာ ၊ အခုတော့ ပြူတင်းပေါက်က ကျော်မတက်ရတော့ပါဘူး ၊

    ဒါနဲ့ မီးလေးပျက်တာများ ဘရိတ်ကင်းနယူးစ် ဖြစ်စရာလားကွယ် ၊

    အာ့ကြောင့် မြန်ကျန့်သည်သာ ကိုယ့်ကမ႓ာ ါ်)

    • ဇီဇီခင်ဇော်

      July 8, 2015 at 1:28 pm

      ကျနော်က ကန့်ဘလူမှာ ၅ နှစ် နေဖူးတာ ဖြစ်ပါတယ်ခင်ဗျားး
      အသက် ၁၆ နှစ်ကနေ့ ၂၁ နှစ် အထိ။

      :a:

      • တောင်ပေါ်သား

        July 8, 2015 at 1:40 pm

        ဘဘကြီးနယ်မြေပဲ ၊ အဲ့ဘက်တွေက ရိုးသား အေးချမ်းတယ်ဗျ ၊

        ကန့်ဘလူ ကောလင်း ဝန်းသို အင်းတော် နဘား ပြောရင်းဆိုရင်း သွားချင်လာပြီ 🙂

        • ဇီဇီခင်ဇော်

          July 8, 2015 at 1:53 pm

          ဟုတ်တယ်။
          ဘဘဂျီး တည်တဲ့ ဘုရားကြီးရဲ့ ပွဲတွေ ပါလိုက်ရသေးကော။
          နေလို့ ကောင်းတယ် ဗျ။
          အေးချမ်းတယ်။

    • ဇီဇီခင်ဇော်

      July 8, 2015 at 2:22 pm

      ဘဝ မမေ့ဘူးးး
      အကျင့် ဖြစ် နေ တဲ့
      အကျင့် ပါမှုတွေ
      အကျင့် ပျက် သွားးတာ
      :mrgreenn:

  • kai

    July 8, 2015 at 2:45 pm

    ကျုပ်ကတော့ ရုပ်ရှင်အကြည့်မာျးလို့လားမသိ…
    ကားပျက်ရင်.. ကမ္ဘာပျက်ရင်အတွက်.. အပိုဆောင်ထားတာတွေမနည်းဘူး..
    ငလျှင်ကြောပေါ်နေတာမို့.. အရေးပေါ်ပစ္စည်းတွေလည်း.. ရှိပါ့..။

    မနေ့ကမနက်ကတင်.. ဗို့သိန်းဂဏန်းရှိတဲ့.. Taserတခုမှာထားတာရောက်လာတာ…
    နေ့လည်မှာ.. လေထဲစမ်းကြည့်တာ.. တော်တော်လန့်သွား..

    ကလေးတွေနွေရာသီရက်ရှည်ပိတ်ထားတယ်လေ…။
    နောက်လလောက် ခရီးထွက်ဦးမလို့…
    :k:

    ဆိုတော့..
    ဖွတ် အစိုးရသာ မဲဆက်ပေးကြစို့။ :buu:

    • ဇီဇီခင်ဇော်

      July 8, 2015 at 2:50 pm

      ထိမိရင် ဓာတ်လိုက်သလိုဖစ်ပြီး မေ့သွားတာလားးး

      ဟီးးး အာ့က တရားဝင် ဆောင် လို့ ရသလားးး
      ရှာထားအူးမှ။

      ကဘာပျက် တကားကြည့်တိုင်း တစ်ခါ သတိရတယ်။
      ဪ ဘာတွေ ဆောင်ထားရမှာပါလားပေါ့။
      နောက်တော့လည်း ဒီ တိုင်းပဲ ဖြစ်နေပြန်ရော။

      စလုံးရောက်ပြီးနောက် ခရီး ခဏ ခဏ မသွားဖြစ်တော့တာလည်း ပါတယ်ဗျ။

      :a:

      • kai

        July 8, 2015 at 3:15 pm

        http://www.amazon.com/VIPERTEK-VTS-193-Rechargeable-Tactical-Flashlight/dp/B00HPQIXGU/ref=pd_sim_sbs_200_5?ie=UTF8&refRID=0Q1FV996S6GC6QQ47F69

        VIPERTEK VTS-193 – 38,000,000 V Heavy Duty Stun Gun – Rechargeable with LED Tactical Flashlight, Black
        by Vipertek
        724 customer reviews
        | 69 answered questions
        List Price: $109.99
        Price: $16.98 + $4.99 shipping
        You Save: $93.01 (85%)
        In Stock.
        Ships from and sold by Dynamic Deals HQ.

        Estimated Delivery Date: July 14 – 17 when you choose Standard at checkout.

        350-lumen tactical light with added security of a 28MV stun gun
        Type III aircraft grade aluminum alloy body; 100,000-hour bulb
        Internal Rechargeable Battery – No expensive batteries to buy
        Full Size: 9.5″
        Lifetime Warranty

        • ဇီဇီခင်ဇော်

          July 8, 2015 at 3:26 pm

          ကျေးကျေး တဂျီး
          ဝယ်ရမယ်။
          LED torch Light ရယ်။
          မောင်းပြန်ဓားလေးရယ် ရှာနေတယ်။

        • kai

          July 8, 2015 at 4:25 pm

          အခုဟာမှာ 350-lumen tactical light ဆိုပြီးတွဲပါတယ်လေ။ ထိုးကြည့်တာတော်တော်လင်းပါတယ်။
          ဈေးလည်းပေါတယ်။ ပေါ့လည်းတော်တော်ပေါ့တယ်..။ အမေဇုံမှာ ကြယ်၄လုံးရထားသမို့ကောင်းမှာပါ။
          အိပ်ထဲထည့်ထားပေါ့။

        • HMM

          July 8, 2015 at 4:03 pm

          စဉ်းစားမိတာလေး အဲဒီ teaser ကို လူတွေအများဂျီးကူးနေတဲ့ ရေကူးကန်ထဲကရေကို သွားတို့ရင် ဘိုများနေမလဲလို့ XP

        • ဇီဇီခင်ဇော်

          July 8, 2015 at 4:16 pm

          အဲလောက် သတ္တိရှိတဲ့သူနဲ့ ဆို အပေါင်းအသင်းဖြစ်ပြီ။
          ခိခိ

          :k:

  • ကူမားရ်

    July 8, 2015 at 2:46 pm

    မထင်နဲ့ဟ
    လောကဓံဆိုတာ စက်ဘီးစီးရေကူးသလိုပဲ
    ပြန်ကြုံရင် အော်တိုငုတ်တုတ် adept လုပ်နိုင်သွားရော
    ဖြစ်စ ခနတော့ နေမထိထိုင်မသာပေါ့
    နောက်တော့လည်း ပြန်အသားကျသွားရော
    လက်ဖျားထိပ်နဲ့အရာ အားလုံးကို စီစဉ်နိုင်ပြီး
    ဖုန်းတစ်လုံးရှိရင် အိမ်ထဲမှာနေပြီး လုပ်ချင်ရာ ကို လက်ချောင်းလေးတွေလှုပ်လိုက်ရုံ နဲ့ဖြစ်ခဲ့တဲ့ဘွကြုံ ခဲ့ဖူးတော့ မြ်မာပြည်ပြန်ရောက်စ အတော် မနေတတ်တာ
    လိုတာကို အဝေးကြီးထွက်ဝယ်
    လမ်းပိတ်
    နေပူ
    ခြင်ကိုက်
    ရေမလာ
    မီးပြတ်
    ရေလျံ
    လော်စပီကာ နှိပ်စက်
    အလှုု ခံ နှောက်ယှက်
    အိမ်နီးချင်း စပ်စု ဖုန်းခေါ်မရ
    အင်တာနက် မမိ
    ဖုန်ထူ ရွှံ့ ပေါ
    အစားအစာ ဆေးဆိုးညစ်ပတ်
    အသားမဲ ဂျီးထူ ညစ်ထေး
    လမ်းသွားလို့နားစရာနေရာမရှိ စတဲ့ဟာတွေကို စိတ်ညစ်ပြီး ခံနိုင်ခဲ့မယ် မထငခဲ့ဘူး
    အတော်လေးနေတော့အသားပြန်ကျ ဒီလိုမရင်ဟိုလို
    ဒါနဲ့မဖြစ်ရင်ဟိုနဲ့ common sense နဲ့လုပ်ရင်း ခုတော့ အတော်လေးနေသာလာပါပြီ
    မေတ္တာ ဂရုဏာ မုဒိတာ ဥပက္ခာ တွေ လှိုင်လှိုင်သုံးပြီး စိတ်ကို လျော့ထားပြီး ဘဝကို အးကျအောင်ကြိုးစားနေရပါသော တစ်ခါက ဇီးသီးသည် ဗေတားပါ ဇီဇီ

    • ဇီဇီခင်ဇော်

      July 8, 2015 at 2:56 pm

      မြန်ပြည်ကြီး ပြန်မယ် ဆိုရင်တော့
      ပြန်ဖို့ ဆိုရင်တော့ ဘယ် တရားတွေ လက်ကိုင်ထားပြီး ပြန်ရမလည်း မသိ။

      :a:

      • HMM

        July 8, 2015 at 4:09 pm

        အထက်ပါ comment အတိုင်း ဗြဟ္မစိုရ်တရားလေးပါးသာ လက်ကိုင်ထားပြီးပြန်ပါလေ…

        • ဇီဇီခင်ဇော်

          July 8, 2015 at 4:17 pm

          ဘယ် ၂ ခု ညာ ၂ ခု ကိုင်ပြီး ပြန်နေရမယ်.။

          :mrgreenn:

  • တောင်ပေါ်သား

    July 8, 2015 at 4:18 pm

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲတွေထံကို အကြောင်းကြား လိုက်ပါတယ်။
    တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်မြေ တစ်ထောင့်တစ်ရာခုနှစ်ဆယ့်တစ် (၁၁၇၁) ခုရှိပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ ခုရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလဆန်းပိုင်းမှာ ကြေညာထားပါတယ်။
    လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၈၃ခုရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွေဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ ၃နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
    http://www.thithtoolwin.com/2015/07/blog-post_237.html

  • Ma Ma

    July 8, 2015 at 5:29 pm

    ဖယောင်းတိုင်မီးနဲ့ စာဖတ်နေတဲ့သူက တခြားနိုင်ငံမှာ မီးခဏလေး ပျက်သွားတာ ဒုက္ခအများကြီး ရောက်သွားတယ်ဆိုတာကို ဖတ်ပြီး ရီနေတဲ့ ကာတွန်းပုံလေးကို သတိရမိသွားတယ်။

    လူဆိုတာကလည်း ငါးဖယ်လို ထုလေ မာလေ သဘောရှိတယ်ထင်ပါ့။ 😥

    • ဇီဇီခင်ဇော်

      July 8, 2015 at 6:57 pm

      ဟုတ်ပါ့။
      အခက်အခဲ ရယ်ကြီးကြီးမားမား ရင်ဆိုင်ပြီးရင် တစ်ကြိမ် တစ်ဆင့်စီ လူလားမြောက်လာတာပဲ ချစ်မရေ။
      ဒါမဲ့ နှစ်ကြာလာရင် “ငါ အဲလို အခက်အခဲမျိုးရင်ဆိုင်ဖူးပါလား” လို့ မေ့သွားပြီး နောက်လာတဲ့ သိပ်မကြီးတဲ့ အခက်အခဲကျ ဒုက္ခအကြီးကြီး မှတ်နေပြန်ရော

  • Shwe Ei

    July 8, 2015 at 6:47 pm

    -သာသာယာယာနေရရင် ဒွတ်ခ မသိတော့မှာစိုးလို့ ဟလား
    -ပချံ များများစုထား
    -တောင်များများလျှောက်တက်(အမပုတို့လို)
    ..စွန့်စားရတဲ့ ခရီးများများထွက်
    -လွတ်လပ်ပေါ့ပါးခြင်းနဲ့ အတူ မိမိကိုယ်ကို အားကိုး ယုံကြည်မှု တွေ တိုးလာပါလိမ့်မည် 🙂
    -တစ်ယောက်ထဲတော့ မသွားနဲ့ ပျင်းစာရီး အဖော်လေးနဲ့သွား…ခိခိ

    • ဇီဇီခင်ဇော်

      July 8, 2015 at 6:53 pm

      ဒုက္ခ မသိတော့ မှာ စိုးတာမဟုတ်ဘူးးး
      အသက်ရှင်သရွေ့ ဒုက္ခဆိုတာ လာအူးမှာ။
      သက်သက်သာသာနေရပါများရင် ဒုက္ခရယ် အခက်အခဲရယ် တွေ့ရရင် အရင်လို အဲဒီ ဒုက္ခကို ပြန်လည် တုံ့ပြန်နိုင်တဲ့ နိုးကြားမှုမရှိတော့မှာကို ပြောတာ

      • Shwe Ei

        July 10, 2015 at 4:43 pm

        -အော် မမဆွိရယ်..တကယ် ပျောချင်တာ ဒွတ်ခအကြောင်း မှုတ်ပါဝူး
        -ဒွတ်ခဆိုတာမျိုးက ရှောင်လွဲလို့ မရနိုင်တဲ့ ကိတ်စဆိုတော့ ကြုံလာခဲ့ရင်..
        -မဖြစ်မနေ ရှင်းရမဲ့ နည်းလမ်းတွေ့လာမှာဘဲ
        -နိုးကြားမှုဆိုတဲ့ ကိတ်စကျတော့ ကိုယ်နဲ့ လုံးလုံးဆိုင်သွားဘီလေ
        ..သာမာန်အားဖြင့် လူတွေဟာ သူတို့ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝ ထဲကနေ..
        ..နိုးကြားမှုကို ရှာတွေ့ဖို့ခက်တယ်..
        ..မနိုးကြားတဲ့အပြင် ငြီးငွေ့လာတာ ဖိအားများတဲ့ ဒဏ်ကို မခံနိုင်တော့ တာတွေတောင် -ဖြစ်သေးတာလေ
        …အခုလိုမျိုး ရှာရှာကြံကြံတွေးပူတတ်နေဘီ ဆိုရင်တောင်..ဖိအား နည်းနည်းရှိလာတဲ့သဘောဘဲ..
        ..အာ့ကျောင့် ခရီးထွက်တာလဲ မဆိုးဝူးလို့ပျော့စ်တာဘာ 😛
        ..တရားထိုင်ပါလို့လဲ အကြံမပေးရဲဝူးလေ :mrgreen:

        • ဇီဇီခင်ဇော်

          July 11, 2015 at 7:39 am

          ခရီးဆို မန်းလေးးပြန်တာက လွဲရင် ဘယ်မှမသွားးချင်
          တရားထိုင်ဖို့ က စိတ်များးသူမို့ လုံးးဝ မလွယ်သေးးး
          😥

  • aye.kk

    July 8, 2015 at 9:23 pm

    ဇီဇီရေ
    နေသားကျနေတဲ့အထာကနေ
    နေသားပြန်မကျတော့ရင်မနေတတ်တော့တာကအမှန်ပါပဲ။
    (ဇီးသီးသည်ကမဗျိုင်းလေးဆီကနေအတုမြင်အတတ်သင်ခဲ့ပေမယ်လို့
    ဆရာလို့မခေါ်နိုင်ခဲ့တော့အပြစ်ဖြစ်ခဲ့ရတယ်)ဆိုချင်လဲဆိုပါစေတော့။
    ဒါပေမဲ့လည်း၊ဒုက္ခဆိုတာကိုစိတ်ကသိသိကြီးနဲ့ပဲ၊
    ဒုက္ခဆိုတာကိုစိတ်ကလက်ခံနိုင်ဘို့ဆိုတာကခဲယဉ်းနေလို့ပိုခက်လှတယ်။။

    • ဇီဇီခင်ဇော်

      July 9, 2015 at 7:48 am

      စိတ်က ဒုက္ခ လို့ လက်ခံနိုင်တာနဲ့ တပြိုက်နက်
      ကြောက်စိတ်က နည်းနည်း/များများ ပါလာရော တီအေးရေ။
      အဟင့်။

      😥

  • မြစပဲရိုး

    July 9, 2015 at 3:57 am

    ဇီးသီးသည် ဇီးသီးဘန်းတော့ မမှောက် ခဲ့ဘူး မဟုတ်လား။ :-))

    အရီး ကတော့ အခု ကြုံတိုင်း ဝယ်ဝယ် ထား တာ အခြောက် အခြမ်း တွေ၊ ပဲ လို ခရမ်းချဉ်သီး လို တင်ဗူး တွေ။
    တစ်ခုခု ဖြစ်မှာစိုးလို့ တော့မဟုတ်။
    အရေးဆို မရှိမှာစိုး ရင်း စိုးရင်း နူးကလီးယားစစ်ပွဲ အတွက် စုပြီး ဖြစ်နေပြီ။

    မနေ့က သတင်း FB ထဲ တွေ့တော့ ဇီတို့ ဂျက်တို့ ကို သတိရလိုက်သေး။

    • ဇီဇီခင်ဇော်

      July 9, 2015 at 7:50 am

      ဇီးသီးဗန်းမမှောက်ဘူးးး
      ခိခိ
      ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်ခဲ့တယ်။

      ရထားပျက်တာကို သတင်း လုပ်နေသေးးး
      အိုဗာတင်း တွေ။
      ဟိဟိ

  • Mike

    July 9, 2015 at 11:35 am

    .အမှန်တွေပဲ…တနေကုန်နေလို့ မီးတစ်ခါမှ မပျက်ရင်ကို ဟာတာတာနဲ့ :))
    .လက်တကမ်းမှာမီးခြစ်ရှိတယ်…LED မီးစလောင်းရှိတယ်…
    .တံခါးအပြင်သံပန်းကိုပါမမေ့မလေ ျာ့ပိတ်မှ..နို့မို့ဆို..
    .ခုနောက်ဆုံးပေါ်ရောဂါကတော့…ကားပိတ်တာပဲ
    .မနက်ပိုင်းဆိုစောစောသွားရတော့တော်သေး…ညနေရုံးဆင်းချ ိန်မှာတော့ .ဘယ်လမ်းကကွေ့ပတ်သွားရမလည်းအမြဲတွေးဆနေရတယ်…လမ်းတိုင်းတော့ပိတ်တာပဲ..အပိတ်ကြီးနဲ့ .အပိတ်သေးပဲကွာတယ်….မနက်ပိုင်းက နာရီဝက်နဲ့လာခဲ့တဲ့ခရီးကို ညနေဆို ၂နာရီလောက်…
    .ကားမပိတ်ပဲ လမ်းကြောရှင်းနေရင်..တိုင်းပြည်များပျက်ပလားထင်မိတယ် :))

    • ဇီဇီခင်ဇော်

      July 9, 2015 at 4:43 pm

      အဲဒီဟာတော့ ဒီမှာလည်း ပိတ်ပါတယ် မိုက်မိုက်ရယ်။
      ဒါပေမဲ့ ရှင်းပေးတဲ့ သူ ရှိတာနဲ့ မရှိတာ ကွာတယ်။
      စည်းကမ်း လိုက်နာတာနဲ့ မလိုက်နာတာနဲ့ ကွာတယ်။

      :a:

  • @QUIL@

    July 9, 2015 at 5:02 pm

    ဩကာသ ဘုရားရှိခိုးထဲက….
    ရန်သူမျိုး (၅ ) ပါးတို့
    ကပ် (၃) ပါးတို့ နဲ့

    ဆိုလို့
    ရွာတရွာမှာ ဘုန်းတော်ကြီး ၁၅ပါး ရှိသတဲ့။
    ရွာက ၁၁မီး ငြိမ်းအောင် ၁၁ပါး ဆွမ်းခံပင့်တော့
    ဝါစဉ်အရ အငယ်ဆုံး ကိုယ်တော် ၄ပါးကို ကျောင်းစောင့် ချန်ထားရပါသတဲ့။ အဲ့သည့်မှာ
    အပယ် ၄ပါး

    ဘုန်းကြီး ၁၁ပါးဟာ ရွာထဲ ဝင်လာကြတယ်ပေါ့။
    နေရောင်အောက်မှာ သင်္ကန်းက နီနီ ကတုံးက ပြောင်ပြောင်နဲ့
    ရွာခွေးငါးကောင် လောက်(ရန်သူမျိုး ၅ပါး) က မျက်စိနောက်သမို့ လိုက်ဆွဲလေတော့
    ဘုန်းတော်ကြီးတွေခမျာ ဖနောင့်နဲ့ တင်ပါး တသားတည်း ကျအောင် ပြေးရပါတော့သတဲ့…။

    ဉာဏ်ကောင်းတဲ့ ကိုယ်တော် ၃ပါးက သည်တိုင်းပြေးနေလို့တော့ မလွတ်ချေဘူး ဆိုပြီး
    သစ်ပင်ပေါ်တက်ပြီး ကပ်နေပါသတဲ့ … ဆိုတော့
    ကပ် ၃ပါး

    ကျန်ကိုယ်တော် ၈ပါးလည်း ယပ်တွေ သပိတ်တွေနဲ့ ပြေးရတာ ခရီးမတွင်သမို့ ယပ်တောင်တွေပစ်ပြီး
    ပြေးလိုက်ကြပါတော့တယ် တဲ့….
    ယပ်ပစ် ၈ပါး

    ငယ်တုန်းက တော့ အဲ့သည်လို ကြားဖူးပါတယ်ခီညား…

    • ဇီဇီခင်ဇော်

      July 9, 2015 at 5:18 pm

      ၂၀၀ရ တုန်း က ရပ် ပစ် ခံ ရတဲ့ အပါးတွေကတော့ မရေမတွက်နိုင်ပါဘူး။

      😥

  • ဟုတ်တယ် မမဂျီးရဲ့..
    စင်ကာပူလို မပြောနဲ့.. ရန်ကုန်နဲ့ နယ်တောင် မတူဘူးရယ်…
    နယ်မှာနေတုန်းက လျှပ်စစ်မီးကို ဂရုကို မစိုက်ခဲ့တာ.. လာချင်လာ မလာချင်နေ…
    ရန်ကုန်ရောက်တော့ ကိုယ်နေတဲ့နေရာက မီးပျက်ခဲတယ်… (အခုနောက်ပိုင်းပေါ့လေ..) ဒီမှာက ဘယ်အရာကိုမဆို လျှပ်စစ်မီးနဲ့သုံးလိုက်.. ခဏလေးရယ်…

    ဟိုရက်က နယ်ပြန်တော့ နယ်မှာ မီးပြတ်တယ်လေ… မနေတတ်ဘူး.. ဖုန်းအားက ကုန်ပြီ.. မီးက တစ်နေ့လုံးမလာ… စိတ်တိုလိုက်တာ ပြောမနေပါနဲ့.. ထမင်းဟင်းချက်မယ်ဆိုတော့လည်း ထင်းမီးဖိုနဲ့ မတည်ချင်…

    မမဂျီးပြောသလို အကျင့်ပျက်သွားတယ်ပဲ ပြောရမှာပေါ့လေ… ငယ်ငယ်က မီးသွေးမီးဖိုနဲ့ တည်ခဲ့တာ.. ဖယောင်းတိုင်မီးနဲ့ ဆယ်တန်းအထိ စာကျက်ခဲ့တာတွေက ကိုယ်မဟုတ်ခဲ့သလိုပဲ.. :k:

    • ဇီဇီခင်ဇော်

      July 10, 2015 at 3:44 pm

      လူပျင်းမဂျီး ဖြစ်နေပြီ။
      အခု…

      :a:

  • ​ဒေါ် လေး

    July 10, 2015 at 10:44 pm

    ဟမ်မလေး ဇီဇီရေ အကျင့်ပျက်ပုံ များ
    ရန်ကုန်မှာ အရွက်ဆို ချွေပြီးသား ကြက်ဟင်းခါးသီးလိုတောင် လှီးပြီးသာ
    ပြောင်းဖူး ချွေပြီးသာ အားလုံး အဆင်သင့်မို့ ကိုယ်လဲ ငပျင်းဖြစ်လို့
    မဖြစ်ချေဘူး ဘဝမမေ့ရအောင် ဖွတ်ကို မဲပေးမှဘာ

    • ဇီဇီခင်ဇော်

      July 11, 2015 at 7:35 am

      တော်တဲ့ အစိုးးရ ရရင်
      ကိုယ်တွေ ညံ့ သွားးမဆိုးးလို့ ဘာ ဒေါ်လေးးရေ နော့
      :mrgreenn:

  • Alinsett @ Maung Thura

    July 11, 2015 at 8:09 am

    သားရဲ့မမဂျီးက လမ်း မိနစ် ၂ဝ လောက်ကို မလျှောက်စဖူး လျှောက်တယ်ဆိုလို့.
    .သားတို့ နေတဲ့ ရပ်ကွက်ထဲက သားအပါအဝင် အတော်မျေားများ
    မနက်တိုင်း အလုပ်သွားချိန်တွေမှာ မိနစ် ၃ဝ နီးပါး (ကျနော့်ခြေလှမ်းခပ်ကျဲကျဲနဲ့ဆို မိနစ် ၂၅)
    .နေ့စဉ် လျှောက် သွားပြန်နေရတာလေး ပြောပြချင်လာတယ်
    အလုပ်သွားဖို့ အချိန်မှီ ရောက်ဖို့ ကားဂိတ်ကို လမ်းလျှောက်ထွက်ရချိန် မိနစ် ၃ဝ အတွက်
    အိပ်ရာက မိနစ် ၃ဝ စီ စော ထ ရပါတယ်။
    ည ပြန်ရင်လည်း ဘတ်စ်ကားကျပ်ကျပ်ကို ချွေးသံတလုံးလုံး လျှာ ထွက်မတတ် တိုးစီးပြီး
    မတ်တပ်ကြီး ခြေညောင်းခံ တိုးစီးခဲ့ကြရတဲ့အပြင် ကားဂိတ်ကနေ အိမ်တွေစီ ရောက်ဖို့
    ခပ်မြန်မြန် လျှောက်ရပြန်ပါတယ်။

    လမ်းက မိုးတွင်းဆို ဗွက်တွေ ရေတွေအပြည့်
    လမ်းမီး မရှိ။
    လူမည်းတွေ ရပ်ကွက်ကို ဖြတ်ပြီး ညဆယ်နာရီလောက်မှ အိုတီဆင်းပြီး
    ထိတ်တလန့်လန့် အပြေးအလွှား ပြန် လာရတဲ့ အထည်ချုပ်အလုပ်သမလေးတွေ အများကြီးးး

    အဲ့ဒီ အိမ်အပြန်လမ်းရဲ့ မလုံခြုံမှုကို ခံစားပြီး
    အမင်္ဂလာအက်ဆေး လို့ အမည်ရတဲ့ အက်ဆေးတစ်ပုဒ်တောင် ရေးဖူးပါရဲ့။
    လင့်ခ်တော့ ဘယ်လို ပြန်ရှာရမယ် မသိတော့. . .)

    အဲ့လောက် ကားဂိတ်နဲ့အိမ် ဝေးလို့ လမ်းလျှောက်ရခြင်းကို ဖြေရှင်းဖို့ နောက်တစ်နည်းက
    လမ်းမလျှောက်ပဲ ရပ်ကွက်ထဲ ပတ် ဆွဲတဲ့ ဆိုင်ကယ် ကယ်ရီ စီးဖို့က
    မနက် အသွားမှာ အိမ်ဘက်ကနေ ကားဂိတ်ကို ၃၀၀
    အပြန် ည ၉ နာရီကျော်ဆို ၅၀ဝ
    လစာနည်း ပညာ ရှင်မဟုတ်တဲ့ သာမန် အထည်ချုပ် ဝန်ထမ်းတွေ
    သာမန် အလုပ်သမားတွေက အဲ့ ကယ်ရီခကို မပေးနိုင်လို့ မှောင်မည်းထဲ ခပ်သုတ်သုတ် လျှောက်ပြန်ကြတာ များပါတယ်။

    တခါတခါကျတော့လည်း မမဂျီး အခု နေ နေတဲ့ နိုင်ငံတွေမှာလို
    ရထားကို အားကိုး အားထားလို့ ရချင်တယ်။
    ဝင်ငွေနဲ့ထွက်ငွေ မျှတစေချင်တယ်။
    တရားဥပဒေ လူထုအကြား စိုးမိုးစေချင်တယ်။
    မလုံခြုံ မပြည့်စုံတဲ့ လုနေမှုဘဝ ခပ်စုတ်စုတ်တွေထဲက ကျနော့်ရပ်ကွက်သူားတွေကို
    လွတ်စေချင်တယ်။
    မသေသင့်တဲ့ရောဂါ အသေးအဖွဲလေးတွေနဲ့ တယောက်ပြီးတယောက် သေသွားတဲ့
    ကျနော့်ရပ်ကွက်သူားတွေ ကလေးသူငယ်တွေ လူကြီးအိုမတွေကို မြင်တိုင်း
    ကျနော် ဘာမှ မတတ်နိုင်ပဲ ကြည့်နေရတဲ့ နာကျင်မှုက လွတ်ချင်တယ်။

    ဘယ်သူ သတ်လိုက်မှန်း မသိ သေနေတဲ့ အလောင်းတွေ မကြာခဏ ရပ်ကွက်ထဲ တွေ့မိတိုင်း
    လုံခြုံတဲ့ သက်ရှင်နေထိုင်မှု အဝန်းအဝိုင်းဆီမှာသာ ကျနော့် ရပ်ကွက်သူားတွေကို ရှိစေချင်တယ်။

    .ကောင်းရာကောင်းကျိုး လုပ်ဖို့ဆို လက်နှေးပြီး မသိချင်ယောင် ဆောင်နေတဲ့ လူမျိုးခြား ရပ်ကွက် အုပ်ချုပ်ရေးမှုးရဲ့ စိတ်ဓိတ်ကိုလည်း အံ့ဩတယ်။
    ဘက်လိုက်ပြီး လုပ်ချင်ရာ လုပ်ခွင့်
    လုပ်သင့်ရာ မလုပ်ဘဲနေခွင့် ရနေတဲ့ အာဏာ ရာထူးရှင်တို့ စိုးမိုးရာ နေရာမှာာာာာာ
    ကျနော် မနေချင်တော့ဘူးးးး
    ကျနော့် ရပ်ကွက်သူား
    ကျနော့် နိုင်ငံသူသားတွေကိုလည်း မနေစေချင်တော့ဘူးးးး
    ထွက်သွားလို့သာ ရ စတမ်းဆိုု . . . .
    ဒီနိုင်ငံ ဒီ အုပ်ချုပ်မှု
    ဒီ စနစ်
    ဒီအဖြစ်တွေ နဲ့ ဝေးရာာာာ
    တနေရာရာာာာဆီ ထွက်သွားလိုက်ချင်တယ် မမဂျီးရာာာာာ

    • ဇီဇီခင်ဇော်

      July 11, 2015 at 8:20 am

      မဲ ပေးးခွင့် ရ တုန်းး အရင် မဲ ပေးး ကြမယ် ဆက်ဆက်ရေ
      ပြည်သူတွေ က ဒီလို ဒုက္ခတွေ က အစိုးရ နဲ့ မဆိုင်ဘူးးထင်နေသရွေ့
      တာဝန် မယူတတ်တဲ့ စစ် အစိုးရ က သက်ဆိုးရှည်နေမှာပဲ

      • Alinsett @ Maung Thura

        July 11, 2015 at 8:58 am

        စိမ်းထားတဲ့အတွက် ဇူးဇူး မမဂျီး
        ခုန ကျနော် အဲ့ကွန်မန့်ရေးရင်း င်ိုတောင် ငိုချင်မိသွားတယ်
        တကယ်
        ဒါမျိုးတွေ ရေးစရာ မလိုတဲ့ နိုင်ငံ ဖြစ်စေချင်တာာာာာာ

        မဲပေးဖို့။

        ကျနော်တို့ရပ်ကွက်(ဒါပေမယ့် ကျနော်တို့လို ရပ်ကွက်အတော်များများမှာ ရှိတဲ့သာမန်ပြည်သူားင်္တွေ)
        မနက်ဖြန် ထမင်း ဘာနဲ့စားရမလဲပဲ စိတ်ဝင်စားနေကြတယ်။
        မနက်ဖြန် ထမင်း မငတ်ဖို့ လက်ရှိ လုပ်နေတဲ့ အလုပ်လေး ပြတ်မသွားဖို့သာ ဆုတောင်းဖို့ တတ်နိုင်နေကြတယ်။

        နိုင်ရေး ပြောရင်/လုပ်ရင် အဖမ်းခံရမယ် လို့ ယုံကြည်နေကြတဲ့ သာမန်လူတန်းစားရပ်ကြီးထဲ
        ကျနော့်အမေက. . .စ ပါနေတယ်။
        ကျနော် နိုင်ငံ့ရေးရာ သတင်းတွေရေးးးး
        ကျနော်ရေးတဲ့ နိုင်ငံ့ရေးရာ သတင်းတွေ ကြားပြီး အမေက ကျနော် အဖမ်းခံရမှာ စိတ်ပူနေတာာာာ
        ကျနော့်အမေလို အမေတွေ အများကြီးးးးး

        သူတို့သားတွေကို နိုင်ငံရေး မလုပ်ဖို့ အတန်တန် ဆုံးမနေတဲ့ အမေတွေအများကြီးးးး
        အမေတွေပြောတဲ့ နိုင်ငံရေးလုပ်လို့ အဖမ်းခံရတယ်ဆိုတဲ့ ဟောဒီတိုင်းပြည်မှာ
        နိုင်ငံရေး မပြော မရေး မဆိုရဲရှာတဲ့ လူငယ်တွေမှ အများကြီးးးးး

        မဲပေးဖ်ု့ိ စာရင်းင်္တွေဟာ တချို့ နေရာတွေမှာ 70% အထိ မှားနေသတဲ့
        ကျနော်တို့ ရပ်ကွက်လားးး
        မင်္ဂလာဒုံလေ. .
        မဲပေးဖ်ု့ိကိစ္စ
        ဘာမှကို မကြားရ
        ကျနော့် နားင်္တွေကို ဘယ်သူ ပိတ်ထားသလဲ
        နားပ်ိတ်ထားတာကို ဖယ်ဖို့ ကျနော့်လက်တွေကို ဘယ်သူတွေများ ချုပ်ထားသလဲ

  • Wow

    July 11, 2015 at 12:00 pm

    အဟင်း… အဟွတ်.. ကိုယ်နောက်ကျသွားဒယ် ချစ်.. ဓာတ်မီးရှာနေရလို့ဘာာာ :mrgreen:

    • ဇီဇီခင်ဇော်

      July 13, 2015 at 9:34 am

      မသိပါဘူးးး
      ရေတွေကြီးလို့ မှတ်နေတာ။

      :mrgreen:

  • ဦးကြောင်ကြီး

    July 13, 2015 at 12:53 pm

    အဲလောက်နုသွားရင် အဝှာမယူနဲ့ဟဲ့…

    • ဇီဇီခင်ဇော်

      July 13, 2015 at 1:09 pm

      ယူမှာဗျဲ။

Leave a Reply