. မြ ရဲ့ သင်ပုန်း ဝ၇-၀၇-၂၀၁၅

. မြ သည် တစ်ခါတစ်ရံ ရှေးစွန်းစွဲ အယူသည်း သူ ဖြစ်သည်။
အကြောင်း တစ်ခု သည် အတိတ် က အထုံ ပါလာပါက ဘယ်တော့မှ ရှောင်မလွတ် ဆိုသည်ကို  ယုံသည်။

မယုံလျှင် ကိုယ်တွေ့ပြောပြမည်။
. မြသည် တစ်ချိန်က ရွှေပြည်ကြီး တွင် အလုပ်လုပ်စဉ် အချက်အလက်ထိန်းသိမ်းမှု အတွက် နေရာ အငြင်းပွါး မှုများ ကို အမြဲ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
အင်ပွတ် (အသွင်း)၊ ပရော့စက် (အလုပ်ဖြစ်စဉ်)၊ အောက်ပွတ် (အထုတ်) စကားလုံးများ သည် လူခန္တာစနစ်  နှင့် ကွန်ပျူတာခန္တာစနစ် တွင် မတူကွဲပြားကြောင်း မြ သိခဲ့လေပြီ။
လူ မှာ စားသုံး ဘယ်လောက်များစေ အလို အလျောက် အထွက်ရှိသည်။
စားပိုးနင့်အောင် သွင်းဦး။ အောက်မှ မထွက်တောင် အပေါ်မှ  အော်တို ပြန်ထွက်သည်။
ကွန်ပျူတာစနစ် မှာ မူကား ဤသို့ မဟုတ် အသွင်းသာရှိသည်။ အထုတ်မှာ လူကဲ့သို့ သွင်းထားသည် ကို ပုံစံတစ်မျိုးပြောင်းပြီး ထုတ်လိုက်သည့် အထုတ် မဟုတ်တော့။
ဒီတော့ နှမြောတတ် လျှင်၊ အိမ်ထောင်မှု မထိန်းတတ်လျှင် အသွင်းချည်း သာ ရှိပြီး နေစရာ နေရာပျောက်ပျောက် လာပေမည်။
အရင်အလုပ် တွင် ကွန်ပျူတာကြီး ထဲ တွင် မလို သည်များ ကို ရှင်းရန် အမြဲသတိပေးရသည်။
သို့ရာတွင် မည်သူမျှ ကိုယ့်ရှိတာလေးတွေ ကို အမှိုက်လို့ မသတ်မှတ်ချင်ကြ။
အားလုံး သည် သူတို့ဟာသူတို့ အတွက်တော့ အင်မတန် အရေးကြီး သည်။
ကိုယ်လဲ ဝင် မရှင်းရဲ။ တစ်ခုခု ပျောက်လျှင် ကိုယ့်ခေါင်းပေါ်ကျမည်။
အချိန်ကြာသည်နှင့် အမျှ ဘယ်တော့မှ နည်းသွားသည်မရှိသော သဘောသဘာဝကိုသာ လက်ခံလိုက်ရင်း ပိုပိုကြီး သော နေရာ ကို သာ ဖန်တီးဖို့ လုပ်ရတော့သည်။

. နောက် အပြင်ရောက်သည်။
ဒီလို အသွင်းရှိပြီး အထုတ်မရှိသော အရာ နှင့် အလုပ်လုပ်ခြင်းမှ ဝေးပြီ မှတ်လိုက်သည်။
တကယ်တော့ ပို တောင် ဆိုးသွားသည်။
အရင် ကမှ သွယ်ဝိုက်ခေါင်းစားရုံဖြစ်သည်။
အဲဒီမှာတော့ တိုက်ရိုက်ခေါင်းခံ ရသော အလုပ် ဖြစ်သည်။
မချိမဆန့် ဗိုက်ပြဲအောင် စားထားပြီး မလှုပ်နိုင်ဘဲ ရပ်ရပ်သွား လို့ ညဖက်တောင် ပြေးပြီး ချော့ရသည်။
စား အား သွင်းအား နှင့် မျှအောင် ပိုသာသော နေရာ အတွက် ရအောင် ဘတ်ဂျက် ချဖို့ မျက်နှာချို သွေးရသည်။

အဲဒီက နေ တစ်ခြား Field ကို ပြောင်းလိုက်ချိန် စိတ်သည် အင်မတန် ပေါ့ပါး သွားသည် ကို ခံစားရသည်။
ဒါမျိုး စိတ်ပူရခြင်း ကို ပြန် ရစရာမလိုတော့ ဟု အားပါးတရ ပြုံးခဲ့သည်။

သို့သော် ဤတွင် တစ်ခန်းရပ်ပြီ ထင်ကြပါသလား။

ယခု ရွာတွင် ဤသို့ ဖြစ်လေပြီ ဟု သူကြီးမင်း မောင်းထု နေလေပြီ။
မပိုင် ဝက်မွေး ကိုယ့်ပွိုင့် တွေ ကို ကိုယ်မရမှန်း သိသော်လည်း ဤနေရာကြီး ပျက် လေသော် ငါ့ရဲ့ မူးစု မတ်စု ရှစ်သောင်းငါးထောင်ကျော်သော ပွိုင့် များ ပျောက်တော့မည် ဟု တွေး ပူ နေရပြန်ပြီ။

. မြသိလိုက်ပြီ။
အထုံဝဋ်ကြွေး ကား ပြေးမလွတ်ပေ။ :-)))))

 

DSCF1316
ဟိုတစ်ခါ ကိုမျိုး နဲ့ မောင်အောင် မေးထား တဲ့ ငံပြာရည်ကြော် ပေါ်မှာ တင်ထား တဲ့ အရွက် လေး ရဲ့ အပင်။ ပူစီနံ ပင် လိုဘဲ။ ဒီမှာတော့ ဘဲ ခေါ်တယ်။ အရသာ က နဲနဲ ပိုပြင်းတယ်။

 

DSCF1314
ဒါက ဂျုံပင်။ ရှဉ့်လေး ကို အစာ ကျွေးတော့ အဲဒီ ပန်းအိုးထဲ ဒင်းတို့ က ဂျုံ စေ့လေး တွေ ကို ဝှက်ထားတာ အပင်ပေါက်လာရော။ အဲဒီ အနှံလေး တွေ ကိုလဲ သူတို့ ကိုက်ဖြတ် စားနေကြတယ်။

 

DSCF1315
ဒါက လာဗင်ဒါခရေးဇီး မွန်မွန် the လုံမ အတွက်။ :-)) ဆောင်းတုန်းက အပင်လေး သေသလိုဖြစ်ပြီး အခုပြန်ရှင်လာတာ။

6 comments

  • kai

    July 8, 2015 at 3:12 am

    အကြွေးငါးပါးဆိုလား မှတ်မိတယ်..
    ဥစ္စာကြွေး၊ ဝဋ်ကြွေး၊ နှုတ်ကြွေး၊ အကုသိုလ်ကြွေး၊ ရန်ကြွေး စသဖြင့်…
    ဆပ်ကြ…. ပြန်ယူကြပေါ့….။ :k:

    • မြစပဲရိုး

      July 8, 2015 at 3:30 am

      ရှင်နဲ့ ငြင်းနိုင်သေးဘူး။ နောက် အကြွေး တစ်ခု ရေးဆပ် ရဦးမယ်။ lol;-))

  • ဇီဇီခင်ဇော်

    July 8, 2015 at 7:23 am

    မြ
    သူ့ အကြွေး ရှိ က ဆပ်ရလိမ့် မယ်။

    .
    .
    .
    .
    ခိခိ
    :mrgreenn:

  • တောင်ပေါ်သား

    July 8, 2015 at 8:11 am

    အဲလိုကြီးလားအရီး

    အဲ့သဂျီး အနော့်ဆီကြွေးရှိ မရှိ မေးဦးမှပါ ၊ 🙂

    ဒါနဲ့ ဟိုအပင်လေးမြင်ရလို့ ကျေးဇူး

  • လာဗန်ဒါ မြင်ရတာ စိတ်ချမ်းသာလိုက်တာ… ဒီမှာစိုက်လို့မရဘူးထင်တယ်နော်.. 🙁

    ပွိုင့်ဆိုလို့.. ဟိုတစ်ယောက်ကို တွန်းအူးမှပါ…. အာ့မှ သများလည်း မုန့်ဖိုးလေးဘာလေး ရမှာ.. ဟိ..

  • မြစပဲရိုး

    July 9, 2015 at 4:05 am

    အားလုံး ကျေးဇူးပါ။ :-))

Leave a Reply