နားဦးတည့်ရာ သုံးဆယ့်နှစ် – ဟဲလေး (သူဌေးကြိုက်)

တစ်ခါတုန်းက နားဦးတည့်ရာ တစ်ပုဒ် မှာ ” ဒေါ်လေး”  ကနေ
{ ခုတလော အသစ်တန်းက ဝန ကို နားထောင်ဖြစ်နေတယ် } ဆိုတဲ့ မှတ်ချက်လေး ဖတ်ပြီး
အခု ခေတ် အဆိုတော် လေး တွေ ကို မသိတော့ တာ သတိပြုမိတယ်။
အမျိုးသမီး ထဲ က နီနီတို့ ဖြူဖြူ တို့ ကိုတော့ သိတယ်။
အမျိုးသားထဲ လဲ စိုင်းစိုင်းတော့ သိသေးတယ်။
ကျန်တာတွေ တော့ မှတ်မှတ်ရရ မသိဘူး။

တကယ်တော့ သီချင်းကြိုက် တာမို့ကိုယ် ရွှေ ပြည်ထဲ က ထွက်လာချိန်တောင် တစ်ချို့ နောက်ပေါက် ကလေး တွေ ရဲ့ သီချင်း တွေ ကို ကြိုက်ပါသေးတယ်။
အားလုံးတော့ မဟုတ်။ ပေါက်တဲ့ သီချင်း တွေလောက်ဘဲ ဖြစ်မယ် ထင်တယ်။
အခု “ဟဲလေး” ရဲ့ သီချင်းကလဲ ၂၀၀၆/ ၂၀၀ရ လောက်မှာ သိခဲ့တာ။
. ပြည်တွင်းမှာတော့ ဘယ်လို ရှိမယ်မသိ။
ကိုယ့် အသိုင်းအဝိုင်း ရဲ့   ထဲ မှာ အတော် မျှ တာမို့ သတိထားမိတာ။
နားထဲလဲ စွဲသွားခဲ့ တဲ့ သီချင်း မို့လဲ အခုထိ မှတ်မိ နေပါတယ်။

သို့ပေမဲ့ သူ့သီချင်း ခေါင်းစဉ် “သူဌေးကြိုက်” ဆိုတာ ကို ဘယ်လို စိတ်ကူး နဲ့ မြင်ကြည့်ရမယ် မသိ။
သူဌေး ဆိုတာ ကို ရော ဘယ်လို အဓိပ္ပါယ်ဖွင့်ရမယ် မသိ။
ရုပ်ရှင် တွေထဲ ကလို ဗိုက်ပူပူ အဆီပြန် မျက်နှာကြီး လား။
သူတို့ အကြိုက် က ရော လုံးကြီး ပေါက်လှ ရေဆေးငါးကြီး တွေ လိုမျိုး လား။
ဒါဆိုရင်တော့လဲ  …..
သူဌေးကြိုက် မဖြစ်လဲ နေပါတော့။
ကွကိုယ်ဘဲ ဆားနဲ့ စားပါတော့မယ်။ lol:-))))

ပုံ
သူဌေးမကြိုက် ရုပ်
. မြ

(မောထှာ – သန်းခေါင် မကျော်ခင် နောက် တစ်ပုဒ် တက်အောင်)

ဟဲလေး (သူဌေးကြိုက်)

အကြင်နာ အငွေ့အသက်များ အတွက်
.နှလုံးသား ရင်းလိုက်မိတယ်
မင်းနဲ့ကျမှ ဘာကြောင့်ချစ်တတ်နေ
ဆုံရင်ဂရုမစိုက်တဲ့ဟန်
မျက်စောင်းလှလှလေး တစ်ချက်ဟာ
သေရာပါမဲ့အချစ် ဖြစ်သွားလားကွယ်
အသည်းနင့်မှာသိလည်း
.ဝေဒနာလို့ မထင်ခဲ့
.မျှော်လင့်ခြင်း တွေ နဲ့
အိမ်မက်တွေ မက်တုန်းဘဲ  ဟိုး
တစ်ခြား တစ်ယောက်ယောက် ရဲ့ အနားမှာ
မင်းရှိခဲ့လဲကွာ
အချိန်ပြည့်ဘဲ ရင်မှာ နင်ဟာနင်ပါ
သူဌေးကြိုက် မင်းရုပ်လေးဟာ
ငါ့ဘဝ နဲ့ မထိုက်တန်
ဒါပေမဲ့ရင်မှာ
မင်းတစ်ယောက် ထဲ ဘဲ ချစ်သွား။

အခါခါ အတွေးထဲငြင်းစဉ်
သတိရမိတော့လွမ်းနေ
မင်းအကြောင်းဘဲခေါင်းထဲ ရှိခဲ့ တယ်။
တီတာစကားလေး တစ်ခွန်းကြောင့်
အရှက်ပျောက်ရတဲ့ ငါ့မှာ
မင်းစကားဘဲ နားစွင့်လွမ်းလိုက်ဦး။
အသည်းနင့်မှာသိလည်း
ငါ့ဘဝ က မင်း အတွက်ဘဲ။
.မျှော်လင့်ခြင်း တွေ နဲ့
အိမ်မက်တွေ မက်တုန်းဘဲ  ဟိုး
တစ်ခြား တစ်ယောက်ယောက် ရဲ့ အနားမှာ
မင်းရှိခဲ့လဲကွာ
အချိန်ပြည့်ဘဲ ရင်မှာ နင်ဟာနင်ပါ
သူဌေးကြိုက် မင်းရုပ်လေးဟာ
ငါ့ဘဝ နဲ့ မထိုက်တန်
ဒါပေမဲ့ရင်မှာ
မင်းတစ်ယောက် ထဲ ဘဲ ချစ်သွား။

13 comments

  • မြစပဲရိုး

    July 7, 2015 at 11:38 pm

    တစ်ခြား တစ်ယောက်ယောက် ရဲ့ အနားမှာ
    မင်းရှိခဲ့လဲကွာ
    အချိန်ပြည့်ဘဲ ရင်မှာ နင်ဟာနင်ပါ
    သူဌေးကြိုက် မင်းရုပ်လေးဟာ
    ငါ့ဘဝ နဲ့ မထိုက်တန်
    ဒါပေမဲ့ရင်မှာ
    မင်းတစ်ယောက် ထဲ ဘဲ ချစ်သွား။

    https://www.youtube.com/watch?v=sjGrL8BQPEY

  • kai

    July 8, 2015 at 3:16 am

    ဝလို့..လှလို့.. လို့.. မြန်မာတွေပြောပြောနေတဲ့.. ဝဝရုပ်ကိုတော့.. သူဌေးမကြိုက်တာသေချာတယ်…
    သူဌေးမ လို့ပြောတာနော.. :k:
    သူဌေးထီးတွေကတော့ .. မကြိုက်…။

    • မြစပဲရိုး

      July 8, 2015 at 4:28 am

      lol:-))))) ဟာသဘဲ။
      ရှာရှာဖွေဖွေ ရေးတတ် ဆိုတတ် သရုပ်ဆောင်တတ် ကြတယ်။
      အာ့မျိုးက မြန်မာပြည် မှာဘဲ ဆိုလို့ ရတော့မယ်။
      ဒီမှာ တော့ ဘယ်သမီး ကမှ အမေ့စကား နားထောင်ပြီး အမေ ရှာပေးတဲ့ လင် ယူမှာ မဟုတ်။ 😉 :-))

  • ဇီဇီခင်ဇော်

    July 8, 2015 at 7:19 am

    ဟဲလေး ကို ချစ်။
    သူ့အသံကို ကြိုက်။
    သူ့ သီချင်းတွေကို နားထောင်ဖြစ်။
    နားထောင်ရတာ ဘာဆိုမှန်းသိတယ်လေ။
    ဟီးးး
    စာသားလေးတွေက တည့်တည့်ပဲ။

    ရုပ်ရည် ကို ကြိုက်တဲ့ သထေးလည်း အထင်မကြီးပေါင်။
    အရည်အချင်းကို ကြိုက်တတ်တဲ့ သထေးမျိုးမှ!!!

    အဟိ။
    သများက ရုပ် မှ မရှိ။
    :mrgreenn:

  • တောင်ပေါ်သား

    July 8, 2015 at 8:23 am

    အရီးရေ

    ရ ရက်ည နဲ့ ၈ ရက်မနက် ပေါင်း ပို့စ် ၄ ပုဒ်

    ရေးလည်းရေးနိူင်ပ ၊ အဲ့ သဂျီးကို နိူင်အောင်ချ အရီး

    အရီးဘက်မှာ ကျနော်ရှိတယ် ၊ ဟီး ဟီး 🙂

  • Ma Ma

    July 8, 2015 at 5:25 pm

    ခုရက်ထဲ ဆူးမမက အပျိုကြီးလူပျိုကြီးတွေကို ဂုဏ်တင်တဲ့ပိုစ့် ဖဘမှာတင်တာတွေ့ပြီးးးးး
    ရုပ်ရှင်ထဲမှာ မင်းသမီးက မင်းသားကို ကားနဲ့ဝင်တိုက်ရာက ချိတ်မိသွားတာကို ကြည့်ပြီးးးး

    စက်ဘီးစီးလည်း ချော်မလဲတတ်၊
    ကားမောင်းလည်း ဝင်မတိုက်တတ်၊
    မူးပြီးတော့လည်း မေ့လဲမကျတတ်လို့ ……………
    အပျိုကြီး ဖြစ်တာလို့ ကိုယ့်ကိုကိုယ်တွေးမိသွားတယ် :k:

    • မြစပဲရိုး

      July 9, 2015 at 4:08 am

      မင်းသမီးက မင်းသားကို ကားနဲ့ဝင်တိုက်တာလား။ မင်းသားက တမင် အတိုက်ခံတာလား။
      lol:-))))

  • မြစပဲရိုး

    July 9, 2015 at 4:06 am

    ယနေကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ :-))

  • ကိုယ်ဟာ သူဌေးကြိုက်မဟုတ်သလို…
    သူဌေးဟာလည်း ကိုယ့်အကြိုက်မဟုတ်ပါဘူး..
    အလဲ့.. :mrgreen:

    ဆိုက်ကိုကြီးကြီး တစ်ခုရှိတယ်..
    ပိုက်ဆံချမ်းသာပြီးသား ယောက်ျားတစ်ယောက်ဟာ ကိုယ့်ကိုအချိန်မရွေးပစ်သွားနိုင်တယ် ဆိုတဲ့ အတွေးကြီးနဲ့ ဘယ်သူ့ကိုမှ မယုံဘူး…

    သူဌေးတွေက အီစီကလီလေးတွေ၊ ညုတုတုလေးတွေ သိပ်ကြိုက်တာ.. အထာပေးတတ်တဲ့ မိန်းကလေးမျိုးတွေပေါ့လေ….

    နောက်ဆုံးတဲ့ လုံမလေးဟာ.. ကိုယ့်ကိုအရမ်းချစ်ပြီး သည်းခံတဲ့ ကိုကိုအံကိုပဲ ချစ်မိသွားသတဲ့ကွယ်… ဟိဟိ.. :k:

    • မြစပဲရိုး

      July 10, 2015 at 9:42 pm

      လုံမ – လူရွေး မှန်မယ် လို့ အရီး ယုံပါတယ်။
      တကယ်တော့ ဘဝ အတိုလေးမှာ ဗိုက်မဆာ အောင် ငွေကြေး ကလဲ အရေးကြီးပေမဲ့ ချစ်ခြင်း မေတ္တာ မပါတဲ့ ဆီဦးထောပတ်ထမင်း က ချစ်ခြင်း မေတ္တာ ပါတဲ့ ထမင်းခြမ်း လောက် အရသာရှိမှာမဟုတ် လေ။

      ဟဲ့ ဟို အကောင် ကြားလား။ ကျုပ် စကားကို မမှန်အောင် လုပ်ရင် အသေဘဲ မှတ်။ :-)))

  • Alinsett @ Maung Thura

    July 13, 2015 at 3:02 am

    ဟဲလေးရဲ့ အသံနဲ့ဆိုဟန်လေးက မဆိုးဘူး

    သူနဲ့ ဖြူဖြူ တွဲဆိုထားတဲ့ မသိလမ်း ဆိုတဲ့သီချင်းကို အတော် သဘောကျ

Leave a Reply