အချိုးချခြင်း

notsyntheticsMarch 23, 20101min760

ဒီနေ့ lab လုပ်တယ်…။ အလုပ်ရဲ့ ရလဒ် concentration အောက်ကိုထိုးဆိုက်နေဘီ ထိုးဆိုက်လေကောင်းလေဘဲ ဒါမှမြန်မြန်ပြီး မြန်မြန်ပြန်ပေါ့….အလုပ် conc: နဲ့ ကျွန်တော် ပြောင်းပြန်အချိုးကြတာပေါ့ ။ conc: နဲ့ ပြောင်းပြန်အချိုးကြပေမယ့် ချစ်သူနဲ့တော့ တိုက်ရိုက်အချိုးကြပါတယ်။ concentration အောက်ကိုထိုးဆိုက်တော့ ချစ်သူနဲ့မြန်မြန်တွေ့ရတာပေါ့…။
ဟုတ်တယ်လေ ကျွန်တော့ အလုပ်က tritium ရဲ့ conc: ကိုစောင့်ကြည့်ရတာလေ ဒီကောင့်ကို radioactive elementတွေကို အလင်းရိုက်ပြီးတိုင်းတဲ့ကောင်နဲ့ တိုင်းကြည့်လို့မှ တစ်စက္ကန့်ကို ၁.၃ – ၅ ကြား impulse/second ထွက်တယ်ဆိုရင် တော်တော်ဟုတ်နေဘီလေ (impulse ဆိုတာကတော့ အလင်းတွေ active ဖြစ်ပြီး ဖြာထွက်မှုကိုတိုင်းတဲ့ unit ဘဲလေ။။

ကိုထွက်နေရင် ဆက်ပြီးတော့ တွက် theory အရတွက်ကြည့်လိုက်မယ်ဆို ရင် ဒီ sample အရည် ထဲမှာ tritium ဘယ်လောက်ကျန်ရှိနေသေးတယ် ဆိုတာကိုခန့်မှန်းနိုင်ပြီပေါ့ …။ အဲ့ဒီလိုအဖြေသိလာတော့ မြန်မြန်ပြန်လာရတာပေါ့ ..။ အဲ့ဒါကိုပြောတာပါ

tritium ဆိုတာ Hydrogen ရဲ့ isotope အမှတ်စဉ် ၃ ခုမြောက်ပါ..။
Hydrogen မှာ isotope သုံးမျိုး ရှိပါတယ် Protium (H) tritium (T) Deuterium – D (heavy hydrogen) ရယ်ဆိုပြီးတော့ပါ..။ (T) နဲ့ (D) ကိုတော့ နရူကလီးယားဓာတ်ပေါင်းဖိုတွေမှာ တွင်၂ကျယ်၂အသုံးပြုပြီးတော့

ဒီ ၂ ခုဟာ ရေဒီယိုဓာတ်သတ္တိကြွပါတယ်…။ (T) ရဲ့ ရေဒီယိုဓာတ်သတ္တိကြွ မှု့ သက်တမ်းဝက်ကတော့ 12.35 နှစ်ဖြစ်ပါတယ်။  အလင်းတန်းအမှုန် ဘီတာ ထွက်ပြီး  miximum  energy ၁၈.၆ ကီလို အီလက်ထရွန် ဘို့သ်  ရှိပါတယ် …။ ပုံမှန်ကတော့ ၅.၇၁ ဖြစ်ပါတယ်..။ အလျှင်ကတော့ လေထုထဲမှာတော့ ၄.၆ မီလီမီတာ ဖြစ်ပြီး လူ့ကိုယ်ထဲမှာတော့ ၆ မိုက်ခရို ကီလိုမီတာဖြစ်ပါတယ်။လူအရေပြားကိုဖောက်ထွင်းမှုကတော့   ရေနဲ့ဆိုရင် 1±0.3.104 Bq/(cm2.min)  ဖြစ်ပါတယ်.။ ဓာတ်ငွေ့အနေနဲ့ဆိုရင်တော့ 2.7±0.6 Bq/(cm2.min) ပါ.။ ဒီ

ကောင် ဓာတ်ငွေ့အနေနဲ့ သိပ်အန္ဒရာယ်မရှိနိုင်ပေမယ့် ရေနဲ့ရောနှောနေမယ်ဆိုရင်တော့ နဲ၂တော့အန္ဒရာယ်ရှိနိုင်ပါတယ်။
ဒီကောင်က လူ့ခန္ဓာကိုယ်ထဲက Deoxyribonucleic acid (DNA) ဆိုတဲ့ မော်လီကျူ မှာဓာတ်ပြုလွယ်ပါတယ်..။ (DNA)ကတော့ လူ့ ခန္ဓာကိုယ်ထဲက ကလပ်စည်းတွေ မှာ သေးငယ်တဲ့ မော်လီကူလာပုံစောင်ခဲအနေနဲ့တည်ရှိနေပါတယ်။(DNA) အကြာင်းကိုအသေးစိတ်သိချင်ရင်တော့ ကျွန်တော်ကတော့ဒီမှာလေ့လာပါတယ် http://en.wikipedia.org/wiki/DNA

(DNA) ဟာသိပ္ပံဆိုင်ရာမှာ ၂ဝ ရာစုရဲ့ ဘာသာရပ်အသစ်ပါဘဲ ..။ ဒီကောင်ကို ဓာတုဗေဒ ရှု့ဒေါင့်ကပြောမယ်ဆိုရင် အလွန်တရာမှရှည်လျှားတဲ့ polymers ကွင်းဆက်တွေဘဲဆိုတာ အကြမ်းအားဖြင့်တော့သိထားပါတယ်..။

ထားပါတော့ရှည်ကုန်ပြီ ပြောချင်တာကတော့ chem: မှာ conc: ကျရင်မကောင်းဘူး..။ ကျွန်တော်ကတော့ အလုပ်မှာ ရလဒ် conc: ကျရင် ကောင်းတယ် ..။ ဒါမှမြန်မြန်ပြန် ချစ်သူနဲ့ မြန်မြန် ဟဲဟဲ……………………….။

အားလုံးပျော်ရွှင်ပါစေ..။