. မြ ရဲ့ သင်ပုန်း ဝ၉-၀၇-၂၀၁၅

ကမ္ဘာ့ဖလား ဘော်လုံးပွဲ ကြီး ပြီးလေပြီ။
မိန်းမပွဲ ဖြစ်၍ တစ်ကမ္ဘာလုံး ချိမ့်ချိမ့်သဲသဲ စိတ်မဝင်စားကြ။
ရွာက ဘောသတင်းဂျာနယ်ဆရာကြီး မှလဲ ဘာသတင်းမျှ အရေးတယူမထုတ်ပြန်ချေ။
သူများတွေ ကို သာ လိုက်ပြောနေသည်။
. မြ ကိုယ်တိုင် လဲ မိန်းမများ ကန်သည့်ပွဲ ကို သတင်းဖတ်တာကလွဲ၍ ထူးထူးခြားခြား စိတ်မဝင်စားမိ။

သူကြီးမင်း တို့ ယူအက်စ်အေ အသင်း က လက်ရှိချန်ပီယံ ဂျပန် ကို နိုင်ပြီး ဗိုလ်စွဲသည်။
ထို ဂျပန် ကို. ခြင်္သေ့မများ လို့ တင်စားထားကြသည့် အင်္ဂလန်အမျိုးသမီး အသင်း က ဆီမီး မှာ ရှုံးသွားတာ ဖြစ်သည်။
အချိန်ပို မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိလို့ ဖြစ်သည်။
အင်္ဂလန်အမျိုးသားအသင်း အမြဲရှုံး တတ်သော ဂျာမဏီ ကို နိုင်ပြီး တတိယ ရသည်။
သူတို့ ပြန်လာချိန် ဟီးရိုး လို့တော့ သတင်းထဲ ပါသည်။
လူအများ သိပ်ပြီး တော့ တက်တက်ကြွကြွ စိတ်ဝင်စားဟန်မရှိ။

သို့သော် England FA  မှ Twitter မှာ တွိ လုပ်လိုက် သော စာကြောင့် နဲနဲ လှုပ် သွားခဲ့သည်။
တွိ လုပ်ထားသည်ဟာ “Our lionnesses go back to being mothers, partners and daughters today, but they have taken on another title – heroes.” ဟူ၏။
သဘောကတော့ မိန်းမများ ကို နှိမ်သလို discrimination လုပ်သည်ဟု ထင်ကြ၍ ဖြစ်သည်။
အမျိုးသားများ ပြန်လာတုန်းက “Our lions go back to being fathers, partners and sons today” လို့ ရေးရမည်ဟု အရင်က စိတ်ကူး မရှိခဲ့၍လည်း ဖြစ်နိုင်သည်။
သူတို့ ကသာ furious sexism လို့ ပြောနေသည်။

. မြ အနေနှင့် ဒါကို discriminate လုပ်သည် ဟူ မမြင်မိ။
မိသားစု တစ်ခု အတွက် အားကိုးတကြီး အရေးပါ သူများ ပြန်လာပြီ ဟု ဝမ်းသာအားရ ကျူးရင့် ကြသည်ဟူ ထင်သည်။
စဉ်းစားကြည့်ပါ။
မိန်းမ နဲ့ ယောကျာင်္း အလုပ်လုပ်တာခြင်း တူဦး။
အိမ် ရဲ့ တာဝန် အများစု၊ သားသမီး အရေး အများစု ကို မိန်းမ များ က သာ စီမံခန့်ခွဲရတာ များသည်။
အဖေ ပျောက် နေရင် သိပ်မသိသာ၊ အမေ ပျောက်ပြီ ဆို အိမ်မှာ လစ်ဟင်း မှုတွေ တစ်ပုံကြီး ထွက်လာသည်။
သမီး မိန်းကလေးများ သည် အမေ အဖေ ကို  ပို၍ တီတီတာတာ နဲ့ အရေးတယူ ဂရုစိုက်တာ များသည်။
သားများ အဝေး ရောက် တာ မသိသာပေ။
သမီး များ အဝေးရောက်ချိန် အိမ်မှာ တိတ်သွားတာ သိသာသည်။
ဤ သည် ကို တွိ လုပ်သောဆရာသမား ကောင်းကောင်းကြီး ခံစားနိုင် ပုံရလေသည်။

ထိုသို့ တွိ လုပ်လိုက်သူ က တော့ ပြန်တောင်းပန်ထားရှာသည်။

. မြကတော့ ဘာမဆိုင် ညာမဆိုင် လျှောက်တွေးမိသည်။
Mr ယူနီဗာ့စ်  ဆိုပြီး ပြိုင်ခိုင်းလိုက်ပါက Miss ယူနီဗာ့စ် ကို အားပေးသလို အားပေးကြမည်မထင်။
ကျား/မ နေရာရ မှု/ မရမှု တွေ ဆိုတာ နေရာတိုင်း လိုက်တူ နေနိုင်မည် မဟုတ်တာ သိကြသင့်သည်။

. မြန်မာပြည် ကိုလဲ အိမ်တစ်အိမ် လို ဘဲ သဘောထား ကြည့်ရင် အမေ့ ကို ဘဲ အိမ် ရဲ့ စီမံမှု ကို ယုံကြည် အားကိုးသည်။
ဒီ နေရာ မှာတော့ မိန်းမ တစ်ယောက် သည် အမျိုးသားများထက် ပိုပြီး စွမ်းရည် ရှိသည်၊
မတူသည် ကို လိုက် မတုကြ ပါနဲ့ လို့ ဘဲ ပြောချင်တော့ သည်။
သို့သော်လည်း
အဖြေ ကို သိနေပြီး ဖြစ်နေသည်။

 

DSCF1347
. နေမဝင် ခင် ထွက်တဲ့ လ အဲဒါ ည ၁ဝ နီးပါး ရှိပြီ။ အလင်းရောင် ရှိနေတုန်းဘဲ။

13 comments

  • ဇီဇီခင်ဇော်

    July 9, 2015 at 7:45 am

    အဖြေကို သိနေပြီး ဖြစ်သော်လည်း
    ပိတ်လို့ရတာ အကုန်ပိတ်၍ ငြင်းနေဆဲပင်ဖြစ်၏

    :mrgreenn:

  • တောင်ပေါ်သား

    July 9, 2015 at 10:43 am

    ( အချိန်ပို မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိလို့ ဖြစ်သည်။ )
    အချိန်ပိုဟုတ်ဘူး အရီး ၊
    နာကျင်အချိန်ပို injury time ၂ မိနစ်မှာ ၊ Bassett သွင်းမိတာ ၊

    လိုအပ်ချက် အနည်းအပါးရှိနိူင်ပေမယ့် အဖေတစ်ယောက်ဟာလည်း ( မိ + ဘ ) တာဝန်ကို တစ်ယောက်တည်း ထမ်းနိူင်ပါတယ်အရီး ၊
    ကျနော့်အိမ်ကိုပြောတာပါ ၊

    အရီး ပွိုင့်တစ်သိန်း အမြန်ပြည့်ပါစေ 🙂

    • တောင်ပေါ်သား

      July 9, 2015 at 11:44 am

      Prince William invites England women to Kensington Palace

      The Duke of Cambridge will host a reception for the England women’s team following their return from the World Cup in Canada.

      England lost the semi-final to Japan but beat Germany to claim third place.

      Prince William will host them at Kensington Palace on 9 July.
      http://www.bbc.com/sport/0/football/33447635

    • မြစပဲရိုး

      July 10, 2015 at 1:24 am

      အန်တီ က ကီးပါစင် ဝုတ်ဘူးလား ကိုမျိုး ရဲ့။
      အမေမရှိတဲ့ မိသားစု မှာလဲ သားသီမီး တွေ ကို အဖေကဘဲ အမေ လိုလဲ ပြုစုပျိုးထောင်ပေးရရှာ တယ်လို့ ပြောလေ့ရှိတယ်မဟုတ်လား ကိုမျိုးရယ်။
      ဒါကြောင့် ကိုမျိုး က ကျွန်မ ဦးညွှတ်တဲ့ လူ တွေထဲပါပါတယ်။ :-))

  • Mike

    July 9, 2015 at 11:03 am

    .ဘာပြောလို့ပြောရမှန်းမသိလို့ ဘာမှပြောမသွားတော့ကြောင်းလေးပဲပြောခဲ့ပါတယ် :))

  • (Mr ယူနီဗာ့စ် ဆိုပြီး ပြိုင်ခိုင်းလိုက်ပါက Miss ယူနီဗာ့စ် ကို အားပေးသလို အားပေးကြမည်မထင်)

    Miss မှာက အနုပညာမြောက်အောင် ဖြစ်ဖြစ ်ဘာဖြစ်ဖြစ် ကြည့်စရာ စိတ်ဝင်စားစရာ
    အလ၊ှအပ ပစ္စည်းပါသည်

    Mr မှာက အဲလို စိတ်ဝင်စားစရာ ပါဘူးလေ

    • HMM

      July 9, 2015 at 1:20 pm

      ကြည့်သောသူမြင်၏ တဲ့..
      မြင်ချင်/တတ်သောသူများ ကြည့်ကြပါလိမ့်မယ်…

  • kai

    July 9, 2015 at 1:30 pm

    မြန်မာပြည်မယ်… ကမ္ဘာမယ်.. မဂ္ဂဇင်းဂျာနယ်..ကောက်ကြည့်လိုက်..
    အဖုံးမှာ အမျိုးသမီးပုံတွေများရင်.. အမျိုးသားတွေကြီးစိုးနေတယ်..
    အမျိုးသားပုံများရင်.. အမျိုးသမီးလွှမ်းမိုးမှုပိုများနေတယ်..
    အဲလို…။

    ဆိုတော့…
    ကမ္ဘာကြီးက.. ကျား/မနဲ့ ရန်ဖြစ်ကပ်ရှုပ်လာတာ.. လူ့ယဉ်ကျေးမှုနှစ် ၅၀၀ဝ လောက်လမ်းလျှောက်လာပြီး.. သိပ်အားမရတော့
    အလုပ်အကိုင်အခွင့်အလန်းလည်း.. သိပ်ထိထိရောက်ရောက်တိုးမရနိုင်တော့…

    ဆိုတော့..
    ယူအက်စ်ကစလို့.. ဂေးတွေကိုပါ.. တရားဝင်ဖြစ်အောင်ဆွဲတင်လာ…
    ကျားတွေမပြောင်း.. မတွေ မချစ်..
    နောင် ၅နှစ်ဆို.. ဂေးတွေပါမဂ္ဂဇင်းဂျာနယ်.အဖုံးတွေမှာမြင်ရ….
    ဂေးတွေအတွက်.. အလှပြင်.. ဓာတ်ပုံဆရာ.. အဝတ်ရောင်းဆိုင်.. စသဖြင့်.. မြင်ကြရဖို့..ပြင်…။
    ဘီလီယန်ဘစ်ဇနက်…။

    Supreme Court’s Ruling on Gay Marriage – News from The …
    hosted.ap.org/…/US_SUPREME_COURT_GAY_MARRI…
    Associated Press
    Jun 27, 2015 – Raw: Gay Marriage Supporters Cheer Court Decision … as a divided Supreme Court handed a crowning victory to the gay rights movement, …

    • မြစပဲရိုး

      July 10, 2015 at 1:27 am

      ။မြန်မာပြည်ထဲ အဲဒီလို လူ တွေ နေရာရနေတာ နှစ်ပေါင်း များကြာလှပါပေါ့။
      ကျွန်မ တို့ ရှိကထဲ ကဆို အလှပြင် တာ သူတို့ နဲ့ မှ မပြင်ရ မလှတော့ သလိုလေ။
      အဝတ်ချုပ်လဲ ဒီလိုဘဲ ကို။
      သူများတွေ ဆီ အခုမှ အားယူ တာ ရီပေါ့။

  • ကိုခိုင်ရေ

    မြန်မာပြည်မှာလဲ မိန်းမလို့ ဖြစ်အောင်လုပ်ထားတဲ့ ယောက်ျားတွေရှိလာပါပြီ

    ဟိုတစ်နေ့ ကကျနော်တင်လိုက်တဲ့ ပုံရိပ်တစ်ခုကိုဖန်ဆင်းခြင်းထဲက မော်ဒယ်လုပ်ပေးတဲ့သူက

    မိန်းမ မဟုတ်ပါဘူး။

    မိန်းမလိုဖြစ်အောင် အဆုံးထိ ပြင်ထားတဲ့ သူပါ။

    ဒါကတော့ သူ့ကဏ္ဍနဲ့သူ သွားပါလိမ့်မယ်

  • Ma Ma

    July 9, 2015 at 7:50 pm

    မိသားစုတစ်ခုမှာ အကြီးဆုံးသမီးဖြစ်ရင် အဲဒီမိသားစုက ပိုစည်းလုံးတယ် ထင်မိတယ်။
    သားယောကျင်္ားလေးအကြီးဆုံးက သမီးအကြီးဆုံးလောက် မိသားစုကို စုစည်းမပေးနိုင်ဘူး။
    စီးပွားရေးမှာ အားကိုးရရင်တောင် အိမ်တွင်းရေးမှာ ထဲထဲဝင်ဝင် မရှိကြဘူး။
    သမီးမိန်းကလေးကတော့ အတွင်းရော အပြင်ရော နေရာတိုင်းမှာ ဝင်လုပ်ဝင်ပါပြီး မိသားစုကို စုစည်းပေးနိုင်တယ်။
    နိုင်ငံတစ်နိုင်ငံဆိုတာလည်း မိသားစုကြီးတစ်ခုပါပဲ။ 🙂

  • ဦးကြောင်ကြီး

    July 9, 2015 at 10:20 pm

    ကံဒါလည်း ကြည့်အူးလေ လှော ်ဘီမြရဲ့… ၁ဝနှစ်အောက် ယောက ျာ်းလေး ပြိုင်ဗွဲနဲ့ ပိန်မသာ လိင်အသုဘ..။

  • မြစပဲရိုး

    July 10, 2015 at 1:30 am

    အာ့ သဘော ဘဲ ပြောနေတာ ဟဲ့ ကွန်နစ်ကြောင် ရဲ့။
    BTW
    Williams defeats Sharapova 6-2, 6-4 (စိတ်မဝင်စားတော့ ဘူးလား) 😉

    ဝင်ရောက်အားပေးသူများ ကျေးဇူးကြီးပါ။ :-))

Leave a Reply