ကမ္ဘာ့ဖလား ဘော်လုံးပွဲ ကြီး ပြီးလေပြီ။
မိန်းမပွဲ ဖြစ်၍ တစ်ကမ္ဘာလုံး ချိမ့်ချိမ့်သဲသဲ စိတ်မဝင်စားကြ။
ရွာက ဘောသတင်းဂျာနယ်ဆရာကြီး မှလဲ ဘာသတင်းမျှ အရေးတယူမထုတ်ပြန်ချေ။
သူများတွေ ကို သာ လိုက်ပြောနေသည်။
. မြ ကိုယ်တိုင် လဲ မိန်းမများ ကန်သည့်ပွဲ ကို သတင်းဖတ်တာကလွဲ၍ ထူးထူးခြားခြား စိတ်မဝင်စားမိ။

သူကြီးမင်း တို့ ယူအက်စ်အေ အသင်း က လက်ရှိချန်ပီယံ ဂျပန် ကို နိုင်ပြီး ဗိုလ်စွဲသည်။
ထို ဂျပန် ကို. ခြင်္သေ့မများ လို့ တင်စားထားကြသည့် အင်္ဂလန်အမျိုးသမီး အသင်း က ဆီမီး မှာ ရှုံးသွားတာ ဖြစ်သည်။
အချိန်ပို မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိလို့ ဖြစ်သည်။
အင်္ဂလန်အမျိုးသားအသင်း အမြဲရှုံး တတ်သော ဂျာမဏီ ကို နိုင်ပြီး တတိယ ရသည်။
သူတို့ ပြန်လာချိန် ဟီးရိုး လို့တော့ သတင်းထဲ ပါသည်။
လူအများ သိပ်ပြီး တော့ တက်တက်ကြွကြွ စိတ်ဝင်စားဟန်မရှိ။

သို့သော် England FA  မှ Twitter မှာ တွိ လုပ်လိုက် သော စာကြောင့် နဲနဲ လှုပ် သွားခဲ့သည်။
တွိ လုပ်ထားသည်ဟာ “Our lionnesses go back to being mothers, partners and daughters today, but they have taken on another title – heroes.” ဟူ၏။
သဘောကတော့ မိန်းမများ ကို နှိမ်သလို discrimination လုပ်သည်ဟု ထင်ကြ၍ ဖြစ်သည်။
အမျိုးသားများ ပြန်လာတုန်းက “Our lions go back to being fathers, partners and sons today” လို့ ရေးရမည်ဟု အရင်က စိတ်ကူး မရှိခဲ့၍လည်း ဖြစ်နိုင်သည်။
သူတို့ ကသာ furious sexism လို့ ပြောနေသည်။

. မြ အနေနှင့် ဒါကို discriminate လုပ်သည် ဟူ မမြင်မိ။
မိသားစု တစ်ခု အတွက် အားကိုးတကြီး အရေးပါ သူများ ပြန်လာပြီ ဟု ဝမ်းသာအားရ ကျူးရင့် ကြသည်ဟူ ထင်သည်။
စဉ်းစားကြည့်ပါ။
မိန်းမ နဲ့ ယောကျာင်္း အလုပ်လုပ်တာခြင်း တူဦး။
အိမ် ရဲ့ တာဝန် အများစု၊ သားသမီး အရေး အများစု ကို မိန်းမ များ က သာ စီမံခန့်ခွဲရတာ များသည်။
အဖေ ပျောက် နေရင် သိပ်မသိသာ၊ အမေ ပျောက်ပြီ ဆို အိမ်မှာ လစ်ဟင်း မှုတွေ တစ်ပုံကြီး ထွက်လာသည်။
သမီး မိန်းကလေးများ သည် အမေ အဖေ ကို  ပို၍ တီတီတာတာ နဲ့ အရေးတယူ ဂရုစိုက်တာ များသည်။
သားများ အဝေး ရောက် တာ မသိသာပေ။
သမီး များ အဝေးရောက်ချိန် အိမ်မှာ တိတ်သွားတာ သိသာသည်။
ဤ သည် ကို တွိ လုပ်သောဆရာသမား ကောင်းကောင်းကြီး ခံစားနိုင် ပုံရလေသည်။

ထိုသို့ တွိ လုပ်လိုက်သူ က တော့ ပြန်တောင်းပန်ထားရှာသည်။

. မြကတော့ ဘာမဆိုင် ညာမဆိုင် လျှောက်တွေးမိသည်။
Mr ယူနီဗာ့စ်  ဆိုပြီး ပြိုင်ခိုင်းလိုက်ပါက Miss ယူနီဗာ့စ် ကို အားပေးသလို အားပေးကြမည်မထင်။
ကျား/မ နေရာရ မှု/ မရမှု တွေ ဆိုတာ နေရာတိုင်း လိုက်တူ နေနိုင်မည် မဟုတ်တာ သိကြသင့်သည်။

. မြန်မာပြည် ကိုလဲ အိမ်တစ်အိမ် လို ဘဲ သဘောထား ကြည့်ရင် အမေ့ ကို ဘဲ အိမ် ရဲ့ စီမံမှု ကို ယုံကြည် အားကိုးသည်။
ဒီ နေရာ မှာတော့ မိန်းမ တစ်ယောက် သည် အမျိုးသားများထက် ပိုပြီး စွမ်းရည် ရှိသည်၊
မတူသည် ကို လိုက် မတုကြ ပါနဲ့ လို့ ဘဲ ပြောချင်တော့ သည်။
သို့သော်လည်း
အဖြေ ကို သိနေပြီး ဖြစ်နေသည်။

 

DSCF1347

. နေမဝင် ခင် ထွက်တဲ့ လ အဲဒါ ည ၁ဝ နီးပါး ရှိပြီ။ အလင်းရောင် ရှိနေတုန်းဘဲ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..