ကမ္ဘာ့​ပ​ထ​မ​ဆုံး​ 3D​ ​နည်း​ပ​ညာ​သုံး​ ​ညစ်​ညမ်း​ ရုပ်​ရှင်​ ​စ​တင်​ ရိုက်​ကူး​ရန်​ စီ​စဉ်…

lu ta loneAugust 24, 20101min20117

ဟောင်ကောင်ရှိ ရုပ်ရှင် ထုတ်လုပ်သူများသည် ကမ္ဘာ့ ပထမဆုံး 3D နည်းပညာသုံး ညစ်ညမ်း ရုပ်ရှင်ကို စတင် ရိုက်ကူးရန် စီစဉ် နေပြီဟု သိရသည်။
အမေရိကန်ဒေါ်လာ ၃.၂ သန်းမျှ အကုန်ခံ ရိုက်ကူးမည့် Sex and Zen: Extreme Ecstansy (3D) သည် အာရှဈေးကွက်တွင်သာမက ဥရောပနှင့် အမေရိကတိုက်တွင်ပါ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားကြောင်း ပရိုဂျူဆာ စတီဖင်ရှူးက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ဂျပန်၏ အဖော်အချွတ်နှင့် လိင်မင်းသမီးများ ဖြစ်ကြသည့် ယူကီကိုဆိုနှင့် ဆိုရီဟာရာတို့ပါဝင်မည်ဟုဆိုသည်။

ယင်းဇာတ်ကားသည် မြို့စားတစ်ဦးက စိတ်ကူးယဉ် ဖန်တီးထားသည့် လိင်အညှီအဟောက် လောကအတွင်း ရောက်ရှိသွားသည့် လူငယ်တစ်ဦးသည် ထိုကိစ္စတွင် ၎င်း၏ဇနီးဟောင်းပါ ဆက်နွယ်ပတ်သက်နေကြောင်း သိရှိလာပုံကို ရိုက်ကူးထားသည်။ စတီဖင်က 3D အမြင်ဖြင့် တင်ဆက်သည့် လိင်မြင်ကွင်းများသည် အလွန်စိတ်လှုပ်ရှားဖွယ် ဖြစ်လိမ့်မည်ဟုဆိုသည်။ ၎င်းက တရုတ်၏ ဆင်ဆာဥပဒေအရ ပြည်မကြီးသို့ တင်သွင်းခွင့် ပိတ်ပင်မည် ဖြစ်သော်လည်း ဟောင်ကောင်တွင် လူကြိုက်များဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။

စတီဖင်က အာရှဒေသတွင်း ဂျပန်၊ ကိုရီးယား၊ အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် ဟောင်ကောင်ရှိ အခပေးရုပ်သံလိုင်း အချို့တို့နှင့် သဘောတူညီမှု ရယူနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

Source: လူထုအသံ

17 comments

  • kai

    August 24, 2010 at 7:41 am

    စက်စ်လုပ်လို့ရတဲ့ ရိုဘော့မန်းမအရုပ်က ပြီးခဲ့တဲ့နှစ်က လပ်စ်ဘေးဂတ်ပွဲမှာ ရောင်းမလောက်ဖြစ်ခဲ့တယ်။
    ကြည့်ရတာ ဒီကားလည်း ပေါက်သွားမှာသေချာပါတယ်။
    တခုပါပဲ..
    ​ညစ်​ညမ်း​ ရုပ်​ရှင်​လို့ မြန်မာလိုပြန်တာကိုပါ။
    လိင်အညှီအဟောက် ဆိုတာလည်း ရှိသေးတယ်..။
    ဒီစကားလုံးလေးတွေ ဘယ်သူထီထွင်ခဲ့ပါလိမ့်လို့ စဉ်းစားနေမိတာပါ။

  • marnat

    August 24, 2010 at 9:13 am

    ရရင် share ပေးနော်

  • lu ta lone

    August 24, 2010 at 9:19 am

    ဟုတ်ကဲ့ပါ…
    စိတ်ချ …
    ဒေါင်းလုပ်လင့်ပေးပါ့မယ်…

  • myozarninaing

    August 24, 2010 at 9:41 am

    3D ရုပ်ရှင်ဆိုတော့ မျက်မှန်တပ်ပြီးကြည့်ရမယ်နဲ့တူတယ်။ အဟိ….ရင်ခုန်စရာကြီး။

  • fatty

    August 24, 2010 at 10:31 am

    ညှီ စို့စို့အနံ့ ရလို့ ထင်ပါတယ် ခင် ဗျား

  • Bl@dE

    August 24, 2010 at 1:22 pm

    စိတ်ဝင်စားတယ်ဗျာ နည်းပညာရဲ့တိုးတတ်မှုပေါ့နော်…ဟဲဟဲဟဲ

  • Pyaung Gye

    August 24, 2010 at 2:18 pm

    ကောင်းသည်ထက် ကောင်းလာမှာပါ

  • thihayarzar

    August 29, 2010 at 4:35 am

    ကိုလူတလုံးရေ ဇာက်ကားရိုက်ဖို့အတွက် မင်းသားများအလိုရှိသလားလို့မေးပေးပါဗျာ … ကိုယ်ထမင်းထုပ်နဲ့ကိုလာပြီးမေတ္တာနဲ့အခမဲ့ ကူညီပါ့ရစေလို့ …………

  • laaminnthar

    August 29, 2010 at 4:45 am

    မျက်မှန်နဲ့ကြည့်မှ ရတဲ့3D ပုံရိပ်တွေကို ငါတို့မှာ မျက်မှန်မှမရှိတာ
    သိပ်စိတ်မဝင်စားပါဘူး

  • Joker

    September 4, 2010 at 3:29 pm

    တဖြေးဖြေးနဲ့ ဒီလှိုင်းမှာတိုးသက်လာတယ်..
    ကောင်းတာပေါ့..မြန်မာပြည်ရောက်တော့ကြည့်ရဦးမှာပေါ့..
    ဘာဘဲဖြစ်ဖြစ် ပညာတော့ ရတယ်လေ… ကိုယ်တို့ကတော့ ဘယ်တော့မှ လုပ်နိုင်မလဲမသိဘူး..
    မလွယ်သေးပါဘူးနော့…တရုတ်တွေရဲ့ လုပ်ချက်က ကမ္ဘာမှာ ဘယ်သူကမှ မသိသလိုမနေနိုင်အောင် အစွမ်းပြနေတာဘဲ…

  • yokesoelay

    September 4, 2010 at 9:03 pm

    Junction 8မှာပြရင်သိပ်ကောင်းမှာပဲ

  • leohero

    September 25, 2010 at 9:51 am

    ဂွတ်ပဲကွာ ……… 3D စက်လေးနဲ့ မျက်မှန်လေးပြေးဝယ်ထားပြီး အဆင်သင့်ပြင်ထားမှ ………. 😛

  • winkhant

    October 9, 2010 at 2:57 pm

    ကဲ…ဘော်ဒါတို့ရေ…ရယ်ဒီသာလုပ်ထားပေတော့နော တိန်

  • ကိုဗလိုင်

    October 29, 2010 at 9:55 pm

    ကြည့်ရင်း ကြည့်ရင်း….ရင်တွေခုံပြီး ဖင်တွေတုန်လာရင် ပွဲ ပဲ၊

  • winkyawaung

    October 30, 2010 at 12:09 am

    အင်း လူသားအားလုံး ဒုက္ခများ ကြပေအုံးမည်…။

  • Cedric Diggory

    October 30, 2010 at 1:15 am

    တော်တော်ကြည့်လို့ကောင်းမှာပဲ။ 3Dဆိုတော့။ ဂလု…လည်ပင်းမှာသရေခံပတ်ပြီးကြည့်မှရမယ်။

  • Big Defender

    June 9, 2011 at 12:00 pm

    အားပေးဖြစ်လိုက်ဦးမယ်။

Leave a Reply