. မြ ရဲ့ သင်ပုန်း ၁၀-၀၇-၂၀၁၅

မြစပဲရိုးJuly 10, 20151min19111

. မြ တစ်ယောက် ဗုဒ္ဓ ရဲ့ ပါရမီ ၁ဝပါး ကို ပြန်ဖတ် နေ၏။
အဲဒီထဲ က ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း မပါ တဲ့ “ဥပက္ခာ” ဆိုတာကို ရအောင် မနည်း ကြိုးစား နေရသည်။
ဒီရက် FB  ထဲ အရင်ထက် သတင်း ဝင်ဝင် ဖတ် ပြီး စပ်စု နေသူ တွေ ကို စစ်တမ်းကောက်လျှင်  မြ တစ်ယောက်လဲ ထိပ်တန်းက ပါမည်။
ကလေး လို အရွယ် မဟုတ် တော့ ရှေ့စိတ် ကို နောက်စိတ် က အတင်း ဖမ်းဖမ်း ပြီး ဟန့် နေ ရင်း လွတ် လိုက်၊မလွတ် လိုက် ရှိသည်။
ခရို ပန်းရောင် အမျိုး တစ်ချို့ ရဲ့ သူများကို ကိုယ်ချင်းစာတရားထား မေတ္တာပွါးဖို့ စာ တွေ ကို ဘာမှ မတုံ့ပြန်မိအောင် လက် ကို ထိန်းနေသည်။
.ဗိုက်ဆာလို့ ငိုနေကြတဲ့ ကလေး တွေ၊ နေဝင်ချိန် ဆေးကုဖို့ ငွေမရှိလို့ ဆေး မပြောနဲ့ စားဖို့ တောင် မရှိရှာ ဘဲ ဒီအတိုင်း ခေါင်းငုံ့ပြီး ဘဝ ကူးသွားရ တဲ့ လူအိုတွေ ကိုလဲ မြင်ပြီး ကိုယ်ချင်းစာတရားထား မေတ္တာပွါးဖို့ ပြောချင်တာတော့ အမှန်ပင် ဖြစ်သော်လည်း မပြောတော့။
သိသိကြီး နဲ့ မသိဟန်ဆောင်၊ ကိုယ့်ထိမှ နာတတ်သူများ အကြောင်း ကို ပိုပို မြင်လာသည်။

အဖေ့ ကို ပြောရင် “သူများ အကုသိုလ် ကို ကိုယ့် အကုသိုလ် အလုပ်ပါနဲ့ သမီးရယ် ” လို့ ပြောမည်။
အနားက တစ်ယောက်မှလဲ သူ့ညီ နဲ့ မိန်းမ ကြား လေပြေထိုးသည်။

စိတ်ထဲ မှာတော့ အကြောင်းတစ်ခု ကို ရဖို့ မျှော်လင့် နေမိသည်။
“လူ တစ်ယောက် (သို့) တစ်စု ရှိခြင်း / မရှိခြင်း အပေါ်ကို မှီတည် ပြီး တိုင်းပြည် တိုးတက် / ဆုတ်ယုတ် ရခြင်း မှ ကင်းဝေး နိုင်ဖို့ အတွက်
လူတွေ ပေါ်မမှီ တဲ့ စနစ် ကောင်း တစ်ခု အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ” ကို ဖြစ်သည်။

ဆုတောင်း ဆို လဲ ဆုတောင်း ပါမည်။
ပံ့ပိုး ဆိုလဲ ပံ့ပိုးပါမည်။
ထိုမှ တစ်ဆင့်  ဘယ်သူ ဘာဖြစ်ဖြစ် စိုးရိမ်စရာ၊ ဝမ်းသာစရာ မလိုသော အခြေအနေ ဖြစ်လာမှာမို့ ဖြစ်သည်။

. သို့သော် ထိုစနစ်ကောင်း ရဖို့ လူကောင်း တွေ ကို လိုတာတော့ မငြင်းချင် ကြပါနှင့်တော့။

. မြ သည် တရာ မရှိ သော်လည်း တရာ ရှိဟန် ဆောင်နေသည်၊

 

DSCF1323
ဘက်လိုက်ချင်သော မြသည် ရှဉ့် ကလေး မစားရမှာစိုးလို့ ငှက်တွေ ကို မောင်းထုတ် လေ့ရှိသည်။ ဟုတ်သည်လေ။ အဲဒီ ငှက် တွေ က အဖွဲ့လိုက် အစာယူတာ အရမ်းမြန်သည်။

11 comments

  • တောင်ပေါ်သား

    July 10, 2015 at 12:55 pm

    မြက ရှဉ့်ချစ်သူပါ မောင် 🙂

  • လူတစ်ယောက် သေလုမျောပါးဖြစ်နေတယ်…
    သက်ဆိုင်သူ လူတစ်စုအတွက်က သတင်းဆိုးမကြားရဖို့ ဆုတောင်းတယ်…
    တစ်ပြည်လုံးက အဲဒီသတင်းဆိုးကိုပဲ သတင်းကောင်းအနေနဲ့ မျှော်နေတယ်…
    အဲဒီ တစ်ပြည်လုံးထဲမှာ သမီးပါတယ် မေမေ…

  • ဇီဇီခင်ဇော်

    July 10, 2015 at 2:41 pm

    ကိုယ် ဆို ဆေးရုံသွားပြီး ထမင်းချိုင် သွားပို့မို့ရယ်ပါ.။
    ဂယ်ဘာ။
    မမဝါး နဲ့ မမဘုတ် ကတောင် ဟင်းစပ်ပေးပြီးပါပြီ။
    ~~~~
    Credit to Wow & Bote

    ငါးသလောက်ပေါင်း
    ဝက်သုံးထပ် သား ချက်
    မျစ်ချဉ် မိုးကုတ်သုတ်
    တမာချဉ် ပြုတ်တို့ဖို့ ငါးပိရည်ဖျော်
    ပအိုဝ့် ပဲပုတ် စေကြော်
    နှမ်းဖတ်ချဉ်သုတ်
    ငါးဖယ် အုန်းနို့ ့
    ခွေးတောက် ရွက် နဲ့ဆူးပုတ် ဘဲဥ နဲ့မွှေ
    ဓညင်းသီးအုန်းနို့ ဆမ်း
    ပုရစ်ကြော်နဲ့ ကပ်စားခိုင်း

    ကြက်ဟင်းခါးသီးကို ဂဏန်းသားနဲ့ အစာသွတ်မယ်

    အီကုတ်ဆိုတာ တစ်မျိုးရှိသေးတယ်
    ဝါးထဲက ပိုးလို ပဲ ကြက်ဥနှစ်ကပ်ကြော်မယ်

    ဒူးရင်းသီး အစားပိတ် ရေခဲမုန့်ပါ ထည့်လိုက်ဦး
    သတိယရငိဆက်ရေးပေးမယ်

    နှမ်းဖတ်ချဉ်ကို ရှောက်ရွက်လေး ငုပ်သီးစိမ်းလေးနဲ့သုတ်

    • ဝင့်ပြုံးမြင့်

      July 11, 2015 at 5:32 pm

      ဟီဟီ။ ဟင်းသိပ်မချက်တတ်ပေမယ့် စေတနာကတော့ ဇီဇီနဲ့ ထပ်တူထပ်မျှ။

  • Ma Ma

    July 10, 2015 at 7:24 pm

    ဘယ်သူဘာဖြစ်ဖြစ် ဝမ်းသာစရာ ဝမ်းနည်းစရာမလိုတဲ့အခြေအနေကို ကြိုက်တယ်။

    အဆိုတော် ခင်မောင်တိုး ပြောဖူးတဲ့ သတ်သတ်လွတ်စားရခြင်းအကြောင်းရင်းကို သူ့သူငယ်ချင်းတစ်ယောက်က ရေးဖူးတယ်။

    သတ္တဝါတစ်ကောင်ကောင်ရဲ့ အသက်ရှင်ရေး သေရေးဟာ သူ့အပေါ်မတည်စေလိုလို့တဲ့။

    မြသည် တရာမရှိသော်လည်း နှစ်ရာရအောင်ယူနိုင်သည်။ :k:

    • မြစပဲရိုး

      July 10, 2015 at 9:36 pm

      Haaa Haaa Ha..
      မှန်လိုက်လေ။ တရာမရ လဲ နှစ်ရာရ အမြတ်ပေါ့။ lol:-)))

  • ဖေစ်ဘုတ်မှာ တစ်ယောက်ကတော့ ရေးသွားတယ်

    သာရေးနဲ့ နာရေး တွဲ နေတာ ဒီတစ်ခါ ဘဲ ကြုံဘူးတယ် တဲ့

    ဒီနေရာမှာ တစ်ခါကကြားဘူးတာလေး ပြန်ဖောက်သည်ချ ချင်ပါတယ်

    ရောဂါဝေဒ နာ သည်း နေပြီး သေသင့်တဲ့အချိန်ရောက်ပေမယ့်

    သေခွင့် မရနိုင်တဲ့သူကို သက်ဆိုးရှည်တယ်လို့ ခေါ်ပါသတဲ့

    ကဲ ဘယ်လမ်း ရွှေးကြမလဲ

  • မြစပဲရိုး

    July 10, 2015 at 9:34 pm

    အားလုံးဘဲ ကျေးဇူးပါ။ :-))

    တကယ်တော့ သင်ခန်းစာယူတတ်ရင် အားလုံးက မမြဲခြင်းတွေ နဲ့ ပြည့်လို့ပါ။ ဒီ မမြဲတာတွေ ကိုဘဲ မက်တွယ်ပြီး တဏှာတွေ၊ အတ္တတွေ၊ လောဘ တွေ၊ ငါစွဲ တွေ နဲ့ ကိုယ့်ဘဝ ကို ကိုယ်ပြန်သတ် နေကြတာ။
    တစ်ချို့ မသေခင်ထဲ က နာမည်သေနေတာ ကြာပေါ့။
    ကျန်သူများ လဲ ပြင်ဆင်ဖို့ အချိန်မနှောင်းသေးပါဘူး။
    သံဝေဂ ယူသင့်ပြီ။
    မဟုတ်ဘဲ ဒီအတိုင်း နေကြရင်လဲ သူတို့ ဘဝ သူတို့ ရွေးတာဘဲလေ။
    ဥစ္စာ။ငွေကြေး တွေ နဲ့ ဘဝ ကို ပျော်မယ် စိတ်ချမ်းသာမယ် မှတ်နေကြတာ။
    တကယ်တော့ ဒါတွေ က ကိုယ်တတ်နိုင်တဲ့ အစွမ်းထက် ပို လောဘ တက်ရင် ကိုယ့်ကို အပူမီးမြှိုက်ပြီး ဒုက္ခရောက်မယ် ဆိုတာ မသိကြဘူး။
    သူတို့ ဒီလို ဖြစ်နေကြတာ။

  • ​ဒေါ် လေး

    July 12, 2015 at 8:41 pm

    ပြည်သူတွေ အားလုံးနီးပါ မေတ္တာ ထားကြတယ်
    နောက်၂ရက် လောက်နေ ဆင်းလို့ရပြီ ဆိုတော့
    ဒီ၂ရက်အတွင်း ဘာမဆိုဖြစ်သွားနိုင်တယ် တဲ့
    မျှော်လင့်ချက် ရှိသေးတယ်တဲ့
    မေတ္တာ ထားပုံများ ပြောပါတယ်

  • မြစပဲရိုး

    July 12, 2015 at 9:03 pm

    . ဒေါ်လေး ဝင် မန့်ပေးလို့ ကျေးဇူးပါ။
    တကယ်တော့ သူ့ကံ အကျိုးပေး သူ့ဟာသူ နေလို့ ရပါတယ်။
    . ပြည်သူ တွေ ရဲ့ လမ်းခရီး မှာ အမှိုက် လို လာ မရှုပ်ဖို့ ဘဲ လိုတယ်။
    . ကောင်းသွားလဲ သူ့လမ်း သူသွား ရင် ဖြစ်ပါတယ်။
    ဒီတော့ နိုင်ငံရေးထဲ ပြန်မလာတော့ ဘဲ အေးအေးဆေးဆေး နားဖို့ ကို သာ ဝိုင်းပြီး ဆုတောင်းကြစို့။

  • Alinsett @ Maung Thura

    July 13, 2015 at 3:11 am

    အလင်းဆက်တစ်ယောက်
    .မြရဲ့သင်ပုန်းကို ဖတ်ရင်းဖတ်ရင်း
    .မြရဲ့ ရေးဟန် ရေးသံ လေးကို နှစ်သက် သဘောကျနေမိ၏။
    ဖတ်၍ ချောသော စာစီ သီဖွဲ့မှုကို မြင်တိုင်း မြသည် နာမည်ကျော် စာ ရေးဆရာမကြီးတစ်ယောက်ယောက်
    .ဖြစ်မနေဘူးဟု ဘယ်သူ ပြောနိုင်ပါ့မလဲ
    . . .
    ထိုသို့ တွေးနေမိ. . .

Leave a Reply