N+ 110715 ရန်ကုန်မြို့ကားဂ ျမ်း

natureJuly 11, 20151min41528

N+080715 ရန်ကုန်မြို့ကားဂျမ်း
မန်းဂေဇက်ရွာထဲမှာစရေးခဲ့တဲ့ပိုစ့်ကတော့ ဘုရင့်နောင်ကားဂျမ်းအကြံပေးပါဆိုတဲ့ပို့စ်ကလေးပါပဲ။ အခုတော့ ရန်ကုန်တမြို့လုံးပဲကားဂျမ်းဖြစ်ကုန်ပါပြီ။ အရီးလတ်ရဲ့တာဝန်ပေးချက်အရ စဉ်းစားလို့ရသလောက် ဉာဏ်မှီသလောက်ရေးလိုက်ပါတယ်။

ဘုရင့်နောင်ကားဂျမ်းဆိုတာက ဆန် ကြက်သွန်အာလူး ကုန်ခြောက် ငါးခြောက်တွေရောင်းတဲ့ တနိင်ငံလုံးကိုဖြန့်တဲ့ အဓိကဒိုင်ဖြစ်တဲ့အတွက် ကားအဝင်အထွက်များပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကားအဝင်အထွက်များလာပါတယ်။ ၁၂ဘီးကားလို ကားအရှည်တွေပါဝင်လာပါတယ်။ ဘုရင့်နောင်တံတားက အဓိက အလုပ်အသွားအပြန်အတွက် ရုံးသွားရုံးပြန်အတွက်အဓိကဖြစ်ပြီး အင်းစိန် ရွှေပြည်သာတံတားတွေက ကုန်စည်စီးဆင်းမှုအတွက်အဓိကကျပါတယ်။ ကျနော့်အမြင်ဘုရင့်နောင်ကားဂျမ်းရဲ့အဓိကအချက်က အာဆီယံစံဆိုပြီးကုန်တင်ကားတွေ ကုန်ကိုတဝက်လောက်လျှော့ထင်ဖို့အမိန့်ထုတ်တာက အရင်ထဲကဂျမ်းဖြစ်ချင်နေတာကို ရှင်းမရအောင် ဖြစ်စေတယ်လို့ထင်ပါတယ်။

အခုတော့ရန်ကုန်တမြို့လုံးပဲ၆လမ်းသွားလမ်းမကြီးတွေမှာပါကားဂျမ်းဖြစ်လာပါတယ်။တဖြည်းဖြည်းနဲ့လဲပိုပိုဆိုးလာပါတယ်။ ကားဂျမ်းဘာကြောင့်ဖြစ်သလဲဆိုတာစဉ်းစားကြည့်ကြရအောင်-

ကားဂျမ်းဖြစ်တဲ့အကြောင်းအရင်းတွေကတော့
၁။ ကားအရေအတွက်မ ျားလွန်းခြင်း
၂။ လမ်းက ျဉ်းခြင်း
၃။ ယာဉ်မောင်စည်းကမ်းမရှိခြင်း
၄။ လမ်းရဲ့ Joint တွေမှာကားတွေလမ်းလုရင်း block ဖြစ်ခြင်း။
၅။လမ်းလယ်မှာချထားတဲ့တုံးတွေက ကားဂျမ်းကိုချုပ်ထားသလိုဖြစ်ခြင်း

ကားအရေအတွက်များလွန်းရင် ဂျမ်းဖြစ်တတ်တယ်ဆိုတာကတော့ငြင်းမရတဲ့အချက်ပါ။ မြို့ထဲလိုနေရာမျိုးမှာ ဈေးကလည်းကောင်းတော့ အထပ်မြင့်တွေဆောက်လာကြပြီး တဖြေးဖြေးနဲ့ လူဦးရေထူထပ်လာပါတယ်။ ယခုခေတ်ကားဈေးကလည်း လူအတော်များများ ဝယ်စီးနိုင်တဲ့ဈေးဖြစ်တော့ တချို့နေရာတွေဆို တအိမ်ကို ၂စီးထက်မကရှိတတ်ကြပါတယ်။ ဆောက်တဲ့တိုက်တချို့ကလည်း ကားပါကင်တွေမပါတော့ လမ်းပေါ်ရပ်ကြရပါတယ်။ ကားပါကင်တွေပါရင်တောင်မှ ညဘက်အိပ်ချိန် လမ်းပေါ်မှာရှင်းနိုင်ပြီး နံနက်အလုပ် ကျောင်းသွားချိန်လမ်းပေါ်မှာစုပြုံပြီးဂျမ်းဖြစ်လာစေပါတယ်။

ဒါကြောင့်မြို့ထဲမှာ အထပ်မြင့်တွေထပ်ဆောက်ခွင့်ကိုစဉ်းစားသင့်ပါတယ်။ ဆောက်လက်စတွေကို တခန်းကို ကားပါကင် ၂စီးနှုန်းထည့်ဖို့လိုမယ်ထင်ပါတယ် ။ ကားပါကင်မပါရင်ဒဏ်ငွေထိထိရောက်ရောက်ချပါ။ နိုင်ငံခြားမှာဆောက်တဲ့ကွန်ဒိုအများစုဟာ ရှိတဲ့မြေရဲ့ ၅၀% လောက်ကိုသာအဆောက်အဦးဆောက်ပြီး ကျန်၅၀%လောက်ကို အလှဆင်ခြင်းနှင့် ကားပါကင်အတွက်အသုံးပြုတတ်ကြပါတယ်။ လိုအပ်လာရင် အလှဆင်ထားတဲ့မြေကိုပါ ကားပါကင်အတွက်အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာက ရှိတဲ့မြေကို အပြည့် သို့မဟုတ် ၅ပေလောက်ပဲချန်ဆောက်ကြပါတယ်။ မြေကြီးဈေးကလည်းကောင်းတော့ စီးပွားရေးတွက်ခြေကိုက်ဖို့ အခန်းများများရဖို့ အဓိကထားကြပါတယ်။

အခုအခါပန်းခြံ အားကစားကွင်း တချို့ကိုလည်း ကွန်ဒိုတွေဆောက်မယ်လို့ကြားသိရပါတယ်။ ပန်ခြံအားကစားကွင်းလို space တွေက နောင်တချိန်အရေးပေါ်လိုအပ်ရင်သုံးဖို့ safety factor အနေနဲ့ထားသင့်ပါတယ်။ ဥပမာ ကားပါကင်လိုမျိုး မြို့လည်ခေါင်ကနေ ကားဂျမ်းဖောက်ထွက်ဖို့ စင်္ကာပူလို မြေအောက်ရထားလမ်း ကားလမ်းတွေ ကိုလိုအပ်ရင်ဖောက်ဖို့အတွက်ပါ။ မြေအောက်ရထားလမ်းတွေကလည်း စင်္ကာပူလိုမီးလင်းအောင်ထွန်းပြီး ကင်မရာနဲ့မစောင့်ကြည့်နိုင်ရင် ဒုစရိုက်မှုတွေလည်းဖြစ်လာနိင်ပါတယ်။ စရိပ်ကြီးတဲ့အတွက် အရှုံးတော့များနိုင်ပါတယ်။ မြေအောက်ကဖြစ်တဲ့အတွက် ကိုယ်လိုတဲ့လမ်းကြောင်းအတိုင်းဖောက်နိင်ပါတယ်။ သို့သော်လည်းအဖျက်သမားများက အလွယ်တကူဖျက်ဆီးနိင်လို့သတိထားရပါမယ်။

စင်္ကပူလို MRT အသုံးများတဲ့နိုင်ငံမှာတောင်မှ Orchard လိုမြို့လယ်ခေါင်မှာ Peak hour ဆိုကားဂျမ်းတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်ကားဂျမ်းရှင်းဖို့အတွက်ရထားလမ်းကလည်းလိုအပ်ချက်တခုဖြစ်ပါတယ်။ ကားလမ်းနဲ့ရထားလမ်းတွေကို အဆင်ပြေပြေချိတ်ဆက်ထားဖို့လိုပါတယ်။ ယခုလက်ရှိဘူတာရုံတွေက ကျဉ်းလို့ကားလမ်းနဲ့ချိတ်ဆက်ဖို့အခက်အခဲရှိနိုင်လို့ ဘူတာတွေကိုလည်းကျယ်တဲ့နေရာတွေကိုရွှေ့ဖို့လိုရင်လည်းရွှေ့ရပါမယ်။ ယာဉ်လိုင်းတွေကလည်းလမ်းကြောရှည်လွန်းတယ်လို့ထင်ပါတယ်။မြန်မာနိုင်ငံမှာတော့ရေလမ်းကိုပါအသုံးပြုနိုင်ပါတယ်။

အခုမီးပွိုင့်တွေကိုတခုနဲ့တခုချိတ်ဆက်ထားတာကလည်း ကားဂျမ်းဂိမ်းထဲမှာကစားသလို ကားဂျမ်းကိုသက်သာစေပါတယ်။ မြို့လယ်ခေါင်လို လမ်းချဲ့ရတာအကန့်အသတ်ရှိတဲ့နေရာတွေမှာ ကားဂျမ်း ပိုမဆိုးလာအောင် အထပ်မြင့်အဆောက်အဦးတွေကိုကန့်သတ်သင့်ပါတယ်။

လမ်းကျဉ်းတယ်ဆိုတာကတော့ flow rate နဲတဲ့သဘောပါပဲ။ flow rate ကိုတတ်နိုင်သလောက် ချဲ့ပေးဖို့လိုမယ်ထင်ပါတယ်။ သဘောကတော့ ယာဉ် ၂ထပ် ၃ ထပ်ကွေ့တာတွေ ကို ပညာပေးပြီးခွင့်ပြုသင့်ပါတယ်။ ၂ထပ်ကွေ့တဲ့ယာဉ်ဟာ ကိုယ်ကာကွေ့တဲ့ကားရဲ့ဦးခေါင်းကို ကျော်ရင်ယာဉ်တိုက်မှုဖြစ်ဖို့များပါတယ်။ ကိုယ်ကာကွေ့တဲ့ယာဉ် ရပ်ပြီးဆိုတာနဲ့ ၂ထပ်ကွေ့တဲ့ယာဉ်လိုက်ရပ်ဖို့ ပညာပေးဖို့အရေးကြီးပါတယ်။

အများဆုံးဂျမ်းဖြစ်တတ်တာကတော့ကွေ့လိုင်းက ယာဉ်တွေပါ။ တချို့မီးပွိုင်ဆိုရင်ကွေ့ဝင်ရတာတော်တော်ခက်ပါတယ် မီးစိမ်းနေရင် အတည့်လာသည့်ကားတွေက ဆက်တိုက်မို့ကွေ့လို့မရ။ ကွေ့လိုင်းအတွက်အချိန်ပေးတယ်ဆိုသော်လည်း တချို့မီးပွိုင့်တွေမှာ အချိန်နဲလွန်းပါတယ်။ မီးပွိုင့်နီနေစဉ် ကန့်လန့်ဖြတ်ယာဉ်ကြောက သွားမည့်ကားမရှိရင်လည်းကွေ့လို့မရ။ ဒါကြောင့်မီးနီကိုမှိတ်တုတ်မှိတ်တုတ် လုပ်ထားပြီး ကန့်လန့်ဖြတ် သွားမည့်ကားမရှိရင်မောင်းခွင့်ပေးရင် လဲ ကားဂျမ်းကိုသက်သာစေပါတယ်။ ဒါကသမရိုးကျလုပ်ထုံးလုပ်နည်းတွေနဲ့ဆိုရင်ခွင့်ပြုဖို့ခက်ပါလိမ့်မယ်။

တခါတရံရှေ့မှာကားတစီးလောက် block ဖြစ်နေရင်လည်း ဖြစ်တတ်ပါတယ်။ block ဖြစ်တတ်တာကတော့လမ်းလေးခွဆုံက cross box တွေမှာကားလမ်းလုရင်းဖြစ်တာနဲ့ ကွေ့ဖို့စောင့်နေတဲ့ ကားကရပ်ထားလို့နောက်ကားကသွားမရပဲ စောင့်နေရင်းblock ဖြစ်တာမျိုးပါ။ ကားဂျမ်းသက်သာဖို့အတွက် continuous flow လမ်းကြောင်းတကြောင်းလိုပါတယ်။

လမ်းလယ်ဘက်ယာဉ်ကြောက ကွေ့မည့်ကားရပ်စောင့်နေလို့ ဂျမ်းဖြစ်နိုင်ပါတယ်။ အလယ်လမ်းကြောင်းကတော့အနှောက်အယှက်မရှိ အတည့် flow သွားနိုင်ရပါမယ်။ ဘေးလမ်းကြောင်းကတော့ ကားရပ်ဖို့အတွက်စသည်ဖြင့်အနဲဆုံးယာဉ်ကြော ၃ကြောလောက် လို ပါမယ်။ ဥပမာ -ဘုရင့်နောင်
တလမ်းမောင်းသတ်မှတ်ခြင်းဟာလည်း လိုရာသွားဖို့ ကွေ့ပတ်သွားလာနေရတဲ့အတွက် လမ်းကြောရှည်ပြီး လမ်းရဲ့ဖြတ်သွားရမည်း joint ပိုများလာရင် ကားဂျမ်းဖြစ်နိုင်ခြေပိုများပါတယ်။

လမ်းလယ်တုံးတွေဟာလည်းသုံးတတ်ရင်ကားဂျမ်းကိုသက်သာစေပြီး မသုံးတတ်ရင်ကားဂျမ်းကိုပိုဆိုးစေပါတယ်။အာရှတော်ဝင်ဆေးရုံရှေ့လို နေရာမှာကွေ့မရအောင် လမ်းလယ်တုံးတွေချထားတာကားဂျမ်းကိုသက်သာစေပေမဲ့ အတည့်သွားမည့်ယာဉ်ကြောတွေမှာ ချထားတဲ့လမ်းလယ်တုံးတွေဟာကားဂျမ်းကိုပိုဆိုးစေပါတယ်။

ကားအသွားအလာများတဲ့အာရှတော်ဝင်ရှေ့မှာချထားတဲ့လမ်းလယ်တုံးဟာ ကွေ့ဖို့စောင့်နေတဲ့ကားမရှိတော့တဲ့အတွက်ကားဂျမ်းကိုသက်သာစေပေမဲ့ မင်းလမ်းမုန့်တီဆိုင်နားမှာကွေ့တော့ ဂျမ်းဖြစ်ပါတယ်။ ဂျမ်းဖြစ်ပေမဲ့ ဘေးကယာဉ်တကြောစာ အတည့်သွားလို့ရပါသေးတယ်။ အဲ့ဒီလိုကွေ့သည့်အခါမှာလည်း flow rate ကိုချဲ့ဖို့လိုပါတယ်။ ဆိုလိုတာကတော့ ရှေ့ဆုံးကကွေ့မည့်ယာဉ်ဟာလမ်းလယ်တုံးနားက ကပ်မကွေ့ပဲ ရှေ့နားကိုသွားပြီး ကား ၅စီးစာလောက် တပြိုင်နက်ကွေ့နိုင်အောင် လုပ်ပေးရင် flow rate ကိုတိုးစေပါတယ်။ ကားဂျမ်းကိုသက်သာစေပါတယ်။ ပြည်လမ်းမပေါ်က အင်းယားကန်အကျော်လောက်မှာကွေ့ဖို့လမ်းလယ်တုံးတွေကို ဟထားပေးပေမဲ့လည်း တစီးစာလောက်သာရှိတဲ့အတွက် flow rate နဲပါတယ်။ ၅စီး ၁ဝ စီးလောက်တပြိုင်နက်ကွေ့နိုင်အောင် flow rate ကိုချဲ့ပေးရင်ကားဂျမ်းကိုသက်သာစေပါတယ်။

၂လမ်းသွားလမ်းမှာလမ်းလယ်မှာချထားတဲ့တုံးတွေဟာ ကားဂျမ်းကိုပိုဆိုးစေပါတယ်။ ကားဂျမ်းဖြစ်ပြီဆိုတာနဲ့ ကားဂျမ်းမိနေတဲ့ကားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကားဂျမ်းထဲက လွတ်မြောက်အောင်ရုန်းကန်ဖို့ကြိုးစားကြပါတယ်။ ဒီလိုကြိုးစားတဲ့အခါမှာ ဘောင်ထဲကကြိုးပမ်းတဲ့သူရှိသလို ဘောင်ကျော်ကြိုးပန်းသူတွေလည်း ရှိတတ်ပါတယ်။ ဘောင်ထဲက ကြိုးပန်းသူတွေကတော့ ဂ ငယ်ပြန်ကွေ့ပြီး ရှင်းမည့်ယာဉ်ကြောကိုရှာပါတယ်။ ဘောင်ကျော်ကြိုးပန်းသူတွေကတော့ တဘက်ဆန့်ကျင်ဘက်ယာဉ်ကြောကို ဖြတ်ပြီး လမ်းပြောင်းပြန်မောင်းပါတယ်။ လမ်းလယ်တုံးတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ကားဂျမ်းထဲက လွတ်အောင်ကြိုးစားခွင့်မပေးပဲ ချုပ်ထားသလိုဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကားဂျမ်းကိုပိုဆိုးစေပါတယ်။

လိုင်းကားယာဉ်လိုင်းတွေကိုတုံးချတာတွေကမလုပ်သင့်ဘူးလို့ထင်ပါတယ်။ ကားဂျမ်းကို လိုင်းကားသမားတွေစည်းကမ်းမဲ့လို့ဆိုပြီးအပြစ်ပုံချမယ်ဆိုရင်လိုင်းကားမထွက်ရင်ကော ဒီကားဂျမ်းကရှင်းသွားမှာလားလို့မေးချင်ပါတယ်။ လမ်းတွေထဲကထွက်ရင်လည်း တုံးတွေကြောင့်အင်မတန်ခက်ပါတယ်။ လိုင်းကားသမားများဟာ ကားဂျမ်းဖြစ်ပြီဆိုတာနဲ့ရုန်းထွက်ဖို့ အလောတကြီးကြိုးစားကြရပါတယ်။ ကားဂျမ်းကြောင့် လိုင်းကားသမားတွေရဲ့ စားဝတ်နေရေး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်လိုင်းကားသမားတွေရဲ့ဘဝ နားလည်စာနာပေးစေချင်ပါတယ်။

ဗဟိုလမ်းနဲ့ BPI ရထားလမ်းကျော်မီးပွိုင့်မှာဆိုရင် ရထားလမ်းဖွင့်တဲ့အချိန်မှာ ကြို့ကုန်းဘက်က အတည့်ဆင်းလာတဲ့ကားတွေကိုဗဟိုလမ်းဘယ်ဘက်ကွေ့မည့်ကားကစောင့်နေရပါတယ်။ ရှေ့ကကွေ့မည့်ကားက ရပ်ထားတော့ နောက်က ကားတန်းကပါရပ်ကုန်ပါတယ်။ ဒါကြောင့်ဒီမီးပွိုင့်မှာ BPI ဘက်ကရထားလမ်းကျော်လာတဲ့ကားတွေကို ဗဟိုလမ်းဘက် ဘယ်ဘက်ကွေ့ခွင့်ကိုပိတ်လိုက်ရင် flow ပိုမိုကောင်းမွန်စေမယ်လို့ထင်ပါတယ်။ ရထားလမ်းဖွင့်ချိန်နဲ့မီးပွိုင့် timing ကိုလည်းညှိပေးဖို့လိုပါမယ်။

ကားတစီးရဲ့တန်ဘိုးဟာ လမ်းအပေါ်မှာမူတည်ပါတယ်။လမ်းကောင်းကောင်းရှိနေရင်ကားကအင်မတန်အသုံးဝင်ပါတယ်။ လမ်းမရှိရင်တော့ကားတစီးက သုံးမရတဲ့သိမ်းထားရတဲ့အမှိုက်သဘောလောက်ပါပဲ။ ဒါကြောင့်ဗိုလ်ချုပ်နေဝင်းလက်ထက်က ဘတ်ဂျက်မရှိလို့လမ်းမချဲ့နိုင်တဲ့အတွက် ကားတင်သွင်းမှုတွေကိုထိမ်းချုပ်ခဲ့ပါတယ်။ ဒီလိုထိမ်းချုပ်ခဲ့တဲ့အတွက် ကားတွေကစီးရုံသာမက ကစားတဲ့ဈေးကွက်တခုအနေနဲ့တဖြေးဖြေးနဲ့ကားဈေးတွေမတန်တဆတက်လာပါတယ်။ ဝယ်တဲ့သူတိုင်းအကျိုးအမြတ်များစွာရကြပါတယ်။ အဲဒီအချိန်တုန်းက ကားနံပါတ်အက္ခတခုပြောင်းဖို့၂နှစ် ၃နှစ်လောက်အထိကြာတတ်ပါတယ်။အခုတော့တနှစ်ထဲမှာတောင်အက္ခရာ ဘယ်နှစ်ခုပြောင်းလဲမသိတော့ပါ။

အခုအချိန်မှာကားသွင်းရင်ပါကင်နေရာပြနိုင်မှကားသွင်းခွင့်ပေးတယ်လို့ကြားရပါတယ်။ ဒါကတော့ ကားအစီးရေသိပ်မတိုးလာအောင်ထိမ်းချုပ်တဲ့သဘောပါပဲ။ ဒီထိမ်းချုပ်မှုရဲ့အောင်မြင်မှုဟာလည်း အကန့်အသတ်ရှိမယ်ထင်ပါတယ်။ ကားအစီးရေကိုလိုသလောက်ပဲသွင်းဖို့ ထိမ်းချုပ်သင့်တယ်လို့ထင်ပါတယ်။ ပါစပ်နဲ့ပြောရင်တော့ အကောင်အထည်ပေါ်နိုင်မှာမဟုတ်လို့ စင်္ကာပူလို ပေါ်လစီနဲ့ထိမ်းချုပ်တာမျိုးပါ။ ကားရပ်နားခွန်တွေကောက်တာရပ်လိုက်ပါ။ ရပ်နားခွန်ဆိုတာ လာရပ်တဲ့ကားပေါ်မှာသာကောက်လို့ရတာပါ။ အိမ်မှာအပိုဝယ်ထားတဲ့ကားတွေပေါ်မှာကောက်လို့မရပါ။ ကားရပ်နားခွန်တွေကို ကားတွေလိုင်စင်ဝင်ကတည်းက တစ်စီး ကို တလ ၃၀၀၀ဝကျပ်နှုန်းဖြင့်ကောက်ပါ။ ကားရှိတဲ့သူတိုင်းဟာ ဂိုထောင်ထဲမှာထည့်ထားသော်လည်းပေးရမှာဖြစ်ပါတယ်။ ကားအပိုဝယ်ထားသူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်သဖြင့် ကားတင်သွင်းမှု လျှော့နည်းသွားမည်ဟုယူဆရပါတယ်။ စည်ပင်လမ်းပေါ်တွင်လည်း ညအိပ်ခွန်ကို တစ်စီး ၄၅၀၀ဝကျပ်လောက်ကောက်ပါ။ ကားဂိုဒေါင်ညအိပ်ကားပါကင်ရှိသူတွေပြနိုင်သူတွေကိုတော့ ကောက်စရာမလိုပါ။ ည အိပ်ခွန်အကျုံးဝင်ချိန်ကတော့ ည ၁၁ နာရီက နံနက် ၄နာရီ အတွင်းသတ်မှတ်ပြီး ရဝတ နဲ့ပေါင်းပြီးညဘက်စစ်ဆေးပါ။ ဒါကတော့ ကားအပိုဝယ်ထားသူတွေကို် အပိုမဝယ်ထားဖို့ ဖိအားပေးတဲ့နည်းပဲဖြစ်ပါတယ်။ ကားအစီးရေကိုလျှော့ချတဲ့နည်းတခုပဲဖြစ်ပါတယ်။ ဒီနည်းဟာ နိုင်ငံဘဏာငွေကိုလည်း တိုးတက်စေပြီးကားအစီးရေကိုလည်း လျှော့ချနိုင်တဲ့အတွက် ၂ ကျပ်ကွက်ပါပဲ။ နိုင်ငံအတွက်လည်း လစဉ်ဘဏာငွေတိုးတက်နေမှာဖြစ်ပါတယ်။

အခွန်ကောက်ပြီးတာနဲ့ကျန်တာကတော့ လုပ်ဆောင်ရမည့်တာဝန်တွေပါ။ ဒါကတော့ မရပ်ရဆိုတဲ့နေရာအတော်များများကို ကားရပ်နားခွင့်ပေးဖို့ပါပဲ။ ကားတွေတင်သွင်းခွင့်ပေးပြီဆိုတာနဲ့ ရပ်နားဖို့နေရာလည်းအဆင်ပြေအောင်လုပ်ပေးသင့်ပါတယ်။ ဥပမာ သံဈေးလိုနေရာမျိုးနံနက်ဈေးဝယ်ချိန်ကား၂ထပ်ရပ်တာကိုခွင့်ပြုသင့်ပါတယ်။ (၂ထပ်ရပ်သွားတဲ့ကားဟာ အရေးပေါ်ခေါ်ဆိုနိုင်မည့်ဖုံးနံပါတ်တွေကို ကား desh board ပေါ်မှာစာရွက်တရွက်နဲ့ရေးထားပေးခဲ့သင့်ပါတယ်။ )ဒါပေမဲ့ယာဉ်ကြောမပိတ်အောင် free way တလိုင်းသွားလို့ရအောင် ယာဉ်ထိမ်းရဲနှင့်ရှင်းလင်းပေးသင့်ပါတယ်။ KBZ ဘဏ်ရှေ့လိုနေရာမျိုးမှာငွေသွင်းငွေထုတ်ချိန်မှာ ယာဉ်၂ထပ်ရပ်တာမျိုးကိုခွင့်ပြုပြီးယာဉ်ထိမ်းရဲနဲ့ရှင်းလင်းပေးသင့်ပါတယ်။

N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

28 comments

  • @QUIL@

    July 12, 2015 at 1:49 am

    ကားရပ်တာ ကားညသိပ်တာ ကနေစပြီး ပြောပါ့မယ်ဗျာ..
    မနက်မနက် လမ်းတို လမ်းသွယ်တွေကနေ ဈေး ရုံး ကျောင်း စသည်
    ပြုံပြီး ထွက်လာမယ့် အိမ်သုံးကားလေးတွေနဲ့ ပတ်သတ်ပြီးတော့ပေါ့။

    (ကျန်တာလည်း နောက်တခါက် ထပ်လာပြီး ပြောပါဦးမယ်)

    လူနေရပ်ကွက် လမ်းသွယ်တွေ မှာ လမ်းပေါ် ကား ညအိပ် သိပ်တာက အတော်ဆိုးတဲ့ ကိစ္စဗျ။
    ကိုယ့်အိမ် ဝမ်းထဲ ဒါမှမဟုတ် သီးခြားဆောက်လုပ်ထားတဲ့ ကားဂိုထောင်ထဲ ကားညသိပ်ဖို့ မရှိတဲ့
    ရပ်ကွက်ထဲက ကန်ထရိုက်တိုက်တွေမှာနေတဲ့ ကားပိုင်ရှင်အများစု ဆိုပါတော့။

    သာမန် ၆-ရထပ်တိုက် တိုက်ခန်းဈေးနဲ့ ကားဈေး ချိန်ခွင်လျှာ အပြောင်းအလဲအရ..
    (၁၂-၅၅ ရင်ခွဲတိုက်ဆိုရင်) စုစုပေါင်း ၁၂-၁၄ ခန်းမှာ ထက်ဝက်သော အခန်းအရေအတွက်ဖြစ်တဲ့
    ၅-၆ခန်းလောက်က (ပျမ်းမျှ) တအိမ် ၁စီးနှုန်းလောက်နဲ့ ကားဝယ်စီးနိုင်နေကြပြီ

    ကားပါကင်ကမရှိ ၊ ကိုယ့်တိုက်ရှေ့ (လမ်းမ)မှာကလည်း ၂စီးအပြင် ပိုမရပ်နိုင်။ သည်တော့ အပိုဖြစ်မယ့်
    ၃-၄ စီးလောက်က မနီးမဝေးက သူများအိမ်ရှေ့ သော်လည်းကောင်း အဆင်ပြေရာ ညအိပ် ရပ်နားကြတယ်။
    အဲ့သည်မှာပဲ တနေ့တနေ့ ကားအဝင်အထွက်ရှိသည် အိမ်ရှေ့ကားပိတ်မရပ်ရ ဗိန်းမောင်း ဇာတ်လမ်းတွေ
    မရိုးအောင် ကြားရ အော်ကြ ဟစ်ကြ ဆဲကြ ဆိုကြ ပေါ့…။

    ယာဉ် ညအိပ် ရပ်နားစခန်းတွေ လိုအပ်ချက် မြင့်မားသထက် မြင့်မားလာတာက မြေကြီးလက်ခတ်မလွဲ။
    သည်နေရာမှာ တိုက်ဆိုင်လို့ မြန်မာ့ဂဇက် ရွာသားကြီးတယောက် အကြောင်း ဖောက်သည်ချချင်ပါရဲ့။
    သူနေတဲ့လမ်းက ရပ်ကွက်တခုထဲက လမ်းတိုလေး။ လမ်းကျဉ်းတယ်။မူလက အိမ်ခြေ ၁၄-၅ အိမ်လောက်ဆိုပေမယ့်
    ယနေ့ခေတ်မယ် အကုန်နီးပါး ကန်ထရိုက်တိုက် ဖြစ်နေတော့ လူနေထူထပ်တယ် ဆိုရမယ်။
    လမ်းနဲ့ အိမ်ခြေ မမျှတော့ ကားရပ်ဖို့လည်း မမျှတော့ဘူးပေါ့

    ဒါကို သူဖြေရှင်းတဲ့နည်းးက အိမ်နဲ့ မလှမ်းမကမ်းမှာ ညအိပ် ယာဉ်ရပ်နားစခန်းရှိတယ်။
    အဲ့သည်မှာ သူ့ကားကို သိပ်တယ်။ မိုးလင်းရင် တက္ကစီနဲ့ ဖြစ်စေ ကားသွားယူ ညမိုးချုပ် ကားသွားထား တက္ကစီနဲ့ အိမ်ပြန်။
    အိမ်ရှေ့ လမ်းပေါ် ကားညသိပ်တဲ့အလုပ်ကိုမလုပ်။
    သူ့ကုန်ကျစရိတ်အနေနဲ့က တနေ့တနေ့ ကားသွားယူပြန်ထား တက္ကစီခ (၁၀၀၀+၁၀၀၀) + ကားညသိပ်လစဉ်ကြေးပေါ့
    ဘရာဗိုပါ … အဆိုပါ ရွာသားကြီး … တာဝန်သိမှု တာဝန်ယူမှုအတွက် ပါ။

    သူလိုအားလုံးဖြစ်သင့်တာဗျ။ ကားပိုင်ပြီး ကားပါကင်မရှိရင် အနီးဆုံးယာဉ် ရပ်နားစခန်းမှာ ညသိပ်။
    (သည်အတွက် စားရိတ်ကိုတော့ အကုန်ခံရမှာ အကုန်ခံသင့်တာမလွဲ)
    အဲ့လိုမဟုတ်ဘဲ လမ်းကျဉ်းကျဉ်းမှာ (မဆလ အမွေဆိုး) ဦးရာလူစနစ်နဲ့ ပြွတ်သိပ်ထိုးနေရင်တော့ ပြီးတော့မှာကိုမဟုတ်

    ဖြစ်ပါစေ မပြောကောင်းလို့ဗျ။ လမ်းကျဉ်းကျဉ်းမှာ တလမ်းလုံး စုပြုံထိုး လက်ကျန် လမ်းအကျယ် က ဆလွန်းကားတစီးတောင်
    ဘက်မှန် ခေါက်ပြီး တလှိမ့်ချင်း မနည်းတိုးရတဲ့ အနေအထား။
    ပွင့်လင်းရာသီရောက်လို့ မီးလောင်ကြည့်ပါလား။ မီးသတ်ကားဝင်မရတာနဲ့ ဂျမ်းဖြစ်နေတာနဲ့ တသီကြီးကုန်မယ်။
    တိုက်ခန်းတွေမှာနေတဲ့ အိမ်နီးနားချင်းအချင်းချင်းတောင် ဘယ်အခန်းက ဘယ်သူနေမှန်းမသိကြတဲ့ မြို့ပြယဉ်ကျေးမှုမှာ
    ကိုယ့်ရှေ့လာရပ်ထားတာ ဘယ်ကကားမှန်းမသိ ဘယ်သူမှန်းမသိနဲ့ .. ပစ်စလတ်ခတ် ဖြစ်လို့ ကောင်းလိုက်မယ့်အမျိုး..။
    (အဲသည်လိုဖြစ်မှ အဝဲယားနက်စ် ရရင်တော့) ရင်နာနာနဲ့ ရတဲ့ သင်ခန်းစာ ဖြစ်သွားပါလိမ့်မယ်။
    မဖြစ်ခင်ကတည်းက ကေ့စ် ဆီနာရီယိုအနေနဲ့ ဒါမျိုး ကြုံလာရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စတွေး စကြံစည် စအကောင်အထည်ဖော်ရမယ့် အချိန်ကျပြီ လို့ မြင်မိပါကြောင်း….။

    ဘယ်တော့ ပြင်မလဲ …
    ima desho???

    • Alinsett @ Maung Thura

      July 12, 2015 at 6:18 am

      93လမ်းထဲမယ် ဝင်မိပြီး ပြန်ထွက် မရတော့လို့ ည သန်းခေါင်းကြီးမှာ ပိတ်မိဖူးပါကြောင်းးး
      .လေဘာတီအေ

  • Ma Ma

    July 12, 2015 at 6:53 am

    Yekkha Ye Jee with နဝရတ်စံအိမ် ကုမ္ပဏီ and 92 others
    ” အဆိပ် ” … (အပျင်းပြေ _ ၁၅)

    . . . အခု ရန်ကုန်မြို့လယ်က လမ်းကို ကန့်ထားတဲ့ ကွန်ကရစ်တုံးတွေ သိတယ်မဟုတ်လား။ တစ်တုံးကို ၂သိန်း ဆိုလား ၊ ၂သိန်းခွဲ ဆိုလားပဲ။ ကန်ထရိုက်ဈေးတဲ့။ ခင်ဗျားက တစ်သိန်းနဲ့ ရအောင်လုပ်နိုင်လို့ လုပ်ပေးမယ်ဆိုလည်း ပေးမလုပ်ဘူးတဲ့။ တစ်မြို့လုံး ခုဆို သောင်းချီနေလောက်ပြီလို့ ကျွန်တော်ထင်တယ်။ ဘယ်သူ့ပိုက်ဆံတွေပါလိမ့် ၊ ဘယ်သူ့ဆီကိုပါလိမ့်။ .. တော်ပါပြီ ၊ အဲ မတော်ခင် .. အဲဒီလို ကွန်ကရစ်တုံးအရွယ် ပလပ်စတစ်အတုံးတွေ တစ်ခုတစ်လေ ရှိတယ် ၊ တွေ့ဘူးလား။ အရွယ်တူ ဆိုဇ်တူ အာနိသင်အတူပဲ။ ပေါ့ မနေစေချင်ရင် ရေဖြည့်လိုက်ရုံပဲ။ လုံလောက်အောင်လေးသွားတယ်။ ရွှေ့ချင်ရင် ရေတွေပြန်ဖောက်ထုတ်ပြီး ပေါ့ပေါ့ပါးပါးရွှေ့ပြောင်း အသုံးပြုလို့ရတယ်။ မတော်တဆ ကားနဲ့တိုက်မိရင် ကားမှာ အထိအခိုက်သက်သာတယ်။ နောက်ပြီး တစ်တုံးနဲ့တစ်တုံးတဆက်တည်းဖြစ်အောင် ချိတ်လိုက်လို့ရတယ်။ ကွင်းနဲ့ ချိတ်ကလေးတွေပါတယ်။ အတန်းလိုက်ချိတ်ဆက်ပြီး ရေဖြည့်လိုက်ရင် wall နံရံဖြစ်သွားတယ်။ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။ ကွန်ကရစ်တုံး ယှဉ်လို့တောင်မရဘူး။ နောက်ဆုံး ပျက်စီးသွားရင် အရည်ကြိုပြီး ပလပ်စတစ်ပစ္စည်း ပြန်လုပ်လို့ရတယ်။ ဈေးကလဲ တရုတ်ပြည်က ဝယ်ရင်တောင် ဘာမှမရှိဘူး။ တကယ်တော့ ကိုယ့်ဘာသာ မို(mold)နဲ့ လုပ်ယူလို့တောင်ရတယ်။ အစစ ဒီလောက်ကွာခြားကောင်းမွန်ပေမယ့် မသုံးဘူး၊ ကွန်ကရစ်တုံး မှ ကွန်ကရစ်တုံးပဲ။

    . . . မြေလတ်ဒေသက ဆေးရုံတစ်ခုမှာ ကျွန်တော် တာဝန်ထမ်းဘူးတယ်။ မြွေသိပ်ပေါတာပဲ။ မြွေကိုက်လူနာဟာ ပျမ်းမျှ တစ်နေ့တစ်ဦးနီးပါးရှိတယ်။ မြွေဆိပ်ဖြေဆေးဟာ အမြဲလိုအပ်နေတယ်။ မြွေ မပေါတဲ့ ဒေသကလာတဲ့ ဆရာဝန်အတွက်တော့ အဆန်းတကြယ်တွေပဲ။ မြွေကြောင့်အသက်ဆုံးရတာတွေကို နဖူးတွေ့ဒူးတွေ့ကြုံလာရတော့တယ်။ . . . မြွေ ဆိုပေမယ့် မြွေပွေးချည်းပဲ။ ကျွန်တော် နေခဲ့တဲ့ ၂နှစ်မှာ မြွေဟောက်ကိုက်တာ တစ်ကြိမ်လားပဲတွေ့ဘူးတယ်။

    . . . ပြောရလောက်တဲ့ လူနာတွေကြုံခဲ့ရတယ်။ တစ်ခါသား .. မြွေပွေးကိုက်ခံရတဲ့ လူနာတစ်ယောက်ဟာ အသိစိတ်လွတ်ပြီး သောင်းကျန်းတယ်။ မြွေပွေးကိုက်တာနဲ့ အသိစိတ်လွတ်တာ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ၊ တကယ်ပဲ ဒီလူနာက အတော်ဆိုးပါတယ်။ ကယောင်ကတမ်းတွေပြော ၊ အသံနက်ကြီးနဲ့ အကျယ်ကြီး ထအော် ၊ ဇက်ကျိုးပြီးငြိမ်ကျသွား .. အစုံပဲ။ သူပြောတဲ့ ကယောင်ကတမ်းတွေကလည်း ကြားလို့မကောင်းဘူးရယ် ၊ ကြောက်စရာ။ အစောပိုင်းနေ့တွေတုန်းက ပစ္စည်းတွေကို ကောက်လွှင့်ပစ်တယ် ၊ လူကောင်ကလည်း အတော်ကြီးတယ်။ သူရှိတဲ့ တစ်ထပ်လုံး နေမရကြဘူး။ သေလည်း မသေဘူး။ ၁ရက်က ၂ရက်ကြာတော့ သူ့နားမှာ တခြားလူနာတွေက မနေရဲကြတော့ဘူး။ ရွှေ့ကြပြောင်းကြနဲ့ ပြောလို့လည်းမရတော့ဘူး။ နေစရာမရှိတော့တဲ့လူတွေက ကော်ရစ်ဒါ ထွက်နေကြတယ်။ ပြောကြတာတော့ အပမှီတယ် ၊ တိုက်မြွေ မိတယ် စသည်ဖြင့်ပြောကြတာပဲ။
    . . . ကျွန်တော်ကတော့ မယုံဘူးလို့ ယတိပြတ်မဟုတ်ပေမယ့် မယုံတဲ့ဘက်က ခပ်များများလူမျိုးကိုး။ ဒါပေမယ့် ၂ရက်ကနေ ၃ရက် ၄ရက် ဖြစ်လာတော့ တော်တော်စိတ်ထဲ ဇဝေဇဝါဖြစ်မိတာ ဝန်ခံရမယ်။ ဒီလူနာဟာ မသေပဲနဲ့ အသိလည်း လုံးဝမရှိဘူး။ အလွယ်ပြောရရင် သူ့မျက်လုံးတွေက ကြောက်ဖို့ကောင်းတယ် ဆိုရမှာပဲ။ မျက်လုံးပွင့်နေတယ် ၊ ကြည့်တာလည်း မဟုတ်ဘူး ၊ ဘာမှလည်း မြင်ပုံမရဘူး။ အခုခေတ်ပေါ်ရုပ်ရှင်တွေထဲက ဇွမ်ဘီး(zombie)တွေလိုမျိုးပုံစံပဲ။ တစ်ခါတစ်ခါ ဇက်ကျိုးကျသွားရင် အသေကောင်လိုမျိုး ၊ အဲဒီပုံစံကနေ ရုတ်တရက်ထပြီး ကျုံးအော်လိုက်ရင် အသံနက်ကြီးနဲ့။ . . ဆိုးပါတယ်။ လက်တွေက လက်သီးဆုပ်လိုက်ရင် ကျောက်သားများလို မာတောင့်နေတာပဲ။
    . . . အံ့ဩစရာ တစ်ခုက သူ ဖောက်နေတဲ့အချိန်ကြီးမှာ ဆရာဝန်(ကျွန်တော်) ရောက်သွားရင် .. ဘေးလူတွေက ဝိုင်းအော်ကြတယ် ၊ “ဆရာဝန်လာပြီ .. ဆရာဝန်လာပြီ” ဆိုရင် လူနာက ငြိမ်သွားတယ်။ ထပ်မသောင်းကျန်းတော့ဘူး။ ကျွန်တော်ပြန်ထွက်သွားတဲ့အထိ ငြိမ်သက်နေတတ်တယ်။ ကျွန်တော်ပြန်ထွက်သွားပြီးရင် ပြန်သောင်းကျန်းတယ်။ တခြားဖြစ်နိုင်တဲ့ရောဂါ လက်လှမ်းမီသလောက်စစ်ကြည့်တာလည်း မတွေ့ဘူး။ ကျွန်တော်အမှတ်မမှားဘူးဆိုရင် ၄ရက်မြောက်နေ့မှာ ဆုံးသွားတယ်။ အသံနက်ကြီးနဲ့အော်ပြီး ငြိမ်သွားတာပဲ။ လူနာရှင်တွေက ဆုံးပြီ လာပြောတယ်။ သူတို့မျက်နှာမှာ စိတ်ပေါ့ပါးသွားမှုရယ် ကျေနပ်မှုရယ်ကို ဖုံးလို့မရဘူး။

    . . . နောက်တစ်ယောက်ကလည်း မြွေပွေးကိုက်တာပဲ။ ညဦးပိုင်းကြီး ပြင်ပလူနာဌာနကိုရောက်လာတယ်။ လူတွေအများကြီး ဝိုင်းလို့ပဲ။

    . . . ဒီမှာ တစ်ခုဖြတ်ပြောပါရစေဦး။ အဲဒီဒေသက ရွာကြီးတွေမှာ အစိုးရပိုင်းက ဦးဆောင်ပြီး မြွေဆိပ်ဖြေဆေး ၂လုံးစီ ဖြန့်ချထားပေးတယ်။ မြွေကိုက်ခံရပြီဆိုတာနဲ့ ဆေးမှူး၊ သားဖွားဆရာမ စသည်၊ ရွာမှာရှိတဲ့ ဆေးထိုးတတ်သူတစ်ဦးက မြွေဆိပ်ဖြေဆေး ၂လုံး ချက်ချင်းထိုးသွင်း ပေးလိုက်ဖို့ပဲ။ မြွေကလည်း ၉၉ရာနှုန်း မြွေပွေးချည်းပဲဆိုတော့ မြွေပွေးဆိပ်ဖြေဆေးတွေ ချထားပေးတယ်။ မြွေကိုက်ခံရပြီဆိုတာနဲ့ ချက်ချင်း (မြန်နိုင်သမျှမြန်မြန်) အဆိပ်ဖြေဆေးထိုးပေးနိုင်ရင် အသေအပျောက် အရမ်းနည်းသွားတယ်လေ။ ဒီနယ်ရဲ့ကောင်းကွက်ကတော့ အဲဒီလှုပ်ရှားမှု အောင်မြင်တာပဲ။ တခြားနယ်တွေမှာ မြွေဆိပ်ဖြေဆေးကို နေရာစုံကနေ အပြင်ထုတ်ရောင်းစားဖို့ကြိုးစားနေကြချိန်မှာ ဒီနယ်ကလူတွေက ညီညီညွတ်ညွတ်နဲ့ ရိုးသားကြတယ်ဆိုရမယ်။ မြွေဆိပ်ဖြေဆေးကို အပြင်မှာ ဝယ်ရတာရှားတယ်။ အသက်ရှင်နှုံးလည်း မြင့်တယ်။ မြွေဆိပ်ဖြေဆေးဆိုတာက တစ်ခါထိုးရင် အနည်းဆုံး ၄လုံးကနေ အလုံး ၂ဝလောက်ထိ ကုန်ရင်ကုန်တတ်တာမျိုး။ ပြင်ပပေါက်ဈေးက တစ်လုံးကို ငါးသောင်းကနေ တစ်သိန်းခွဲအထိ ရှိတယ်။ စဉ်းစားကြည့်ပါ။
    . . . ဒီကိစ္စမှာ ပြောပလောက်အောင် ကျွန်တော် လုပ်ပေးခဲ့တာ တစ်ခုရှိတယ်။ .. မြွေဆိပ်ဖြေဆေးတွေက ရေခဲသေတ္တာနဲ့ထားရတာဆိုတော့ ခုနပြောတဲ့ ရွာတွေမှာ လျှပ်စစ်မီးတောင်မရှိလို့ အခက်ပေါ့။ ဒီအခက်အခဲကို ကျော်လွှားတဲ့နည်းက မြေကျွင်းနက်နက်တူးပြီး မြှုပ်ထားလိုက်ခြင်းပဲ။ ၄ပေ ၅ပေ လောက်အထိတူးလိုက်ရင် ကျွင်းအခြေက အေးနေတတ်တယ်။ ကျွန်တော်ကစပြီး ဒါကို မိတ်ဆက်ပေးခဲ့တော့ အောင်မြင်ပါတယ်။ ကျေးရွာတွေမှာ (များသောအားဖြင့် ဥက္ကဌအိမ်ရှေ့မှာ) ကျွင်းတွေတူးပြီး မြွေဆေးတွေမြှုပ်ကြတယ်။ ခိုး မရောင်းကြဘူး။ အသေအပျောက် အရမ်းနည်းသွားတယ်။
    . . . မအောင်မြင်ခဲ့တာကတော့ ‘မြွေအာမခံ’ စနစ်ပဲ။ တောင်သူလယ်သမားတစ်ယောက်ဟာ တစ်နှစ်လုံးမှ ၅၀ဝကျပ်ပဲ ပေးသွင်းရတဲ့ ဒီအာမခံစနစ်ကို စိတ်မဝင်စားကြဘူး။ အလုပ်ရှုပ်တာကြောင့်လည်း ဖြစ်နိုင်ပါရဲ့။ မြွေကိုက်ခံရရင် ၁ဝသိန်း ၊ ၁၅သိန်း ကုန်လည်း ကိုယ်စိုက်စရာမလိုဘူး ဆိုတာ အာပေါက်အောင်ရှင်းပြပေမယ့် နားမဝင်ကြဘူးရယ်။

    . . . အဲ .. ပြန်ကောက်ဦးမှပဲ။ အဲဒီ ဒုတိယမြွေပွေးကိုက်လူနာကို စောင်ပုခက်နဲ့ သယ်လာကြတယ်။ လူတွေအများကြီး။ သူတို့ရွာက ခေါင်တယ် ၊ ကာကွယ်ဆေး ပေးမထားဘူး ၊ မထိုးရသေးဘူး။ ဘယ်အချိန်ကအကိုက်ခံရတုန်း ဆိုတော့ ‘မွန်းလွဲက’ တဲ့ ၊ ‘ယာထဲမှာ အကိုက်ခံရတာ’ တဲ့။ လူနာက စိုးရိမ်ရတဲ့ အခြေအနေ။
    “အာ .. ခင်ဗျားတို့ကို တောဘွတ်ရှည်တွေစီးပါလို့ ဒီလောက်ပြောလျက်နဲ့ဗျာ” . . ကစပြီး ပြောနေကျထုံးစံ ကာကွယ်ရေး တောဘွတ်ရှည်တွေအကြောင်း တရားဟောရတာပေါ့။ သူတို့လည်း ငြိမ်ပြီးနားထောင်ကြတယ်။
    “အစပိုင်းတော့ ခိုးလိုးခုလုထင်ရတာပေါ့ဗျာ ၊ နည်းနည်းကြာရင် အသားကျသွားတာပါပဲ ။ မြွေကောပါလာလား ၊ မြွေပွေးပဲလား” ..။
    “ပါလာတယ် ဆရာ ၊ ဒီမှာ” ဆိုပြီး ပလတ်စတစ်အိတ်တစ်လုံးကို မျက်နှာနားလာဖွင့်ပြတယ်။
    “ဟ ဟာ .. ဖြေးဖြေးလုပ်ပါဗျာ” အော်ပြီး နောက်ဆုတ်ရတယ်။ ခင်ဗျားတို့ ဆိုရင် ဘယ့်နှယ်နေမလဲ သိချင်လိုက်တာ။ … အိတ်ထဲမှာ … မြွေပွေးကြီးက မနည်းကြီး ကြီးတယ် ၊ သေနေပြီ။ ဘေးမှာ မြွေပွေးပေါက်စကလေးတွေ အများကြီး ..။ တီကောင်လောက်ကလေးတွေ။ တွန့်တွန့်ထွန့်ထွန့်နဲ့ နေတာ။ အများကြီးပဲ .. အသည်းထဲ ကျလိကျလိနဲ့ နေစရာကြီးပါဗျာ။
    “သားပေါက်နေတာကြီးပါလား” ဆိုတော့
    “ဟုတ်တယ် ၊ လမ်းမှာပေါက်လာတာထင်တယ်” တဲ့။ မြွေပွေးဆိုတာက အကောင်လိုက် ပေါက်တာ ၊ အမေ မြွေမကြီး ဗိုက်ကို ဖောက်ထွက်လာကြတာ ၊ သိလား။ . . . သို့သော် .. ဥကပေါက်တဲ့ မြွေပွေးရယ်လို့လဲ ရှိတယ် လို့ နောက်တော့ ကျွန်တော် သိလာရသေးတယ်။ မတိုင်ခင် ကတော့ အသက်အစိတ်အထိ ကျွန်တော်ဟာ မြွေပွေးဆိုတာ တီဗွီထဲလောက်သာတွေ့ဘူးတာကလား။ . . . ဒီအကောင်ကတော့ ဗိုက်ကိုဖောက်တဲ့ အမျိုးနွယ်ထင်ပါရဲ့။ အကောင်တွေပေါက်နေတာ ပြီးချင်မှတောင်ပြီးဦးမယ်၊ မသေချာဘူး။

    . . . ကျွန်တော်ကတော့ ဒီကောင်တွေကြောင့် လူတွေသေနေရတာကို မနှစ်မြို့ဘူး။ မြွေဆိပ်ဖြေဆေးထိုးနေရင်း ဗျစ်တောက်ဗျစ်တောက် ဆက်ပြောမိတယ်။
    “ဘွတ်တွေစီးကြပါဗျာ ၊ အစိုးရကလည်း ချပေးတယ်မဟုတ်လား” ..။ ခပ်လှမ်းလှမ်းက တစ်ယောက်က မနေနိုင်တော့လို့ ဝင်ပြောတယ်။
    “အခု ဘွတ်စီးထားတုန်း ကိုက်တာပဲ ဆရာရဲ့” .. တဲ့။
    “ဟင် .. အဟုတ်လား” ..
    “အဟုတ်ပါ .. ဘွတ်ဖိနပ်ကို ဖောက်ပြီး ကိုက်တာ၊ ဘွတ်ဖိနပ် ပေါက်ထွက်သွားတာ” ..။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘူး။ လူနာရှင်က အားတုံ့အားနာလေသံနဲ့ ဆက်ပြောတယ်
    “သားဇောကြောင့် နေမှာပါ” တဲ့။ .. ခပ်လှမ်းလှမ်းကလူက ခပ်တိုးတိုးထပ်ပြောတယ် ..”အဲဒါ အစိုးရချပေးတဲ့ မဝယ်မနေရ ဘွတ်ဖိနပ်လေ” .. တဲ့။ … ကြာလှလို့ ဟောင်းနေဆွေးနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ လို့ ကျွန်တော်တွေးတယ်လေ။

    . . . တောဘွတ်ရှည်တွေ မြင်ဘူးတယ်မဟုတ်လား။ တွတ်ပီ ဖိနပ်လေ။ ခင်ဗျားသာဆရာဝန်ဆိုရင် အနည်းဆုံး တစ်ကြိမ်တော့ လူတွေကို၊ တောင်သူတွေကို ‘တောဘွတ်စီးကြပါ’ လို့ ပြောဘူးမှာပါပဲ။

    . . . အဲဒီတုန်းက ဘွတ်ဖိနိပ်တွေ ကျွန်တော့်ကို ကိုက်ခဲ့တယ်။ အဆိပ်မရှိဘူးလို့ပဲ မှတ်ခဲ့တာ။ အခု .. ကွန်ကရစ်တုံးတွေကို တွေ့တော့မှ အကိုက်ခံခဲ့ရတဲ့ ရင်ဘတ်ဆီမှာ တဆစ်ဆစ်နဲ့ ‘အဆိပ်’က တက်တက်လာတာ။

    ယက္ခ။ ၁၁.၇.၁၅။
    https://www.facebook.com/yekkha.yejee
    https://www.facebook.com/yekkha.yegyii.fanpage
    http://yekkhayejee.blogspot.com/

    • nature

      July 12, 2015 at 7:23 pm

      မြွေကတောဘွတ်ကိုဖောက်ကိုက်တယ်ဆိုတာတကယ်ရောဟုတ်ရဲ့လား fb မှာပေါက်ကရလေ ျှာက်ရေးပြီးနောက်တတ်တဲ့သူတွေကလည်းခပ်မ ျားမ ျား…။ တိုင်းရင်းဆေးမှာလည်းမြွေဆိပ်နိုင်တာတွေရှိပါတယ်။ ဒါတွေကိုအစိုးရက အသိအမှတ်ပြု အသုံးခ ျသွားရင်အဆင်ပြေနိုင်ပါတယ်။ တလောကမြွေကိုက်လို့ ကေ ျာက်ကပ်ပ ျက်ပြီး ဆေးရုံမှာသေဖို့ထိုင်စောင့်နေရတဲ့လူကို ဆေးမြီးတိုနဲ့ပေ ျာက်သွားတာလက်တွေ့ပါ။

      လမ်းလယ်တုံးတွေက ညမိုးသဲသဲမှောင်ခ ျိန်တွေမှာ မြင်တွေ့နိုင်အောင် ထုံးသုတ်ထားသင့်ပါတယ်။

  • kai

    July 12, 2015 at 2:33 pm

    ပထမ… မြန်မာပြည်..ရန်ကုန်က.. ကားမများပါဘူးဗျ..။
    နည်းသမှ.. မြို့တော်ဖြစ်ဖူးတဲ့.. နိုင်ငံရဲ့အကြီးဆုံးမြို့အနေနဲ့ဆို.. ကမ္ဘာ့အနည်းဆုံးတောင်စာရင်းဝင်မလားပဲ…။
    လမ်းတွေလည်း မကျဉ်းပါဘူး..
    တလောကတင်အရီးလတ်ပြတယ်မဟုတ်လား..
    သူ့မြို့လေးလမ်းတွေက ကျဉ်းတယ်လေ..
    တိုကျိုဆိုလည်း.. လမ်းတွေကျဉ်းတဲ့နေရာဆို.. ကားတစီးကွက်တိ..။
    ဘတ်စကားဝင်တဲ့တချို့လမ်းတွေများ… ဟိုဖက် ၃လေးလက်မ…ဒီဖက်၃လေးလက်မပဲလွတ်တာ…

    ဆန်ဖရန်စစ်စကိုဆိုလည်း.. ကုန်းတက်ကုန်းဆင်းတွေနဲ့.. လမ်းကျဉ်းလေးတွေ..။
    လူတိုင်းလိုလို… ကားရှိကြပေမယ့်.. အယ်လ်အေလောက်တောင်ကားမကြပ်…

    ဆိုတော့…
    ကမ္ဘာမှာကားအကြပ်ဆုံးမြို့က.. အောက်ကစာရင်းအတိုင်း…
    Moscow, Russia: 74%
    Istanbul, Turkey: 62%
    Rio de Janeiro, Brazil: 55%
    Mexico City, Mexico: 54%
    São Paulo, Brazil: 46%
    Palermo, Italy: 39%
    Warsaw, Poland: 39%
    Rome, Italy: 37%
    Los Angeles, USA: 36%
    Dublin, Ireland: 35%
    ရန်ကုန်ကားမကြပ်စေချင်ရင်.. နားလည်တတ်ကျွမ်းတဲ့ပညာရှင်ကို.. အကြံတောင်း..
    လက်တွေ့လုပ်…
    စက်မှုတက္ကသိုလ်တွေမှာ.. လမ်း-တံတားဘာသာအထူးပြုဘွဲ့တခုထပ်တိုး..။

    အဲလို…

  • nature

    July 12, 2015 at 7:14 pm

    ….တလောကတင်အရီးလတ်ပြတယ်မဟုတ်လား..
    သူ့မြို့လေးလမ်းတွေက ကျဉ်းတယ်လေ..
    တိုကျိုဆိုလည်း.. လမ်းတွေကျဉ်းတဲ့နေရာဆို.. ကားတစီးကွက်တိ..။
    ဘတ်စကားဝင်တဲ့တချို့လမ်းတွေများ… ဟိုဖက် ၃လေးလက်မ…ဒီဖက်၃လေးလက်မပဲလွတ်တာ…

    လမ်းကက ျဉ်းပေမဲ့ ကားဂ ျမ်းမဖြစ်ရင် လူဦးရေမထူထပ်တဲ့လုံးခြင်းအိမ်ယာလိုနေရာမ ျိုးလို့ ကောက်ခ ျက်ခ ျနိုင်ပါတယ်။ နောက်တခုက ကားစရိပ်ကြီးမြင့်မှုကြောင့် ကားမဝယ်စီးပဲ public transport ကို အဓိကအသုံးပြုတာလည်းဖြစ်နိုင်ပါတယ်။

  • မြစပဲရိုး

    July 12, 2015 at 8:58 pm

    အတော်လေးချစ်ဖို့ကောင်းတဲ့ တို့ အမျိုး ဘဲ။ (အစ်ကိုဖြစ်မလား၊ မောင် ဖြစ်မလား မသိ)

    ကိုနေချား ဆွေးနွေးပြထား တဲ့ အချက် တွေ က လက်ရှိ ကားကြပ် စေတဲ့ အကြောင်းရင်းမှန်တွေပါဘဲ။
    ဒီအထဲမှာ တစ်ချို့ က ပြုပြင်ပြောင်းလဲ ပြီး တား လို့ရတယ်။
    ဥပမာ – စည်းကမ်းမဲ့တာ၊ ဥပဒေ ကို ဖောက်တာ
    တစ်ချို့ ကတော့ ဘယ်လိုမှ တားမရ ဘဲ လက်ခံရမှာတွေ ရှိပါတယ်။
    ဥပမာ – ကားများလာတာ၊ လမ်းကျဉ်းတာမျိုး။

    ကျွန်မလဲ ရွှေပြည် ကားဂျမ်း ထဲ ကိုယ်တွေ့ခဲ့ တဲ့ အချက်တစ်ချို့ ထဲ က နှစ်ချက် ကို နဲနဲ ဝင်ရွှီးပါရစေ။

    ပထမပြောမဲ့ အချက် က ကိုယ့်မိဘ ထမင်းအိုးတုတ်နဲ့ ထိုးသလို ဖြစ်နိုင်ပေမဲ့ မတတ်နိုင်ပါဘူး။

    (၁) အဲဒါက ရန်ကုန်မြို့ထဲမှာ တက်စီကားများ များလွန်းနေတာပါဘဲ။
    လမ်းပေါ်မှာ ကားတွေကို ကြည့်ရင် ကား၁ဝစီးမှာ အငှားကား ရစီးလောက်ရှိမလားဘဲ။
    သူတို့ ကြည့်ရတာလဲ ကိုက်ပုံပါဘဲ။
    ဒါဟာ ရန်ကုန်ထဲမှာ ရှိတဲ့ လူဦးရေ အတွက် အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရဲ့ ဝန်ဆောင်မှု မကောင်းတာ က အဓိက ဖြစ်မှာပါ။
    တကယ်လို့များ ရထားတွေ၊ ကားတွေ ကို အစိုးရ ကဘဲ လုပ်လုပ်၊ ပုဂ္ဂလိက ကိုဘဲ ပေးပေး သင့်တင့်တဲ့ ဈေး နဲ့ ဝန်ဆောင်မှုပေးရင် တော်ရုံ ဘယ်သူမှ ကားငှားမစီးပါဘူး။
    ကျွန်မ တို့ နေတဲ့ နေရာ တွေ မှာ လမ်းပေါ်က တက်စီ ကား ကို တားစီး လို့ မရပါဘူး။
    လမ်းပေါ်မှာလဲ တက်စီတွေ ဥဒဟိုသွားပြီး ခရီးသည် မရှာပါဘူး။
    တက်စီ လိုချင်ရင် သူ့ဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ အေးဂျင့်(တရားဝင် မှတ်ပုံတင်) တွေ ကို ဖုန်းဆက်ပြီး ကားခေါ်ရပါတယ်။
    ဒီလို ဝန်ဆောင်မှုပေးတာ ခရီးသည်ရော၊ ယာဉ်မောင်း ကိုပါ လုံခြုံမှု ပေးပါတယ်။
    ဈေးနှုန်း မှန်ရပါတယ်။
    ဒါ့အပြင် ဒီနေ့ခေတ် မိုဘိုင်းအက်ပ် တွေ အရမ်းကောင်းလာတာကြောင့် အကြာကြီးစောင့်စရာမလို ချက်ခြင်း နီးရာ ကားက ရောက်လာတာပါ။
    ဒါမျိုး မြန်မာပြည်မှာ လဲ လုပ်ဖို့ စနေပြီ လို့ သိပါတယ်။
    ဒါပေမဲ့ အစိုးရ က ပူးပေါင်းပြီး ဥပဒေမထုတ်ရင်တော့ ဒီလို လုပ်ငန်း တွေ လဲ အလုပ်ဖြစ်ဖို့လမ်းမရှိပါဘူး။
    . နောက်တစ်ချက်က ရန်ကုန် က လူများ လမ်းလျှောက်ဖို့ ပျင်းကြ သလားဘဲ။
    တစ်မှတ်တိုင်၊ နှစ်မှတ်တိုင် လိုမျိုး ကို ကားငှားစီးသူတွေလဲ ရှိတာပါ။

    ဒါ ကို ဆက် ရရင် နှစ်အချက် ထွက်လာပါတယ်။

    (၂) လမ်းလျှောက်ရအောင် ပလက်ဖောင်း မရှိခြင်း နဲ့ ပလက်ဖောင်းရှိလဲ ဈေးသည် တွေ နဲ့ ပြည့်နေခြင်း ပါ။
    အဲဒါ ကို မြို့ အနှံ့ တွေ့နိုင်ပါတယ်။
    . မြို့လည် ဆိုလဲ မြို့ထဲ ပလက်ဖောင်းတွေ ပေါ်မှာ ဈေးသည် အပြည့်။ ဝယ်သူ နဲ့ ရောင်းသူ ဘယ်သူ ကများလဲ တောင် စစ်တမ်းကောက်ချင်မိတယ်။
    လမ်းလျှောတ်ဖို့ နေရာမရှိ ရအောင် ကို သူတို့ နေရာ ယူထားတယ်။
    . ဈေးသည် တွေ ရောင်းဖို့ နေရာ လေး သက်မှာ ပေးရင်ရော အဲဒီ မှာ ရောင်းကြပါ့မလား တော့ မသိ။
    ဒါဟာလဲ မရှိလို့ ဖြစ်သလို ရှာ နေရသူ တွေ ရဲ့ ထမင်းအိုး တုတ်နဲ့ ထိုးသလိုပါဘဲ။
    ဒီလို ရောင်းလို့ မရရင် သူတို့ ဘယ်လို ဝင်ငွေရပါ့မလဲ တွေးမိ တယ်။
    တကယ်တန်း သူတို့ ရောင်းဝယ် နေတာ တွေ ကရော လူတန်းစေ့ နေနိုင်မဲ့ ဝင်ငွေ ရနိုင်ပါ့မလား။ မထင်ပါဘူး။
    စက်ရုံ၊ အလုပ်ရုံတွေ ၊ လယ်ယာမြေ တွေ ကို စနစ်တကျ တိုးတက် ဖို့ လုပ်ပေးနိုင်ရင် ဒီ လူ တွေ အတွက် တန်တန်ရာရာ ဝင်ငွေ ရမဲ့ အလုပ်တွေ ပေါ်လာမှာပါ။

    လမ်းလယ်က တုံး တွေ ကတော့ စားနိုင်သမျှ နင်းကန်စားပြီး ပို နေတာ တွေ ကို မလို လဲ လျှောက်ချ ထားတဲ့ အဖြစ်ပါ ကိုနေးချား ရေ။
    တစ်တုံး မှ သောင်းဂဏန်း တောင် မတန် တဲ့ ဟာ တွေ ကို နှစ်သိန်း လောက် ဘတ်ဂျက်ပြပြီး ကိုယ့်ဘဏ္ဍာ အဖြစ် ပြောင်းထား တဲ့ မျက်လှည့် တစ်ကွက်ပေါ့။

    အခု လဲ ခေတ်မှီ မီးပွိုင့် တွေ တပ်ဖို့ စရိတ် မြင်ရ ပြန်ပြီ။ တကယ် ကုန်သင့်တဲ့ ပုံမှန် ဈေးထက် အများကြီးပို ကုန် နေတာ တွေ့လိမ့်မယ်။
    လိုတာ ထက် ပို ပြီး တပ် ကြလိမ့်ဦး မယ်။

    သိသိကြီး ကို ခပ်ပြောင်ပြောင်ပါဘဲ။
    အရှက် တွေ၊ သိက္ခာ တွေလဲ ငွေ နောက်မှာ ပျောက်နေ တဲ့ တိုင်းပြည် ပါဘဲ။

    ပိုက်ဆံ မကုန်ဘဲ ပြင် ရမဲ့ အရေးကြီး တဲ့ ဥပဒေ စည်းကမ်း တွေ ကို နဲနဲ မှ မစဉ်းစားပါ။
    အဲဒါ တွေ မရှိဘဲ ဒါတွေလုပ်လဲ ရှေးဟောင်းသီချင်းပတ်ပျိုး ဘဲ ကြားမြဲကြား ရမှာ ဗေဒင်မမေး နဲ့။

    ကိုယ့်လို ဘာမဟုတ်တဲ့ လူ လောက်တောင် မစဉ်းစားတတ် တဲ့ အသုံးမကျ တဲ့ စေတနာမရှိ တဲ့ ကိုယ့်အိတ်ထဲ ဝင်ဖို့ ဘဲ ချောင်းနေတဲ့ အစိုးရ လက်ထဲ တိုင်းပြည်ပျက် တာ မဆန်းပါ။
    ဒီလူ တွေ ဆက်ပြီး အစိုး ရဖြစ်ရင် တိုင်းပြည် မွဲ သထက်မွဲ ဖွတ်ဖြစ်သထက် ဖြစ်ပါမယ်။
    တိုင်းပြည် မပြော နဲ့ အဖွဲ့အစည်းတစ်ခု အောင်မြင်အောင် မပြော နဲ့ ကိုယ့် နာမည် လေး လူ့ဘဝ မှာ တင့်တယ်ပြီး ကျန်ခဲ့ဖို့ ကိုတောင် မစဉ်းစား မတွေးခေါ် အလုပ်မလုပ်တတ် တဲ့ လူများ ကို ဆက်ပြီး အစိုးရ မဖြစ်စေဖို့
    . ဒေါ်အောင်ဆန်းစုကြည် စကား ကို သာ နားထောင်လိုက်ကြပါ လို့ သာ တိုက်တွန်းလိုက်တော့မယ်။

    • nature

      July 14, 2015 at 10:18 pm

      ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံရဲ့ပေါ်လစီက အလုပ်သမား လယ်သမားလူတန်းစားပေါ်တွင် အခြေခံသည်ဆိုတော့ အလုပ်သမားလယ်သမားတွေပဲဦးစားပေးအခွင့်အရေးပေးပြီးတော့ အလုပ်သမားလူတန်းစားတွေပဲပေါတာမဆန်းပါဘူး။ ကိုယ့်ဆီလာတဲ့အလုပ်ရှင်တွေကိုလည်းမောင်းထုတ် အလုပ်ရှင်မရှိတော့လည်း နိုင်ငံခြားထွက်အလုပ်လုပ်ကြတာပေါ့။ တန်တန်ရာရာအလုပ်မရတော့လည်းနောက်ဆုံးအိမ်ဖော်လုပ်ကြတာပေါ့။

      လမ်းဘေးစေ ျးသည်တွေကတော့ တိုးပွားဖို့ပဲရှိတယ်။ တခ ျို့လမ်းဘေးစေ ျးသည်တွေဆိုတော်တော်အဆင်ပြေပုံရတယ်။ တခ ျို့တော့လည်းသိပ်အဆင်ပြေပုံမရဘူး။ အလုပ်မရှိလို့ဝင်ငွေမရှိတာထက်စာရင်တော့ တော်သေးတာပေါ့။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 13, 2015 at 7:15 am

    ကျွန်တော်က ဘုရင့်နောင်ဈေးနားနေတော့… အဲ့က ကားပိတ်ချက်ကို ပိုးစိုးပက်စက်ခံခဲ့ရသူပါ။
    အဓိကကတော့ အများပြည်သူသုံး လမ်းရထား၊ တံတား စနစ်တွေကို ပညာရှင်တွေနဲ့ စည်းကမ်းတကျမလုပ်နိုင်သေးတာပါ။
    ဂျပန်မှာတော့ အပေါ်ကသဂျီးပြောသလိုပဲ လမ်းကို ကွက်တိလောက်နဲ့ လုပ်ထားတာ လမ်းကြားထဲ စက်ဘီးနင်းရင်
    ကျနော်မှာ ရပ်ပြီး တော်တော်ဘေးကပ်ပြီး ကားကို သွားခိုင်းရတာပါ။
    အများစု ရန်ကုန်မှာ ကားကျပ်နေတာက ကိုယ်ပိုင်ကား၊ တိုက်စီ၊ ဘတ်စကားတွေကို အားပြုလွန်းနေတဲ့ ခရီးသွားစနစ်ကြောင့်
    မြင်ပါတယ်။
    – ကိုယ်ပိုင်ကား.. ဂျပန်မှာတော့ ကားပိုင်စီးလို့ ဝယ်လို့အလွယ်တကူရပေမဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ဝယ်ပြီး ပါကင်ထိုးရတဲ့စရိတ်က ကြီးတော့ ဗြမာ ခေါင်းဖြစ်ပြီး တော်ရုံသင့်ရုံဆိုရင်တောင် ဝယ်မစီးပဲ နေရာတကာ ရောက်တဲ့ ရထားပဲအားပြုကြပါတယ်။ တစ်နာရီ ပါကင်ထိုးခ ယန်း ၃၀ဝ လောက်ဆိုတော့ တစ်နာရီကို မြန်မာငွေ ၃ထောင်..။
    ကျန်တာတွေ လာပြောဦးမယ်.. အလုပ်မအားလို့.. နောက်မှဆက်ပြောတော့မယ်..

  • ဇီဇီခင်ဇော်

    July 13, 2015 at 9:21 am

    သိပ်နားမလည်လို့ ဝင်မပြောပေမဲ့ ဖတ်သွားပါတယ် ဗျို့။

  • ဦးကြောင်ကြီး

    July 13, 2015 at 12:27 pm

    ယံကုန်ကို နယ်အစုံက လာပြီး အခြေခ ျမှုက အဓိက အခ ျက်ပါ။ ဒါတောင် ဆတ်မှုဇုံတွေ မြို့ပြင် ခွဲနိုင်ဂဲ့လို့နော ်…။ နိုင်ငံအဝှန်း ထုတ်လှုပ်ရေး၊ ကူးသန်းယောင်းဝယ်ရေး စသဖြင့် ဇုံမြို့ ဂျီးတွေ မတည်ဆောက်နို်င်သ၍ စက်ဖြစ်နေပါအူးမည်။
    ယေတိုအဖြစ် ကွင်းပြင်က ျယ် အားကစားကွင်းတွေ၊ မိုးလုံလေလုံ ကစားကွင်းတွေ ဆောက်ပြီး မြေအောက်မှာ ကားပါကင်ထား.. ရတဲ့ငွေနဲ့ အဲဒီအဆောက်အအုံတွေမှာ ပ ျံသုံး..။ ပန်းခြံတွေကို အဲလို အသုံးခ ျခြင် ချပေါ့စ်..။

    • မြစပဲရိုး

      July 13, 2015 at 10:25 pm

      . မောင်မောင်ကြောင် ပြောတာ ကို ဆက်ကြည့်ရရင်
      . မြို့ နဲ့ နယ် တန်းတူ ဖြစ်သွားချိန် လူ တွေ ပြန့်သွားမှာပါ။
      အခု နေပူတော်ကြီး မှာ မီးမှန်တယ်၊ ကားမရှုပ်ဘူး။
      သို့ပေမဲ့ အရေးကြီး တဲ့ ကျောင်းတွေ၊ ဆေးရုံ တွေ မှ မကောင်းတော့ ရန်ကုန် က နေ ဘဲ အသွားအပြန် လုပ်နေကြရော။
      မယုံရင်စမ်းကြည့်ပါလား။
      အဲဒီမှာ စံပြကျောင်းကောင်းတွေ၊ အဆင့်မြင့် ဆေးရုံတွေ နဲ့ အင်တာနက် ဘရော့ဘန်းလိုင်းကောင်းကောင်း တွေ ရအောင်သာ လုပ်ပေးလိုက်။
      အစိုးရဝန်ထမ်း တွေ အဲဒီမှာ ကို ပြောင်းပြီး နေကြလိမ့်မယ်။

  • Mike

    July 13, 2015 at 1:52 pm

    .တစ်ချက်ပြောချင်တာက မီးပွိုင့်ရှိပေမဲ့ ယာဉ်ထိန်းရဲတစ်ယောက်စီထားသင့်တယ်…
    .ကားတန်းအရွေ့ကနှေးတော့ စိမ်းပီဆိုပီးဆက်လိုက်..ဟိုဖက်မရောက်ခင်ကားတန်းရပ်သွားတော့
    .တခြားတစ်ဖက်က မီးစိမ်းသွားလည်းကူးမရပဲပိတ်နေရော…

    • nature

      July 14, 2015 at 2:47 pm

      မီးပွိုင့်တိုင်းယာဉ်ထိန်းထားနိုင်ဖို့တော့မလွယ်ဘူးထင်တယ်။ ကားဂ ျမ်းဖြစ်တတ်တဲ့အခ ျိန် နေရာလောက်သိထားပြီးထားရင်တောင်မဆိုးပါဘူး။ လမ်း ၄ခွဆုံမှာခေါင်းလုတာကတော့ အခ ျို့ဆို လမ်းကြောင်းခ ျန်ထားပေးတတ်လာပေမဲ့ အမ ျားစုကတော့ ပိတ်ရပ်တုန်းပဲ။

      • kai

        July 16, 2015 at 4:52 pm

        မီးပွိုင့်ရှိပေမဲ့ ယာဉ်ထိန်းရဲတစ်ယောက်စီထားသင့်တယ်…

        အင်းလေ..
        သူတို့လစာကျ ဘယ်သူက စိုက်ပေးမှာလည်းတွေးနေမိ…။

        ဒီမှာကျ…. ရဲတွေပစ္စည်းကောင်းသုံးနေတာတွေ့တိုင်း..
        ဟင်း.. ငါတို့ပိုက်ပိုက်တွေကုန်ပါပြီလို့… တခါတလေ တွေးမိ…

  • တောင်ပေါ်သား

    July 14, 2015 at 3:37 pm

    ကားလမ်း မပိတ်စေဖို့ ယာဉ်မရပ်ရ ဖြူနီကျားလုပ်တယ် ၊ ရပ်တာပဲ ၊

    တကယ်သာဖမ်းရင် ဘယ်အကောင်မှ မရပ်ရဲဘူး ၊

    လှည်းတန်းဘက် ညနေ လမ်းလျှောက်ကြည့် ၊ ပလက်ဖောင်းကို အပိုင်စီးထားတာက ဈေးသည် ၊

    လူတွေက လမ်းပေါ်ရောက် ၊ ကားတွေက ၃ စီးစာမှာ ၂ စီးပဲ သွားနိူင်တော့တယ် ၊

    ဆင်ရေတွင်းကနေ သုခထိပ်အထိ ဘာလို့ပိတ်သလဲ ?

    ၃ လမ်းသွားမှာ ညာဘက်ဆုံးလမ်းက ညအိပ်ကား နဲ့ ဆိုက်ကားတွေက နေရာယူထားတာလေ ၊

    ဥပဒေဆိုတာ ထုတ်ထားရင် တကယ်အရေးယူပေါ့ ၊ ခုတော့ ဒုံရင်းပဲ ၊

    အသုံးမကျတဲ့ ကားတင်သွင်းခွင့်မှာ ကားပါကင်ရှိကြောင်းပြရမယ်ဆိုတာကြောင့်

    တောင်မြောက်အရှေ့ဒဂုံက မြေကွက်တွေ ငှားပြ ၊ ရကြပြန်သတဲ့ ၊

    ကားပိုင်ရှင်နေတာက မြို့ထဲ ၊ ပါကင်လိပ်စာက ဒဂုံအရှေ့ ကောင်းပါလေ့ကွယ် ၊

    ပြောတဲ့သူသာ မောပြီးအသက်ထွက်မယ် ၊ တကယ်အရေးမယူသရွေ့ ဘာမှဖြစ်လာမှာ မဟုတ် ၊

    အမယ်လေး မောတာ ၊ ရေတစ်ခွက်လောက်

  • အောင် မိုးသူ

    July 15, 2015 at 9:07 am

    နေ့တိုင်းတွေ့ကြုံခံစားနေရတာပါ အလုပ်ကအသွားအပြန် လိုင်းကားပေါ်မှာ အချိန်ကုန်တဲ့ဘဝ ဘယ်အချိန်လွတ်မလဲမသိ။

  • မွသဲ ( 17082011 )

    July 16, 2015 at 4:38 pm

    ကျန်တာတော့မသိ လူကတော့ တနေ့တနေ့ကားပေါ်မှာပဲအိုအိုသွားပါကြောင်း :byee:

  • YE YINT HLAING

    July 16, 2015 at 6:31 pm

    ပြောသွားကြတာလည်း အစုံပါပဲ။
    တော်တော် များများလည်းသိလိုက်ရပါတယ်။
    သေချာတာကတော့ လူတန်းစားပေါင်းစုံ လုပ်အားအမျိုးမျိုး ဆုးံရှုုးံနေရမှူတွေနဲ့လမ်းပေါ် မှာ အလဟသ အချိန်ကုန်နေကြရတာပါပဲ။

  • nature

    August 22, 2015 at 3:50 am

    အမေရိကန်က တခ ျို့ပြည်နယ်တွေမှာ ညာဘက်ကွေ့မည့်ကားဟာ မီးနီနေသော်လည်း ကားရှင်းရင်ကွေ့ခွင့် ပေးတာတွေ့ရတယ်။

    • kai

      August 22, 2015 at 5:44 am

      In some states, such as New York[5] and California, a right turn on red is prohibited when a red arrow is displayed.

      သာမန်အားဖြင့် ယူအက်စ်က မြို့ကြီးအားလုံးလိုလို.. မီးအနီမှာ ညာဖက်ကွေ့ခွင့်ပေးပါတယ်..။
      ( ယူအက်စ်က.. လက်ယာမောင်းစနစ်)။ အဲလိုလုပ်ထားတဲ့အတွက်.. ကားဂျမ်းဖြစ်တာ..တော်တော်လျှော့နိုင်တယ်လို့ထင်တယ်..။
      မီးနီတွင် မကွေ့ရဆိုတဲ့.. အထူး မျှားမီးပွိုင့်ဆိုင်းမရှိရင်ပေါ့…။

      ဆိုတော့…
      အင်္ဂလိပ်က.. မြို့ကြီးတွေမှာတော့ အင်္ဂလန်တွေကားမောင်းရင်..မရဖူးလို့သိထားတယ်..။
      အမေရိကန်က.. ကားမောင်းနေတဲ့အမေရိကားတွေ.. မီးနီညာဖက်ကွေ့မောင်းလို့ရတယ်လို့သာ မှတ်စေလို..။ :k:

      • Ma Ma

        August 22, 2015 at 9:11 am

        အမေရိကန်နဲ့ အမေရိက ကို မြန်မာလိုပဲ အသံထွက်ပြီး အမှတ်တမဲ့နဲ့ ရေးနေပြောနေကြတာမို့ အမှားကို မှားမှန်းမသိအောင် နားယဉ်နေပြီ။
        အင်္ဂလန်နဲ့ အင်္ဂလိပ်ကို မှားရေးရင်သာ နားထဲမှာ ကန့်လန့်ကြီးဖြစ်ပြီး မှားမှန်းသိတာ။ :b:

        • kai

          August 22, 2015 at 10:16 am

          United States of America ကို အမေရိကန်ပြည်ထောင်စုလို့ ဘာသာပြန်ရေးလိုက်တဲ့သူတွေစလိုက်တဲ့ပြသနာလို့ထင်မိတယ်..။
          အဲဒီခေတ်က.. အမေရိကဆိုတာ.. သင်္ဘောနဲ့သွားရင်..လချီကြာတတ်တာမို့.. အဲဟိုမှာ..ဘာတွေဖြစ်နေမှန်းမသိ…။

          အဲဒီကနေ. အမေရိကန်နိုင်ငံ..။
          .. နောက်နိုင်ငံ စာလုံးဖြတ်ပြီး.. အမေရိကန် လို့နိုင်ငံကို တန်းခေါ်လိုက်ကြပုံရပါတယ်..။
          ဒီကိစ္စကို.. VOA က.. ကိုသန်းလွင်ထွန်းကိုတန်းပြောတာတောင်.. လက်မခံချင်…။

          မြန်မာတွေဟာ.. ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုးလည်း.. ခေါ်ချင်သလိုခေါ်နေကြပြီး.. တခြားနိုင်ငံတွေကိုလည်း.. ခေါ်ချင်သလို ခေါ်ဝေါ်သုံးစွဲနေကြတာ…
          နာမယ်.. ဘယ်လောက်အသက်သမျှအရေးကြီးနေသလဲ… ရိုဟင်ဂျာပြဿနာကျမှ ရိုးတိုးရိပ်တိတ် သိကြပုံရတယ်..။

          ခရစ်ယန်တွေမှာတော့..နာမယ်ကအင်မတန်အရေးကြီးကြောင်း.. ဘာသာရေးမှာ.. သင်ကြားပေးထားသဗျ..။
          ထေရာဝါဒသမားတွေ.. အတုယူစေလို..။ :k:

        • မြစပဲရိုး

          August 23, 2015 at 3:38 am

          News :: 22/08/15
          http://www.dailymail.co.uk/news/article-3207243/True-American-hero-airman-tackled-beat-disarmed-Kalashnikov-wielding-terrorist-French-train-treated-tending-stab-wounds-emerges-hospital-humble-wave.html

          A humble wave from a hero: Wounded US airman who took down AK47-wielding terrorist on French train, then treated others before tending to his own stab wounds emerges from hospital with a smile

          One of the Comments
          MHO, Essex, United Kingdom, 4 minutes ago
          Brave, selfless and handsome – this guy is quite a catch. Well done to all of them – proper heroes. Yanks and Brits saving the day in France – sounds familiar.
          ============================================
          kai says:
          {{
          မြန်မာတွေဟာ.. ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုးလည်း.. ခေါ်ချင်သလိုခေါ်နေကြပြီး.. တခြားနိုင်ငံတွေကိုလည်း.. ခေါ်ချင်သလို ခေါ်ဝေါ်သုံးစွဲနေကြတာ…
          }}
          We are not alone.
          Americans are called “Yanks” in here. 😉

        • kai

          August 23, 2015 at 4:02 am

          Yanks (1979) – IMDb
          http://www.imdb.com/title/tt0080157/
          Internet Movie Database
          Rating: 6.4/10 – ‎2,391 votes
          Directed by John Schlesinger. With Richard Gere, Lisa Eichhorn, Vanessa Redgrave, William Devane. During WWII, the United States set up army bases in ..

  • nature

    October 1, 2015 at 1:36 am

    အမေရိကန်မှာ လမ်ဘေးတွေမှာယာဉ်ရပ်ခွင့်မရှိဘူး။ အိမ်တွေ Super Market တွေကလည်း ရပ်ဖို့ ကားပါကင်လုံလုံလောက်လောက်လုပ်ပေးထားတော့ အဆင်ပြေတယ်။ မြန်မာနိုင်ငံမှာတော့ ရပ်ဖို့ကားပါကင်ကလည်းမရှိ။ လမ်းဘေးလည်းမရပ်ရဆိုတော့ ….

    အမေရိကန်မှာကားတွေက လူကူးရင်ဦးစားပေးရတယ်။ ဒါပေမဲ့မြန်မာနိုင်ငံလို့ ၂၅လမ်း ၂၆လမ်းလို တနေကုန်လူသွားလူလာမ ျားတဲ့နေရာမ ျိုးမှာလူကူးကိုဦးစားပေးရင် ကားတွေတနေကုန်စောင့်ရမယ်။

    • kai

      October 3, 2015 at 12:46 am

      အမေရိကားက.. ယူတားပြည်နယ်မှာ မိုမွန်အမေရိကန်တွေမိန်းမ တယောက်ထက်ပိုယူလို့ရတယ်..။ :k:

      • Ma Ma

        October 7, 2015 at 11:02 am

        သဂျီးကတော့ တကယ့်ချက်ကောင်းကို ရှာတတ် သိတတ်တာပဲ။
        ယူတားပြောင်းနေဖို့များ စိတ်ကူးနေလား မသိဘူး။ :k:

Leave a Reply