မြန်မာနိုင်ငံ မကွေးတိုင်း အတွင်း India နိုင်ငံမှ အကြီးစား မော်တော်ကား စက်ရုံတည်ဆောက်သွားမည်။

BayoteMarch 23, 20101min14910

India နိုင်ငံ အကြီးဆုံးကား ကား Company ဖြစ်သော TATA ကား Company မှ မြန်မာ အကြီးစား Automobile & Diesel Industries Ltd နှင့် ကုန်တင်ကားကြီးများ ထုတ်လုပ်ရန်အတွက် စက်ရုံတည်ဆောက်ရန် တနင်္လာနေ့ က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ စက်ရုံကို မြန်မာနိုင်ငံ မကွေးတိုင်း တွင် ၂၀၁၁ခုနှစ် ဇန်နဝါရီနှင့် မတ် လအတွင်း လည်ပတ်မယ်လို့ TATA Company မှ တာဝန်ရှိသူများရဲ. ပြောပြချက်အရ သိရှိရပါတယ်။

ပထမဆုံးအနေဖြင့် ကားအစီးအရေ ၁၀၀ဝ ခန့် ထုတ်လုပ်သွားမှာ ဖြစ်ပြီး နှစ်စဉ် ကားအစီးအရေ ၅၀၀ဝ ခန့် ထုတ်လုပ်သွားမယ်လို့ ပြောကြားသွားပါတယ်။

ငွေကြေးကိစ္စများအတွက် TATA Company မှဘာမှမပြောကြားခဲ့ပေမဲ့၊ India အစိုးရမှ ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Source : http://online.wsj.com/article/SB10001424052748704117304575137192456711632.html?mod=googlenews_wsj

10 comments

  • Shwemannmay

    May 26, 2010 at 6:44 am

    စီးပစ်လိုက်ဦးမယ် ။ အင်ဂျင်တပ်ထားတဲ ့နွားလှည်းထက်ပိုကောင်းပါစေ ဆုတောင်းပါတယ်

  • လင်းဝေကျော်

    June 2, 2010 at 10:42 am

    what they will manufacture ?
    Govt will allow how many quantity to produce per year ?

  • Ba Gyi Taw

    June 21, 2010 at 5:53 am

    ကုလားချမ်းသာဖို ့အတွက်ဘဲ ။ တကယ်ကနည်းပညာရှိရင် ကိုယ့်နိူင်ငံမှာ ထုတ်နိုင်ရမှာ ။

  • winne

    July 11, 2010 at 12:08 pm

    ဒီမှာလည်း ကားတွေ ရှိတယ်လေ ပြည်တွင်းဖြစ် စာရွက်စာတမ်းနဲ့ ဖြတ်ဆက်ကားများ ရနိုင်ပါတယ်။ အထင်အသေးကြပါနဲ့။

  • Bl@dE

    August 24, 2010 at 2:15 pm

    လုပ်လာပြီလုပ်လာပြီ
    ဘာပဲပြောပြောပေါ့လေပြောချင်ရာပြောပေါ့နော်….အကောင်းမြင်သဘောနဲ.ကြည်.ရရင်တော့
    မကွေးကလူတွေအတွက်အလုပ်လုပ်ဖိုု.စဉ်းစားရင်ထည့်စဉ်းစားစရာနောက်တစ်ခုုရတော့ပေါ့ဗျာ

  • babyshan

    September 12, 2010 at 4:23 am

    ဒီလိုမျိုးတွေ ရှိလာတဲ့အတွက် ဝမ်းသာပါတယ်ဗျာ။ပြည်သူတွေလဲ ကားကောင်းကောင်း စီးနိုင်ပါစေဗျာ။

  • unclegyi1974

    October 5, 2010 at 3:18 pm

    ဦးနေဝင်းလက်ထက်က ကစလ ဆင်တဲမှာလေးဘီးကားတွေထုတ် family car တွေထုတ်
    hino car တွေထုတ်နေတဲ့ အချိန် မလေးရှား အင်ဒိုနီးရှား အရုပ်ကားတောင်မထုတ်နိုင်သေးပါဘူး
    အခုသူတို့ကိုမော့ကြည်နေရပြီး ကိုယ်ကဘာဖြစ်လို့အခုလိုဖြစ်နေရလဲ စဉ်းစားကြည့်လိုက်တော့

  • michaelaungpu

    October 5, 2010 at 4:28 pm

    ယာဉ်ကျော မပိတ်ဆို ့အောင်လေ သူ ့စေတနာကိုလည်းမြင်အောင်ကြည့်မှပေါ့ ဘကြီးကလည်း ဟီးးးးးးးးးး

  • winkyawaung

    October 6, 2010 at 2:48 am

    ဘတို့ကတော့ ကားမဝယ်မီ ဂျမ်းတုံးကို အရင်ဝယ်ထားပါမည်..။ ရှေးလူကြီးတွေပြောထားခဲ့တဲ့စကား တစ်ခုရှိပါတယ်..အထက်နေပါအုံး.. အောက်ကို လုံအောင်ဖုံးပါအုံး…တဲ့။ လမ်းတွေကို နိုင်အောင်ခင်းကြပါအုံးလို့ ဆိုရပါမည်..။ ဒါပေမဲ့ ဒီကားတွေက မြန်မာပြည်တွင်းသုံးမှာ မဟုတ်ပါဘူး၊ ပြည်ပ ရောင်းချမဲ့ ကားတွေဆိုပဲ..။

  • cum min

    June 20, 2012 at 4:03 pm

    ခုအဆင်မပြေဘူးပြောတယ်

Leave a Reply