ကိုင်ပြီးရင် …………. လက်ဆေးပါ ………

fattyAugust 24, 20101min12311

ကိုယ့် ပေါင် ကို ကိုယ်လှန် ထောင်း သလို တော့ ဖြစ်တော့ မှာပါ ဘဲ ။………..

မတတ် နိုင် ဘူး လေ ………….။

အခြေအနေ အရကိုး ………။

ကိုင်ပြီး ရင် တော့ လက်ဆေးပြီးမှ အစားအသောက် ကို ကိုင်တွယ် ပါ။

ကိုင်ပြီးရင် မေ့ပြီး လက် ကို ပါးစပ် ထဲ မထဲ့မိပါစေနဲ့…………. ။

ဗက် တီး ရီးယား တွေ အများကြီး ရှိ နိုင် ပါ တယ် ………….။ ဒေါင်း နေ လို့ ၁ ပုံ့ ဘဲ ့တင် လိုက် ရတယ်…။

11 comments

  • winne

    August 24, 2010 at 9:32 am

    ကျန်းမာရေးအတွက် အဲဒါ အရမ်း အရေးကြီးတယ်။ ပတ်ဝန်းကျင်မှာ ဒီလို အကြွေလေးတွေတောင် လိုအပ်သလောက် မရနိုင်ဘူး ဖြစ်နေတယ်။ ပိုက်ဆံ အမ်းခါနီးဆို အနီး အနားဆိုင်ကလေးတွေဆီ လိုက်မေးပြီး အကြွေရှိလား မေးကြရတယ် ဈေးသည်အချင်းချင်း ငါဆီက ဟာ နင်ကြီး အမ်းယူသွားတော့ ဘာနဲ့ ဈေးရောင်းမလဲ ဆိုပြီး တခါတလေ အချင်းများမှုတွေတောင် ကြားခဲ့ရဘူးတယ်

  • intro

    August 24, 2010 at 9:33 am

    ဟုတ်တယ်ဗျာ… နေ့စဉ်နေ့တိုင်း အသုံးပြုနေရတာ၊ တစ်ခါတစ်လေ ဘောင်းဘီအိတ်ထဲ ထည့်တုန်းက အကောင်းပဲ၊ ပြန်ထုတ်လို့ ပြဲသွားပြီး သုံးမရတော့တာလဲ အကြိမ်ကြိမ်အခါခါပဲ၊ လိုင်းကားစီးနေရတဲ့လူတွေ အများဆုံး ကြုံကြတယ်၊ မလွယ်ပါဘူး၊ တစ်ချို့တွေဆို မှိုတွေတောင် ပါသေးတယ်၊ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ… မသုံးလို့လဲ မရဘူး၊ မရှိမကောင်း၊ ရှိမကောင်း ဖြစ်လာမယ်နဲ့ တူတယ် ပိုက်ဆံ အဟောင်းတွေရယ်

  • ViCkY

    August 24, 2010 at 5:38 pm

    ဟုတ်ပ… ဒါတွေကို အစိုးရက လဲလှယ်ပေးသင့်တယ်… တစ်ခါတစ်ခါအကြွေမရှိတာတော်တော်ဒုက္ခရောက်တယ်ဗျာ……

  • Pyaung Gye

    August 24, 2010 at 7:18 pm

    လှည့် မကြည်တာ တွေကို အရေးလုပ်မနေနဲ့

  • kai

    August 24, 2010 at 7:28 pm

    အစိုးရ သွားအားကိုးနေရင်မှားမှာပေါ့။
    အခုလည်းလူတွေ သကြားလုံးတွေ၊ အချဉ်ထုတ်တွေနဲ့လုပ်နေနိုင်တာနဲ့အတူတူ ပုဂ်ဂလိကဘဏ်တခုခုက ဘာလို့တာဝန်မယူသလည်း စဉ်းစားမရဘူး။
    ဘဏ်ကနေ ပလပ်စတစ်ပြားမှာ နံပါတ်တွေရိုက်ပေးပြီး အကြွေအဖြစ်ပေးသုံးလိုက်ရင် ဘဏ်က သုံးစွဲသူအများဆုံးဘဏ်ဖြစ်မဲ့ကိစ္စပဲ..။

    ဒါမှမဟုတ် ကျုပ်ပဲ ဒေါ်လာပဲစိတွေ တူနဲ့ထု ပုံဖျက်ပြီး သွင်းပေးလိုက်ရကောင်းမယ်ထင်တယ်။

    • Mလုလင်

      January 31, 2012 at 10:48 pm

      သကြားလုံးတွေ၊ အချဉ်ထုပ် တွေ မအမ်းရဘူးဗျ…။ အဲလို အမ်းရင် တိုင်လို့ ရပါတယ်တဲ့.. သို့သော်ညား..ဘယ်သူက မှ မတိုင်ပါ.. (အားနာတတ်ချင်း မြန်မာ့ စိတ်ရင်း ဆိုတော့)။ အဲလိုလုပ်မယ် ဆို ရင် ကိုယ်ပိုင် ငွေကြေး (ငွေကြေးအစားထိုး ပစ္ဒ္စည်း) သုံးသလို ဖြစ်သွားနိုင်လောက်ပါတယ်။ နိုင်ငံတော် အစိုးရ က သာဒီလိုလုပ်ခွင့် ရှိတာမို့ …. ပါရမီ စိန်ဂေဟာ မှာ အဲလို သဘောရှိတဲ့ တုံကင် တွေ လုပ်ဖူးပါတယ်။ ၂ ပတ်လောက် အကြာမှာတော့ ပြန်ရုပ်သိမ်း လိုက်ရပါတယ်။ ကျွန်တော့ တစ်ယောက်ထဲ ရဲ့ အမြင်ပြောရရင် ငွေကြေးဆိုင်ရာ ဥပဒေသ ခိုင်ခိုင်မာမာ ရှိမှသာ ဖြစ်နိုင်လောက်တယ် လို့ …။ တစ်ဒေါ်လာကို ၈၀ဝ လို့ တရားဝင် ပြောပြီဆိုတော့ မဝေးတော့ပါဘူး လို့ပဲ…။

  • zawana

    August 24, 2010 at 11:11 pm

    ကျနော်ကြားတာကတော့ ငွေအကြွေတွေက ထုတ်လုပ်မှုစရိတ်နဲ့ မကာမိလို့ အသစ်မထုတ်တော့တာ ဆိုပဲ …..
    အဲလိုသာဆို ဘယ်ချိန်ထိ ဒီငွေအစုတ်တွေနဲ့ ဆက်ပြီး စခန်းသွားနေရ ဦးမှာလဲ မသိဘူး ….
    အကြွေမကိုင်ဖူးတဲ့ လူတန်းစားတွေကတော့ ဒီဒုက္ခတွေကို သိမှာ မဟုတ်လောက်ဘူး ….
    နေ့တိုင်း အကြွေ့ ၊ အကြွေ ၊ အကြွေး နဲ့ မကင်းနိုင်တဲ့ လူတွေမှာသာ …….
    လက်ကလည်း အကြွေကိုင်တိုင်းသာ ဆေးရမယ် ဆိုရင် ကြောပိုးအိတ်ထဲကို ရေဘူးနဲ့ ဆပ်ပြာ သွားလေရာ ဆောင်သွားမှ ဖြစ်လိမ့်မယ်ဗျို့။

  • Gong Zhu

    September 17, 2010 at 4:47 am

    နှစ်ရက်ကို ဆပ်ပြာတစ်ခဲလား . . .

  • windtalker

    January 31, 2012 at 9:22 pm

    အမှန်ဆုံး ၊ အဖြစ်သင့်ဆုံး ပါဘဲ ။
    ပိုက်ဆံ ဆိုတာ အစုတ်အဟောင်းအနွမ်း ရယ်မှ မဟုတ်ပါဘူး ။
    အသစ်ဆိုရင်လဲ ကိုင်ပြီး လက်ဆေး သင့်ပါကြောင်း ၊ ဦးဖက်တီး အတိုင်းပါ ။

  • water-melon

    January 31, 2012 at 9:27 pm

    သူတောင်းစား ပေးရင်ခွက်နဲ့မရိုက်ရင် ကံကောင်း 😀
    အော် မသိဘူးလား
    tv မှာကြော်ငြာတယ်လေ လက်ဆေးပြီးပြီလား :mrgreen:

  • naywoonni

    January 31, 2012 at 10:29 pm

    ခုတော့ အဲသလောက်စုတ်တာတွေ မတွေ့တော့ဘူးဗျ….။ ပြောင်းလဲလာပြီ…။ ပြောင်းလဲလာပြီ …..ပြောင်းလဲ…………အဲ……….အကျယ်ကြိးအော်ရဲဖူး…။

Leave a Reply