တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက်

၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ ……………………. :mrgreen:

 

အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။

 

CAM04036

ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04037

တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ….

ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။

 

ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။

 

ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။

 

အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ ဖြစ်သွားရတယ်။ :)

 

တရာပြရရင် (ခရက်ဒစ်တူ မြ) :k:

လောကကြီးက  ဘယ်သူရှိရှိ မရှိရှိ သူ့သဘောသူဆောင်ပြီး ဆက်လက်လည်ပတ်နေမှာပါပဲ။

 

ကောင်းသည်ဆိုးသည်ကတော့ သူ့ကံအလျှောက်ပေ့ါ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04038

နောက်နေ့ရွှေ့လို့ရတဲ့အလုပ်ကို နောက်နေ့မှ လုပ်ဆိုတဲ့ ကိုယ့်ဝါဒနဲ့တော့ တခြားစီပဲ။ :k:

 

ဆရာစိုင်းခမ်းလိတ်ရေးတာပဲ ထင်ပါရဲ့ စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်မှာ ….

ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။

မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်  လို့ ဆိုထားတယ်။  :s:

<><><><><><><><><><><><><><><><><><><><><><><>

CAM04040

လုပ်ငန်းတစ်ခုဟာ စီးပွားရေးကျင့်ဝတ်၊ လူ့ကျင့်ဝတ် စောင့်ထိန်းလို့ ကောင်းသောဂုဏ်သတင်းရှိမှသာ  ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါတယ်။

 

တရားမျှတစွာယှဉ်ပြိုင်ဖို့ဆိုတာကတော့…….

ကောင်းပါသည်။

သို့သော်…………. :e:

<><><><><><><><><><><><><><><><><><><><><><><>

CAM04042

တခြားလူကတဆင့် ဆောင်ရွက်တယ်လို့ဆိုတာအပြင်

စီမံခန့်ခွဲမှုဆိုတာ လက်ပွားတာ လို့လည်း ဆိုချင်တယ်။

 

အင်/ယာကြီးတစ်ယောက်က ပြောဖူးတယ်။

အင်/ယာ တစ်ယောက်ဟာ လူ၁၀ဝ စာလုပ်နိုင်ရမယ်။

ဆိုလိုတာက လူ၁၀ဝ ကို ကြီးကြပ်ကွပ်ကဲပြီး လူ ၁၀၀  စာ အလုပ်ကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရမယ်ပေ့ါ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04043

စွန့်ဦးတီထွင်သူ ဆိုတဲ့ စကားလုံးကို (ဘယ်ကကြားဖူးမှန်း မမှတ်မိတော့ဘူး) အတော်သဘောကျတာ။

 

စွန့်ဦးတီထွင်လုပ်နိုင်ရင် အကောင်းဆုံးပေမယ့်…..

အောင်မြင်ဖြစ်ထွန်းဖို့အတွက်တော့………

လူအား ငွေအား ပညာအား ဇွဲအား စတဲ့ အားးးး တွေ အများကြီးလိုတာမို့ မွန်းကြပ်တဲ့စိတ်ကို ခံစားမိတယ်။

<><><><><><><><><><><><><><><><><><><><><><><>

CAM04044

ခုအသက်အရွယ် ခုအနေအထားမှာရှိတဲ့ စိတ်ရင်းအတိုင်းပြောရရင်….

မပျော်လို့ အလုပ်ထွက်တယ်ဆိုတဲ့စကားကို လက်မခံချင်ဘူး။

 

အလုပ်ဆိုတာ အပျော်လုပ်တာ မဟုတ်ဘူး။

 

ထမင်းကို ပျော်ပျော် မပျော်ပျော် စားတယ်မဟုတ်လား။

အလုပ်ကိုလည်း ပျော်ပျော် မပျော်ပျော် လုပ်ရမှာပဲလို့ ပြောလေ့ရှိတယ်။

 

ငယ်ငယ်က မိဘတွေက အလုပ်ကို လက်ကြောတင်းအောင်လုပ်၊ လူ့အောက်ကျလို့ လူပိမသေဘူး ဆိုပြီး ဆုံးမခဲ့တာတွေကို မနှစ်သက်ခဲ့ဘူး။

 

ဒါပေမယ့် အဲဒီဆုံးမသွန်သင်မှုတွေ ခံခဲ့ရလို့ ဘဝကို မတိမ်းမစောင်း လျှောက်လှမ်းနိုင်ခဲ့တာဆိုပြီး ခုအရွယ်မှာ ကျေးဇူးတင်တတ်လာတယ်။

<><><><><><><><><><><><><><><><><><><><><><><>

CAM04045

ကြော်ငြာတစ်ခုမှာတော့ စတိုင်ရှိမှ စတားဖြစ်မယ်လို့ ပြောတယ်။

 

ကိုယ်ရည်ကိုယ်သွေး ထူးခြားထက်မြက်တာဟာ အောင်မြင်သူတွေရဲ့ မှတ်ကျောက်တစ်ခုပေ့ါ။ :)

<><><><><><><><><><><><><><><><><><><><><><>

CAM04046

သူများထက်အောင်မြင်ချင်ရင် သူများထက်ကြိုးစားရမှာ သဘာဝပါ။

 

သီအိုရီသိဖို့လွယ်ပေမယ့်………

လက်တွေ့လုပ်ဆောင်ရာမှာတော့ ဘာမဟုတ်တဲ့ အခက်အခဲလေးလို့ ထင်ထားတွေက ဖြေရှင်းရမလွယ်တဲ့အထိ ဖြစ်လာနိုင်သေးတယ်ဆိုတာတွေ ကြိုတင်တွေးဆထားဖို့ လိုပါတယ်။

<><><><><><><><><><><><><><><><><><><><><><><>

 

CAM04047

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။

မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။

မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။

မိမိတိုင်းပြည်အတွက် ကောင်းအောင်  ကြိုးစားမည်။

 

ရရက်နေ့၊ ၈ရက်နေ့၊ ၉ ရက်နေ့ ကာတွန်းတွေက …………..

တဖြေးဖြေးချင်း ဒီဂရီတွေ တိုးလာတယ်။

 

လူတိုင်းကိုယ်စီ  စွမ်းနိုင်သလောက် အဝန်းအဝိုင်းကျယ်ကျယ် အောင်မြင်အောင် ကြိုးစားကြတာပေ့ါ။

 

သို့သော်………..

ကောင်းအောင်ကြိုးစားချင်သူကို ကြိုးစားခွင့်လေးတော့ပေးပါလို့………. :re:

<><><><><><><><><><><><><><><><><><><><><><><>

CAM04048

မောင်ဂီရေးဖူးတဲ့ပိုစ့်တစ်ပုဒ် (သိသူများ လင့်ခ်ပေးကြပါ)  Blue Sea နဲ့ Red Sea အကြောင်းပါတယ်။

 

လှိုင်းလေကင်းတဲ့ ပင်လယ်ပြာကြီးထဲမှာ ပျော်ရွှင်စွာကူးခတ်နိုင်ကြပါစေသားးးး ဆုမွန်ချွေရင်းးးးးး

 

ဒီတပတ်တော့ ဒီမျှသာ။

(ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကားကို အားကျလို့) :)

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)