တစ်နေ့ပြီးတစ်နေ့ (၁၅) Day by Day (15)

Ma MaJuly 18, 20156min20116

တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက်

၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ ……………………. :mrgreen:

 

အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။

 

CAM04036

ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04037

တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ….

ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။

 

ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။

 

ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။

 

အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ ဖြစ်သွားရတယ်။ 🙂

 

တရာပြရရင် (ခရက်ဒစ်တူ မြ) :k:

လောကကြီးက  ဘယ်သူရှိရှိ မရှိရှိ သူ့သဘောသူဆောင်ပြီး ဆက်လက်လည်ပတ်နေမှာပါပဲ။

 

ကောင်းသည်ဆိုးသည်ကတော့ သူ့ကံအလျှောက်ပေ့ါ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04038

နောက်နေ့ရွှေ့လို့ရတဲ့အလုပ်ကို နောက်နေ့မှ လုပ်ဆိုတဲ့ ကိုယ့်ဝါဒနဲ့တော့ တခြားစီပဲ။ :k:

 

ဆရာစိုင်းခမ်းလိတ်ရေးတာပဲ ထင်ပါရဲ့ စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်မှာ ….

ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။

မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်  လို့ ဆိုထားတယ်။  :s:

<><><><><><><><><><><><><><><><><><><><><><><>

CAM04040

လုပ်ငန်းတစ်ခုဟာ စီးပွားရေးကျင့်ဝတ်၊ လူ့ကျင့်ဝတ် စောင့်ထိန်းလို့ ကောင်းသောဂုဏ်သတင်းရှိမှသာ  ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါတယ်။

 

တရားမျှတစွာယှဉ်ပြိုင်ဖို့ဆိုတာကတော့…….

ကောင်းပါသည်။

သို့သော်…………. :e:

<><><><><><><><><><><><><><><><><><><><><><><>

CAM04042

တခြားလူကတဆင့် ဆောင်ရွက်တယ်လို့ဆိုတာအပြင်

စီမံခန့်ခွဲမှုဆိုတာ လက်ပွားတာ လို့လည်း ဆိုချင်တယ်။

 

အင်/ယာကြီးတစ်ယောက်က ပြောဖူးတယ်။

အင်/ယာ တစ်ယောက်ဟာ လူ၁၀ဝ စာလုပ်နိုင်ရမယ်။

ဆိုလိုတာက လူ၁၀ဝ ကို ကြီးကြပ်ကွပ်ကဲပြီး လူ ၁၀၀  စာ အလုပ်ကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရမယ်ပေ့ါ။

<><><><><><><><><><><><><><><><><><><><><><><>

CAM04043

စွန့်ဦးတီထွင်သူ ဆိုတဲ့ စကားလုံးကို (ဘယ်ကကြားဖူးမှန်း မမှတ်မိတော့ဘူး) အတော်သဘောကျတာ။

 

စွန့်ဦးတီထွင်လုပ်နိုင်ရင် အကောင်းဆုံးပေမယ့်…..

အောင်မြင်ဖြစ်ထွန်းဖို့အတွက်တော့………

လူအား ငွေအား ပညာအား ဇွဲအား စတဲ့ အားးးး တွေ အများကြီးလိုတာမို့ မွန်းကြပ်တဲ့စိတ်ကို ခံစားမိတယ်။

<><><><><><><><><><><><><><><><><><><><><><><>

CAM04044

ခုအသက်အရွယ် ခုအနေအထားမှာရှိတဲ့ စိတ်ရင်းအတိုင်းပြောရရင်….

မပျော်လို့ အလုပ်ထွက်တယ်ဆိုတဲ့စကားကို လက်မခံချင်ဘူး။

 

အလုပ်ဆိုတာ အပျော်လုပ်တာ မဟုတ်ဘူး။

 

ထမင်းကို ပျော်ပျော် မပျော်ပျော် စားတယ်မဟုတ်လား။

အလုပ်ကိုလည်း ပျော်ပျော် မပျော်ပျော် လုပ်ရမှာပဲလို့ ပြောလေ့ရှိတယ်။

 

ငယ်ငယ်က မိဘတွေက အလုပ်ကို လက်ကြောတင်းအောင်လုပ်၊ လူ့အောက်ကျလို့ လူပိမသေဘူး ဆိုပြီး ဆုံးမခဲ့တာတွေကို မနှစ်သက်ခဲ့ဘူး။

 

ဒါပေမယ့် အဲဒီဆုံးမသွန်သင်မှုတွေ ခံခဲ့ရလို့ ဘဝကို မတိမ်းမစောင်း လျှောက်လှမ်းနိုင်ခဲ့တာဆိုပြီး ခုအရွယ်မှာ ကျေးဇူးတင်တတ်လာတယ်။

<><><><><><><><><><><><><><><><><><><><><><><>

CAM04045

ကြော်ငြာတစ်ခုမှာတော့ စတိုင်ရှိမှ စတားဖြစ်မယ်လို့ ပြောတယ်။

 

ကိုယ်ရည်ကိုယ်သွေး ထူးခြားထက်မြက်တာဟာ အောင်မြင်သူတွေရဲ့ မှတ်ကျောက်တစ်ခုပေ့ါ။ 🙂

<><><><><><><><><><><><><><><><><><><><><><>

CAM04046

သူများထက်အောင်မြင်ချင်ရင် သူများထက်ကြိုးစားရမှာ သဘာဝပါ။

 

သီအိုရီသိဖို့လွယ်ပေမယ့်………

လက်တွေ့လုပ်ဆောင်ရာမှာတော့ ဘာမဟုတ်တဲ့ အခက်အခဲလေးလို့ ထင်ထားတွေက ဖြေရှင်းရမလွယ်တဲ့အထိ ဖြစ်လာနိုင်သေးတယ်ဆိုတာတွေ ကြိုတင်တွေးဆထားဖို့ လိုပါတယ်။

<><><><><><><><><><><><><><><><><><><><><><><>

 

CAM04047

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။

မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။

မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။

မိမိတိုင်းပြည်အတွက် ကောင်းအောင်  ကြိုးစားမည်။

 

ရရက်နေ့၊ ၈ရက်နေ့၊ ၉ ရက်နေ့ ကာတွန်းတွေက …………..

တဖြေးဖြေးချင်း ဒီဂရီတွေ တိုးလာတယ်။

 

လူတိုင်းကိုယ်စီ  စွမ်းနိုင်သလောက် အဝန်းအဝိုင်းကျယ်ကျယ် အောင်မြင်အောင် ကြိုးစားကြတာပေ့ါ။

 

သို့သော်………..

ကောင်းအောင်ကြိုးစားချင်သူကို ကြိုးစားခွင့်လေးတော့ပေးပါလို့………. :re:

<><><><><><><><><><><><><><><><><><><><><><><>

CAM04048

မောင်ဂီရေးဖူးတဲ့ပိုစ့်တစ်ပုဒ် (သိသူများ လင့်ခ်ပေးကြပါ)  Blue Sea နဲ့ Red Sea အကြောင်းပါတယ်။

 

လှိုင်းလေကင်းတဲ့ ပင်လယ်ပြာကြီးထဲမှာ ပျော်ရွှင်စွာကူးခတ်နိုင်ကြပါစေသားးးး ဆုမွန်ချွေရင်းးးးးး

 

ဒီတပတ်တော့ ဒီမျှသာ။

(ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကားကို အားကျလို့) 🙂

16 comments

  • အောင် မိုးသူ

    July 18, 2015 at 12:37 pm

    ကမ္ဘာဟာ သူ့အချိန်အတိုင်းသူလည်ပတ်ဦးမှာပါ ဆောင်းတွေမိုးတွေ မလိုချင်လည်း ရောက်လာနေကြ….

    • kai

      July 18, 2015 at 1:24 pm

      ဘာရယ်မဟုတ်ပါဘူး…
      တမြန်နေ့ကပလူတိုနားက.. လူလုပ်အာကသယဉ်ဖြတ်တော့..အဲဒီယဉ်ကဒေတာတွေနဲ့.. နာဆာက.. လေ့လာရေးစစ်တမ်းထွက်တယ်..။
      အဲဒီမှာ ပလူတိုရယ်.. သူ့လကြီးတလုံးရယ်.. ၂လုံးတွဲပြီးမှ.. သူတို့အချင်းချင်းလည်းလှည့်/လည်.. နေကိုလည်းလှည့်/လည်…
      ဘာဖြစ်သလည်းဆိုတော့…တဲ့..
      အဲဒီဂြိုလ်မှာ နေက.. အရှေ့ကထွက်..အနောက်ကထွက်.. တောင်ကထွက်..မြောက်ကထွက်..တရက်တမျိုး.ဖြစ်နေသတဲ့..
      နွေမိုးဆောင်းရာသီဥတုတွေကလည်း.. ဖြစ်ချင်သလို.. ဖြစ်နေပါသတဲ့..။

      စကားအတင်းစပ်ပြောရရင်..
      စတီဗင်ဟေ့ာကင်းစကားအရကောက်ဆို.. ကမ္ဘာဟာ သူ့အချိန်အတိုင်းသူလည်ပတ်နေဖို့.. ဆောင်းတွေမိုးတွေ ပုံမှန်ရောက်လာကြဖို့.. နှစ်၁၀၀ဝ လောက်ပဲကျန်တော့မယ်လို့.. :k:

      • မြစပဲရိုး

        July 18, 2015 at 10:58 pm

        နှစ်၁၀၀ဝ တောင်ခံ မယ်မထင်။
        အခု နွေဖက်ကြီး မှာ ဆောင်းဝင်စလို အေးနေရော။ 🙄

      • Ma Ma

        July 19, 2015 at 8:04 pm

        (ကမ္ဘာဟာ သူ့အချိန်အတိုင်းသူလည်ပတ်နေဖို့.. ဆောင်းတွေမိုးတွေ ပုံမှန်ရောက်လာကြဖို့.. နှစ်၁၀၀ဝ လောက်ပဲကျန်တော့မယ်လို့..)
        ဤသည်လည်း သူ့သဘော သူဆောင်ခြင်းပင် မဟုတ်ပေလော………….. :a:

    • Ma Ma

      July 18, 2015 at 5:02 pm

      အယ် ဘယ့်နှယ် ဆောင်းနဲ့မိုးကို မကြိုက်တာတုန်း။
      ကိုယ့်အတွက်တော့ ၃ရာသီထဲမှာ ဆောင်းကို အကြိုက်ဆုံး။ 🙂

      • မမရေ ကျနော်က မိုးတွင်းမွေးပေမယ့်
        ဆောင်းကိုဘဲ သဘောကျတယ်

        ဒါပေမယ့်အေးလွန်းတဲ့နေရာရောက်ရင်တော့ အအေးဒဏ်ကိုကြောက်ပြန်ရော

        • Ma Ma

          July 19, 2015 at 8:10 pm

          မြန်မာပြည်အနေအထားနဲ့ ဆောင်းတွင်းကို ကြိုက်တာပါ။

          ဒါပေမယ့်လည်း မိုးနည်းနည်းမိတာနဲ့ နှာစေးချောင်းဆိုး၊
          ဆောင်းတွင်းလည်း နည်းနည်းအအေးခံတာနဲ့ ဖျားတတ်လို့
          နွေးနွေးထွးထွေးနေဖို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နေရတယ်။

    • Ma Ma

      July 19, 2015 at 8:12 pm

      ဒီလိုအားကိုးရမယ်ဆိုတာ သိပြီးသား။
      ကျေးဇူး ဇီဇီ။ :chit:

  • မြစပဲရိုး

    July 18, 2015 at 10:22 pm

    ချစ် မမ – ကျော်မတက်ချင်ဘူး။ အမြန်သွားပါ။
    တစ်နေ့ပြီးတစ်နေ့ နဲ့ သများ ပွိုင့်နံပါတ် လဲ ထိပ်စီးပြောင်းသွားပြီ။ Yayyy :-)))
    တစ်နေ့ပြီးတစ်နေ့ နဲ့ ကိုယ်လုပ်သင့်တာ တွေ မလုပ်ဘဲ အကြွေးကျန် နေပြီ။ Emmm :-(((

    (၁) မှာ သင်မရှိလဲ လောကကြီး က ဆက်သွားနေမှာဘဲ ဆိုတာ မှန်ပါတယ်။
    ဟိုး အရင်က ဂျူး ရဲ့ “မရှိမဖြစ် မိုး” က တောင် ကိုယ့်လောက် မရှိမဖြစ် ဖြစ်မှာ မဟုတ်ခဲ့ဘူး။
    . နောက်တော့လဲ ချန်ထားခဲ့ရတာပါဘဲ။ ကိုယ်မရှိလဲ ဖြစ်နေကြတာပါဘဲ။
    ဒါပေမဲ့ ရှိနေတုန်းမှာတော့ “မရှိမဖြစ်” “Essential” ဆိုတာ လေး တော့ လိုချင်ပါရဲ့။
    အဲဒီ အတွက် ထမင်းငတ် လဲ ခံရဲ တယ်။
    ဟမ်ဘာဂါလေး၊ ကြက်ကြော်လေး နဲ့လဲ ရောင့်ရဲနိုင်ပါတယ်။ 😉

    ကျန်တာတွေ ကိုတော့ ကန့်လန့်တိုက် မရ တဲ့ အဆုံး အနီရောင်ပင်လယ် ကြီး ကို လဲ မသိလို့
    “Essential ဂီ့” ဆီ ပြေးလိုက်ဦးမယ်။ lol:-)))

    • Ma Ma

      July 19, 2015 at 8:23 pm

      သဂျီးရဲ့ ဆွဲအား (ပွိုင့်) ထက်
      မလတ်ရဲ့ တွန်းအား (ကျော်မတက်ချင်ဘူး) ကြောင့် ပြေးရလွှားရတော့မယ်။ :kwi:

      အနည်းဆုံး ဒီဆိုဒ်အတွက်….
      ပင်လယ်ပြာပြာကြီးရဲ့ ပိုင်ရှင်ဂီ
      မရှိမဖြစ် ဇီ
      သင်ပုန်းပိုင်ရှင် မြ တို့တတွေက Essential တွေ ဖြစ်ကြတာ သဂျီးမငြင်းနိုင်ဘူး မဟုတ်လား။

      (သဂျီးကိုမှ မထေ့ရရင် ရိုးရာပျက်မှာမို့ သည်းခံသဂျီး သည်းခံ။) 😉

      • မြစပဲရိုး

        July 20, 2015 at 10:43 pm

        ချစ် မမ
        တွန်း တော့ တွန်းမယ် ဗျာ။
        မမ ကိုတော့ ကျော် မတက်ဘူး။
        အခု မောင်မောင်အံ လေး ကို အမြန် ကျော်ဖို့ လုပ်နေတယ်။
        သူ့ ကို ကျော်ပြီးချိန် မမ နောက် က ဘဲ တွန်း ပြီး လိုက်တော့ မှာ။

        မမ တစ်ပုဒ် ရေးပြီး မှ သများ လဲ တစ်ပုဒ် လိုက် ရေးမယ်။
        မမ မှတ်ချက် တစ်ခု ပေးပြီး မှ သများ လဲ တစ်ခု လိုက် ပေးမယ်။
        မမ ငြိမ် နေရင် သများ လဲ လိုက် ငြိမ် နေမယ်။
        ဂလို… ဂလို …. တွန်းမှာ။ 😉 :-))))

        • Ma Ma

          July 21, 2015 at 7:59 am

          ဒီက မပုတုကို အံတုနေရတာနဲ့တင်
          မလတ်ကို အံမတု နိုင်ဘူးဖြစ်နေပြီ။ 😥

          ဒီတွန်းနည်းက တရားမျှတမှုမရှိလို့ ကန့်ကွက်ပါတယ်။ 😉

          ပြောမယ့်သာပြောရတယ် ခေါင်းထဲမှာရှိမှသာ စာတွေကထွက်ကျလာနိုင်တာကလား။

          ရေးအားရှိသူတွေ ရေးအားမရှိသူကို တွန်းမယ့်အစား နောက်ကားကျော်တက်လိုက်ပါလေ…. 🙂

        • မြစပဲရိုး

          July 21, 2015 at 12:19 pm

          တက်ဘူး။

  • မြစပဲရိုး

    July 20, 2015 at 10:47 pm

    ကပေါက်ကြီး ကိုတော့ မကျော်နိုင်လောက် တော့ဘူး ဗျ။ ;-))))

Leave a Reply