က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ…

lu ta loneAugust 24, 20101min13810

alt

က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ လာရာကာတာ

ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂ဝ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး​ အရ ကလေး​ ရနိုင်ရန် အလွန်​ ခက်ခဲ​ မည်ဟု​ သိလာ​ ပြီးနောက် ထို​ အဖြေကို​ လက်မခံ​ ​ ချင်ခဲ့ဟု​ ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း​ မသိသည့် လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။

တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း​ သွားရောက်ကာ ထိုသူနှင့် လိုက်သွား​ ခဲ့ကြောင်း လာရာက ပြောကြား​ သွားသည်။ ရုံးမန်နေဂျာ တစ်ဦး​ ဖြစ်သည့် လာရာက သူမသည် ကလေး​ ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်​ ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်​ ရသေးကြေင်း ဝန်ခံ​ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​ တစ်ခု ထုတ်ပေး​ လိုက်သော်လည်း ထို​ သူ​ မသိအောင် အပေါက်ဖောက်​ လိုက်ကြောင်း ပြောကြား​ သွားသည်။

သူမသည် အတည်တကျ ချစ်သူ​ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည် သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ရန် စဉ်းစား​ ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀ဝ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောဆို​ သွားသည်။

From: လူထုအသံ

10 comments

  • kopauk mandalay

    August 24, 2010 at 4:21 pm

    ဒါကလဲနိုင်ငံခြားက အရူးထခြင်းတစ်မျိုးဖြစ်ပါတယ်။
    တကယ်ကလေးလိုချင်တယ်ဆိုရင် အတည်တကျအိ်မ်ထောင်ပြုလိုက်ပေါ့။
    သူတို့ဆီမှာခက်တာက နာမည်ထင်ပေါ်အောင်နည်းမျုးိစုံသုံးကြတာကတော့စိတ်ပျက်စရာပါ။

  • Pyaung Gye

    August 24, 2010 at 7:39 pm

    ဟုတ်ပဗျာ

  • myozarninaing

    August 24, 2010 at 10:44 pm

    ကလေးမရဘဲ အေကိုက်နေမှ ဟုတ်ပေ့ဖြစ်နေမယ်။

  • cobra

    August 25, 2010 at 6:28 am

    ရောဂါတွေကိုဝေငှနေတာလား…လာရာကာတာ….ရာ..။

  • who am I

    August 26, 2010 at 9:44 am

    ကလေးလိုချင်တာလား ဒါမှမဟုတ် ………ချင်တာလား ဟဲဟဲဟဲ

  • thihayarzar

    August 28, 2010 at 4:13 am

    ဟုတ်ပါ့မလား … ကောင်းတဲ့သူကောဟုတ်ရဲ့လား .. အသက်ရှည်အောင်လို့ ပိုးဖြန့်နေတာပဲဖြစ်လိမ့်မယ် … အငြိမ်မနေနိုင်တဲ့ကောင်တွေတော့ သေပြီ … မြန်မာနိုင်ငံ လာခဲ့ပါလို့ပြောပေးပါ ကိုလူတလုံးရေ …

  • Yin Nyine Nway

    August 29, 2010 at 7:29 am

    စိတ်ပျက်စရာကြီး….အကြောင်းပြချက်နေမှာပေါ့

  • zarny

    August 30, 2010 at 12:36 pm

    ဖီးလ် လိုချင်နေတဲ. မိန်းကလေးပါ ဘဝအတွေ.ကြံ ုမှာ ရမက် ခုံမင်သူလေးပေါ့

  • pan pan

    September 6, 2010 at 8:41 am

    ကြားရတာကြက်သီးထတယ်။

Leave a Reply