နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်

cobraAugust 24, 20101min903

သာမန် အကျဉ်းသား အများစု နဲ ့ နိုင်ငံရေး အကျဉ်းသား အချို ့ကို ရွေးကောက်ပွဲ မတိုင်ခင်ကာလ
မှ ပြန်လည် လွှတ်ပေးမှာ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစု အသိုင်းအဝိုင်းမှာ သတင်း
ထွက်ပေါ်နေပါတယ်။

နိုင်ငံရေး အကျဉ်းသား များ ပြန်လွှတ် ပေးရန် အတွက် ယခု နှစ် မေလ က ထောင်အသီးသီးတွင်
လူတွေ ့မေးမြန်းမှု နှင့် စာရင်းကောက်ယူမှု များ ရှိ သော်လည်း ပြန်လည်လွှတ်ပေးခြင်း မပြုဟု
နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးက FNG သို ့ပြောသည်။

အကျဉ်းသား များ ပြန်လည် လွှတ်ပေးရန် သတင်းထွက်ပေါ်လာ ခြင်းမှာ စနေနေ ့က  သီတဂူ
ဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရ အင်းစိန်ထောင်တွင်း တရား ချီးမြှင့် ပြီး နောက် ထွက်
ပေါ်လာခြင်းဖြစ်သည် ဟု သိရသည်။

ဇွန်လဆန်းမှ စ၍ ဗိုလ်ကြီးဝင်းထိန် ၊ ကဗျာ ဆရာ ကိုစောဝေ နှင့် ကိုမြတ်စံ စသည့် နိုင်ငံရေး အကျဉ်း
သား အချို ့အား ပြန်လည် လွှတ်ပေးမှု များ ရှိသော် လည်း အုပ်စုလိုက် ပြန်လည် လွှတ်ပေးမှုများ
ယခုနှစ် တွင်း နည်းပါးသွားသည် ဟု သိရသည်။

မြန်မာ စစ်အစိုးရ သည် နိုင်ငံတကာ ဖိအား များ နှင့် ပြည်တွင်း အခြေအနေ များပေါ် မူတည်၍ နိုင်
ငံရေး အကျဉ်းသား များ အား လွှတ်ပေးလေ့ရှိသည်။မြန်မာ စစ်အစိုးရ ထောင်များ ထဲ တွင် နိုင်ငံရေး
လှုပ်ရှား သူ ၂၀၀ဝ ကျော် ကိုဖမ်းဆီးထိန်းသိမ်း ထားသည်။

3 comments

  • Pyaung Gye

    August 24, 2010 at 12:23 pm

    အားလုံးလွတ်ကြပါစေ

  • winne

    August 25, 2010 at 2:47 am

    ဒုက္ခခပ်သိမ်း လွတ်မြောက်နိုင်ကြပါစေ။ မိသားစုတွေ ပြန်လည် ဆုံစည်းပြီး အေးချမ်းပျော်ရွင်စွာ ဘဝကို လျောက်လှမ်းနိုင်ကြပါစေ။

  • khinmintatthu

    August 25, 2010 at 3:40 am

    အားလုံး အချုပ်အနှောင်များက ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးပါတယ်…

Leave a Reply