” ကစားပွဲ ရဲ့ အဖြေ”

” ကစားပွဲ ရဲ့ အဖြေ”

လက်ဝှေ့ကြိုးဝိုင်းအတွင်း
ယှဉ်ပြိုင်ဆဲ
အချိန်အတွင်းမှာ
လိုက်သူ လိုက်
ပြေးသူ ပြေး
ထိုးသူ ထိုး
ရှောင်သူ ရှောင်
သူ့နည်း သူ့ဘောင်
လွတ်အောင်ရှောင်
ထိအောင်ထိုး တာက
ပြိုင်ပွဲသဘာဝ။
လက်ခုပ်သံ ရရ မရရ
ဘယ်လိုပြေးပြေး မပြေးပြေး
ဘယ်လိုထိထိ မထိထိ
ဘယ်လိုထိုးထိုး မထိုးထိုး
ပရိတ်သတ် ဘယ်လို ကြိုက်ကြိုက် မကြိုက်ကြိုက်
အလဲမထိုးနိုင်သမျှ
ဆုံးဖြတ်ပိုင်ခွင့်ရှိသော
ဒိုင်
အနိုင်ပေးသူသာ
တရားဝင်ဆိုတာ
ဆင်ခြင်မိလိုက်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးစဉ်

6 comments

  • မြစပဲရိုး

    July 13, 2015 at 10:08 pm

    အလဲထိုးနိုင်ဖို့ အား တွေ ညီပြီး စုထားဖို့ လိုတယ် ကပေါက်ကြီး ရေ။

  • ဒီကဗျာလေးက ပက်ကွီယိုနဲ့မေဝဲသာ ပွဲ ကြည့် အပြီး ရေးထားတဲ့ ကဗျာလေးပါ

    သူတို့ လက်ဝှေ့ ပွဲ ရဲ့ အဖြေကို မဝေဖန်လိုပေမယ့်

    ကျနော်တို့ရဲ့ ပွဲ မှာ အလဲ မထိုးနိုင်ခဲ့ရင် ဆိုတဲ့ အတွေးက

    တော့ ရင်လေးစေတာအမှန်ပါဘဲ

  • ဦးကြောင်ကြီး

    July 14, 2015 at 9:57 am

    ဂစားပွဲရဲ့အဖြေ
    တရားပွဲတဲ့လေ
    ကလားဖဲနဲ့မွှေ
    ရထားဆွဲခဲ့ဟေ..

  • Mike

    July 14, 2015 at 10:56 am

    .ဒိုင်ကတော့ခုထဲကညစ်ဖို့ကြံနေလေပြီ

    U Ravika

    ဂဏန်းဟင်း စားချင်တဲ့ ဒကာတင်အေး

    ဗုဒ္ဓဘာသာမှန်ရင် သူ့အသက်ကို မသတ်ရလို့ ဘုန်းကြီးက ဟောထားတော့ ဂဏန်းဟင်းချက်ချင်တဲ့ ဒကာက အခက်ကြုံရပါတယ်။

    ဒီတော့ သူက ရေနွေးတစ်အိုးကို ကြိုရင်း ဒီဂဏန်းတွေကို ဘယ်လိုလုပ်ရပါ့ အကြံထုတ်နေခဲ့သတဲ့။ ရေနွေးပူထဲ ပစ်မချရင်လည်း ဂဏန်းဟင်းကို မစားရ။ ပစ်ချမိပြန်တော့လည်း ပါဏာတိပါတာကံ ထိုက်လို့ ငရဲကျနေပါအုံးမယ်။

    ဒီတော့ သူက ဆူနေတဲ့ ရေနွေးအိုးပေါ်မှာ တုတ်တစ်ချောင်း တင်လိုက်တယ်။ ခပ်သွက်သွက်ဂဏန်းတစ်ကောင်ကို တုတ်တန်းပေါ်မှာ တင်လိုက်တယ်။ ဒီဘက်ကနေ ဟိုဘက်ကို ဖြတ်စေသတည်းပေါ့။ သွက်တဲ့ဂဏန်းက လက်မမြဲတော့ အိုးထဲ ပြုတ်ကြရော။ "အင်း မောင်းမင်းက လက်မမြဲဘူးကိုး၊ မောင်မင်းကံနဲ့ မောင်မင်းပဲလေ"ဆိုသတဲ့။

    ခပ်လေလေတစ်ကောင်အလှည့်ကျတော့ ဟိုဘက်ကို ကျော်သွားရော။ "အင်း မင်းလျှောက်တာ မဆိုးဘူးပဲ၊ ကြည့်ကောင်းတယ်၊ နောက်တစ်ခေါက် လျှောက်ကြည့်စမ်း"ဆိုပြီး တုတ်တန်းပေါ် ပြန်တင်တယ်။ ရေနွေးအိုးထဲ မပြုတ်ပြုတ်တဲ့အထိ ပြန်ပြန်တင်ပါတယ်။

    အခုလည်း ဗိုလ်တင်အေးက သူ့ကို ခန့်တဲ့ သိန်းစိန်ကို ကျေးဇူးဆပ်ချင်တော့ မဲစာရင်းလိမ်ဖို့ ကြိုးစားတယ်။ NLD က စာရင်းသေချာစစ်တော့ သူ့အလိမ် လူမိသွားပါတယ်။ လူမိသွားလို့ အင်တာဗျူးတစ်ခု လုပ်ပြီး ဒီတစ်ခါ သိန်းစိန်အတွက် မဲနိုင်အောင် လုပ်ပေးမှာမဟုတ်ဘူးလို့ အတိအလင်း ပြောခဲ့ပါတယ်။

    အခု သူက တစ်မျိုး ကြံပြန်ပါတယ်။ မဲပေးတဲ့အခါ အမှန်ကို မခြစ်စေဘဲ တံဆိပ်တုံး နှိပ်စေမယ်ဆိုပဲ။ ကြည့်ရတာ ပြည်သူတွေက သူ့ရေနွေးအိုးပေါ် မပြုတ်ပြုတ်အောင်၊ မမှားမှားအောင် အကွက်ဖော်နေသလိုပါပဲ။

    ပြည်သူတွေက တံဆိပ်တုံးကို ပြောင်းပြန်နှိပ်မိရင် သူ့ရေနွေးအိုးထဲ ပြုတ်ကျပြီပေါ့။ ပြောင်းပြန်မနှိပ်ခဲ့ရင်လည်း သူက နောက်တစ်မျိး ကြံအုံးမယ်ထင်တယ်။ စာမရေးတတ်တဲ့ မဲဆန္ဒရှင်အချို့ကို ကိုယ်ပေးတဲ့ကိုယ်စားလှယ်လောက်နာမည် ရေးခိုင်းမှ ပိုမခက်ချေဘူးလား။ အင်း အခု ဒီလိုတွေးပူနေသူတွေ အများကြီး ရှိပါတယ်။

Leave a Reply