. မြသည် အတိတ် ကို ပြန်ပြန် ၍ လွမ်းတတ်သူ ဖြစ်သည်။
အခုလည်း ကိုရုပ်ဆိုးကြီး ပါသည့် ဂျပန်ကား ကြည့်ပြီး လွမ်းမိပြန်သည်။
ကိုရုပ်ဆိုးကြီး ကိုတော့ မဟုတ်။
. နာအိုးတို ကို ဖြစ်သည်။
. နာအိုးတို ဆိုသည်မှာ ညီမပြုံး ချစ်စနိုးမွှန်းသည့် အရိုးပေါ် အရေတင် မင်းသမီးက ပြန်မကြိုက် သည့် တယောသမားလေးဖြစ်သည်။
ဇာတ်လမ်းထဲ အကျီင်္ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်လေးများ ကို ဘောင်းဘီအဖြူနှင့် တွဲဝတ်လေ့ ရှိသည်။
မင်းသမီး ကတော့ သူ့ ကို ယောကျာင်္းတစ်ယောက် လို့ စိတ်ထဲထားမရ လို့ ပြောပြီး ငြင်း လေသည်။
ဘာဘဲဖြစ်ဖြစ် မြကတော့ သူ့ရဲ့ စူပုတ်ပုတ်မျက်နှာပေး ကို သဘောကျသည်။
လွန်ခဲ့သော နှစ် နှစ်ဆယ် ကျော်က ထို စူပုတ်ပုတ် ချစ်စရာ မျက်နှာလေး ယခုချိန်တွင် ဘယ်သို့ ရှိမည် ကို သိလိုစိတ် ကြီးစွာ ဖြစ်ခဲ့သည်။
ကမ္ဘာသည် ရွာတောင် မဟုတ်တော့ အိမ်ထဲ မှာပင် ဖြစ်နေသောကြောင့် မြ ၏ဆန္ဒ ပြည့်လေပြီ။
စိတ်ကူး ပေါ်ပြီး စက္ကန့်ပိုင်း အတွင်း မှာပင် သူ့ ကို မြင်လိုက်ရတော့သည်။
အင်မတန် သတ္တိကောင်းသည် ဟု မိမိဟာမိမိ ခံယူထားသော မြ တစ်ယောက် လန့်၍ပင်သွား၏။
မျက်မှန် ကို ဖြုတ်ပြီး မှန် ကို အဝတ်ဖြင့်သုတ် ကာ ပြန်ကြည့် သည်။
နာမည် မှားရိုက် မိ လား ပြန်စစ်သည်။
မမှား တာ သေချာတော့ ပုံ တွေ ကို အသေအချာ စမ်းစစ်သည်။
ဟုတ်သည်။ နာအိုးတို အစစ် သေချာပြီ။
. မြ ရဲ့ အလွမ်းများ ကြက်ပျံ ငှက်ပျံ ဖြစ်သွားသည်။
. ပစ္စုပန်ကာလ မှ နာအိုးတို ရဲ့ ဝဖိုင့်ဖိုင့် မျက်နှာ ကို တွေ့ ရှုံ့မဲ့ ပြီး စိတ်ပျက်လက်ပျက် ဖြစ် နေ သော မြ သည် ဘေး မှန်ထဲ  ပိန်တွတွ အဖွားကြီး တစ်ယောက် သူ့အား  ပြုံးပြီး ကြည့် နေသည် ကိုကား သတိမထားမိ ဖြစ်နေလေတော့၏။

 

Naoto

Naoto (Then & Now )

 

DSCF1539

တစ်ခါက – မေ့ခဲ့ ပြီ ဖြစ်သော

 

DSCF1537

တစ်ခါက – မေ့ခဲ့ ပြီ ဖြစ်သော

 

About မြစပဲရိုး

Khin Latt has written 240 post in this Website..