. မြ ရဲ့ သင်ပုန်း ၁၃-၀၇-၂၀၁၅

မြစပဲရိုးJuly 14, 20151min1696
DSCF1537

. မြသည် အတိတ် ကို ပြန်ပြန် ၍ လွမ်းတတ်သူ ဖြစ်သည်။
အခုလည်း ကိုရုပ်ဆိုးကြီး ပါသည့် ဂျပန်ကား ကြည့်ပြီး လွမ်းမိပြန်သည်။
ကိုရုပ်ဆိုးကြီး ကိုတော့ မဟုတ်။
. နာအိုးတို ကို ဖြစ်သည်။
. နာအိုးတို ဆိုသည်မှာ ညီမပြုံး ချစ်စနိုးမွှန်းသည့် အရိုးပေါ် အရေတင် မင်းသမီးက ပြန်မကြိုက် သည့် တယောသမားလေးဖြစ်သည်။
ဇာတ်လမ်းထဲ အကျီင်္ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်လေးများ ကို ဘောင်းဘီအဖြူနှင့် တွဲဝတ်လေ့ ရှိသည်။
မင်းသမီး ကတော့ သူ့ ကို ယောကျာင်္းတစ်ယောက် လို့ စိတ်ထဲထားမရ လို့ ပြောပြီး ငြင်း လေသည်။
ဘာဘဲဖြစ်ဖြစ် မြကတော့ သူ့ရဲ့ စူပုတ်ပုတ်မျက်နှာပေး ကို သဘောကျသည်။
လွန်ခဲ့သော နှစ် နှစ်ဆယ် ကျော်က ထို စူပုတ်ပုတ် ချစ်စရာ မျက်နှာလေး ယခုချိန်တွင် ဘယ်သို့ ရှိမည် ကို သိလိုစိတ် ကြီးစွာ ဖြစ်ခဲ့သည်။
ကမ္ဘာသည် ရွာတောင် မဟုတ်တော့ အိမ်ထဲ မှာပင် ဖြစ်နေသောကြောင့် မြ ၏ဆန္ဒ ပြည့်လေပြီ။
စိတ်ကူး ပေါ်ပြီး စက္ကန့်ပိုင်း အတွင်း မှာပင် သူ့ ကို မြင်လိုက်ရတော့သည်။
အင်မတန် သတ္တိကောင်းသည် ဟု မိမိဟာမိမိ ခံယူထားသော မြ တစ်ယောက် လန့်၍ပင်သွား၏။
မျက်မှန် ကို ဖြုတ်ပြီး မှန် ကို အဝတ်ဖြင့်သုတ် ကာ ပြန်ကြည့် သည်။
နာမည် မှားရိုက် မိ လား ပြန်စစ်သည်။
မမှား တာ သေချာတော့ ပုံ တွေ ကို အသေအချာ စမ်းစစ်သည်။
ဟုတ်သည်။ နာအိုးတို အစစ် သေချာပြီ။
. မြ ရဲ့ အလွမ်းများ ကြက်ပျံ ငှက်ပျံ ဖြစ်သွားသည်။
. ပစ္စုပန်ကာလ မှ နာအိုးတို ရဲ့ ဝဖိုင့်ဖိုင့် မျက်နှာ ကို တွေ့ ရှုံ့မဲ့ ပြီး စိတ်ပျက်လက်ပျက် ဖြစ် နေ သော မြ သည် ဘေး မှန်ထဲ  ပိန်တွတွ အဖွားကြီး တစ်ယောက် သူ့အား  ပြုံးပြီး ကြည့် နေသည် ကိုကား သတိမထားမိ ဖြစ်နေလေတော့၏။

 

Naoto
Naoto (Then & Now )

 

DSCF1539
တစ်ခါက – မေ့ခဲ့ ပြီ ဖြစ်သော

 

DSCF1537
တစ်ခါက – မေ့ခဲ့ ပြီ ဖြစ်သော

 

6 comments

  • Ma Ma

    July 14, 2015 at 7:51 am

    မြရဲ့စာကို ဖတ်ပြီး ရှေ့စခရင်က ရောင်ပြန်ထင်ဟပ်နေသော ဝဝဖိုင့်ဖိုင့် အဖွားကြီးအား ဘယ်ကရောက်လာပါလိမ့်ဟု အံ့ဩတကြီး ကြည့်မိတယ်။ :k:

  • ဇီဇီခင်ဇော်

    July 14, 2015 at 9:15 am

    ဂု ပရိုပိုင်းပစ်ချာတင်ရင်လေ
    လွန်ခဲ့သောတွေက ပြန်ရှာတင်မိနေတာ။
    အဟိ။
    :mrgreenn:

  • ဦးကြောင်ကြီး

    July 14, 2015 at 9:55 am

    အဲလို မလော ်ဘီတာလေးတွေ လှုပ်ဆမ်းပါ တီတီမြရဲ့..။

    • မြစပဲရိုး

      July 14, 2015 at 10:52 pm

      နီ လဲ ရှာရာဗိုပါ လေး အကြောင်း တွေ ပြောပါလား ဟဲ့။
      အခုတော့ တစ်ခါလာလဲ အန်တီစု၊ တစ်ခါလာလဲ အန်တီစု ၊ အန်တီ တွေကို လော်ဘီလွန်းတော့ များလာတော့ ကောင်းမလား။

  • Mike

    July 14, 2015 at 10:39 am

    .အရင်က“နာအိုးတို” ပုံက မြန်မာ့ရုပ်ရှင်ထဲ ဟိုးရှေးက ခေတ်စားဖူးတဲ့မင်းသားတစ်ယောက်နဲ့တူတယ်ထင်မိ
    .အဲ့မင်းသားလေးက သန်းနွဲ့သား ထင်ပါရဲ့..သိပ်မမှတ်မိတော့
    .ခုပုံကတော့ ပိုယောက်က ျားပီသသွားတယ်

  • မြစပဲရိုး

    July 14, 2015 at 10:52 pm

    ကျန်သူများ လဲ မှတ်ချက် တွေ အတွက် ကျေးကျေးကြီးပါ။ :-)))

Leave a Reply