နှလုံးသား ချစ်သံဇဉ်ကို နှင်းဆီက ကိုယ်စားပြုသတဲ့လား

သဇင်များကြတော့လည်း တော်ဝင်ပန်း ဆိုပဲ

အပိုမချွဲ မကြိုလည်းလှ ကြိုလည်းလှ  ငိုမပြပါနဲ့ ပန်းရယ်

နန်းအလယ်မှာ မထယ်ဝါပေမယ့်

ဆယ်ခါ ကြွေပါလေလည်းမွှေး  အို   ပန်းကလေးရေ

လမ်းနဘေး  အလွမ်းတေးနဲ့  စတေးနေရလေခြင်း

မင်းရဲ့  ဖြစ်ခြင်းတွေကြားမှာ သမုဒယမပါ သစ္စာကင်းမဲ့

ဒင်းတို့ရဲ့  ခြေဖဝါးအောက် ပြားပြားမှောက်ရပေမယ့်

မချိလေတဲ့ စိတ်တွေနဲ့ ရှိနေခဲ့မေတ္တာကိုအရင်းခံ

မချွင်းချန်သစ္စာသမား  အပြေးအလွှားလာနေသမို့

အားတင်းလို့ဖြင့် ကြိုလင့်ပါ ၊

4

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..